ခ်စ္သူအေပၚသစၥာရွိတဲ့ မိန္းကေလးတစ္ေယာက္ရဲ႕လကၡဏာ(၅)မ်ိဳး…

ခ်စ္သူအေပၚသစၥာရွိတဲ့ မိန္းကေလးတစ္ေယာက္ရဲ႕လကၡဏာ(၅)မ်ိဳး…

မိန္းကေလးတစ္ေယာက္ကသင့္ကိုတကယ္ခ်စ္မိ သြားၿပီဆိုရင္သစၥာဆိုတာ သင္မေတာင္းလည္း သူ႕ဖက္ကေနေပးၿပီးသားပါ …။

တကယ္လို႔သင့္ခ်စ္သူဟာအခုေဖာ္ျပေပးတဲ့အခ်က္ေတာ္ေတ္ာမ်ားမ်ားနဲ႔ ကိုက္ညီေနရင္ေတာ့သင့္အေပၚ အရမ္းသစၥာရွိၿပီး ဘယ္ေတာ့မွေဖာက္ျပန္မွာမဟုတ္တဲ့ခ်စ္သူကိုသင္ပိုင္ဆိုင္ထားတာေၾကာင့္ သင္အရမ္းကံေကာင္းပါတယ္ …။

(၁)ရည္းစားရွိတာကိုေယာက်္ားေလးေတြေရွ႕မွာဖုံးကြယ္မထားဘူး

သူမ်ားေတြ၊ အထူးသျဖင့္ေယာက်္ားေလးေတြက သူ႔ကိုရည္းစားရွိလားလို႔ေမးတဲ့အခါမ်ိဳးမွာရွိတယ္လို႔ျပတ္ျပတ္သားသားေျပာျပရဲတဲ့အျပင္ဘယ္သူဘယ္ဝါလို႔ေျပာဖို႔ေတာင္ဝန္မေလးတဲ့သူပါ။ ဒီလိုေျပာလိုက္ျခင္းျဖင့္သူ႔ရဲ႕ဂုဏ္သိကၡာကို ထိပါးေစတဲ့အျပင္သူ႔ကိုတျခားေကာင္ေလးေတြမႀကိဳက္ေတာ့မွာမွန္း သူေကာင္းေကာင္းသိပါတယ္ …။

ဒါေၾကာင့္သင့္ခ်စ္သူကသင္နဲ႔ သူရဲ႕ပတ္သက္မႈကိုအျခားေယာက်္ားေလးေတြေရွ႕မွာဘယ္ေတာ့မွမဖုံးကြယ္ဘူးဆိုရင္သင့္အေပၚအရမ္းသစၥာရွိလို႔ဆိုတာက သေဘာေပါက္လိုက္ပါေနာ္ …။

(၂) သင့္ကိုလွ်ိဳ႕ဝွက္ထားတာမရွိဘူး

သင့္ခ်စ္သူဟာသင့္ကိုဘာမွလွ်ိဳ႕ဝွက္ထားမွာမဟုတ္ပါဘူး။သူ႔ရဲ႕အားနည္းခ်က္၊အားသာခ်က္ေတြ၊ အတြင္းေရးကိစၥေတြကအစသင့္ကိုတိုင္ပင္တယ္၊ရင္ဖြင့္တယ္၊သူနဲ႔ ပတ္သက္ၿပီးသင္မသိတာမရွိသေလာက္ကိုလွ်ိဳ႕ဝွက္ခ်က္ကင္းသူတစ္ေယာက္ျဖစ္ပါတယ္ …။

သူ႔ဖုန္းကိုအခ်ိန္မေ႐ြးယူၾကည့္လည္းျပႆနာျဖစ္စရာတစ္ကြက္မွရွိမေနတတ္တဲ့သူမ်ိဳးပါ။ဒါဟာသူေတာ္ေတာ္သစၥာရွိတယ္ဆိုတာျမင္ႏိုင္တဲ့ အခ်က္ပါပဲ …။

(၃) သင့္ကိုစိတ္ထဲအၿမဲထားတယ္

သစၥာရွိတဲ့မိန္းကေလးေတြဆိုတာခ်စ္သူအနားမွာအၿမဲရွိခ်င္မွရွိႏိုင္မယ္။ ဒါေပမယ့္သူ႔ရဲ႕စိတ္ထဲမွာခ်စ္သူကိုအၿမဲထားတတ္ၾကပါတယ္။ခ်စ္သူေရွ႕မွာပဲျဖစ္ျဖစ္၊ခ်စ္သူကြယ္ရာမွာပဲျဖစ္ျဖစ္ခ်စ္သူစိတ္ညစ္မယ့္အရာေတြကို မလုပ္ၾကပါဘူး …။

သူတို႔ရဲ႕စိတ္ထဲမွာခ်စ္သူကိုအျပည့္အဝေနရာေပးထားတာေၾကာင့္တျခားသူေတြအတြက္ေနရာမရွိေတာ့ပါဘူး …။

(၄)ေလးနက္တယ္

သစၥာရွိတဲ့မိန္းကေလးေတြဟာခ်စ္သူနဲ႔ ပတ္သက္ရင္အရာရာကိုေလးေလးနက္နက္ သေဘာထားၾကပါတယ္။ခ်စ္သူနဲ႔ ပတ္သက္ရင္အေသးအမႊားကအစတန္ဖိုးထားတတ္သူေတြျဖစ္ၿပီး အရာရာကိုခံစားလြယ္တတ္ၾကပါတယ္ …။

ခ်စ္သူေျပာတဲ့စကားေတြ၊ခ်စ္သူနဲ႔ ပတ္သက္တဲ့အေသးအမႊားကိစၥေလးေတြတိုင္းကိုေတာင္မွတ္မိေနတတ္ၾကပါတယ္။ဒီလိုမိန္းကေလးမ်ိဳးဟာ အလိုလိုသစၥာရွိၿပီးသားပဲ ျဖစ္ပါတယ္ …။

(၅) ဂ႐ုစိုက္တယ္

သစၥာရွိတဲ့မိန္းကေလးေတြဟာခ်စ္သူကိုအရမ္းဂ႐ုစိုက္တတ္ၾကပါတယ္။

ခ်စ္သူအတြက္စားစရာေလးေတြလုပ္ေပးတာမ်ိဳး၊တိုလီမုတ္စေလးေတြဝယ္ေပးတာမ်ိဳးေတြခဏခဏလုပ္တတ္ၾကပါတယ္။ခ်စ္သူေနမေကာင္းတဲ့အခါေတြမွာလည္းအရမ္းကိုၾကင္နာဂ႐ုစိုက္တတ္ၾကပါတယ္ခ်စ္သူကို စိတ္ပူၿပီးအၿမဲတတြတ္တြတ္နဲ႔ စကားေတြမွာေနတတ္တဲ့သူေတြလည္းျဖစ္ပါတယ္ေနာ္ …။ ။

ခရစ္တစ္

========

UNICODE VERSION ဖြင့်ဖတ်ရန်

ချစ်သူအပေါ်သစ္စာရှိတဲ့ မိန်းကလေးတစ်ယောက်ရဲ့လက္ခဏာ(၅)မျိုး…

မိန်းကလေးတစ်ယောက်ကသင့်ကိုတကယ်ချစ်မိ သွားပြီဆိုရင်သစ္စာဆိုတာ သင်မတောင်းလည်း သူ့ဖက်ကနေပေးပြီးသားပါ …။

တကယ်လို့သင့်ချစ်သူဟာအခုဖော်ပြပေးတဲ့အချက်တော်တော်များများနဲ့ ကိုက်ညီနေရင်တော့သင့်အပေါ် အရမ်းသစ္စာရှိပြီး ဘယ်တော့မှဖောက်ပြန်မှာမဟုတ်တဲ့ချစ်သူကိုသင်ပိုင်ဆိုင်ထားတာကြောင့် သင်အရမ်းကံကောင်းပါတယ် …။

(၁)ရည်းစားရှိတာကိုယောက်ျားလေးတွေရှေ့မှာဖုံးကွယ်မထားဘူး

သူများတွေ၊ အထူးသဖြင့်ယောက်ျားလေးတွေက သူ့ကိုရည်းစားရှိလားလို့မေးတဲ့အခါမျိုးမှာရှိတယ်လို့ပြတ်ပြတ်သားသားပြောပြရဲတဲ့အပြင်ဘယ်သူဘယ်ဝါလို့ပြောဖို့တောင်ဝန်မလေးတဲ့သူပါ။ ဒီလိုပြောလိုက်ခြင်းဖြင့်သူ့ရဲ့ဂုဏ်သိက္ခာကို ထိပါးစေတဲ့အပြင်သူ့ကိုတခြားကောင်လေးတွေမကြိုက်တော့မှာမှန်း သူကောင်းကောင်းသိပါတယ် …။

ဒါကြောင့်သင့်ချစ်သူကသင်နဲ့ သူရဲ့ပတ်သက်မှုကိုအခြားယောက်ျားလေးတွေရှေ့မှာဘယ်တော့မှမဖုံးကွယ်ဘူးဆိုရင်သင့်အပေါ်အရမ်းသစ္စာရှိလို့ဆိုတာက သဘောပေါက်လိုက်ပါနော် …။

(၂) သင့်ကိုလျှို့ဝှက်ထားတာမရှိဘူး

သင့်ချစ်သူဟာသင့်ကိုဘာမှလျှို့ဝှက်ထားမှာမဟုတ်ပါဘူး။သူ့ရဲ့အားနည်းချက်၊အားသာချက်တွေ၊ အတွင်းရေးကိစ္စတွေကအစသင့်ကိုတိုင်ပင်တယ်၊ရင်ဖွင့်တယ်၊သူနဲ့ ပတ်သက်ပြီးသင်မသိတာမရှိသလောက်ကိုလျှို့ဝှက်ချက်ကင်းသူတစ်ယောက်ဖြစ်ပါတယ် …။

သူ့ဖုန်းကိုအချိန်မရွေးယူကြည့်လည်းပြဿနာဖြစ်စရာတစ်ကွက်မှရှိမနေတတ်တဲ့သူမျိုးပါ။ဒါဟာသူတော်တော်သစ္စာရှိတယ်ဆိုတာမြင်နိုင်တဲ့ အချက်ပါပဲ …။

(၃) သင့်ကိုစိတ်ထဲအမြဲထားတယ်

သစ္စာရှိတဲ့မိန်းကလေးတွေဆိုတာချစ်သူအနားမှာအမြဲရှိချင်မှရှိနိုင်မယ်။ ဒါပေမယ့်သူ့ရဲ့စိတ်ထဲမှာချစ်သူကိုအမြဲထားတတ်ကြပါတယ်။ချစ်သူရှေ့မှာပဲဖြစ်ဖြစ်၊ချစ်သူကွယ်ရာမှာပဲဖြစ်ဖြစ်ချစ်သူစိတ်ညစ်မယ့်အရာတွေကို မလုပ်ကြပါဘူး …။

သူတို့ရဲ့စိတ်ထဲမှာချစ်သူကိုအပြည့်အဝနေရာပေးထားတာကြောင့်တခြားသူတွေအတွက်နေရာမရှိတော့ပါဘူး …။

(၄)လေးနက်တယ်

သစ္စာရှိတဲ့မိန်းကလေးတွေဟာချစ်သူနဲ့ ပတ်သက်ရင်အရာရာကိုလေးလေးနက်နက် သဘောထားကြပါတယ်။ချစ်သူနဲ့ ပတ်သက်ရင်အသေးအမွှားကအစတန်ဖိုးထားတတ်သူတွေဖြစ်ပြီး အရာရာကိုခံစားလွယ်တတ်ကြပါတယ် …။

ချစ်သူပြောတဲ့စကားတွေ၊ချစ်သူနဲ့ ပတ်သက်တဲ့အသေးအမွှားကိစ္စလေးတွေတိုင်းကိုတောင်မှတ်မိနေတတ်ကြပါတယ်။ဒီလိုမိန်းကလေးမျိုးဟာ အလိုလိုသစ္စာရှိပြီးသားပဲ ဖြစ်ပါတယ် …။

(၅) ဂရုစိုက်တယ်

သစ္စာရှိတဲ့မိန်းကလေးတွေဟာချစ်သူကိုအရမ်းဂရုစိုက်တတ်ကြပါတယ်။

ချစ်သူအတွက်စားစရာလေးတွေလုပ်ပေးတာမျိုး၊တိုလီမုတ်စလေးတွေဝယ်ပေးတာမျိုးတွေခဏခဏလုပ်တတ်ကြပါတယ်။ချစ်သူနေမကောင်းတဲ့အခါတွေမှာလည်းအရမ်းကိုကြင်နာဂရုစိုက်တတ်ကြပါတယ်ချစ်သူကို စိတ်ပူပြီးအမြဲတတွတ်တွတ်နဲ့ စကားတွေမှာနေတတ်တဲ့သူတွေလည်းဖြစ်ပါတယ်နော် …။ ။

ခရစ်တစ်

========