အမ်ိဳးသမီးေတြ မျငင္းႏိုင္တဲ႔ ေကာင္ေလးေတြဆိုတာ…

အမ်ိဳးသမီးေတြ မျငင္းႏိုင္တဲ႔ ေကာင္ေလးေတြဆိုတာ….

႐ုပ္ရည္ပုံမွန္သာရွိေပမယ့္ မိမိကိုယ္ကို ယုံၾကည္မႈရွိတဲ့ လူေတြက ဆြဲေဆာင္မႈရွိတဲ့ အမ်ိဳးသားေတြထက္ အမ်ိဳးသမီးေတြနဲ႔ ပိုၿပီးအဆင္ေျပၾကပါတယ္။ ဘာလို႔လဲဆိုတာ ဒီေန႔ရွင္းျပသြား ေပးပါမယ္ေနာ္ …။

Psychological Science ဂ်ာနယ္မွာ ေဖာ္ျပခ်က္အရ ႐ုပ္ရည္ကပုံမွန္ပဲရွိေပမယ့္ အမ်ိဳးသမီးေတြၾကားမွာ ယုံၾကည္မႈရွိရွိျပဳမႈေနထိုင္တက္တဲ့ အမ်ိဳးသားေတြဟာ ႐ုပ္ရည္ဆြဲေဆာင္မႈရွိတဲ့ အမ်ိဳးသားေတြထက္ အမ်ိဳးသမီးေတြအေပၚ ပိုၿပီးလႊမ္းမိုးမႈရွိတယ္လို႔ သိရပါတယ္ …။

ဒီရလဒ္ကေတာ့ အမ်ိဳးသား (၉၆) ေယာက္နဲ႔ အမ်ိဳးသမီး (၁၀၃) ေယာက္ပါတဲ့ အဖြဲ႕ႏွစ္ဖြဲ႕ကို ေလ့လာေစာင့္ၾကည့္ၿပီးမွ ရရွိခဲ့တဲ့ ရလဒ္ပဲျဖစ္ပါတယ္ …။

အမ်ိဳးသမီးေတြနဲ႔ စကားေျပာတဲ့အခ်ိန္မွာ ပင္ရင္းရွိတဲ့႐ုပ္ရည္ထက္ ပိုၿပီးဆြဲေဆာင္မႈရွိတယ္လို႔ မိမိကိုယ္ကိုယုံၾကည္တဲ့ အမ်ိဳးသားေတြက အမ်ိဳးသမီးေတြကို ပိုၿပီးဆြဲေဆာင္မႈရွိေစတယ္လို႔ ေတြ႕ရွိထားပါတယ္ …။

ဒါကေတာ့ အမ်ိဳးသမီးေတြနဲ႔ ဒိတ္လုပ္တဲ့အခါမွာ အသုံးဝင္ႏိုင္တဲ့ အခ်က္တစ္ခ်က္ပါပဲ။ ဒါေပမယ့္ အလြန္အကြၽံယုံၾကည္မႈလြန္ကဲတာမ်ိဳး မလုပ္ဖို႔ေတာ့ လိုအပ္ပါတယ္ …။

ေနာက္ထက္ေလ့လာမႈတစ္ခုအရ ႐ုပ္ရည္နဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပန္မႈမရွိတဲ့ အမ်ိဳးသားေတြဟာ အမ်ိဳးသမီးေတြအေပၚ ဆြဲေဆာင္မႈရွိ႐ုံသာမကပဲ သူတို႔ျပဳစုပ်ိဳးေထာင္ထားတဲ့ ကေလးေတြဟာလည္း မိမိကိုယ္ကို ယုံၾကည္မႈရွိၾကတယ္လို႔ ဆိုထားပါတယ္ …။

ဆြဲေဆာင္မႈရွိတဲ့ ႐ုပ္ရည္ပိုင္ဆိုင္တဲ့ အမ်ိဳးသားေတြ အမ်ားစုကေတာ့ သူတို႔ရဲ႕ပါတနာအေပၚ ေဖာက္ျပန္တက္တယ္လို႔လည္း ဒီေလ့လာမႈမွာ ေဖာ္ျပထားပါေသးတယ္ …..။

အခ်ဳပ္အေနနဲ႔ေျပာရမယ္ဆိုရင္ေတာ့ အမ်ိဳးသမီးေတြဟာ ႐ုပ္ရည္ရွိတဲ့ အမ်ိဳးသားေတြထက္ ယုံၾကည္မႈရွိၿပီး ၾကင္နာတတ္တဲ့ အမ်ိဳးသားေတြကို ပိုၿပီးသေဘာက်ေလ့ ရွိပါတယ္တဲ႔ေနာ္ …။ ။

Source CRD

Unicode Version ဖြင့်ဖတ်ရန်

အမျိုးသမီးတွေ မငြင်းနိုင်တဲ့ ကောင်လေးတွေဆိုတာ…

ရုပ်ရည်ပုံမှန်သာရှိပေမယ့် မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့ လူတွေက ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတွေထက် အမျိုးသမီးတွေနဲ့ ပိုပြီးအဆင်ပြေကြပါတယ်။ ဘာလို့လဲဆိုတာ ဒီနေ့ရှင်းပြသွား ပေးပါမယ်နော် …။

Psychological Science ဂျာနယ်မှာ ဖော်ပြချက်အရ ရုပ်ရည်ကပုံမှန်ပဲရှိပေမယ့် အမျိုးသမီးတွေကြားမှာ ယုံကြည်မှုရှိရှိပြုမှုနေထိုင်တက်တဲ့ အမျိုးသားတွေဟာ ရုပ်ရည်ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတွေထက် အမျိုးသမီးတွေအပေါ် ပိုပြီးလွှမ်းမိုးမှုရှိတယ်လို့ သိရပါတယ် …။

ဒီရလဒ်ကတော့ အမျိုးသား (၉၆) ယောက်နဲ့ အမျိုးသမီး (၁၀၃) ယောက်ပါတဲ့ အဖွဲ့နှစ်ဖွဲ့ကို လေ့လာစောင့်ကြည့်ပြီးမှ ရရှိခဲ့တဲ့ ရလဒ်ပဲဖြစ်ပါတယ် …။

အမျိုးသမီးတွေနဲ့ စကားပြောတဲ့အချိန်မှာ ပင်ရင်းရှိတဲ့ရုပ်ရည်ထက် ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ မိမိကိုယ်ကိုယုံကြည်တဲ့ အမျိုးသားတွေက အမျိုးသမီးတွေကို ပိုပြီးဆွဲဆောင်မှုရှိစေတယ်လို့ တွေ့ရှိထားပါတယ် …။

ဒါကတော့ အမျိုးသမီးတွေနဲ့ ဒိတ်လုပ်တဲ့အခါမှာ အသုံးဝင်နိုင်တဲ့ အချက်တစ်ချက်ပါပဲ။ ဒါပေမယ့် အလွန်အကျွံယုံကြည်မှုလွန်ကဲတာမျိုး မလုပ်ဖို့တော့ လိုအပ်ပါတယ် …။

နောက်ထက်လေ့လာမှုတစ်ခုအရ ရုပ်ရည်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုမရှိတဲ့ အမျိုးသားတွေဟာ အမျိုးသမီးတွေအပေါ် ဆွဲဆောင်မှုရှိရုံသာမကပဲ သူတို့ပြုစုပျိုးထောင်ထားတဲ့ ကလေးတွေဟာလည်း မိမိကိုယ်ကို ယုံကြည်မှုရှိကြတယ်လို့ ဆိုထားပါတယ် …။

ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်ပိုင်ဆိုင်တဲ့ အမျိုးသားတွေ အများစုကတော့ သူတို့ရဲ့ပါတနာအပေါ် ဖောက်ပြန်တက်တယ်လို့လည်း ဒီလေ့လာမှုမှာ ဖော်ပြထားပါသေးတယ် …။

အချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ အမျိုးသမီးတွေဟာ ရုပ်ရည်ရှိတဲ့ အမျိုးသားတွေထက် ယုံကြည်မှုရှိပြီး ကြင်နာတတ်တဲ့ အမျိုးသားတွေကို ပိုပြီးသဘောကျလေ့ ရှိပါတယ်တဲ့နော် …။ ။

Source CRD