ကားေမာင္းေနစဥ္မွာ မေမွ်ာ္လင့္ဘဲ ကားစက္ အင္ဂ်င္ထုိးရပ္သြားလွ်င္္

အင်ဂျင်စက် ဘာ့ကြောင့် ထိုးရပ်သွားတာလဲ

ကားမောင်းနေစဉ်မှာ မမျှော်လင့်ဘဲ ကားစက် ထိုးရပ်သွားတာမျိုး ရှိတတ်ပါတယ်။ အင်ဂျင် အနှေးလည်တာ (slow) အရမ်းနည်းလွန်းရင် အင်ဂျင်စက် တုန်ခါပြီး မကြာခဏ စက်သေသွားတာမျိုးလည်း ဖြစ်ဖူးကြမှာပါ။ မီးပွိုင့်မှာ မီးနီပြထားလို့ စောင့်နေစဉ်မှာပဲ ရုတ်တရက် စက်ရပ်သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။

စက်ထိုးရပ်သွားရင် ကားသော့လှည့်ပြီး စက်နှိုးကြည့်တယ်။ စက်နှိုးလို့ိ ရတာလည်းရှိတယ်။ လုံးဝစက်ပြန်မနိုးတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး ကားစက်သေသွားတာဟာ အင်ဂျင်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက် တစ်ခုခုဖြစ်နေလိုပါပဲ။

ဘာ့ကြောင့် ဖြစ်ရတာလဲ။ ချွတ်ယွင်းချက်အပြင် အားနည်းချက်ကိုပါ ရှာကြည့်ဖို့လိုပါတယ်။ သင့်ကား စက်သေသွားတဲ့ နေရာဟာ ယာဉ်လမ်းကြောင်းပေါ်မှာ ဖြစ်နေခဲ့ရင် ကားကို အန္တရာယ်လွတ်ကင်းတဲ့ လမ်းဘေးတစ်နေရာ ရောက်အောင် တွန်းရွှေ့ပါ။ စက်ဖုံးဖွင့်ပြီး မျက်မြင်စစ်ဆေးပါ။

လမ်းဘေး ကားရပ်ထားတဲ့နေရာက အန္တရာယ်ကင်းဖို့ိ လိုပါတယ်။ နောက်ကလာတဲ့ကား ဝင်မဆောင့်မိအောင် သတိပေး sign တစ်ခု လုပ်ထားဖို့ လိုပါတယ်။

အင်ဂျင်အပူချိန် အရမ်းတက်ပြီး ရေတိုင်ကီရေဆူနေသလား။ ဆီကုန်သွားတာလား။ ဆီဂိတ်မှာ ဆီလက်ကျန် ပြသေးသလား။ ဘက်ထရီခေါင်း ချောင်ပြီး လွတ်သွားတာလား။ ဘက်ထရီခေါင်း ချောင်နေတာကို သတိမထားမိလို့ လမ်းအဆောင့်ဒဏ်တွေ ဖြစ်တဲ့အခါမှာ မီးပျောက်သွားတတ်ပါတယ်။

ဓာတ်ဆီကားတစ်စီးမှာ အင်ဂျင်ပုံမှန် လည်ပတ်ဖို့၊ ပုံမှန်အလုပ်လုပ်ဖို့ လေနဲ့ ဆီရောနှောမှုအချိုး မှန်ရပါတယ်။ မီးပေးစနစ် (Ignition System) ကောင်းရပါတယ်။

ဆိုလိုတာက ပလပ် (Plug) တွေက တိုင်မင်လိုက် မီးပွား (Spark) ပွင့်ပေးဖို့ိလိုပါတယ်။ ပုံမှန်အပူချိန်မှာပဲ ရှိရပါတယ်။ ရေဆူပြီး အပူလွန်ကဲတာမျိုးဖြစ်ရင် အင်ဂျင်အတွင်းမှာရှိတဲ့ သတ္တုပစ္စတင်တွေ ပွလာပြီး အင်ဂျင်ကျပ်သွားပါတယ်။

အင်ဂျင်ကျပ်ရင် စက်ရပ်သွားနိုင်ပါတယ်။ တိုင်မင် Belt ကြိုးပြတ်ထွက်သွားရင်လည်း စက်ထိုးရပ်သွားပါတယ်။ ကားသော့အုံ (Ignition Switch) လုံးဝ မီးပျောက်သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဖျူးစ် (Fuse) ပျက်သွားတာ၊ မီးပျောက်သွားတာ၊ ဆီပျောက်သွားတာကြောင့် စက်ထိုး ရပ်နိုင်ပါတယ်။

ဘယ်နားမှာ ဘာဖြစ်နေတာလဲဆိုတာ တိတိကျကျ သိရအောင်ရှာဖို့ လိုပါတယ်။ ကားစက်ဖုံးဖွင့်ကြည့်ပါ။ ဘာတွေထူးခြားနေသလဲ။ ညှော်နံ့ရသလား၊ ပန်ကာကြိုး ချောင်နေသလား၊ ရေတိုင်ကီ ရေဆူနေသလား၊ ဝါးတားပိုက် ပေါက်နေသလား။

အားလုံးကို စစ်ဆေးကြည့်ပါ။ ကားဟွန်းသံကို ခန့်မှန်းလို့ရအောင် ဟွန်းတီးကြည့်ပါ။ အသံံ တိုးသလား၊ ကျယ်လောင်တဲ့ အသံ ထွက်သလား၊ ဟွန်းသံ လုံးဝမမြည်တာ၊ အသံ တိုးလွန်းတာ၊ ကားမီးကြီး အလင်းရောင် အားနည်းလွန်းတာဆိုရင်တော့ သင့်ကားဘက်ထရီ အားကုန်သွားတာမျိုး ဖြစ်နိုင်ပါတယ်။

ဒါမှမဟုတ် ဟွန်းသံလည်း ကျယ်တယ်။ ဝိုင်ဘာရေသုတ်တံလည်း ကောင်းကောင်းလည်တယ်။ ရှေ့မီးကြီးလည်း ကောင်းကောင်း လင်းတယ်။ မော်တာဆွဲကြည့်တာလည်း အားရှိပါးရှိလည်တယ် ဆိုရင်တော့ သင့်ကားဘက်ထရီ အခြေအနေ ကောင်းပါတယ်။

အင်ဂျင် အပူလွန်ကဲပြီး ရေတိုင်တီထဲက ရေနွေးငွေ့တွေ ပန်းထွက်လာတဲ့အထိ အခြေအနေ ဆိုးရင်တော့ အင်ဂျင်ကျပ်ပြီး စက်သေသွားတာမျိုး ဖြစ်နိုင်ပါတယ်။

ရေတိုင်ကီထဲကို ရေလောင်းထည့်ပြီး အင်ဂျင်အေးသွားအောင် အအေးခံပါ။ ရေယိုနိုင်တဲ့ နေရာတွေကို ရှာကြည့်ပါ။ ကားရေဆူရတဲ့ အကြောင်းတွေ ရှိပါတယ်။ ပန်ကာကြိုး လျော့နေရင်လည်း လေဆွဲအား မကောင်းတာကြောင့် ရေတိုင်ကီက အပူစွန့်ထုတ်ပစ်တာ အားနည်းလာပါတယ်။

လျှပ်စစ်ပန်ကာနဲ့ အအေးခံတဲ့ အမျိုးအစားဆိုရင်လည်း ပန်ကာ မလည်တာလား၊ ရေတိုင်ကီမှာ ဖုန်တွေ၊ သဲတွေ ပိတ်နေတာလား၊ သာမိုစတတ် မကောင်းတာလား၊ အားနည်းချက် ချွတ်ယွင်းချက် အပြစ်များကို ရှာကြည့်ပါ။

အင်ဂျင်အပူချိန် လွန်ကဲတာ များသွားရင်လဲ ဂတ်စ်ကတ် ပြတ်သွားနိုင်ပါတယ်။ အင်ဂျင် အအေးခံပြီး ရေတိုင်ကီမှာ ရေပြန်ဖြည့်ပါ။ ဘက်ထရီကောင်းရင် မော်တာ ပြန်ဆွဲကြည့်ပါ။ အင်ဂျင်လှည့်လို့ ရတယ်ဆိုရင်စက်ပြန် နှိုးနိုင်ပါတယ်။

ဒါပေမဲ့ ဆီနဲ့ မီးတော့မှန်ဖို့ လိုအပ်ပါတယ်။အင်ဂျင် အေးသွားပေမယ့်် စက်နှိုးမော်တာဆွဲကြည့်တာလုံးဝမလည်ဘူးဆိုရင်တော့ Timing Belt ကြိုးပြတ်ပြီး စက်ရပ်သွားတာလား သေချာအောင် စက်ဖုံးဖွင့်ကြည့်ပါ။Belt ကြိုးပြတ်တာ သေချာတယ်ဆိုရင်တော့ ကားဝပ်ရှော့ကို ဆွဲကားတစ်စီးနဲ့ဆွဲယူသွားပါ။

လောင်စာဆီပို့စနစ်ကို လေ့လာကြည့်ရအောင်။ ဆီပို့စနစ်မှာ Fuel Pump ဖိအား မှန်ကန်ဖို့လိုပါတယ်။ ဆီစီစစ်ဗူး ပိတ်နေသလား။ ဆီထီထဲမှာ ရေတွေ၊ အမှိုက်စတွေ ရောနှော ပါနေသလား၊ ဆီထဲမှာ ရေရောနှောပါနေရင်လည်း စက်ရပ်သွားနိုင်ပါတယ်။

ကာပရိုက်တာသုံးတဲ့ ခေတ်ဟောင်းကားဆိုရင်တော့ ကာပရိုက်တာထဲမှာ ဆီပိတ်နေတာလား စစ်ဆေးပါ။ ခေတ်ပေါ် ကားတွေမှာတော့ EFI စနစ်၊ GDI စနစ် သုံးပါတယ်။ ကာပရိုက်တာခေတ်ကို ကျော်လာပြီးလောင်စာဆီကို ကွန်ပျူတာထိန်းချုပ်မှုနဲ့ Injector ဆီဖြန်း ပေးတဲ့စနစ် ဖြစ်ပါတယ်။

EFI စနစ် ကားတွေမှာ ဓာတ်ဆီတိုင်ကီထဲက ဆီကို Fuel Pump က တွန်းပို့ပါတယ်။ ဆီပို့ဖိအားက 13 psi ကနေ 17 psi ကြားမှာ ရှိရပါတယ်။ Direct Injection စနစ်သုံးတဲ့ GDI အင်ဂျင်မှာတော့ ဆီဖိအား 40 psi ကနေ 55 psiအထိ ရှိရပါတယ်။

ဆီလိုင်းထဲမှာ သတ်မှတ် ဆီဖိအား ရှိနေအောင် Pressure Regulator က ထိန်ပေးပါတယ်။ ဆီဖိအား မှန်နေပေမယ့် Injector တွေ မကောင်းတော့ရင် ဆီဖြန်းပေးတာ မမှန်တော့ပါဘူး။

Injector တစ်လုံးချင်းကို ကွန်ပျူတာ ECU (Electronic Control Unit) ကပဲ ထိန်းကျောင်းပေးပါတယ်။ ဆီဖြန်ပေးရမယ့် ပမာဏနဲ့ တိုင်မင်ကို ECU ကပဲ အမိန့်ပေး ညွန်ကြားပါတယ်။

ECU ကို အာရုံခံဆင်ဆာတွေက သတင်းပို့ပေးပါတယ်။ ဒီသတင်း အချက်အလက်တွေကို အခြေခံပြီး ဆီကို လိုအပ်သလို ဖြန်းပေးတာဖြစ်ပါတယ်။

မီးပျောက်ရင်လည်း ကားစက်သေတာ ဖြစ်နိုင်ပါတယ်။ Spark Plug ထိပ်ဖျားမှာ တိုင်မင်ကိုက် မီးမကူးရင် စက်သေသွားနိုင်ပါတယ်။ Plug မီးမကူးနိုင်တဲ့ အကြောင်းရင်းတွေ အများကြီးပါပဲ။ ခေတ်ဟောင်းကားတွေမှာ ပွိုင့်က မီးဖြတ် ပါတယ်။ Ignition Coil က ထွက်လာတဲ့ High Tension Voltageကို ဒစ်စတြီဗျူတာက မီးဖြန့်ဝေပေးပါတယ်။

ခေတ်ပေါ်ကားတွေမှာတော့ ဒစ်စတြီဗျူတာ မသုံံးတော့ပါဘူး။ ပလပ်တစ်လုံးချင်းကို မီးကွိုင်တစ်လုံးစီ သုံးပါတယ်။ မီးတိုင်မင်ကို ကွန်ပျူတာ ECU (Electronic Control Unit) က ထိန်းချူပ်ပေးပါတယ်။

Crank Shaft Position Sensor က ပို့လို့လိုက်တဲ့ သတင်းအချက်အလက်အရ ECUက မီးတိုင်မင်ကို ဆုံးဖြတ်အမိန့်ပေးပါတယ်။ ဒီနေရာမှာ ဆင်ဆာ မကောင်းရင် ECU က အမိန့် မပေးနိုင်ပါဘူး။

မီးတိုင်မင် မြှင့်တာကိုလည်း ECU ကပဲ လုပ်ပေးပါတယ်။ ပလပ်ကောင်းမှ မီးကူးပြီး မီးပွှား (Spark) ပွင့််ပါတယ်။ ပလပ်ကောင်း/မကောင်း စမ်းသပ်ကြည့်ရပါတယ်။ ပလပ်ကြိုးသုံးတဲ့ ကားတွေမှာ ပလပ်ကြိုးအဖျားကို ဖြုတ်ပြီး မီးစမ်းကြည့်နိုင်ပါတယ်။ အမြင့်ကားတွေမှာတော့ ပလပ်ကြိုး တောင် မသုံးတော့ပါဘူး။

ပလပ်ထိပ်မှာ Ignition Coil ကို တိုက်ရိုက်စွပ်ထားပါတယ်။ ဒါကို Igniter လို့ ခေါ်ပါတယ်။ Igniterက မီးထွက်၊ မထွက် မီးစမ်းကြည့်လို့ ရပါတယ်။ ဓာတ်ဆီအရည် အသွေးညံ့တာကိုသုံးမိရင် ပလပ်ထိပ်တွေမှာ ကာဗွန်ချိုးကပ်တာ၊ ဗားနစ်ချိုးကပ်တာတွေ ဖြစ်နိုင်ပါတယ်။ ပလပ်မကောင်းရင် မီးကူးတာ မမှန်တော့ဘဲ စက်ထိုးရပ် နိုင်ပါတယ်။

ပလပ်ထိပ် ငုတ်အကွာအဝေးကို ပြန်ချိန်ပါ။ ပလပ်မကောင်းရင် အသစ်တစ်လုံးလဲပါ။ ကွန်ပျူတာစနစ်သုံးတဲ့ ခေတ်ပေါ်ကားတွေမှာ ECU ကို ပါဝါ Supply လုပ်ပေးတဲ့ Relay ဗူးတွေ ကောင်းဖို့ လိုအပ်ပါတယ်။

နောက်တစ်ချက်က ဗို့အား မတည်မငြိမ် ဖြစ်ရင်လည်း ပြဿနာ ဖြစ်နိုင်ပါတယ်။ ECU က 12 Volt မှာပဲ အလုပ်လုပ်ပါတယ်။ ဗို့အားကျသွားတာ ဒါမှမဟုတ် Over Charging ဖြစ်လို့ ဗို့အား 16 Volt အထိ မြင့်တက်သွားတာမျိုးဆိုရင်တော့ ECU အလုပ် မလုပ်နိုင်တော့ပါဘူး။

ဒီလိုမျိုး မီးပြဿနာဖြစ်တာကိုတော့ ပစ္စည်းကိရိယာစုံံလင်တဲ့ ကားဝပ်ရှောပ်မှာပဲ စမ်းသပ် စစ်ဆေးကြည့်ရပါတယ်။ OBD II Scan Tool နဲ့ စစ်ဆေးရပါတယ်။ခေတ်ဟောင်း ကားတွေမှာတော့ မီးပျောက်တာကို အပြစ်ရှာရတာ လွယ်ပါတယ်။ ကွိုင်တွေ၊ ဒစ်စတြီဗျူတာတွေ၊ ပလပ်ကြိုးတွေ ရေစိုသွားရင်တော့ ပလပ်ကို မီးမရောက်တော့ပါဘူး။

မိုးတွင်းရေကြီးတဲ့လမ်းကို ဖြတ်မောင်းမိရင်တော့ မီးပျောက်ပြီး စက်ထိုးရပ်သွားနိုင်ပါတယ်။ ခေတ်ပေါ်ကားတွေမှာ ကွန်ပျူတာစနစ်နဲ့ ထိန်းချုပ်တာကြောင့် အာရုံခံဆင်ဆာတွေနဲ့တွဲပီး အလုပ်လုပ်ရပါတယ်။

အောက်ဆီဂျင် ဆင်ဆာ၊ Airflow ဆင်ဆာ၊ Coolant အပူချိန်ဆင်ဆာ၊ Manifold Absolute Pressure ဆင်ဆာ၊ Crankshaft Position ဆင်ဆာ စတဲ့ ဆင်ဆာပေါင်းများစွာက သတင်းအချက်အလက်တွေကို အခြေခံပြီး ထိန်းချုပ်ပါတယ်။

ဆင်ဆာတွေ မကောင်းရင် ကွန်ပျူတာ ထိန်းချုပ်မှု မမှန်တော့ပါဘူး။ အင်ဂျင် Inlet Manifold မှာ လေဟာသွားပြီး လေယိုစိမ့်နေခဲ့ရင် စက်စတင်နှိုးလိုက်တဲ့ အချိန်မှာ လေနဲ့ လောင်စာဆီအချိုး မမှန်တာကြောင့် စက်သေသွား နိုင်ပါတယ်။

အင်ဂျင် Compression ဖိအား ကျနေတယ်။ ပလပ်တွေ မကောင်းဘူး။ ဓာတ်ဆီညစ်ညမ်းပြီး ရေတွေ၊ အညစ်ကြေးတွေ ရောနှော ပါနေတယ်ဆိုရင်လည်း စက်ထိုးရပ်သွားနိုင် ပါတယ်။

Air Cleaner ပိတ်နေရင်လည်း အင်ဂျင် Slow မမှန်ဘဲ စက်ရပ်သွားနိုင်ပါတယ်။ ကားအင်ဂျင်နဲ့ ပတ်သက်ပြီး ပုံမှန်စစ်ဆေးတာ၊ ထိန်းသိမ်းတာလုပ်သွားရင် စက်ထိုးရပ်သွားတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဆရာမာစတာ(စက်မှု Carjournal

Zawgyi

အင္ဂ်င္စက္ ဘာ့ေၾကာင့္ ထိုးရပ္သြားတာလဲ

ကားေမာင္းေနစဥ္မွာ မေမွ်ာ္လင့္ဘဲ ကားစက္ ထိုးရပ္သြားတာမ်ိဳး ရွိတတ္ပါတယ္။ အင္ဂ်င္ အေႏွးလည္တာ (slow) အရမ္းနည္းလြန္းရင္ အင္ဂ်င္စက္ တုန္ခါၿပီး မၾကာခဏ စက္ေသသြားတာမ်ိဳးလည္း ျဖစ္ဖူးၾကမွာပါ။ မီးပြိဳင့္မွာ မီးနီျပထားလို႔ ေစာင့္ေနစဥ္မွာပဲ ႐ုတ္တရက္ စက္ရပ္သြားတာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။

စက္ထိုးရပ္သြားရင္ ကားေသာ့လွည့္ၿပီး စက္ႏႈိးၾကည့္တယ္။ စက္ႏႈိးလို႔ိ ရတာလည္းရွိတယ္။ လုံးဝစက္ျပန္မႏိုးတာလည္း ျဖစ္ႏိုင္ပါတယ္။ ဒီလိုမ်ိဳး ကားစက္ေသသြားတာဟာ အင္ဂ်င္ပိုင္းဆိုင္ရာ ခြၽတ္ယြင္းခ်က္ တစ္ခုခုျဖစ္ေနလိုပါပဲ။

ဘာ့ေၾကာင့္ ျဖစ္ရတာလဲ။ ခြၽတ္ယြင္းခ်က္အျပင္ အားနည္းခ်က္ကိုပါ ရွာၾကည့္ဖို႔လိုပါတယ္။ သင့္ကား စက္ေသသြားတဲ့ ေနရာဟာ ယာဥ္လမ္းေၾကာင္းေပၚမွာ ျဖစ္ေနခဲ့ရင္ ကားကို အႏၲရာယ္လြတ္ကင္းတဲ့ လမ္းေဘးတစ္ေနရာ ေရာက္ေအာင္ တြန္းေ႐ႊ႕ပါ။ စက္ဖုံးဖြင့္ၿပီး မ်က္ျမင္စစ္ေဆးပါ။

လမ္းေဘး ကားရပ္ထားတဲ့ေနရာက အႏၲရာယ္ကင္းဖို႔ိ လိုပါတယ္။ ေနာက္ကလာတဲ့ကား ဝင္မေဆာင့္မိေအာင္ သတိေပး sign တစ္ခု လုပ္ထားဖို႔ လိုပါတယ္။

အင္ဂ်င္အပူခ်ိန္ အရမ္းတက္ၿပီး ေရတိုင္ကီေရဆူေနသလား။ ဆီကုန္သြားတာလား။ ဆီဂိတ္မွာ ဆီလက္က်န္ ျပေသးသလား။ ဘက္ထရီေခါင္း ေခ်ာင္ၿပီး လြတ္သြားတာလား။ ဘက္ထရီေခါင္း ေခ်ာင္ေနတာကို သတိမထားမိလို႔ လမ္းအေဆာင့္ဒဏ္ေတြ ျဖစ္တဲ့အခါမွာ မီးေပ်ာက္သြားတတ္ပါတယ္။

ဓာတ္ဆီကားတစ္စီးမွာ အင္ဂ်င္ပုံမွန္ လည္ပတ္ဖို႔၊ ပုံမွန္အလုပ္လုပ္ဖို႔ ေလနဲ႔ ဆီေရာေႏွာမႈအခ်ိဳး မွန္ရပါတယ္။ မီးေပးစနစ္ (Ignition System) ေကာင္းရပါတယ္။

ဆိုလိုတာက ပလပ္ (Plug) ေတြက တိုင္မင္လိုက္ မီးပြား (Spark) ပြင့္ေပးဖို႔ိလိုပါတယ္။ ပုံမွန္အပူခ်ိန္မွာပဲ ရွိရပါတယ္။ ေရဆူၿပီး အပူလြန္ကဲတာမ်ိဳးျဖစ္ရင္ အင္ဂ်င္အတြင္းမွာရွိတဲ့ သတၱဳပစၥတင္ေတြ ပြလာၿပီး အင္ဂ်င္က်ပ္သြားပါတယ္။

အင္ဂ်င္က်ပ္ရင္ စက္ရပ္သြားႏိုင္ပါတယ္။ တိုင္မင္ Belt ႀကိဳးျပတ္ထြက္သြားရင္လည္း စက္ထိုးရပ္သြားပါတယ္။ ကားေသာ့အုံ (Ignition Switch) လုံးဝ မီးေပ်ာက္သြားတာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။ ဖ်ဴးစ္ (Fuse) ပ်က္သြားတာ၊ မီးေပ်ာက္သြားတာ၊ ဆီေပ်ာက္သြားတာေၾကာင့္ စက္ထိုး ရပ္ႏိုင္ပါတယ္။

ဘယ္နားမွာ ဘာျဖစ္ေနတာလဲဆိုတာ တိတိက်က် သိရေအာင္ရွာဖို႔ လိုပါတယ္။ ကားစက္ဖုံးဖြင့္ၾကည့္ပါ။ ဘာေတြထူးျခားေနသလဲ။ ေညႇာ္နံ႔ရသလား၊ ပန္ကာႀကိဳး ေခ်ာင္ေနသလား၊ ေရတိုင္ကီ ေရဆူေနသလား၊ ဝါးတားပိုက္ ေပါက္ေနသလား။

အားလုံးကို စစ္ေဆးၾကည့္ပါ။ ကားဟြန္းသံကို ခန႔္မွန္းလို႔ရေအာင္ ဟြန္းတီးၾကည့္ပါ။ အသံံ တိုးသလား၊ က်ယ္ေလာင္တဲ့ အသံ ထြက္သလား၊ ဟြန္းသံ လုံးဝမျမည္တာ၊ အသံ တိုးလြန္းတာ၊ ကားမီးႀကီး အလင္းေရာင္ အားနည္းလြန္းတာဆိုရင္ေတာ့ သင့္ကားဘက္ထရီ အားကုန္သြားတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။

ဒါမွမဟုတ္ ဟြန္းသံလည္း က်ယ္တယ္။ ဝိုင္ဘာေရသုတ္တံလည္း ေကာင္းေကာင္းလည္တယ္။ ေရွ႕မီးႀကီးလည္း ေကာင္းေကာင္း လင္းတယ္။ ေမာ္တာဆြဲၾကည့္တာလည္း အားရွိပါးရွိလည္တယ္ ဆိုရင္ေတာ့ သင့္ကားဘက္ထရီ အေျခအေန ေကာင္းပါတယ္။

အင္ဂ်င္ အပူလြန္ကဲၿပီး ေရတိုင္တီထဲက ေရေႏြးေငြ႕ေတြ ပန္းထြက္လာတဲ့အထိ အေျခအေန ဆိုးရင္ေတာ့ အင္ဂ်င္က်ပ္ၿပီး စက္ေသသြားတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။

ေရတိုင္ကီထဲကို ေရေလာင္းထည့္ၿပီး အင္ဂ်င္ေအးသြားေအာင္ အေအးခံပါ။ ေရယိုႏိုင္တဲ့ ေနရာေတြကို ရွာၾကည့္ပါ။ ကားေရဆူရတဲ့ အေၾကာင္းေတြ ရွိပါတယ္။ ပန္ကာႀကိဳး ေလ်ာ့ေနရင္လည္း ေလဆြဲအား မေကာင္းတာေၾကာင့္ ေရတိုင္ကီက အပူစြန႔္ထုတ္ပစ္တာ အားနည္းလာပါတယ္။

လွ်ပ္စစ္ပန္ကာနဲ႔ အေအးခံတဲ့ အမ်ိဳးအစားဆိုရင္လည္း ပန္ကာ မလည္တာလား၊ ေရတိုင္ကီမွာ ဖုန္ေတြ၊ သဲေတြ ပိတ္ေနတာလား၊ သာမိုစတတ္ မေကာင္းတာလား၊ အားနည္းခ်က္ ခြၽတ္ယြင္းခ်က္ အျပစ္မ်ားကို ရွာၾကည့္ပါ။

အင္ဂ်င္အပူခ်ိန္ လြန္ကဲတာ မ်ားသြားရင္လဲ ဂတ္စ္ကတ္ ျပတ္သြားႏိုင္ပါတယ္။ အင္ဂ်င္ အေအးခံၿပီး ေရတိုင္ကီမွာ ေရျပန္ျဖည့္ပါ။ ဘက္ထရီေကာင္းရင္ ေမာ္တာ ျပန္ဆြဲၾကည့္ပါ။ အင္ဂ်င္လွည့္လို႔ ရတယ္ဆိုရင္စက္ျပန္ ႏႈိးႏိုင္ပါတယ္။

ဒါေပမဲ့ ဆီနဲ႔ မီးေတာ့မွန္ဖို႔ လိုအပ္ပါတယ္။အင္ဂ်င္ ေအးသြားေပမယ့္္ စက္ႏႈိးေမာ္တာဆြဲၾကည့္တာလုံးဝမလည္ဘူးဆိုရင္ေတာ့ Timing Belt ႀကိဳးျပတ္ၿပီး စက္ရပ္သြားတာလား ေသခ်ာေအာင္ စက္ဖုံးဖြင့္ၾကည့္ပါ။Belt ႀကိဳးျပတ္တာ ေသခ်ာတယ္ဆိုရင္ေတာ့ ကားဝပ္ေရွာ့ကို ဆြဲကားတစ္စီးနဲ႔ဆြဲယူသြားပါ။

ေလာင္စာဆီပို႔စနစ္ကို ေလ့လာၾကည့္ရေအာင္။ ဆီပို႔စနစ္မွာ Fuel Pump ဖိအား မွန္ကန္ဖို႔လိုပါတယ္။ ဆီစီစစ္ဗူး ပိတ္ေနသလား။ ဆီထီထဲမွာ ေရေတြ၊ အမႈိက္စေတြ ေရာေႏွာ ပါေနသလား၊ ဆီထဲမွာ ေရေရာေႏွာပါေနရင္လည္း စက္ရပ္သြားႏိုင္ပါတယ္။

ကာပ႐ိုက္တာသုံးတဲ့ ေခတ္ေဟာင္းကားဆိုရင္ေတာ့ ကာပ႐ိုက္တာထဲမွာ ဆီပိတ္ေနတာလား စစ္ေဆးပါ။ ေခတ္ေပၚ ကားေတြမွာေတာ့ EFI စနစ္၊ GDI စနစ္ သုံးပါတယ္။ ကာပ႐ိုက္တာေခတ္ကို ေက်ာ္လာၿပီးေလာင္စာဆီကို ကြန္ပ်ဴတာထိန္းခ်ဳပ္မႈနဲ႔ Injector ဆီျဖန္း ေပးတဲ့စနစ္ ျဖစ္ပါတယ္။

EFI စနစ္ ကားေတြမွာ ဓာတ္ဆီတိုင္ကီထဲက ဆီကို Fuel Pump က တြန္းပို႔ပါတယ္။ ဆီပို႔ဖိအားက 13 psi ကေန 17 psi ၾကားမွာ ရွိရပါတယ္။ Direct Injection စနစ္သုံးတဲ့ GDI အင္ဂ်င္မွာေတာ့ ဆီဖိအား 40 psi ကေန 55 psiအထိ ရွိရပါတယ္။

ဆီလိုင္းထဲမွာ သတ္မွတ္ ဆီဖိအား ရွိေနေအာင္ Pressure Regulator က ထိန္ေပးပါတယ္။ ဆီဖိအား မွန္ေနေပမယ့္ Injector ေတြ မေကာင္းေတာ့ရင္ ဆီျဖန္းေပးတာ မမွန္ေတာ့ပါဘူး။

Injector တစ္လုံးခ်င္းကို ကြန္ပ်ဴတာ ECU (Electronic Control Unit) ကပဲ ထိန္းေက်ာင္းေပးပါတယ္။ ဆီျဖန္ေပးရမယ့္ ပမာဏနဲ႔ တိုင္မင္ကို ECU ကပဲ အမိန႔္ေပး ၫြန္ၾကားပါတယ္။

ECU ကို အာ႐ုံခံဆင္ဆာေတြက သတင္းပို႔ေပးပါတယ္။ ဒီသတင္း အခ်က္အလက္ေတြကို အေျခခံၿပီး ဆီကို လိုအပ္သလို ျဖန္းေပးတာျဖစ္ပါတယ္။

မီးေပ်ာက္ရင္လည္း ကားစက္ေသတာ ျဖစ္ႏိုင္ပါတယ္။ Spark Plug ထိပ္ဖ်ားမွာ တိုင္မင္ကိုက္ မီးမကူးရင္ စက္ေသသြားႏိုင္ပါတယ္။ Plug မီးမကူးႏိုင္တဲ့ အေၾကာင္းရင္းေတြ အမ်ားႀကီးပါပဲ။ ေခတ္ေဟာင္းကားေတြမွာ ပြိဳင့္က မီးျဖတ္ ပါတယ္။ Ignition Coil က ထြက္လာတဲ့ High Tension Voltageကို ဒစ္စႀတီဗ်ဴတာက မီးျဖန႔္ေဝေပးပါတယ္။

ေခတ္ေပၚကားေတြမွာေတာ့ ဒစ္စႀတီဗ်ဴတာ မသုံံးေတာ့ပါဘူး။ ပလပ္တစ္လုံးခ်င္းကို မီးကြိဳင္တစ္လုံးစီ သုံးပါတယ္။ မီးတိုင္မင္ကို ကြန္ပ်ဴတာ ECU (Electronic Control Unit) က ထိန္းခ်ဴပ္ေပးပါတယ္။

Crank Shaft Position Sensor က ပို႔လို႔လိုက္တဲ့ သတင္းအခ်က္အလက္အရ ECUက မီးတိုင္မင္ကို ဆုံးျဖတ္အမိန႔္ေပးပါတယ္။ ဒီေနရာမွာ ဆင္ဆာ မေကာင္းရင္ ECU က အမိန႔္ မေပးႏိုင္ပါဘူး။

မီးတိုင္မင္ ျမႇင့္တာကိုလည္း ECU ကပဲ လုပ္ေပးပါတယ္။ ပလပ္ေကာင္းမွ မီးကူးၿပီး မီးပႊား (Spark) ပြင့္္ပါတယ္။ ပလပ္ေကာင္း/မေကာင္း စမ္းသပ္ၾကည့္ရပါတယ္။ ပလပ္ႀကိဳးသုံးတဲ့ ကားေတြမွာ ပလပ္ႀကိဳးအဖ်ားကို ျဖဳတ္ၿပီး မီးစမ္းၾကည့္ႏိုင္ပါတယ္။ အျမင့္ကားေတြမွာေတာ့ ပလပ္ႀကိဳး ေတာင္ မသုံးေတာ့ပါဘူး။

ပလပ္ထိပ္မွာ Ignition Coil ကို တိုက္႐ိုက္စြပ္ထားပါတယ္။ ဒါကို Igniter လို႔ ေခၚပါတယ္။ Igniterက မီးထြက္၊ မထြက္ မီးစမ္းၾကည့္လို႔ ရပါတယ္။ ဓာတ္ဆီအရည္ အေသြးညံ့တာကိုသုံးမိရင္ ပလပ္ထိပ္ေတြမွာ ကာဗြန္ခ်ိဳးကပ္တာ၊ ဗားနစ္ခ်ိဳးကပ္တာေတြ ျဖစ္ႏိုင္ပါတယ္။ ပလပ္မေကာင္းရင္ မီးကူးတာ မမွန္ေတာ့ဘဲ စက္ထိုးရပ္ ႏိုင္ပါတယ္။

ပလပ္ထိပ္ ငုတ္အကြာအေဝးကို ျပန္ခ်ိန္ပါ။ ပလပ္မေကာင္းရင္ အသစ္တစ္လုံးလဲပါ။ ကြန္ပ်ဴတာစနစ္သုံးတဲ့ ေခတ္ေပၚကားေတြမွာ ECU ကို ပါဝါ Supply လုပ္ေပးတဲ့ Relay ဗူးေတြ ေကာင္းဖို႔ လိုအပ္ပါတယ္။

ေနာက္တစ္ခ်က္က ဗို႔အား မတည္မၿငိမ္ ျဖစ္ရင္လည္း ျပႆနာ ျဖစ္ႏိုင္ပါတယ္။ ECU က 12 Volt မွာပဲ အလုပ္လုပ္ပါတယ္။ ဗို႔အားက်သြားတာ ဒါမွမဟုတ္ Over Charging ျဖစ္လို႔ ဗို႔အား 16 Volt အထိ ျမင့္တက္သြားတာမ်ိဳးဆိုရင္ေတာ့ ECU အလုပ္ မလုပ္ႏိုင္ေတာ့ပါဘူး။

ဒီလိုမ်ိဳး မီးျပႆနာျဖစ္တာကိုေတာ့ ပစၥည္းကိရိယာစုံံလင္တဲ့ ကားဝပ္ေရွာပ္မွာပဲ စမ္းသပ္ စစ္ေဆးၾကည့္ရပါတယ္။ OBD II Scan Tool နဲ႔ စစ္ေဆးရပါတယ္။ေခတ္ေဟာင္း ကားေတြမွာေတာ့ မီးေပ်ာက္တာကို အျပစ္ရွာရတာ လြယ္ပါတယ္။ ကြိဳင္ေတြ၊ ဒစ္စႀတီဗ်ဴတာေတြ၊ ပလပ္ႀကိဳးေတြ ေရစိုသြားရင္ေတာ့ ပလပ္ကို မီးမေရာက္ေတာ့ပါဘူး။

မိုးတြင္းေရႀကီးတဲ့လမ္းကို ျဖတ္ေမာင္းမိရင္ေတာ့ မီးေပ်ာက္ၿပီး စက္ထိုးရပ္သြားႏိုင္ပါတယ္။ ေခတ္ေပၚကားေတြမွာ ကြန္ပ်ဴတာစနစ္နဲ႔ ထိန္းခ်ဳပ္တာေၾကာင့္ အာ႐ုံခံဆင္ဆာေတြနဲ႔တြဲပီး အလုပ္လုပ္ရပါတယ္။

ေအာက္ဆီဂ်င္ ဆင္ဆာ၊ Airflow ဆင္ဆာ၊ Coolant အပူခ်ိန္ဆင္ဆာ၊ Manifold Absolute Pressure ဆင္ဆာ၊ Crankshaft Position ဆင္ဆာ စတဲ့ ဆင္ဆာေပါင္းမ်ားစြာက သတင္းအခ်က္အလက္ေတြကို အေျခခံၿပီး ထိန္းခ်ဳပ္ပါတယ္။

ဆင္ဆာေတြ မေကာင္းရင္ ကြန္ပ်ဴတာ ထိန္းခ်ဳပ္မႈ မမွန္ေတာ့ပါဘူး။ အင္ဂ်င္ Inlet Manifold မွာ ေလဟာသြားၿပီး ေလယိုစိမ့္ေနခဲ့ရင္ စက္စတင္ႏႈိးလိုက္တဲ့ အခ်ိန္မွာ ေလနဲ႔ ေလာင္စာဆီအခ်ိဳး မမွန္တာေၾကာင့္ စက္ေသသြား ႏိုင္ပါတယ္။

အင္ဂ်င္ Compression ဖိအား က်ေနတယ္။ ပလပ္ေတြ မေကာင္းဘူး။ ဓာတ္ဆီညစ္ညမ္းၿပီး ေရေတြ၊ အညစ္ေၾကးေတြ ေရာေႏွာ ပါေနတယ္ဆိုရင္လည္း စက္ထိုးရပ္သြားႏိုင္ ပါတယ္။

Air Cleaner ပိတ္ေနရင္လည္း အင္ဂ်င္ Slow မမွန္ဘဲ စက္ရပ္သြားႏိုင္ပါတယ္။ ကားအင္ဂ်င္နဲ႔ ပတ္သက္ၿပီး ပုံမွန္စစ္ေဆးတာ၊ ထိန္းသိမ္းတာလုပ္သြားရင္ စက္ထိုးရပ္သြားတာမ်ိဳး မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

ဆရာမာစတာ(စက္မႈ)