





 




ဘယ်လိုနေနေ ချစ်မှာပါ …။














လူ ‌ရွေး မှန် ပါ ‌စေ နော် …။ ။


Unicode Version ဖြင့်ဖတ်ရန်

တန်ဖိုးထားခံရခြင်းနဲ့ မထားခံရခြင်းဆိုတာ…

တန်ဖိုးထားခံရခြင်းနဲ့ မထားခံရခြင်းက

ကိုယ်ရွေးချယ်လိုက်တဲ့ သူနဲ့ပဲဆိုင်တယ် …။

ကိုယ့်ရဲ့ဖြစ်တည်မှု ကိုယ့်ရဲ့ပုံစံ

ကိုယ့်အပြုမူတွေနဲ့ မဆိုင်ပါဘူးနော် …။

ကိုယ်‌ရွေးချယ်ထားတဲ့လူက ကိုယ့်ကိုချစ်လား

မချစ်လားဆိုတာနဲ့ပဲ ဆိုင်ပါတယ် …။

ကိုယ့်ကိုချစ်တဲ့သူက ကိုယ်ဘယ်လိုပုံစံဖြစ်ဖြစ်

ဘယ်လိုနေနေ ချစ်မှာပါ …။

ကိုယ်ကအမှားတွေရှိရင်တောင်အမှန်

တွေပြင်ပေးပြီးချစ်ပါလိမ့်မယ် …။

တန်ဖိုးထားပါလိမ့်မယ် …။

ကိုယ့်ကိုမချစ်တဲ့သူကတော့

ကိုယ်ကဘယ်လောက်ပဲကောင်းအောင်နေပါစေ …။

ဘယ်လောက်ပဲ‌ ချောနေလှနေပါစေ …။

ကိုယ့်ကိုချစ်မှာမဟုတ်ပါဘူး ။

တန်ဖိုးထားမှာလဲ မဟုတ်ပါဘူး …။

ဒါကြောင့် ကိုယ့်ဖြစ်တည်မှုကို ချစ်ပေးမဲ့သူ

ကိုယ့်ရဲ့အတိတ်ကို နားလည်ပေးမဲ့သူ

ကိုယ့်ကိုပျော်ရွင်အောင်ထားမယ့် သူမျိုးကိုရွေးပါ …။

ချစ်ခြင်းမေတ္တာဟာ လူရွေးမှန်သွားတဲ့အခါ

သိပ်ကိုပျော်ရွှင်စရာ ကောင်းပါတယ် …။

လူ ‌ရွေး မှန် ပါ ‌စေ နော် …။ ။

လေးစားစွာဖြင့် Credit