ခရမ္းခ်ဥ္သီးတစ္လုံးတည္းနဲ႔ မ်က္ႏွာေပၚကအမည္းစက္၊ ဝက္ျခံ၊ အဆီျပန္တာေတြေပ်ာက္တဲ့နည္း…

ခရမ္းခ်ဥ္သီးတစ္လုံးတည္းနဲ႔ မ်က္ႏွာေပၚကအမည္းစက္၊ ဝက္ျခံ၊ အဆီျပန္တာေတြေပ်ာက္တဲ့နည္း…

ခရမ္းခ်ဥ္သီးက ဗီတာမင္ ႂကြယ္ဝတဲ့အသီးတစ္မ်ိဳးျဖစ္ၿပီး က်န္းမာေရးအတြက္အထူးေကာင္းမြန္ပါတယ္။ ဒါ့အျပင္ အသားအေရကို ၾကည္လင္ေတာက္ပေစတဲ့အစြမ္းလည္း ႐ွိေနပါေသးတယ္။ ခရမ္းခ်ဥ္သီးတစ္လုံး႐ွိ႐ုံနဲ႔ မ်က္ႏွာအသားအေရကို လုံးဝၾကည္လင္သြားေအာင္ လုပ္လို႔ရပါတယ္ေနာ္ …။

(၁) မ်က္ႏွာအဆီျပန္တာကို ေလွ်ာ့ခ်ေပးမယ့္နည္း”

မ်က္ႏွာသစ္ၿပီးတဲ့အခ်ိန္ ခရမ္းခ်ဥ္သီးအရည္ကို မ်က္ႏွာအႏွံ႔ပါးပါးေလးလိမ္းၿပီးငါးမိနစ္အၾကာမွာ ေရျပန္ေဆးခ်ေပးပါ။ ဒါကို ညအိပ္ရာဝင္ခါနီးတိုင္း ေန႔စဥ္မပ်က္မကြက္လုပ္ေပးသြားရင္ မ်က္ႏွာအဆီျပန္တာကို သက္သာသြားေစမွာပဲ ျဖစ္ပါတယ္ …။

(၂) ေခြၽးေပါက္က်ယ္ေတြကို ေပ်ာက္ကင္းေစမယ့္နည္း”

ခရမ္းခ်ဥ္သီးကိုထက္ျခမ္းျခမ္းၿပီး မ်က္ႏွာကိုတိုက္႐ိုက္ပြတ္တိုက္ေပးပါ။

အဲ့လိုပြတ္တိုက္ေပးတာက ေခြၽးေပါက္ေတြထဲမွာပိတ္ေနတဲ့ အညစ္အေၾကးေတြကို သန္႔စင္ေစၿပီး တိုနာလိမ္းေပးသလိုျဖစ္ေစတာေၾကာင့္ ေခြၽးေပါက္က်ယ္တာေတြကို ေပ်ာက္ကင္းေစႏိုင္ပါတယ္ …။

၁၅မိနစ္ေလာက္ပြတ္တိုက္ၿပီးရင္ ေရေအးနဲ႔ေဆးခ်ေပးလိုက္ပါ။ ေန႔စဥ္ပုံမွန္လုပ္ေပးရမွာပါ။

(၃) အသားအေရပိုၾကည္ၿပီး၊ ပိုျဖဴလာေစမယ့္နည္း”

ခရမ္းခ်ဥ္သီးတစ္လုံးနဲ႔ပ်ားရည္တစ္ဇြန္းတို႔ကိုေရာေမႊၿပီး မ်က္ႏွာအႏွံ႔လိမ္းေပးကာ ၁၅မိနစ္ေလာက္ေနရင္ မ်က္ႏွာသစ္ေပးပါ။ သုံးရက္တစ္ႀကိမ္ပုံမွန္လုပ္ေပးသြား႐ုံနဲ႔ တစ္လေလာက္ၾကာရင္ မ်က္ႏွာေလးက သိသိသာသာပိုျဖဴလာၿပီး၊ ပိုလည္း ၾကည္လင္လာေစပါတယ္ …။

(၄) အမည္းစက္ ေပ်ာက္ေစမယ့္နည္း”

ခရမ္းခ်ဥ္သီးတစ္လုံးကို သံပ႐ိုရည္နည္းနည္းေရာၿပီး အမည္းစက္နဲ႔အမာ႐ြတ္ေတြ႐ွိတဲ့ေနရာမွာ ပါးပါးေလးလိမ္းေပးပါ။ ၁၀ မိနစ္ေလာက္ေစာင့္ၿပီး ေရေအးနဲ႔ မ်က္ႏွာျပန္သစ္ခ်လိုက္ပါ …။

ေန႔စဥ္မပ်က္မကြက္လုပ္ေပးသြားရင္ အမည္းစက္ေတြ၊ အမာ႐ြတ္ေတြ လုံးဝအ႐ွင္းေပ်ာက္သြားပါလိမ့္မယ္ေနာ္ …။

ေရးသူ – PP

Unicode Version ဖြင့်ဖတ်ရန်

ခရမ်းချဉ်သီးတစ်လုံးတည်းနဲ့ မျက်နှာပေါ်ကအမည်းစက်၊ ဝက်ခြံ၊ အဆီပြန်တာတွေပျောက်တဲ့နည်း…

ခရမ်းချဉ်သီးက ဗီတာမင် ကြွယ်ဝတဲ့အသီးတစ်မျိုးဖြစ်ပြီး ကျန်းမာရေးအတွက်အထူးကောင်းမွန်ပါတယ်။ ဒါ့အပြင် အသားအရေကို ကြည်လင်တောက်ပစေတဲ့အစွမ်းလည်း ရှိနေပါသေးတယ်။ ခရမ်းချဉ်သီးတစ်လုံးရှိရုံနဲ့ မျက်နှာအသားအရေကို လုံးဝကြည်လင်သွားအောင် လုပ်လို့ရပါတယ်နော် …။

(၁) မျက်နှာအဆီပြန်တာကို လျှော့ချပေးမယ့်နည်း”

မျက်နှာသစ်ပြီးတဲ့အချိန် ခရမ်းချဉ်သီးအရည်ကို မျက်နှာအနှံ့ပါးပါးလေးလိမ်းပြီးငါးမိနစ်အကြာမှာ ရေပြန်ဆေးချပေးပါ။ ဒါကို ညအိပ်ရာဝင်ခါနီးတိုင်း နေ့စဉ်မပျက်မကွက်လုပ်ပေးသွားရင် မျက်နှာအဆီပြန်တာကို သက်သာသွားစေမှာပဲ ဖြစ်ပါတယ် …။

(၂) ချွေးပေါက်ကျယ်တွေကို ပျောက်ကင်းစေမယ့်နည်း”

ခရမ်းချဉ်သီးကိုထက်ခြမ်းခြမ်းပြီး မျက်နှာကိုတိုက်ရိုက်ပွတ်တိုက်ပေးပါ။

အဲ့လိုပွတ်တိုက်ပေးတာက ချွေးပေါက်တွေထဲမှာပိတ်နေတဲ့ အညစ်အကြေးတွေကို သန့်စင်စေပြီး တိုနာလိမ်းပေးသလိုဖြစ်စေတာကြောင့် ချွေးပေါက်ကျယ်တာတွေကို ပျောက်ကင်းစေနိုင်ပါတယ် …။

၁၅မိနစ်လောက်ပွတ်တိုက်ပြီးရင် ရေအေးနဲ့ဆေးချပေးလိုက်ပါ။ နေ့စဉ်ပုံမှန်လုပ်ပေးရမှာပါ။

(၃) အသားအရေပိုကြည်ပြီး၊ ပိုဖြူလာစေမယ့်နည်း”

ခရမ်းချဉ်သီးတစ်လုံးနဲ့ပျားရည်တစ်ဇွန်းတို့ကိုရောမွှေပြီး မျက်နှာအနှံ့လိမ်းပေးကာ ၁၅မိနစ်လောက်နေရင် မျက်နှာသစ်ပေးပါ။ သုံးရက်တစ်ကြိမ်ပုံမှန်လုပ်ပေးသွားရုံနဲ့ တစ်လလောက်ကြာရင် မျက်နှာလေးက သိသိသာသာပိုဖြူလာပြီး၊ ပိုလည်း ကြည်လင်လာစေပါတယ် …။

(၄) အမည်းစက် ပျောက်စေမယ့်နည်း”

ခရမ်းချဉ်သီးတစ်လုံးကို သံပရိုရည်နည်းနည်းရောပြီး အမည်းစက်နဲ့အမာရွတ်တွေရှိတဲ့နေရာမှာ ပါးပါးလေးလိမ်းပေးပါ။ ၁၀ မိနစ်လောက်စောင့်ပြီး ရေအေးနဲ့ မျက်နှာပြန်သစ်ချလိုက်ပါ …။

နေ့စဉ်မပျက်မကွက်လုပ်ပေးသွားရင် အမည်းစက်တွေ၊ အမာရွတ်တွေ လုံးဝအရှင်းပျောက်သွားပါလိမ့်မယ်နော် …။

ရေးသူ – PP