လွ်ပ္စစ္မီးမလိုတဲ့ ႏွစ္ေပါင္း (၁၀၀) ခန႔္ သက္တမ္းရွိတဲ့ ေရနံဆီသုံး ေရွးေခတ္ေရခဲေသတၱာႀကီး

လွ်ပ္စစ္မီးမလိုတဲ့ ႏွစ္ေပါင္း (၁၀၀) ခန႔္ သက္တမ္းရွိတဲ့ ေရနံဆီသုံး ေရွးေခတ္ေရခဲေသတၱာႀကီး

စစ္ကိုင္းတိုင္း ေဒသႀကီး၊ ဒီပဲယင္း ၿမိဳ႕နယ္၊ စိုင္ျပင္ၿမိဳ႕ အမွတ္ (၁) ရပ္ကြက္ မဟာလယ္တီ ေက်ာင္းမ ေက်ာင္းတိုက္တြင္ ရွိေသာ ေရခဲေသတၱာမွာ ႏွစ္ေပါင္း ၁၀၀ ခန႔္သက္တမ္းရွိၿပီးေရနံ ဆီမီးျဖင့္ အပူေပး အသုံးျပဳရပါသည္။

၎ေရခဲေသတၱာကို မဟာလယ္တီေက်ာင္းမ ဆရာေတာ္ႀကီး ဦးဓမၼပါလသည္ ေတာင္ႀကီးၿမိဳ႕မွ ေဒၚတင္တင္ဆိုေသာ အိႏၵိယ အမ်ိဳးသမီးႀကီး တစ္ဦးထံမွ ဝယ္ယူခဲ့သည္ဟု ဆရာေတာ္ႀကီး သက္ေတာ္ ထင္ရွားရွိစဥ္က မိန႔္ၾကားခဲ့ဖူးပါသည္။

ေရခဲေသတၱာမွာ England ႏိုင္ငံ Electrolux ကုမၸဏီမွ Queen Mary king Jourge (V) လက္ထက္တြင္ ထုတ္ လုပ္ခဲ့ေၾကာင္း Name plateတြင္ ေတြ႕ရွိရပါသည္။ ထုတ္လုပ္ သည့္ ခုႏွစ္ကိုမူ မေတြ႕ရပါ။ QueenMary kingJourge (V) စိုးစံေသာႏွစ္မွာ (1893-1936) ျဖစ္ေသာေၾကာင့္ ထုတ္ လုပ္သည့္ႏွစ္မွာ ႏွစ္ေပါင္း ၈၀ မွ ၁၀၀ ဝန္းက်င္ခန႔္ရွိႏိုင္သည္ဟု ခန႔္မွန္းရပါသည္။

ေရခဲေသတၱာ အျမင့္မွာ ၄ ေပ၊ အက်ယ္မွာ ၂ ေပ ပတ္လည္ခန႔္ရွိ၍ ကိုယ္ထည္တစ္ခုလုံး ထူထဲေသာ သံထည္မ်ားျဖင့္ ျပဳ လုပ္ထားသည္ကို ေတြ႕ရပါသည္။ အသုံးျပဳပုံမွာ ေရခဲေသတၱာ ေအာက္တြင္ပါရွိေသာ မီးဖိုထဲတြင္ ေရနံဆီထည့္ကာ မီးထြန္းအ ပူေပး အသုံးျပဳရျခင္း ျဖစ္ပါသည္။ သို႔ေသာ္ ယခုေရနံဆီ မီးဖိုက အသုံးျပဳ၍ မရႏိုင္ေတာ့ပါ။

ဆရာေတာ္ႀကီးရွိစဥ္က ဆရာေတာ္ႀကီး၏ ခြင့္ျပဳခ်က္ျဖင့္ ေရနံ ဆီမီးဖိုအစား Gas မီးေတာက္မီးျဖင့္ ကြၽန္ေတာ္ကိုယ္တိုင္ စမ္း သပ္ၾကည့္ခဲ့ပါသည္။၂ နာရီခန႔္ Gas မီးေတာက္ျဖင့္ စမ္းသပ္ရာ ေရခဲေသတၱာအခန္းမ်ား ေအးစိမ့္လာသည္ကို ေတြ႕ရသျဖင့္ ေကာင္းမြန္စြာ အလုပ္လုပ္ေသးေၾကာင္း ေတြ႕ရွိရပါသည္။ ျပန္ လည္မွ်ေဝပါသည္ ။

Unicode

လျှပ်စစ်မီးမလိုတဲ့ နှစ်ပေါင်း (၁၀၀) ခန့် သက်တမ်းရှိတဲ့ ရေနံဆီသုံး ရှေးခေတ်ရေခဲသေတ္တာကြီး

စစ်ကိုင်းတိုင်း ဒေသကြီး၊ ဒီပဲယင်း မြို့နယ်၊ စိုင်ပြင်မြို့ အမှတ် (၁) ရပ်ကွက် မဟာလယ်တီ ကျောင်းမ ကျောင်းတိုက်တွင် ရှိသော ရေခဲသေတ္တာမှာ နှစ်ပေါင်း ၁၀၀ ခန့်သက်တမ်းရှိပြီးရေနံ ဆီမီးဖြင့် အပူပေး အသုံးပြုရပါသည်။

၎င်းရေခဲသေတ္တာကို မဟာလယ်တီကျောင်းမ ဆရာတော်ကြီး ဦးဓမ္မပါလသည် တောင်ကြီးမြို့မှ ဒေါ်တင်တင်ဆိုသော အိန္ဒိယ အမျိုးသမီးကြီး တစ်ဦးထံမှ ဝယ်ယူခဲ့သည်ဟု ဆရာတော်ကြီး သက်တော် ထင်ရှားရှိစဉ်က မိန့်ကြားခဲ့ဖူးပါသည်။

ရေခဲသေတ္တာမှာ England နိုင်ငံ Electrolux ကုမ္ပဏီမှ Queen Mary king Jourge (V) လက်ထက်တွင် ထုတ် လုပ်ခဲ့ကြောင်း Name plateတွင် တွေ့ရှိရပါသည်။ ထုတ်လုပ် သည့် ခုနှစ်ကိုမူ မတွေ့ရပါ။ QueenMary kingJourge (V) စိုးစံသောနှစ်မှာ (1893-1936) ဖြစ်သောကြောင့် ထုတ် လုပ်သည့်နှစ်မှာ နှစ်ပေါင်း ၈၀ မှ ၁၀၀ ဝန်းကျင်ခန့်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

ရေခဲသေတ္တာ အမြင့်မှာ ၄ ပေ၊ အကျယ်မှာ ၂ ပေ ပတ်လည်ခန့်ရှိ၍ ကိုယ်ထည်တစ်ခုလုံး ထူထဲသော သံထည်များဖြင့် ပြု လုပ်ထားသည်ကို တွေ့ရပါသည်။ အသုံးပြုပုံမှာ ရေခဲသေတ္တာ အောက်တွင်ပါရှိသော မီးဖိုထဲတွင် ရေနံဆီထည့်ကာ မီးထွန်းအ ပူပေး အသုံးပြုရခြင်း ဖြစ်ပါသည်။ သို့သော် ယခုရေနံဆီ မီးဖိုက အသုံးပြု၍ မရနိုင်တော့ပါ။

ဆရာတော်ကြီးရှိစဉ်က ဆရာတော်ကြီး၏ ခွင့်ပြုချက်ဖြင့် ရေနံ ဆီမီးဖိုအစား Gas မီးတောက်မီးဖြင့် ကျွန်တော်ကိုယ်တိုင် စမ်း သပ်ကြည့်ခဲ့ပါသည်။၂ နာရီခန့် Gas မီးတောက်ဖြင့် စမ်းသပ်ရာ ရေခဲသေတ္တာအခန်းများ အေးစိမ့်လာသည်ကို တွေ့ရသဖြင့် ကောင်းမွန်စွာ အလုပ်လုပ်သေးကြောင်း တွေ့ရှိရပါသည်။ ပြန် လည်မျှဝေပါသည် ။