အမ်ိဳးသမီးေတြရဲ့ က်န္းမာေရးနဲ႔ပတ္သက္ၿပီး ေဆြးေႏြးၾကတဲ့အခါ အမ်ားစုက ဓမၼတာလာတဲ့ ကိစၥကို
ပြင့္ပြင့္လင္းလင္းမေျပာတတ္ၾကပါဘူး။ ဒါေပမဲ့ အမ်ိဳးသမီး ေတြအေနနဲ႔ ရာသီေသြးအေျခအေန
တစ္ခုခုထူးျခားတာနဲ႔ ကိုယ့္ရဲ့ က်န္းမာေရးမွာလည္း သက္ေရာက္မႈရွိေနတယ္ဆိုတာကို သတိျပဳဆင္ျခင္ဖို႔လိုပါတယ္။
ဒါေၾကာင့္ ရာသီေသြးဆင္းတာဟာရွက္စရာမဟုတ္သလို ရာသီေသြးအမ်ိဳးအစား အလိုက္သိနိုင္တဲ့
က်န္းမာေရးအေျခအေနေတြအေၾကာင္း ဗဟုသုတအေနနဲ႔ ေဖာ္ၿပ ေပး လိုက္ ပါတယ္။
ပန္းေရာင္သမ္းေနရင္
ရာသီေသြးဟာပုံမွန္ဆင္းေနက်အေရာင္ထက္ ေသြးအေရာင္ေဖ်ာ့ၿပီး ပန္းေရာင္ဘက္သမ္းေနတယ္ ဆိုရင္
ခႏၶာကိုယ္ထဲမွာ အမေဟာ္မုန္းနည္းလြန္းေန တယ္ဆိုတဲ့ လ ကၡ ဏာပါပဲ။ အဲဒီလို ရာသီေသြးပန္းေရာင္သမ္းတာဟာ
မၾကာခဏျဖစ္တယ္၊ ေသြးအေရာင္ဟာသိသိသာသာေဖ်ာ့လာတယ္ ဆိုရင္ အရိုးပြေရာဂါျဖစ္နိုင္ေၿခ ရွိ လာ နိုင္တယ္ဆိုတာကို သတိျပဳရမွာျဖစ္ပါတယ္။
ရာသီေသြးက်ဲလြန္းရင္
ေသြးအေရာင္ေဖ်ာ့လြန္းၿပီး ရာသီေသြးဟာခပ္က်ဲက်ဲျဖစ္ေနမယ္ဆိုရင္ အာဟာရမမၽွတဘူးဆိုတဲ့လက ၡဏာျဖစ္ၿပီး
သားအိမ္ကင္ဆာျဖစ္ပြားနိုင္ေျခရွိလို႔ စိုးရိမ္ရတဲ့ အေျခအေနျဖစ္ပါတယ္။ ဒါေပမဲ့ အရမ္းႀကီး လည္းစိတ္မပူပါနဲ႔၊
သားအိမ္ႁပြန္ကင္ဆာ၊ သားအိမ္ကင္ဆာဟာ တျခားသားဖြားမီးယပ္ကင္ ဆာေရာဂါေတြထက္စာရင္
ျဖစ္ပြားနိုင္ေၿခ ၂ ရာခိုင္ႏႈန္းေလာက္ပဲရွိပါတယ္။ ဒါေၾကာင့္ ဒီလိုအေၿခ အေနမ်ိဳးမွာ
သားဖြားမီးယပ္ဆရာဝန္နဲ႔ေသခ်ာျပသၿပီး ကာကြယ္ထားနိုင္ပါတယ္။
အညိဳရင့္ေရာင္ေျပာင္းေနရင္
ရာသီေသြးအေရာင္က အညိဳရင့္ေရာင္ျဖစ္ေနတာဟာ လစဥ္ဓမၼတာလာတဲ့အခါ ေသြးကုန္ေအာင္ မဆင္းဘဲ
သားအိမ္ထဲမွာ အခ်ိန္ၾကာျမင့္စြာက်န္ ေနျခင္းေၾကာင့္ ျဖစ္ ပါတယ္။ ဒီအေျခအေနဟာ က်န္းမာေရးအတြက္ဘာမွ
သိသိသာသာထိခိုက္မႈမရွိေပမယ့္အရက္ေသာက္လြန္းတဲ့အမ်ိဳးသားေတြ၊ေဆးလိပ္အလြန္အကၽြံေသာက္
လြန္းတဲ့အမ်ိဳးသားေတြ ေခၽြးထြက္ရင္ အရက္နံ့၊ ေဆးလိပ္နံ့နံသလိုမ်ိဳး ရာသီေသြးက်န္တဲ့အမ်ိဳးသမီးေတြလည္း
အနံ့အသက္မေကာင္းတဲ့ကိုယ္နံ့၊ ေခၽြးနံ့ ေတြထြက္ တတ္လို႔ သတိထားသင့္ပါတယ္။
အနီရင့္ေရာင္အညစ္အေၾကးေတြပါလာရင္
ဒီအေျခအေနကေတာ့ ခႏၶာကိုယ္ထဲမွာ မေဟာ္မုန္းျမင့္ေနတဲ့လကၡဏာပဲျဖစ္ပါတယ္။ တခါတေလ သားအိမ္ထဲမွာ
ရာသီေသြးက်န္တဲ့အခ်ိန္မွာ လည္းဒီလိုေတြ႕ရ တတ္ ပါ တယ္။ ဒါအျပင္ ေဟာ္မုန္းမညီမၽွရင္ လည္း
အဲဒီလိုအညစ္အေၾကးေတြပါလာတတ္ပါတယ္။ ဒါေပမဲ့ စိုးရိမ္ရတဲ့အေျခအေနေတာ့ မဟုတ္ပါဘူး။
ဘယ္ရီသီးရဲ့အနီေရာင္လိုျဖစ္ေနရင္
ဒီအေရာင္ကေတာ့ သင့္အေနနဲ႔ က်န္းမာေရးေကာင္းတဲ့လကၡဏာပါပဲ။ ဒါေပမဲ့ တစ္ေယာက္နဲ႔ တစ္ေယာက္
က်န္းမာေရးေကာင္းတဲ့အေျခအေနက မတူနိုင္တဲ့အ တြက္ သားဖြားမီးယပ္ဆရာဝန္နဲ႔ပုံမွန္ စစ္ေဆးမႈျပဳလုပ္သင့္ပါတယ္။
မီးခိုးေရာင္နဲ႔အနီေရာင္ေရာေနရင္
ဒီအေရာင္ဟာ အေျခအေနႏွစ္မ်ိဳးေၾကာင့္ျဖစ္နိုင္ပါတယ္။ ပထမတစ္ခ်က္က သင္ဟာကိုယ္ဝန္ေဆာင္ မိခင္မဟုတ္ဘဲ
ဒီလိုအေရာင္မ်ိဳးရာသီေသြးဆင္းရင္ STD/ STIဆိုတဲ့ လိင္နဲ႔ပတ္သက္တဲ့ေရာ ဂါပိုးကူးစက္နိုင္ေျခရွိေနတဲ့လကၡဏာျဖစ္ပါတယ္။
ေနာက္တစ္ခ်က္ကေတာ့ ကိုယ္ဝန္နဲ႔ပတ္သက္ၿပီး က်န္းမာ ေရးအေၿခ အေန တ စ္ခု ခုလြဲေခ်ာ္ေနျခင္းပဲျဖစ္ပါတယ္။
ဒါေၾကာင့္ သက္ဆိုင္ရာဆရာဝန္နဲ႔ အျမန္ဆုံးျပသသင့္ပါတယ္။
လိေမၼာ္ေရာင္သမ္းေနရင္
ရာသီေသြးလိေမၼာ္ေရာင္သမ္းတာရွားေတာ့ရွားတယ္၊ ဒါေပမဲ့ ရာသီေသြးလိေမၼာ္ေရာင္သမ္းၿပီဆို ရင္ေတာ့
စိုးရိမ္ရတဲ့အေျခအေနမွာရွိေနပါတယ္။ STD/STIေရာဂါ ပိုး ကူး စက္ခံေနရတဲ့လကၡဏာပဲျဖစ္ ပါတယ္။
ဒါေၾကာင့္မေပါ့ဆသင့္ဘဲ သက္ဆိုင္ရာေဆး႐ုံ၊ ေဆးခန္းမွာအျမန္ဆုံးသြားေရာက္ ကုသ သင့္ပါတယ္။
Credit
အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆွေးနွေးကြတဲ့အခါ အများစုက ဓမ္မတာလာတဲ့ ကိစ္စကို
ပွင့်ပွင့်လင်းလင်းမပြောတတ်ကြပါဘူး။ ဒါပေမဲ့ အမျိုးသမီး တွေအနေနဲ့ ရာသီသွေးအခြေအနေ
တစ်ခုခုထူးခြားတာနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးမှာလည်း သက်ရောက်မှုရှိနေတယ်ဆိုတာကို သတိပြုဆင်ခြင်ဖို့လိုပါတယ်။
ဒါကြောင့် ရာသီသွေးဆင်းတာဟာရှက်စရာမဟုတ်သလို ရာသီသွေးအမျိုးအစား အလိုက်သိနိုင်တဲ့
ကျန်းမာရေးအခြေအနေတွေအကြောင်း ဗဟုသုတအနေနဲ့ ဖော်ပြ ပေး လိုက် ပါတယ်။
ပန်းရောင်သမ်းနေရင်
ရာသီသွေးဟာပုံမှန်ဆင်းနေကျအရောင်ထက် သွေးအရောင်ဖျော့ပြီး ပန်းရောင်ဘက်သမ်းနေတယ် ဆိုရင်
ခန္ဓာကိုယ်ထဲမှာ အမဟော်မုန်းနည်းလွန်းနေ တယ်ဆိုတဲ့ လ က္ခ ဏာပါပဲ။ အဲဒီလို ရာသီသွေးပန်းရောင်သမ်းတာဟာ
မကြာခဏဖြစ်တယ်၊ သွေးအရောင်ဟာသိသိသာသာဖျော့လာတယ် ဆိုရင် အရိုးပွရောဂါဖြစ်နိုင်ခြေ ရှိ လာ နိုင်တယ်ဆိုတာကို သတိပြုရမှာဖြစ်ပါတယ်။
ရာသီသွေးကျဲလွန်းရင်
သွေးအရောင်ဖျော့လွန်းပြီး ရာသီသွေးဟာခပ်ကျဲကျဲဖြစ်နေမယ်ဆိုရင် အာဟာရမမျှတဘူးဆိုတဲ့လက ္ခဏာဖြစ်ပြီး
သားအိမ်ကင်ဆာဖြစ်ပွားနိုင်ခြေရှိလို့ စိုးရိမ်ရတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါပေမဲ့ အရမ်းကြီး လည်းစိတ်မပူပါနဲ့၊
သားအိမ်ပြွန်ကင်ဆာ၊ သားအိမ်ကင်ဆာဟာ တခြားသားဖွားမီးယပ်ကင် ဆာရောဂါတွေထက်စာရင်
ဖြစ်ပွားနိုင်ခြေ ၂ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ ဒါကြောင့် ဒီလိုအခြေ အနေမျိုးမှာ
သားဖွားမီးယပ်ဆရာဝန်နဲ့သေချာပြသပြီး ကာကွယ်ထားနိုင်ပါတယ်။
အညိုရင့်ရောင်ပြောင်းနေရင်
ရာသီသွေးအရောင်က အညိုရင့်ရောင်ဖြစ်နေတာဟာ လစဉ်ဓမ္မတာလာတဲ့အခါ သွေးကုန်အောင် မဆင်းဘဲ
သားအိမ်ထဲမှာ အချိန်ကြာမြင့်စွာကျန် နေခြင်းကြောင့် ဖြစ် ပါတယ်။ ဒီအခြေအနေဟာ ကျန်းမာရေးအတွက်ဘာမှ
သိသိသာသာထိခိုက်မှုမရှိပေမယ့်အရက်သောက်လွန်းတဲ့အမျိုးသားတွေ၊ဆေးလိပ်အလွန်အကျွံသောက်
လွန်းတဲ့အမျိုးသားတွေ ချွေးထွက်ရင် အရက်နံ့၊ ဆေးလိပ်နံ့နံသလိုမျိုး ရာသီသွေးကျန်တဲ့အမျိုးသမီးတွေလည်း
အနံ့အသက်မကောင်းတဲ့ကိုယ်နံ့၊ ချွေးနံ့ တွေထွက် တတ်လို့ သတိထားသင့်ပါတယ်။
အနီရင့်ရောင်အညစ်အကြေးတွေပါလာရင်
ဒီအခြေအနေကတော့ ခန္ဓာကိုယ်ထဲမှာ မဟော်မုန်းမြင့်နေတဲ့လက္ခဏာပဲဖြစ်ပါတယ်။ တခါတလေ သားအိမ်ထဲမှာ
ရာသီသွေးကျန်တဲ့အချိန်မှာ လည်းဒီလိုတွေ့ရ တတ် ပါ တယ်။ ဒါအပြင် ဟော်မုန်းမညီမျှရင် လည်း
အဲဒီလိုအညစ်အကြေးတွေပါလာတတ်ပါတယ်။ ဒါပေမဲ့ စိုးရိမ်ရတဲ့အခြေအနေတော့ မဟုတ်ပါဘူး။
ဘယ်ရီသီးရဲ့အနီရောင်လိုဖြစ်နေရင်
ဒီအရောင်ကတော့ သင့်အနေနဲ့ ကျန်းမာရေးကောင်းတဲ့လက္ခဏာပါပဲ။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက်
ကျန်းမာရေးကောင်းတဲ့အခြေအနေက မတူနိုင်တဲ့အ တွက် သားဖွားမီးယပ်ဆရာဝန်နဲ့ပုံမှန် စစ်ဆေးမှုပြုလုပ်သင့်ပါတယ်။
မီးခိုးရောင်နဲ့အနီရောင်ရောနေရင်
ဒီအရောင်ဟာ အခြေအနေနှစ်မျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ပထမတစ်ချက်က သင်ဟာကိုယ်ဝန်ဆောင် မိခင်မဟုတ်ဘဲ
ဒီလိုအရောင်မျိုးရာသီသွေးဆင်းရင် STD/ STIဆိုတဲ့ လိင်နဲ့ပတ်သက်တဲ့ရော ဂါပိုးကူးစက်နိုင်ခြေရှိနေတဲ့လက္ခဏာဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ ကိုယ်ဝန်နဲ့ပတ်သက်ပြီး ကျန်းမာ ရေးအခြေ အနေ တ စ်ခု ခုလွဲချော်နေခြင်းပဲဖြစ်ပါတယ်။
ဒါကြောင့် သက်ဆိုင်ရာဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။
လိမ္မော်ရောင်သမ်းနေရင်
ရာသီသွေးလိမ္မော်ရောင်သမ်းတာရှားတော့ရှားတယ်၊ ဒါပေမဲ့ ရာသီသွေးလိမ္မော်ရောင်သမ်းပြီဆို ရင်တော့
စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်။ STD/STIရောဂါ ပိုး ကူး စက်ခံနေရတဲ့လက္ခဏာပဲဖြစ် ပါတယ်။
ဒါကြောင့်မပေါ့ဆသင့်ဘဲ သက်ဆိုင်ရာဆေးရုံ၊ ဆေးခန်းမှာအမြန်ဆုံးသွားရောက် ကုသ သင့်ပါတယ်။
Credit