ကျုပ်တို့မြန်မာတွေရဲ့တလွဲအယူများ….

ပထမဆုံးပြောပြချင်တာကတော့ကျွန်တော်ထေရဝါဒဗုဒ္ဓဘာသာတယောက်ပါ။ စာဖတ်သူလည်းပညာတတ်ပါ။ ဒါကြောင့် တွေးခေါ်ကြည့်ပါ။အမတော် ‘သုစိတ’ မောင်တော်’နန္ဒ’ အပိုင်စားရတဲ့မင်းဘူးက နဂါးပွက်အိုင်….တကယ်တော့ ဂေါပကတွေရော အဲ့ဒီလာတဲ့နဂါးဖူးတွေပါ ပထဝီသင်ခဲ့ကြမှာပါ ၅တန်း ၆တန်းလောက်ဆို မီးတောင်အကြောင်း စသင်နေရပြီ။ရွှံ့မီးတောင် / မီးတောင်သေ / မီးတောင်ငြိမ်း စတဲ့အကြောင်းတွေ သင်ဖူးကြမှာပါ ။

အခုလို ရွှံ့မီးတောင်အပေါက်ဝထဲကို နွားနို့နဲ့ကြက်ဥတွေ ပစ်ထည့်ကြတယ်အမွှေးတိုင်ပေါင်း သောင်းချီပူဇော်ကြတယ် အဲ့ဒီနွားနို့နဲ့ကြက်ဥတွေကိုသာ မိဘမဲ့ဂေဟာကကလေးတွေကို တိုက်ကြွေးမယ်ဆို တော်ရုံဂေဟာတစ်ခုတော့ နေ့စဉ်အာဟာရ မပူရတော့ဘူး။

သူတစ်ပါးယုံကြည်မှုကို ကဲ့ရဲ့တာမဟုတ်ပါဘူးဆုံးရှုံးသွားတဲ့ အလှူငွေကို လိုအပ်တဲ့နေရာရောက်စေချင်တာပါ။နောက်တစ်ချက်က ဒါဟာ ဘူမိဗေဒပညာရှင်တွေအတွက် အဖိုးမဖြတ်နိုင်တဲ့ လေ့လာရေးစခန်းဖြစ်နိုင်တယ် အဲ့ဒီမီးတောင်ကို စနစ်တကျလေ့လာရင် ဘယ်လိုအဖိုးတန်ဓါတ်ငွေ့တွေထွက်နိုင်မလဲ ဘယ်လိုအကျိုးကျေးဇူး ရှိမလဲ သိခွင့်ရလာမယ်။

သူတို့ကိုစော်ကားခြင်းထက် ကျနော်ကတော့ နှမျောတယ် ချီလီနဲ့အာဂျင်တီးနားက မီးတောင်သေတွေ/ရွှံ့မီးတောင်တွေ / မီးတောင်ရှင်တွေသာ မြန်မာပြည်ရောက်ခဲ့ရင်၉ထောင်လောက်စေတီတည်ပြီး နတ်နဂါးပုံပြင်တစ်ခုခုနဲ့ဇာတ်သွင်းဖင်ဘူးထောင် ဦးချပြီး နွားနို့နဲ့ကြက်ဥတွေပစ်ထည့်ဦးမယ်ထင်တယ်နော်…….

ပုပ္ပါးက မယ်ဝဏ္ဏဆိုသထုံကနေ နန်းမှုရေးရာ စိတ်ကုန်လို့ တရားအားထုတ်ဖို့လာတဲ့သထုံဘုရင် မနူဟာ ရဲ့ ညီမ လူစစ်စစ်ပါသူတို့နဲ့တွေ့မှပန်းစားဘီလူးမဆိုပီး အစွယ်ပေါက်ရရှာတယ်အပါယ်လေးဘုံစာရင်းဝင် တိရိစ္ဆာန်ကို ကန်တော့နေရတဲ့အယူလွဲ logicမြန်မာပြည်အနှံ့အပြားမှာ မြွေရှင်ဘုရားဘယ်နှစ်ဆူရှိလည်းတော့မသိဘူး

ကျနော်ရောက်ဖူးတဲ့ ဘုရားတွေက ပလိပ်/သုံးတောင်/စစ်ကိုင်းမှာရှိတဲ့ မြွေဘုရားသုံးဆူရောက်ဖူးတယ် မြွေဆိုတာ အပါယ်လေးဘုံ စာရင်းဝင် တိရိစ္ဆာန်ပဲနိမ့်ကျတဲ့တိရိစ္ဆာန်ကို မြင့်မြတ်တဲ့ဗုဒ္ဓဆင်းတုနဲ့တွဲပြီး ပူဇော်နေကြတဲ့ ကျနော်တို့မြန်မာတွေ။နတ်မြွေ/အိပ်မက် စတဲ့ပါးစပ်ရာဇဝင်နဲ့ ဖြဲခြောက်ပြီး ဗုဒ္ဓဘာသာဝင်တွေက နိမ့်ကျတဲ့တိရိစ္ဆာန်ကို ဖင်ဘူးထောင်ကန်တော့နေရတယ်

အမယ်…အဲ့ဒီမြွေစာအတွက် လစဉ်အလှူရှင်ဆို အလုအယက်ဗျ။စပါးကျီ/စပါးအုံ မြွေဆိုတာမျိုးက အစာဝရင်ငြိမ်သက်နေတာလေသူတို့မှာအစာချက်ဖို့လုံလောက်တဲ့အစာအိမ်အက်ဆစ်မရှိဘူးဘိန်းကြွေးလို့ ဘိန်းမူးနေတဲ့မြွေဟာ လူကိုဘယ်အန္တရာယ်ပြုပါ့မလဲ။

ဂေါပကတွေကပြောသေးတယ် ( သူတော်စင်မြွေ )တဲ့။ဟုတ်ပြီ… သူတော်စင်မြွေဆိုရင် သက်သက်လွတ်ကျွေးကြည့်ပါတစ်ပတ်တစ်ခါဥပုသ်စောင့်ခိုင်းပါ ၁လလောက်အစာမကြွေးပဲထားပြီး ဂေါပကကိုယ်တိုင် မြွေလှောင်အိမ်ထဲ ဝင်ထိုင်နေပါ ကျနော်မယုံကြည်လို့ အပြစ်တင်ခြင်းမဟုတ်ပါဘူးလွဲနေတဲ့ ဘာသာရေးအသိကို တည့်မတ်စေချင်တာပါ

တကယ်လိုအပ်နေတဲ့ ဘာသာရေးသာသနိကအဆောက်အုံတွေအများကြီးပါ မြွေဆိုတဲ့နိမ့်ကျတဲ့တိရိစ္ဆာန်ကိုကန်တော့မယ့်အစားရွှေစည်းခုံ/မိထ္ထီလာကန်/တန့်ကြည်တောင် သမိုင်းတွေထဲပါတဲ့ လူကောင်းတွေကိုကူညီတတ်တဲ့ ဘီလူး/သဘက်ကန်တော့တာမှတော်သေး။

မြွေအကောင်ကြီးလို့ ကန်တော့မယ်ဆိုတောင်အမေရိကဖက်က အမေဇုန်မြစ်က အန်နာကွန်နာမြွေကြီးတွေကို You Tubeမှာ ရှာကြည့်။( မြန်မာပြည်မှာသာ အန်နာကွန်နာမြွေကြီးတွေ တွေ့ခဲ့ရင်မြန်မာလူမျိုးတွေ ထွက်မပြေးပဲထိုင်ကန်တော့ကြမယ်ထင်တယ် ) နောက်တစ်ချက်…( ဒီအပိုဒ်က အငြင်းပွားဖွယ်ရာရှိမယ် )မြန်မာပြည်အနှံ့အပြားမှာ ဘုရားကိုနဂါးမိုးထားတဲ့ နဂါးရုံဘုရားအများကြီးပဲ ။ဘုရားကို နဂါးမိုးတဲ့ဇာတ်လမ်းက ဘယ်ကစသလဲ…ဇာတ်လမ်းကတော့ ဘုရားရှင်လက်ထက်ကစတာပဲဆင်းထုတော်တွေထဲ ကျနော်မြင်ဖူးသမျှအေဒီ ၁၁ရာစုမှ စတင်တယ်…

သဘောကတော့ ဘုရားရှင်ပွင့်ပြီး နှစ် ၁၆၀၀လောက်ကြာမှ ဒီရုပ်ထုဇာတ်လမ်းက စတင်လာသလား တစ်ခုကြိုပြောရရင် ကျနော်ဟာသမိုင်းပညာရှင်မဟုတ်တဲ့အတွက် ကျနော်ရောက်ဖူးတဲ့နဂါးရုံဘုရားထဲအေစာဆုံးဘုရားလို့သုံးတာပါ ။

ကျန်စစ်သားရဲ့ဇာတ်လမ်းထဲ ခရစ်နှစ် ၁၀၈၄ခုနှစ် ရာဇဝင်တစ်ခုမှာ ကျန်စစ်သားကို အနော်ရထာက အရိန္ဒမာလှံနဲ့ပစ်ပြီးသတ်တဲ့အခါကျန်စစ်သားထွက်ပြေးတယ် ။အဲ့ဒီမှာ မုဆိုးကြီးငဆင့်က ကျန်စစ်သားကိုကူညီပြီးဖွက်ထားပေးတဲ့ရွာ ( ငဆင့်ကူညီလို့ ငဆင့်ကူရွာလို့ခေါပြီးအခုခေတ်စကားသံပြောင်းလဲမှုကြောင့် ငဆင့်ကူကနေ စဉ့်ကူဟုပြောင်းလဲ) မှာကျန်စစ်သားအိပ်တဲ့အခါ နဂါးတစ်ကောင်က ရုံပြီးမိုးပေးထားတယ်ဆိုပဲ ။အဲ့ဒီနေရာမှာ ကျန်စစ်သားက အရိန္ဒမာလှံနဲ့ရှောက်သီးကိုခွဲစားတဲ့အခါချိုပြီးရှောက်ချိုသီးဖြစ်သွားတဲ့နေရာပေါ့ဗျာ။

မထီးတူမ သမ္ဗူလနဲ့ ပထမဆုံးတွေ့တဲ့နေရာပေါ့ သူဘုရင်ဖြစ်တဲ့အခါ အဲ့ဒီနေရာမှာနဂါးရုံဘုရားတည်တယ်။ သူ့ကိုနဂါးမိုးတာကိုအစွဲပြုပြီးဘုရားဆင်းထုကိုပါ နဂါးမိုးစေခဲ့တယ် ။မြန်မာပြည်မှာကျနော်ရောက်ဖူးတဲ့ နဂါးရုံဘုရားတွေထဲအဲ့တာ အစောဆုံးနဂါးပဲ ။ဘုရားလက်ထက်က စတဲ့ဇာတ်လမ်းကို အငြင်းပွားနေတာမဟုတ်ဖူးကျနော်မြင်ဖူးတဲ့နဂါးရုံဘုရားထဲ မှတ်တမ်းအစောဆုံးဘုရားကိုပြောချင်တာ တောင်သမန်အနောက်ခြမ်းက နဂါးရုံဘုရားဆိုရင်ကျနော်မြင်ဖူးသမျှထဲ အကြီးဆုံးပဲ ။

အဲ့ဒီမှာဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ဘာကိုသတိထားမိလည်းဆိုတော့ မြန်မာအချို့ဟာ ဘာသာတရားထက် အကြောက်တရားပိုနေကြတယ် ကြည်ညိုဖွယ်အဆင်းနဲ့ဗုဒ္ဓထက် အနောက်ကမိုးထားတဲ့နဂါးရဲ့ ခမ်းနားမှုကိုရင်သပ်အံ့သြကြတယ်။

ဗုဒ္ဓကိုမြင်တဲ့အခါ အေးချမ်းသွားရမယ့်အစား အနောက်ကမြွေနဂါးရဲ့ သဏ္ဏာန်ကြောင့်တုန်လှုပ်တယ်/ကြောက်စိတ်ဝင်တယ် ။( ဝေါမြို့က နဂါးရုံဘုရားဆို ဘုရားကစကြာဝတေးမင်းအဆင်တန်ဆာနဲ့အနောက်ကနဂါးဟာ လက်ခ်ျမီးဒီဇိုင်းနဲ့ )( မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေမှာရှိတဲ့ အတုလမဟာမြကျောက်စေတီပုရဝုဏ်ထဲကနဂါးရုံဘုရားဆိုရင်ကြောက်စရာအကြေးကွက်တွေနဲ့ လူကိုစားတော့မတတ် )နဂါးရုံဘုရားအများစုက ဘုရားကိုဖြစ်သလိုထုပီး နဂါးကိုစနစ်တကျထုလုပ်ထားကြတာများတယ် ။

ဘုရားသေးသေး နဂါးကြီးကြီးဘာသာတရားကိုအကြောက်တရားကအုပ်မိုးထားသလိုမျိုးအဲ့ဒီဆင်းထုတွေမှာ ကြက်ဥနဲ့နွားနို့ပူဇော်ကြတယ် ။ဘုရားကသူ့သားရဟန်းတွေကိုတောင်လူတွေအကြောက်တရားနဲ့ကိုးကွယ်မှာမလိုချင်လို့ တန်ခိုးမပြခိုင်းဘူး ပညက်ထားခဲ့တာ။

လူတွေလုပ်မှ အကြောက်တရားကို ဘာသာတရားထဲဇွတ်သွင်းနေသလိုပဲ ကျနော်ကတော့ အဟိတ်တိရိစ္ဆာန်လည်း မကန်တော့နိုင်သလို ဗုဒ္ဓဆင်းထုမြင်တာနဲ့ အကြောက်တရားဖြစ်စေတဲ့ နဂါးရုံတွေကို ကြောက်တယ် ။ဘုရားလက်ထက်က နဂါးဟာ သာသနာပြုနဂါးအခုလူတွေထုဆစ်နေတဲ့နဂါး (ပုံတွေကြည့်ပါ)မြင်တာနဲ့လူကို ဝါးစားမတတ် Over ဖြစ်အောင်ထုလုပ်ထားကြတာ ကြည်ညိုသဒ္ဒါတရားထက် အကြောက်တရားပိုဖြစ်စေတယ်အေးချမ်းချင်လို့ ဘုရားသွားတာ အေးအေးချမ်းချမ်းပဲ ဖြစ်ချင်တယ် ။

ဒါကြောင့် စာဖတ်သူမိတ်ဆွေသူများပါးစပ်ဖျားလမ်းမဆုံးပဲ ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစားဆင့်ချိန်ရမယ်။တရားများများနာ စာများများဖတ် ဒါမှအလိမ်မခံရမှာ……….စာကိုး / စာရေးဆရာဆန်းကျော်စွာဝင်း ၏ စာမူကိုမှီညမ်း၍ပြန်လည်ဝေမျှ၏

ဓမ္မရသ စာစုများ

ပထမဆုံးေျပာျပခ်င္တာကေတာ့ကြၽန္ေတာ္ေထရဝါဒဗုဒၶဘာသာတေယာက္ပါ။ စာဖတ္သူလည္းပညာတတ္ပါ။ ဒါေၾကာင့္ ေတြးေခၚၾကည့္ပါ။အမေတာ္ ‘သုစိတ’ ေမာင္ေတာ္’နႏၵ’ အပိုင္စားရတဲ့မင္းဘူးက နဂါးပြက္အိုင္….တကယ္ေတာ့ ေဂါပကေတြေရာ အဲ့ဒီလာတဲ့နဂါးဖူးေတြပါ ပထဝီသင္ခဲ့ၾကမွာပါ ၅တန္း ၆တန္းေလာက္ဆို မီးေတာင္အေၾကာင္း စသင္ေနရၿပီ။႐ႊံ႕မီးေတာင္ / မီးေတာင္ေသ / မီးေတာင္ၿငိမ္း စတဲ့အေၾကာင္းေတြ သင္ဖူးၾကမွာပါ ။

အခုလို ႐ႊံ႕မီးေတာင္အေပါက္ဝထဲကို ႏြားႏို႔နဲ႔ၾကက္ဥေတြ ပစ္ထည့္ၾကတယ္အေမႊးတိုင္ေပါင္း ေသာင္းခ်ီပူေဇာ္ၾကတယ္ အဲ့ဒီႏြားႏို႔နဲ႔ၾကက္ဥေတြကိုသာ မိဘမဲ့ေဂဟာကကေလးေတြကို တိုက္ေႂကြးမယ္ဆို ေတာ္႐ုံေဂဟာတစ္ခုေတာ့ ေန႔စဥ္အာဟာရ မပူရေတာ့ဘူး။

သူတစ္ပါးယုံၾကည္မႈကို ကဲ့ရဲ႕တာမဟုတ္ပါဘူးဆုံးရႈံးသြားတဲ့ အလႉေငြကို လိုအပ္တဲ့ေနရာေရာက္ေစခ်င္တာပါ။ေနာက္တစ္ခ်က္က ဒါဟာ ဘူမိေဗဒပညာရွင္ေတြအတြက္ အဖိုးမျဖတ္ႏိုင္တဲ့ ေလ့လာေရးစခန္းျဖစ္ႏိုင္တယ္ အဲ့ဒီမီးေတာင္ကို စနစ္တက်ေလ့လာရင္ ဘယ္လိုအဖိုးတန္ဓါတ္ေငြ႕ေတြထြက္ႏိုင္မလဲ ဘယ္လိုအက်ိဳးေက်းဇူး ရွိမလဲ သိခြင့္ရလာမယ္။

သူတို႔ကိုေစာ္ကားျခင္းထက္ က်ေနာ္ကေတာ့ ႏွေမ်ာတယ္ ခ်ီလီနဲ႔အာဂ်င္တီးနားက မီးေတာင္ေသေတြ/႐ႊံ႕မီးေတာင္ေတြ / မီးေတာင္ရွင္ေတြသာ ျမန္မာျပည္ေရာက္ခဲ့ရင္၉ေထာင္ေလာက္ေစတီတည္ၿပီး နတ္နဂါးပုံျပင္တစ္ခုခုနဲ႔ဇာတ္သြင္းဖင္ဘူးေထာင္ ဦးခ်ၿပီး ႏြားႏို႔နဲ႔ၾကက္ဥေတြပစ္ထည့္ဦးမယ္ထင္တယ္ေနာ္…….

ပုပၸါးက မယ္ဝဏၰဆိုသထုံကေန နန္းမႈေရးရာ စိတ္ကုန္လို႔ တရားအားထုတ္ဖို႔လာတဲ့သထုံဘုရင္ မႏူဟာ ရဲ႕ ညီမ လူစစ္စစ္ပါသူတို႔နဲ႔ေတြ႕မွပန္းစားဘီလူးမဆိုပီး အစြယ္ေပါက္ရရွာတယ္အပါယ္ေလးဘုံစာရင္းဝင္ တိရိစာၦန္ကို ကန္ေတာ့ေနရတဲ့အယူလြဲ logicျမန္မာျပည္အႏွံ႔အျပားမွာ ေႁမြရွင္ဘုရားဘယ္ႏွစ္ဆူရွိလည္းေတာ့မသိဘူး

က်ေနာ္ေရာက္ဖူးတဲ့ ဘုရားေတြက ပလိပ္/သုံးေတာင္/စစ္ကိုင္းမွာရွိတဲ့ ေႁမြဘုရားသုံးဆူေရာက္ဖူးတယ္ ေႁမြဆိုတာ အပါယ္ေလးဘုံ စာရင္းဝင္ တိရိစာၦန္ပဲနိမ့္က်တဲ့တိရိစာၦန္ကို ျမင့္ျမတ္တဲ့ဗုဒၶဆင္းတုနဲ႔တြဲၿပီး ပူေဇာ္ေနၾကတဲ့ က်ေနာ္တို႔ျမန္မာေတြ။နတ္ေႁမြ/အိပ္မက္ စတဲ့ပါးစပ္ရာဇဝင္နဲ႔ ၿဖဲေျခာက္ၿပီး ဗုဒၶဘာသာဝင္ေတြက နိမ့္က်တဲ့တိရိစာၦန္ကို ဖင္ဘူးေထာင္ကန္ေတာ့ေနရတယ္

အမယ္…အဲ့ဒီေႁမြစာအတြက္ လစဥ္အလႉရွင္ဆို အလုအယက္ဗ်။စပါးက်ီ/စပါးအုံ ေႁမြဆိုတာမ်ိဳးက အစာဝရင္ၿငိမ္သက္ေနတာေလသူတို႔မွာအစာခ်က္ဖို႔လုံေလာက္တဲ့အစာအိမ္အက္ဆစ္မရွိဘူးဘိန္းေႂကြးလို႔ ဘိန္းမူးေနတဲ့ေႁမြဟာ လူကိုဘယ္အႏၲရာယ္ျပဳပါ့မလဲ။

ေဂါပကေတြကေျပာေသးတယ္ ( သူေတာ္စင္ေႁမြ )တဲ့။ဟုတ္ၿပီ… သူေတာ္စင္ေႁမြဆိုရင္ သက္သက္လြတ္ေကြၽးၾကည့္ပါတစ္ပတ္တစ္ခါဥပုသ္ေစာင့္ခိုင္းပါ ၁လေလာက္အစာမေႂကြးပဲထားၿပီး ေဂါပကကိုယ္တိုင္ ေႁမြေလွာင္အိမ္ထဲ ဝင္ထိုင္ေနပါ က်ေနာ္မယုံၾကည္လို႔ အျပစ္တင္ျခင္းမဟုတ္ပါဘူးလြဲေနတဲ့ ဘာသာေရးအသိကို တည့္မတ္ေစခ်င္တာပါ

တကယ္လိုအပ္ေနတဲ့ ဘာသာေရးသာသနိကအေဆာက္အုံေတြအမ်ားႀကီးပါ ေႁမြဆိုတဲ့နိမ့္က်တဲ့တိရိစာၦန္ကိုကန္ေတာ့မယ့္အစားေ႐ႊစည္းခုံ/မိထၳီလာကန္/တန္႔ၾကည္ေတာင္ သမိုင္းေတြထဲပါတဲ့ လူေကာင္းေတြကိုကူညီတတ္တဲ့ ဘီလူး/သဘက္ကန္ေတာ့တာမွေတာ္ေသး။

ေႁမြအေကာင္ႀကီးလို႔ ကန္ေတာ့မယ္ဆိုေတာင္အေမရိကဖက္က အေမဇုန္ျမစ္က အန္နာကြန္နာေႁမြႀကီးေတြကို You Tubeမွာ ရွာၾကည့္။( ျမန္မာျပည္မွာသာ အန္နာကြန္နာေႁမြႀကီးေတြ ေတြ႕ခဲ့ရင္ျမန္မာလူမ်ိဳးေတြ ထြက္မေျပးပဲထိုင္ကန္ေတာ့ၾကမယ္ထင္တယ္ ) ေနာက္တစ္ခ်က္…( ဒီအပိုဒ္က အျငင္းပြားဖြယ္ရာရွိမယ္ )ျမန္မာျပည္အႏွံ႔အျပားမွာ ဘုရားကိုနဂါးမိုးထားတဲ့ နဂါး႐ုံဘုရားအမ်ားႀကီးပဲ ။ဘုရားကို နဂါးမိုးတဲ့ဇာတ္လမ္းက ဘယ္ကစသလဲ…ဇာတ္လမ္းကေတာ့ ဘုရားရွင္လက္ထက္ကစတာပဲဆင္းထုေတာ္ေတြထဲ က်ေနာ္ျမင္ဖူးသမွ်ေအဒီ ၁၁ရာစုမွ စတင္တယ္…

သေဘာကေတာ့ ဘုရားရွင္ပြင့္ၿပီး ႏွစ္ ၁၆၀၀ေလာက္ၾကာမွ ဒီ႐ုပ္ထုဇာတ္လမ္းက စတင္လာသလား တစ္ခုႀကိဳေျပာရရင္ က်ေနာ္ဟာသမိုင္းပညာရွင္မဟုတ္တဲ့အတြက္ က်ေနာ္ေရာက္ဖူးတဲ့နဂါး႐ုံဘုရားထဲေအစာဆုံးဘုရားလို႔သုံးတာပါ ။

က်န္စစ္သားရဲ႕ဇာတ္လမ္းထဲ ခရစ္ႏွစ္ ၁၀၈၄ခုႏွစ္ ရာဇဝင္တစ္ခုမွာ က်န္စစ္သားကို အေနာ္ရထာက အရိႏၵမာလွံနဲ႔ပစ္ၿပီးသတ္တဲ့အခါက်န္စစ္သားထြက္ေျပးတယ္ ။အဲ့ဒီမွာ မုဆိုးႀကီးငဆင့္က က်န္စစ္သားကိုကူညီၿပီးဖြက္ထားေပးတဲ့႐ြာ ( ငဆင့္ကူညီလို႔ ငဆင့္ကူ႐ြာလို႔ေခါၿပီးအခုေခတ္စကားသံေျပာင္းလဲမႈေၾကာင့္ ငဆင့္ကူကေန စဥ့္ကူဟုေျပာင္းလဲ) မွာက်န္စစ္သားအိပ္တဲ့အခါ နဂါးတစ္ေကာင္က ႐ုံၿပီးမိုးေပးထားတယ္ဆိုပဲ ။အဲ့ဒီေနရာမွာ က်န္စစ္သားက အရိႏၵမာလွံနဲ႔ေရွာက္သီးကိုခြဲစားတဲ့အခါခ်ိဳၿပီးေရွာက္ခ်ိဳသီးျဖစ္သြားတဲ့ေနရာေပါ့ဗ်ာ။

မထီးတူမ သမၺဴလနဲ႔ ပထမဆုံးေတြ႕တဲ့ေနရာေပါ့ သူဘုရင္ျဖစ္တဲ့အခါ အဲ့ဒီေနရာမွာနဂါး႐ုံဘုရားတည္တယ္။ သူ႔ကိုနဂါးမိုးတာကိုအစြဲျပဳၿပီးဘုရားဆင္းထုကိုပါ နဂါးမိုးေစခဲ့တယ္ ။ျမန္မာျပည္မွာက်ေနာ္ေရာက္ဖူးတဲ့ နဂါး႐ုံဘုရားေတြထဲအဲ့တာ အေစာဆုံးနဂါးပဲ ။ဘုရားလက္ထက္က စတဲ့ဇာတ္လမ္းကို အျငင္းပြားေနတာမဟုတ္ဖူးက်ေနာ္ျမင္ဖူးတဲ့နဂါး႐ုံဘုရားထဲ မွတ္တမ္းအေစာဆုံးဘုရားကိုေျပာခ်င္တာ ေတာင္သမန္အေနာက္ျခမ္းက နဂါး႐ုံဘုရားဆိုရင္က်ေနာ္ျမင္ဖူးသမွ်ထဲ အႀကီးဆုံးပဲ ။

အဲ့ဒီမွာဗုဒၶဘာသာဝင္တစ္ေယာက္အေနနဲ႔ ဘာကိုသတိထားမိလည္းဆိုေတာ့ ျမန္မာအခ်ိဳ႕ဟာ ဘာသာတရားထက္ အေၾကာက္တရားပိုေနၾကတယ္ ၾကည္ညိဳဖြယ္အဆင္းနဲ႔ဗုဒၶထက္ အေနာက္ကမိုးထားတဲ့နဂါးရဲ႕ ခမ္းနားမႈကိုရင္သပ္အံ့ၾသၾကတယ္။

ဗုဒၶကိုျမင္တဲ့အခါ ေအးခ်မ္းသြားရမယ့္အစား အေနာက္ကေႁမြနဂါးရဲ႕ သဏၰာန္ေၾကာင့္တုန္လႈပ္တယ္/ေၾကာက္စိတ္ဝင္တယ္ ။( ေဝါၿမိဳ႕က နဂါး႐ုံဘုရားဆို ဘုရားကစၾကာဝေတးမင္းအဆင္တန္ဆာနဲ႔အေနာက္ကနဂါးဟာ လက္ခ္်မီးဒီဇိုင္းနဲ႔ )( မႏၲေလးတိုင္းေဒသႀကီး၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ရန္ကင္းေတာင္ေျခမွာရွိတဲ့ အတုလမဟာျမေက်ာက္ေစတီပုရဝုဏ္ထဲကနဂါး႐ုံဘုရားဆိုရင္ေၾကာက္စရာအေၾကးကြက္ေတြနဲ႔ လူကိုစားေတာ့မတတ္ )နဂါး႐ုံဘုရားအမ်ားစုက ဘုရားကိုျဖစ္သလိုထုပီး နဂါးကိုစနစ္တက်ထုလုပ္ထားၾကတာမ်ားတယ္ ။

ဘုရားေသးေသး နဂါးႀကီးႀကီးဘာသာတရားကိုအေၾကာက္တရားကအုပ္မိုးထားသလိုမ်ိဳးအဲ့ဒီဆင္းထုေတြမွာ ၾကက္ဥနဲ႔ႏြားႏို႔ပူေဇာ္ၾကတယ္ ။ဘုရားကသူ႔သားရဟန္းေတြကိုေတာင္လူေတြအေၾကာက္တရားနဲ႔ကိုးကြယ္မွာမလိုခ်င္လို႔ တန္ခိုးမျပခိုင္းဘူး ပညက္ထားခဲ့တာ။

လူေတြလုပ္မွ အေၾကာက္တရားကို ဘာသာတရားထဲဇြတ္သြင္းေနသလိုပဲ က်ေနာ္ကေတာ့ အဟိတ္တိရိစာၦန္လည္း မကန္ေတာ့ႏိုင္သလို ဗုဒၶဆင္းထုျမင္တာနဲ႔ အေၾကာက္တရားျဖစ္ေစတဲ့ နဂါး႐ုံေတြကို ေၾကာက္တယ္ ။ဘုရားလက္ထက္က နဂါးဟာ သာသနာျပဳနဂါးအခုလူေတြထုဆစ္ေနတဲ့နဂါး (ပုံေတြၾကည့္ပါ)ျမင္တာနဲ႔လူကို ဝါးစားမတတ္ Over ျဖစ္ေအာင္ထုလုပ္ထားၾကတာ ၾကည္ညိဳသဒၵါတရားထက္ အေၾကာက္တရားပိုျဖစ္ေစတယ္ေအးခ်မ္းခ်င္လို႔ ဘုရားသြားတာ ေအးေအးခ်မ္းခ်မ္းပဲ ျဖစ္ခ်င္တယ္ ။

ဒါေၾကာင့္ စာဖတ္သူမိတ္ေဆြသူမ်ားပါးစပ္ဖ်ားလမ္းမဆုံးပဲ ကိုယ္ပိုင္ဥာဏ္နဲ႔ စဥ္းစားဆင့္ခ်ိန္ရမယ္။တရားမ်ားမ်ားနာ စာမ်ားမ်ားဖတ္ ဒါမွအလိမ္မခံရမွာ……….စာကိုး / စာေရးဆရာဆန္းေက်ာ္စြာဝင္း ၏ စာမူကိုမွီညမ္း၍ျပန္လည္ေဝမွ်၏

ဓမၼရသ စာစုမ်ား