ဇြဲကပင္ေတာင္မွာ တကၠသိုလ္ေက်ာင္းသားရဲ႕ ႐ုပ္အေလာင္းကိုရွာေဖြသယ္ထုတ္ေနတဲ့ (႐ုပ္သံ)

ဇြဲကပင္ေတာင္မွာ တကၠသိုလ္ေက်ာင္းသားရဲ႕ ႐ုပ္အေလာင္းကိုရွာေဖြသယ္ထုတ္ေနတဲ့ (႐ုပ္သံ)

ဇြဲကပင္ေတာင္မွာ တကၠသိုလ္ေက်ာင္းသားရဲ႕ ႐ုပ္အေလာင္းကိုရွာေတြ႕သြားျပၤပဲ ျဖစ္ပါတယ္ …။

ဇူလိုင္ – ၁၀ ၊၂၀၂၀ ႐ုပ္သံကို ေအာက္ဆံုးမွာ တင္ေပးထားပါတယ္ …။

ဇြဲကပင္ေတာင္မွာ ဒီကေန႔ ေပ်ာက္ဆုံးေနတဲ့ တကၠသိုလ္ေက်ာင္းသား ကို ေသဆုံးလွ်က္ ျပန္ေတြ႕ရၿပီလို႔ ကရင္ျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီးေစာဘိုဘိုေဝေမာင္က သူရဲ႕ေဖ့ဘြတ္ခ္က အသိေပးလိုက္ပါတယ္ …။

ေသဆုံးလွ်က္ျပန္ေတြ႕တာျဖစ္ၿပီး အေသးစိတ္စုံစမ္းေရးလုပ္ေဆာင္မွာျဖစ္ၿပီး ႐ုပ္အေလာင္းကို သယ္ေဆာင္ဖို႔စီစဥ္ေနတာပဲ ျဖစ္ပါတယ္ …။

အေလာင္းကို ေတာင္ေျခေရာက္ခါနီးမွာ ေတြ႕ရိွခဲ့ရတာပါ …။

ဘားအံ တကၠသိုလ္ေက်ာင္းသားတစ္ဦး ဒီကေန႔ မနက္ပိုင္းက ဇြဲကပင္ေတာင္ေပၚတက္သြားၿပီးေနာက္ ေပ်ာက္ဆုံးေနခဲ့တာပါ …။

ဒါေၾကာင့္ မီးသတ္နဲ႔ ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ေတြက ဇြဲကပင္ေတာင္မွာ ရွာေဖြကယ္ဆယ္ေရးလုပ္ခဲ့ရပါတယ္ …။

အဲဒီေနာက္ ဇြဲကပင္ေတာင္ထိပ္ အိမ္သာနားမွာ ေက်ာင္းသားရဲ႕ ဖိနပ္ကို စတင္ေတြ႕ရွိခဲ့ရပါတယ္ …။

အဲဒီေက်ာင္းသားဟာ ဇြဲကပင္ေတာင္ေပၚကိုမတက္ခင္ သူ႔ဆိုင္ကယ္၊ ဖုန္းနဲ႔ ပစၥည္းေတြနဲ႔ထားခဲ့ကာ မိဘေတြဆီကိုလည္း စာတစ္ေစာင္ေရးထားခဲ့တယ္လို႔ သိရပါတယ္ …။

ၿပီးခဲ့တဲ့ဇြန္လကုန္ပိုင္းကလည္း တကၠသိုလ္ေက်ာင္းသူတစ္ဦး ဇြဲကပင္ေတာင္မွာ ေသဆုံးခဲ့တဲ့ ျဖစ္ရပ္ျဖစ္ခဲ့ပါေသးတယ္ …။ ။

သတင္းႏွင္႔ဓာတ္ပုံ – ေစာေအာင္မင္းဦး

ေအာက္ဆံုးတြင္ရုပ္သံၾကည္႔ရန္

Unicode

ဇွဲကပင်တောင်မှာ တက္ကသိုလ်ကျောင်းသားရဲ့ ရုပ်အလောင်းကိုရှာဖွေသယ်ထုတ်နေတဲ့ (ရုပ်သံ)

ဇွဲကပင်တောင်မှာ တက္ကသိုလ်ကျောင်းသားရဲ့ ရုပ်အလောင်းကိုရှာတွေ့သွားင်္ပြပဲ ဖြစ်ပါတယ် …။

ဇူလိုင် – ၁၀ ၊၂၀၂၀ ရုပ်သံကို အောက်ဆုံးမှာ တင်ပေးထားပါတယ် …။

ဇွဲကပင်တောင်မှာ ဒီကနေ့ ပျောက်ဆုံးနေတဲ့ တက္ကသိုလ်ကျောင်းသား ကို သေဆုံးလျှက် ပြန်တွေ့ရပြီလို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးစောဘိုဘိုဝေမောင်က သူရဲ့ဖေ့ဘွတ်ခ်က အသိပေးလိုက်ပါတယ် …။

သေဆုံးလျှက်ပြန်တွေ့တာဖြစ်ပြီး အသေးစိတ်စုံစမ်းရေးလုပ်ဆောင်မှာဖြစ်ပြီး ရုပ်အလောင်းကို သယ်ဆောင်ဖို့စီစဉ်နေတာပဲ ဖြစ်ပါတယ် …။

အလောင်းကို တောင်ခြေရောက်ခါနီးမှာ တွေ့ရှိခဲ့ရတာပါ …။

ဘားအံ တက္ကသိုလ်ကျောင်းသားတစ်ဦး ဒီကနေ့ မနက်ပိုင်းက ဇွဲကပင်တောင်ပေါ်တက်သွားပြီးနောက် ပျောက်ဆုံးနေခဲ့တာပါ …။

ဒါကြောင့် မီးသတ်နဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ဇွဲကပင်တောင်မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ခဲ့ရပါတယ် …။

အဲဒီနောက် ဇွဲကပင်တောင်ထိပ် အိမ်သာနားမှာ ကျောင်းသားရဲ့ ဖိနပ်ကို စတင်တွေ့ရှိခဲ့ရပါတယ် …။

အဲဒီကျောင်းသားဟာ ဇွဲကပင်တောင်ပေါ်ကိုမတက်ခင် သူ့ဆိုင်ကယ်၊ ဖုန်းနဲ့ ပစ္စည်းတွေနဲ့ထားခဲ့ကာ မိဘတွေဆီကိုလည်း စာတစ်စောင်ရေးထားခဲ့တယ်လို့ သိရပါတယ် …။

ပြီးခဲ့တဲ့ဇွန်လကုန်ပိုင်းကလည်း တက္ကသိုလ်ကျောင်းသူတစ်ဦး ဇွဲကပင်တောင်မှာ သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဖြစ်ခဲ့ပါသေးတယ် …။ ။

သတင်းနှင့်ဓာတ်ပုံ – စောအောင်မင်းဦး

အောက်ဆုံးတွင်ရုပ်သံကြည့်ရန်