ေယာက်ၤားေလးေတြ အျမင္မွာ လြယ္တယ္ ထင္ရတဲ့ မိန္းကေလး ပံုစံမ်ား

ေယာက်ၤားေလးေတြ အျမင္မွာ လြယ္တယ္ ထင္ရတဲ့ မိန္းကေလး ပံုစံမ်ား

မိန္္းကေလးေတြဆိုတာ သူ႔သဘာဝနဲ႔ သူ ေနၾကေပမယ့္ ေယာက်ၤားေလးေတြကေတာ့ အေတြးေတြထဲ သတ္မွတ္ပစ္လိုက္တာေတြ ရွိပါတယ္။

ဘယ္လိုဆိုရင္ ဘယ္လို မိန္းကေလးမ်ိဳးဆိုၿပီး အလြယ္တကူ သတ္မွတ္လိုက္တတ္ၾကပါတယ္။ ဒါေၾကာင့္ပဲ ေယာက်ၤားေလးေတြက ဘယ္လို မိန္းကေလးပံုစံေတြကုိ လြယ္တယ္လို႔ ထင္ေလ့ ရွိတယ္ဆိုတာကို ေဖာ္ျပလိုက္ရပါတယ္ေနာ္။

(၁) အယံုလြယ္တဲ့ မိန္းကေလး

ရိုးသားတဲ့ မိန္းကေလး အမ်ားစုက ကိုယ့္ကို လူေကာင္းပံုစံမ်ိဳးနဲ႔ လာေျပာတဲ့စကားေတြကို လက္ခံ ယံုၾကည္ေလ့ ရွိိပါတယ္။ ဒါက သူတို႔မွာ လူေတြကို ယံုၾကည္ေပးတတ္တဲ့ အက်င့္ ရွိလို႔ပါ။

ဒါေပမယ့္လည္း ေကာင္ေလးေတြ အျမင္မွာေတာ့ လြယ္တယ္ ထင္သြားတတ္ပါတယ္။ တကယ္ရိုးသားတဲ့သူဆိုတာေတာင္မွ တစ္ခ်ိဳ႕ေကာင္ေလးေတြက ရိုးသားေတာ့ လြယ္တာေပါ့လို႔ေတာင္ ေတြးတတ္ၾကပါေသးတယ္။

(၂) လိုက္ေလ်ာတဲ့ မိန္းကေလး

ေကာင္ေလးေတြရဲ႕ သဘာဝက ခ်စ္စိတ္ဝင္မွ မိန္းကေလးေတြကို ခ်ဥ္းကပ္ၾကတာမ်ိဳး မဟုတ္ပါဘူး။ စိတ္ဝင္စားရံုေလာက္နဲ႔လည္း ခ်ဥ္းကပ္တတ္ၾကပါတယ္။ သူတို႔ ခ်ဥ္းကပ္တဲ့အခါမွာ ေတာင္းဆိုမႈေတြက အျမဲ ကပ္ပါေနေလ့ ရွိပါတယ္။
မုန္႔စားရေအာင္ ဘယ္ကို အတူသြားရေအာင္ စသျဖင့္ ျဖစ္ပါတယ္။ ဒီလိုအရာေတြ အလြယ္တကူ လိုက္ေလ်ာတဲ့အခါ ေကာင္ေလးေတြက စိတ္ဝင္စားမႈ ေလ်ာ့က်သြားၿပီး လြယ္တဲ့သူလို႔ ယူဆသြားတတ္ၾကပါေသးတယ္။

(၃) စကားေျပာခ်ိဳသာတဲ့ မိန္းကေလး

လူမႈေရး ရွိတဲ့ မိန္းကေလး အခ်ိဳ႕ကေတာ့ ကိုယ့္ကို ခ်ဥ္းကပ္လာတဲ့ ေယာက်ၤားေလးမွန္း သိရရင္ေတာင္ ျပန္ အသိအမွတ္ျပဳ စကားေျပာေလ့ ရွိပါတယ္။ ခင္ခင္မင္မင္ ျပန္္ အလိုက္သင့္ ေျပာတဲ့ မိန္္းကေလးေတြလည္း ရွိတတ္ပါေသးတယ္။ ဒီလို မိန္္းကေလးေတြကို ေကာင္ေလးေတြက လြယ္တဲ့သူေတြလို႔ အထင္လြဲသြားေလ့ ရွိပါတယ္။

(၄) ရင္းႏွီးလြယ္တဲ့ မိန္းကေလး

မိန္းကေလးေတြမွာလည္း ခင္တတ္မင္တတ္တဲ့ မိန္းကေလးေတြ ရွိေနပါေသးတယ္။ သူတို႔ေတြကေတာ့ ဘယ္သူနဲ႔ မဆို ရင္းႏွီးလြယ္ပါတယ္။ ဒါေပမယ့္ အေၾကာင္း မသိဘဲ လာခ်ဥ္းကပ္လာတဲ့အခါမ်ိိဳးေတြမွာ ဒီလို ရင္းႏွီးလြယ္တာကို သိရၿပီး လြယ္တယ္တဲ့ ယူဆၾကတတ္ပါေသးတယ္။

(၅) အေပ်ာ္အပါးမက္တဲ့ မိန္းကေလး

မိန္းကေလးေတြမွာလည္း ေပ်ာ္တာကို သေဘာက်တာနဲ႔ အေပ်ာ္အပါးကိစၥေတြကို ႏွစ္သက္သူေတြ ရွိပါတယ္။ ဒါက လူ႔သဘာဝမို႔ မထူးဆန္းေပမယ့္ လူအမ်ားက မိန္းကေလးေတြကို ခြဲျခားဆက္ဆံတာေတြေၾကာင့္ မိန္းကေလးေတြ အေပ်ာ္အပါးမက္ရင္ မေကာင္းတဲ့သူေတြလို ယူဆတတ္ၾကပါတယ္။

ဒါေၾကာင့္ ေကာင္ေလးေတြကလည္း အေပ်ာ္အပါးမက္တဲ့ ေကာင္မေလးေတြကို လြယ္တဲ့သူေတြလို႔ သတ္မွတ္ထားၾကပါတယ္။

Kham

Unicode

ယောင်္ကျားလေးတွေ အမြင်မှာ လွယ်တယ် ထင်ရတဲ့ မိန်းကလေး ပုံစံများ

မိန်းကလေးတွေဆိုတာ သူ့သဘာဝနဲ့ သူ နေကြပေမယ့် ယောင်္ကျားလေးတွေကတော့ အတွေးတွေထဲ သတ်မှတ်ပစ်လိုက်တာတွေ ရှိပါတယ်။

ဘယ်လိုဆိုရင် ဘယ်လို မိန်းကလေးမျိုးဆိုပြီး အလွယ်တကူ သတ်မှတ်လိုက်တတ်ကြပါတယ်။ ဒါကြောင့်ပဲ ယောင်္ကျားလေးတွေက ဘယ်လို မိန်းကလေးပုံစံတွေကို လွယ်တယ်လို့ ထင်လေ့ ရှိတယ်ဆိုတာကို ဖော်ပြလိုက်ရပါတယ်နော်။

(၁) အယုံလွယ်တဲ့ မိန်းကလေး

ရိုးသားတဲ့ မိန်းကလေး အများစုက ကိုယ့်ကို လူကောင်းပုံစံမျိုးနဲ့ လာပြောတဲ့စကားတွေကို လက်ခံ ယုံကြည်လေ့ ရှိပါတယ်။ ဒါက သူတို့မှာ လူတွေကို ယုံကြည်ပေးတတ်တဲ့ အကျင့် ရှိလို့ပါ။

ဒါပေမယ့်လည်း ကောင်လေးတွေ အမြင်မှာတော့ လွယ်တယ် ထင်သွားတတ်ပါတယ်။ တကယ်ရိုးသားတဲ့သူဆိုတာတောင်မှ တစ်ချို့ကောင်လေးတွေက ရိုးသားတော့ လွယ်တာပေါ့လို့တောင် တွေးတတ်ကြပါသေးတယ်။

(၂) လိုက်လျောတဲ့ မိန်းကလေး

ကောင်လေးတွေရဲ့ သဘာဝက ချစ်စိတ်ဝင်မှ မိန်းကလေးတွေကို ချဉ်းကပ်ကြတာမျိုး မဟုတ်ပါဘူး။ စိတ်ဝင်စားရုံလောက်နဲ့လည်း ချဉ်းကပ်တတ်ကြပါတယ်။ သူတို့ ချဉ်းကပ်တဲ့အခါမှာ တောင်းဆိုမှုတွေက အမြဲ ကပ်ပါနေလေ့ ရှိပါတယ်။
မုန့်စားရအောင် ဘယ်ကို အတူသွားရအောင် စသဖြင့် ဖြစ်ပါတယ်။ ဒီလိုအရာတွေ အလွယ်တကူ လိုက်လျောတဲ့အခါ ကောင်လေးတွေက စိတ်ဝင်စားမှု လျော့ကျသွားပြီး လွယ်တဲ့သူလို့ ယူဆသွားတတ်ကြပါသေးတယ်။

(၃) စကားပြောချိုသာတဲ့ မိန်းကလေး

လူမှုရေး ရှိတဲ့ မိန်းကလေး အချို့ကတော့ ကိုယ့်ကို ချဉ်းကပ်လာတဲ့ ယောင်္ကျားလေးမှန်း သိရရင်တောင် ပြန် အသိအမှတ်ပြု စကားပြောလေ့ ရှိပါတယ်။ ခင်ခင်မင်မင် ပြန် အလိုက်သင့် ပြောတဲ့ မိန်းကလေးတွေလည်း ရှိတတ်ပါသေးတယ်။ ဒီလို မိန်းကလေးတွေကို ကောင်လေးတွေက လွယ်တဲ့သူတွေလို့ အထင်လွဲသွားလေ့ ရှိပါတယ်။

(၄) ရင်းနှီးလွယ်တဲ့ မိန်းကလေး

မိန်းကလေးတွေမှာလည်း ခင်တတ်မင်တတ်တဲ့ မိန်းကလေးတွေ ရှိနေပါသေးတယ်။ သူတို့တွေကတော့ ဘယ်သူနဲ့ မဆို ရင်းနှီးလွယ်ပါတယ်။ ဒါပေမယ့် အကြောင်း မသိဘဲ လာချဉ်းကပ်လာတဲ့အခါမျိုးတွေမှာ ဒီလို ရင်းနှီးလွယ်တာကို သိရပြီး လွယ်တယ်တဲ့ ယူဆကြတတ်ပါသေးတယ်။

(၅) အပျော်အပါးမက်တဲ့ မိန်းကလေး

မိန်းကလေးတွေမှာလည်း ပျော်တာကို သဘောကျတာနဲ့ အပျော်အပါးကိစ္စတွေကို နှစ်သက်သူတွေ ရှိပါတယ်။ ဒါက လူ့သဘာဝမို့ မထူးဆန်းပေမယ့် လူအများက မိန်းကလေးတွေကို ခွဲခြားဆက်ဆံတာတွေကြောင့် မိန်းကလေးတွေ အပျော်အပါးမက်ရင် မကောင်းတဲ့သူတွေလို ယူဆတတ်ကြပါတယ်။

ဒါကြောင့် ကောင်လေးတွေကလည်း အပျော်အပါးမက်တဲ့ ကောင်မလေးတွေကို လွယ်တဲ့သူတွေလို့ သတ်မှတ်ထားကြပါတယ်။

Kham