လက္သည္းေပၚက အျဖဴေရာင္အစက္အေပ်ာက္ ကေန ေဖာ္ျပေနတဲ့ က်န္းမာေရး ခ်ိဳ႕ယြင္းမႈ

လက္သည္းေပၚက အျဖဴေရာင္အစက္အေပ်ာက္ ကေန ေဖာ္ျပေနတဲ့ က်န္းမာေရး ခ်ိဳ႕ယြင္းမႈ

လက္သည္းပြင့္တယ္လို႔ အေခၚမ်ားတဲ့ လက္သည္းေပၚမွာ အျဖဴေရာင္ အစက္အေပ်ာက္ေလးေတြ ေပၚျခင္းကို အမ်ားစုကေတာ့ စန္းပြင့္တယ္လို႔ ယူဆတတ္ၾကပါတယ္။

တကယ္ေတာ့ ဒါဟာ သင့္ရဲ႕ စားေသာက္ေနထိုင္မႈ ပုံစံမွာ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ ဓာတ္တခုခု လိုအပ္ေနတာေၾကာင့္ ျဖစ္ပါတယ္။

ဒါေၾကာင့္ လက္သည္းပြင့္ျခင္းက ဘယ္လိုမ်ိဳး က်န္းမာေရးအေျခအေနကို ၫႊန္ျပေနတယ္ဆိုတာကို ဗဟုသုတအေနနဲ႔ ေဖာ္ျပေပးလိုက္ရပါတယ္။

(၁) လက္သည္းပြင့္ျခင္းဟာ မ်ိဳး႐ိုးလိုက္ျခင္းေၾကာင့္လည္း ျဖစ္တတ္ပါတယ္။ ခႏၶာကိုယ္မွာ Calcium Deficiency လို႔ေခၚတဲ့ ခႏၶာကိုယ္တြင္း ထုံးဓာတ္ေလ်ာ့နည္းတဲ့အခါနဲ႔ ဇင့္ ဓာတ္ခ်ိဳ႕တဲ့ အခါမ်ိဳးမွာလည္း ျဖစ္ေပၚတတ္ပါတယ္။

ဒါေၾကာင့္ ကယ္လ္ဆီယမ္နဲ႔ ဇင့္ဓာတ္ႂကြယ္ဝတဲ့ အစားအစာေတြျဖစ္တဲ့ ႏို႔နဲ႔ ႏို႔ထြက္ပစၥည္းအမ်ိဳးမ်ိဳး၊ ငါးအမ်ိဳးမ်ိဳး၊ အစိမ္းေရာင္ရွိတဲ့ အသီးအ႐ြက္ေတြနဲ႔ အခြံမာသီးေတြရဲ႕ အေစ့အဆန္ေတြကို စားသုံးေပးသင့္ပါတယ္။

(၂) လက္သည္းပြင့္ျခင္းဟာ အၿမဲလိုလိုကို ျဖစ္ေပၚေနတယ္ဆိုရင္ေတာ့ ဒါဟာ အစာအိမ္အားနည္းတာ ဒါမွမဟုတ္ ေသြးအားနည္းေရာဂါ ျဖစ္ေပၚေနတာကို ေဖာ္ျပေနတာျဖစ္တာေၾကာင့္ ဆရာဝန္နဲ႔ သြားေရာက္တိုင္ပင္ ေဆြးေႏြး သင့္ပါတယ္။

(၃) လက္သည္းပြင့္ျခင္းဟာ တခါတရံမွာေတာ့ ခႏၶာကိုယ္က ဗီတာမင္ဓာတ္ေတြ ခ်ိဳ႕တဲ့တာေၾကာင့္ မဟုတ္ဘဲ လက္သည္းရဲ႕ ေအာက္ဘက္ျခမ္းမွာ ထိခိုက္ဒဏ္ရာ တခုခုရရွိျခင္းေၾကာင့္လည္း ျဖစ္ေပၚတတ္ပါတယ္။ဒီလိုဆိုရင္ေတာ့ စိုးရိမ္စရာမရွိဘဲ သူ႔အလိုလို ေပ်ာက္ကင္းသြားမွာပဲ ျဖစ္ပါတယ္။

(၄) ခႏၶာ ကိုယ္တြင္းဓာတ္ တခုခု ေလ်ာ့နည္းတာ ေၾကာင့္မဟုတ္ ဘဲလက္ သည္းအတြင္း ပိုင္းမွာ မႈိစြဲတာမ်ိဳး ေၾကာင့္လည္း လက္သည္းပြင့္ျခင္း ျဖစ္ ေပၚတတ္ပါတယ္။

ဒီလိုမ်ိဳး ျဖစ္တာေၾကာင့္က်န္းမာ ေရးျပႆနာ ေတြမျဖစ္ ေပၚႏိုင္ေပ မယ့္မႈိစြဲေန တာေၾကာင့္ လက္ကို ေသခ်ာစြာ သန႔္စင္ေပး ဖို႔ အ ေရး ႀကီး ပါ တယ္။

Credit :original writer

unicode..

လက်သည်းပေါ်က အဖြူရောင်အစက်အပျောက် ကနေ ဖော်ပြနေတဲ့ ကျန်းမာရေး ချို့ယွင်းမှု

လက်သည်းပွင့်တယ်လို့ အခေါ်များတဲ့ လက်သည်းပေါ်မှာ အဖြူရောင် အစက်အပျောက်လေးတွေ ပေါ်ခြင်းကို အများစုကတော့ စန်းပွင့်တယ်လို့ ယူဆတတ်ကြပါတယ်။

တကယ်တော့ ဒါဟာ သင့်ရဲ့ စားသောက်နေထိုင်မှု ပုံစံမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတ်တခုခု လိုအပ်နေတာကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် လက်သည်းပွင့်ခြင်းက ဘယ်လိုမျိုး ကျန်းမာရေးအခြေအနေကို ညွှန်ပြနေတယ်ဆိုတာကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်။

(၁) လက်သည်းပွင့်ခြင်းဟာ မျိုးရိုးလိုက်ခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်မှာ Calcium Deficiency လို့ခေါ်တဲ့ ခန္ဓာကိုယ်တွင်း ထုံးဓာတ်လျော့နည်းတဲ့အခါနဲ့ ဇင့် ဓာတ်ချို့တဲ့ အခါမျိုးမှာလည်း ဖြစ်ပေါ်တတ်ပါတယ်။

ဒါကြောင့် ကယ်လ်ဆီယမ်နဲ့ ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ နို့နဲ့ နို့ထွက်ပစ္စည်းအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေနဲ့ အခွံမာသီးတွေရဲ့ အစေ့အဆန်တွေကို စားသုံးပေးသင့်ပါတယ်။

(၂) လက်သည်းပွင့်ခြင်းဟာ အမြဲလိုလိုကို ဖြစ်ပေါ်နေတယ်ဆိုရင်တော့ ဒါဟာ အစာအိမ်အားနည်းတာ ဒါမှမဟုတ် သွေးအားနည်းရောဂါ ဖြစ်ပေါ်နေတာကို ဖော်ပြနေတာဖြစ်တာကြောင့် ဆရာဝန်နဲ့ သွားရောက်တိုင်ပင် ဆွေးနွေး သင့်ပါတယ်။

(၃) လက်သည်းပွင့်ခြင်းဟာ တခါတရံမှာတော့ ခန္ဓာကိုယ်က ဗီတာမင်ဓာတ်တွေ ချို့တဲ့တာကြောင့် မဟုတ်ဘဲ လက်သည်းရဲ့ အောက်ဘက်ခြမ်းမှာ ထိခိုက်ဒဏ်ရာ တခုခုရရှိခြင်းကြောင့်လည်း ဖြစ်ပေါ်တတ်ပါတယ်။ဒီလိုဆိုရင်တော့ စိုးရိမ်စရာမရှိဘဲ သူ့အလိုလို ပျောက်ကင်းသွားမှာပဲ ဖြစ်ပါတယ်။

(၄) ခန္ဓာ ကိုယ်တွင်းဓာတ် တခုခု လျော့နည်းတာ ကြောင့်မဟုတ် ဘဲလက် သည်းအတွင်း ပိုင်းမှာ မှိုစွဲတာမျိုး ကြောင့်လည်း လက်သည်းပွင့်ခြင်း ဖြစ် ပေါ်တတ်ပါတယ်။

ဒီလိုမျိုး ဖြစ်တာကြောင့်ကျန်းမာ ရေးပြဿနာ တွေမဖြစ် ပေါ်နိုင်ပေ မယ့်မှိုစွဲနေ တာကြောင့် လက်ကို သေချာစွာ သန့်စင်ပေး ဖို့ အ ရေး ကြီး ပါ တယ်။

Credit :original writer