သင့္အတြက္သူဘယ္ေတာ့မွ ေျပာင္းလဲေပးမွာမဟုတ္ေၾကာင္း ျပသေနတဲ့အခ်က္မ်ား…

သင့္အတြက္သူဘယ္ေတာ့မွ ေျပာင္းလဲေပးမွာမဟုတ္ေၾကာင္း ျပသေနတဲ့အခ်က္မ်ား…

လူေတြဟာ ကိုယ္တကယ္ ျမတ္ျမတ္ႏိုးႏိုး ခ်စ္တဲ့သူနဲ႔ ဆုံမိတဲ့အခါ ေျပာင္းလဲလာတတ္ပါတယ္။ ဒါေပမယ့္ တစ္ခ်ိဳ႕လူေတြက ကိုယ့္ကိုယ္ တကယ္ခ်စ္တယ္လို႔ ထင္မိေပမယ့္ တကယ္တမ္းမွာေတာ့ အထင္နဲ႔ လက္ေတြ႕ တစ္ျခားစီျဖစ္ေနတတ္တာမ်ိဳးလည္း ႐ွိေနတတ္ပါတယ္။ ဒီအခ်က္ေတြက သူ သင္နဲ႔ပတ္သက္ၿပီး ဘယ္ေတာ့မွ ေျပာင္းလဲလာမွာမဟုတ္ဘူးဆိုတာကို ေဖာ္ျပလို႔ ေနပါတယ္ေနာ္ …။

(၁) ကိုယ့္အမွားကို ဘယ္ေတာ့မွ မျမင္တတ္ဘူး”

ကိုယ့္အမွားကို ကိုယ္ျမင္တတ္တဲ့သူဟာ လူေတာ္တစ္ေယာက္ ျဖစ္သလို ကိုယ့္အမွားကို သူမ်ားေျပာျပလို႔ နားလည္လက္ခံတဲ့သူဟာလည္း ထက္ျမက္တဲ့သူ တစ္ေယာက္ပါပဲ။ ဒါေပမယ့္ သင့္ခ်စ္သူက ဘာကိစၥပဲ ျဖစ္ျဖစ္ သူ႕အမွားကိုေတာ့ မျမင္တတ္သလို သင္ေထာက္ျပတာကိုလည္း လက္မခံတတ္သူ တစ္ေယာက္ျဖစ္ေနၿပီဆိုရင္ေတာ့ ဒါဟာ ကိုယ့္ကိုယ္ကိုယ္ မေျပာင္းလဲႏိုင္တဲ့ လကၡဏာရပ္ပါပဲ …။

ေနာက္ၿပီး တစ္ခုခုဆို သင့္ကိုပဲ အျပစ္ဖို႔မယ္၊ နာက်င္ေစမယ္၊ ကတိေတြ ထပ္တလဲလဲ မတည္ဘူးဆိုတာေတြက သင့္အတြက္ေၾကာင့္နဲ႔ သူ ဘယ္အရာမွ ေျပာင္းလဲမလာဘူးဆိုတာ ေဖာ္ျပေနပါတယ္ …။

ခ်စ္သူအခ်င္းခ်င္း စိတ္အခန္႔မသင့္မႈေတြနဲ႔ ျပသနာေလးေတြ ျဖစ္လာတဲ့အခါ ညႇိႏိႈင္းတတ္ဖို႔ လိုအပ္ပါတယ္။ တကယ္လို႔ သင္ခ်စ္သူက ညႇိႏိႈင္းျခင္းဆိုတဲ့ စကားလုံးရဲ႕အဓိပၸါယ္ကို နားမလည္ဘူး၊ ညႇိႏိႈင္းခ်င္စိတ္မ႐ွိပဲ တစ္ခုခုဆို ေဒါသပဲ ႀကီးတတ္တဲ့ သူမ်ိဳးေတြက အမွားအမွန္ကို ခြဲျခားႏိုင္စြမ္း နည္းၾကပါတယ္။ ေနာက္ၿပီး ဒါဟာ သင့္အတြက္နဲ႔ သူ ေျပာင္းလဲမေပးႏိုင္ဘူးဆိုတာကို ေဖာ္ျပေနတာပဲ ျဖစ္ပါတယ္ …။

(၂) သင့္ဘက္ကို ဘယ္ေတာ့မွ မၾကည့္တတ္ဘူး”

ကိုယ္အဆင္ေျပဖို႔ တစ္ခုတည္း ၾကည့္ၿပီး တစ္ဖက္လူရဲ႕ အေျခအေနကို မၾကည့္တတ္တဲ့ သူေတြကို တစ္ကိုယ္ေကာင္းဆန္တတ္တဲ့ သူအျဖစ္ သတ္မွတ္ၾကပါတယ္။ သင့္ခ်စ္သူက သူအဆင္ေျပဖို႔ တစ္ခုတည္းကိုပဲ ၾကည့္ၿပီး သင္ဘာႀကီးပဲ ျဖစ္ေနေန အေရးမစိုက္ဘူးဆိုရင္ေတာ့ ဒါကို အခ်စ္လို႔ ေခၚလို႔မရႏိုင္ပါဘူး။ ဒီလိုလူေတြဟာ ေျပာင္းလဲဖို႔ အေတာ္ေလး ခက္ခဲပါတယ္ …။

(၃) သင့္ကို ဂ႐ုမစိုက္ဘူး”

သူရဲ႕ စိတ္ကိုပဲ အဓိက ဦးစားေပးတတ္တဲ့ သူျဖစ္ၿပီး တစ္ခါတစ္ေလ အခ်ိန္အၾကာႀကီး အဆက္အသြယ္ မလုပ္ပဲ ေနေနၿပီး သူလိုအပ္တဲ့ အခ်ိန္မွ ေပၚလာတတ္တာမ်ိဳး၊ သင္နဲ႔အတူ အျပင္ေတြ ဘာေတြသြားရင္ေတာင္ သူသြားခ်င္တဲ့ ေနရာ၊ သူျဖစ္ခ်င္တဲ့ အရာေတြကိုပဲ ဦးစားေပးတတ္တာမ်ိဳးေပါ့ …။

ဒါက တကယ္ေတာ့ သင့္ကို ခ်စ္ေနတာမ်ိဳးမဟုတ္ပဲ သူ႕ကိုယ္သူပဲ ပိုခ်စ္ေနတဲ့ ကိုယ့္အတြက္ပဲ သိတဲ့ သူမ်ိဳးျဖစ္ပါတယ္။ ဒီလိုလူမ်ိဳးေတြက ကိုယ့္အတြက္ကလြဲရင္ ဘယ္သူ႕အတြက္မွ သိတဲ့ သူမ်ိဳးေတြ မဟုတ္ပါဘူးေနာ္ …။ ။

Khin (Credit)

Unicode Version ဖြင့်ဖတ်ရန်

သင့်အတွက်သူဘယ်တော့မှ ပြောင်းလဲပေးမှာမဟုတ်ကြောင်း ပြသနေတဲ့အချက်များ…

လူတွေဟာ ကိုယ်တကယ် မြတ်မြတ်နိုးနိုး ချစ်တဲ့သူနဲ့ ဆုံမိတဲ့အခါ ပြောင်းလဲလာတတ်ပါတယ်။ ဒါပေမယ့် တစ်ချို့လူတွေက ကိုယ့်ကိုယ် တကယ်ချစ်တယ်လို့ ထင်မိပေမယ့် တကယ်တမ်းမှာတော့ အထင်နဲ့ လက်တွေ့ တစ်ခြားစီဖြစ်နေတတ်တာမျိုးလည်း ရှိနေတတ်ပါတယ်။ ဒီအချက်တွေက သူ သင်နဲ့ပတ်သက်ပြီး ဘယ်တော့မှ ပြောင်းလဲလာမှာမဟုတ်ဘူးဆိုတာကို ဖော်ပြလို့ နေပါတယ်နော် …။

(၁) ကိုယ့်အမှားကို ဘယ်တော့မှ မမြင်တတ်ဘူး”

ကိုယ့်အမှားကို ကိုယ်မြင်တတ်တဲ့သူဟာ လူတော်တစ်ယောက် ဖြစ်သလို ကိုယ့်အမှားကို သူများပြောပြလို့ နားလည်လက်ခံတဲ့သူဟာလည်း ထက်မြက်တဲ့သူ တစ်ယောက်ပါပဲ။ ဒါပေမယ့် သင့်ချစ်သူက ဘာကိစ္စပဲ ဖြစ်ဖြစ် သူ့အမှားကိုတော့ မမြင်တတ်သလို သင်ထောက်ပြတာကိုလည်း လက်မခံတတ်သူ တစ်ယောက်ဖြစ်နေပြီဆိုရင်တော့ ဒါဟာ ကိုယ့်ကိုယ်ကိုယ် မပြောင်းလဲနိုင်တဲ့ လက္ခဏာရပ်ပါပဲ …။

နောက်ပြီး တစ်ခုခုဆို သင့်ကိုပဲ အပြစ်ဖို့မယ်၊ နာကျင်စေမယ်၊ ကတိတွေ ထပ်တလဲလဲ မတည်ဘူးဆိုတာတွေက သင့်အတွက်ကြောင့်နဲ့ သူ ဘယ်အရာမှ ပြောင်းလဲမလာဘူးဆိုတာ ဖော်ပြနေပါတယ် …။

ချစ်သူအချင်းချင်း စိတ်အခန့်မသင့်မှုတွေနဲ့ ပြသနာလေးတွေ ဖြစ်လာတဲ့အခါ ညှိနှိုင်းတတ်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ သင်ချစ်သူက ညှိနှိုင်းခြင်းဆိုတဲ့ စကားလုံးရဲ့အဓိပ္ပါယ်ကို နားမလည်ဘူး၊ ညှိနှိုင်းချင်စိတ်မရှိပဲ တစ်ခုခုဆို ဒေါသပဲ ကြီးတတ်တဲ့ သူမျိုးတွေက အမှားအမှန်ကို ခွဲခြားနိုင်စွမ်း နည်းကြပါတယ်။ နောက်ပြီး ဒါဟာ သင့်အတွက်နဲ့ သူ ပြောင်းလဲမပေးနိုင်ဘူးဆိုတာကို ဖော်ပြနေတာပဲ ဖြစ်ပါတယ် …။

(၂) သင့်ဘက်ကို ဘယ်တော့မှ မကြည့်တတ်ဘူး”

ကိုယ်အဆင်ပြေဖို့ တစ်ခုတည်း ကြည့်ပြီး တစ်ဖက်လူရဲ့ အခြေအနေကို မကြည့်တတ်တဲ့ သူတွေကို တစ်ကိုယ်ကောင်းဆန်တတ်တဲ့ သူအဖြစ် သတ်မှတ်ကြပါတယ်။ သင့်ချစ်သူက သူအဆင်ပြေဖို့ တစ်ခုတည်းကိုပဲ ကြည့်ပြီး သင်ဘာကြီးပဲ ဖြစ်နေနေ အရေးမစိုက်ဘူးဆိုရင်တော့ ဒါကို အချစ်လို့ ခေါ်လို့မရနိုင်ပါဘူး။ ဒီလိုလူတွေဟာ ပြောင်းလဲဖို့ အတော်လေး ခက်ခဲပါတယ် …။

(၃) သင့်ကို ဂရုမစိုက်ဘူး”

သူရဲ့ စိတ်ကိုပဲ အဓိက ဦးစားပေးတတ်တဲ့ သူဖြစ်ပြီး တစ်ခါတစ်လေ အချိန်အကြာကြီး အဆက်အသွယ် မလုပ်ပဲ နေနေပြီး သူလိုအပ်တဲ့ အချိန်မှ ပေါ်လာတတ်တာမျိုး၊ သင်နဲ့အတူ အပြင်တွေ ဘာတွေသွားရင်တောင် သူသွားချင်တဲ့ နေရာ၊ သူဖြစ်ချင်တဲ့ အရာတွေကိုပဲ ဦးစားပေးတတ်တာမျိုးပေါ့ …။

ဒါက တကယ်တော့ သင့်ကို ချစ်နေတာမျိုးမဟုတ်ပဲ သူ့ကိုယ်သူပဲ ပိုချစ်နေတဲ့ ကိုယ့်အတွက်ပဲ သိတဲ့ သူမျိုးဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေက ကိုယ့်အတွက်ကလွဲရင် ဘယ်သူ့အတွက်မှ သိတဲ့ သူမျိုးတွေ မဟုတ်ပါဘူးနော် …။ ။

Khin (Credit)