ဘဝအတြက္ ရည္႐ြယ္ထားသူနဲ႔ ေတြ႕ရင္ ဒါေတြေမးၾကည့္ပါ…

ဘဝအတြက္ ရည္႐ြယ္ထားသူနဲ႔ ေတြ႕ရင္ ဒါေတြေမးၾကည့္ပါ…

သမီးရည္းစားထားတဲ့အခါ ဘဝအတြက္ရည္႐ြယ္ခ်က္ ၿပီးေတာ့ပဲ ရည္းစားျဖစ္တာခ်ည္းပါပဲ ။ဒါေပမယ့္ လည္းတစ္ခါတေလရည္းစားအဆင့္နဲ႔ဘဝဟာအဆုံးသတ္လိုက္ ၿပီး ဘဝလက္တြဲမယ့္ဆိုတဲ့အဆင့္ကို မေရာက္တာေတြ႐ွိပါတယ္ …။

အဲဒီလိုမဟုတ္ပဲ ကိုယ့္ရင္ထဲစိတ္ထဲမွာ တကယ့္ကိူ လက္တြဲခ်င္စိတ္ လက္ထပ္ခ်င္စိတ္ ျဖစ္မိတဲ့သူလည္း႐ွိမွာပါ အဲဒီလို စိတ္ခံစားခ်က္ေတြ႐ွိေနတဲ့သူနဲ႔ေတြ႕ရင္ေတာ့ ေမးၾကည့္ရမွာေတြ႐ွိပါတယ့္ ကိုယ့္ကိုယ့္ကို ေမးရမွာေတြ႕႐ွိသလို သူကိုလည္းေမးပါ …။

ဒါေၾကာင္႔ ခ်စ္တို႔ေရ ဘဝအတြက္ လို႔ေတြးမိတဲ့သူေပၚလာရင္ေတာ့ ဒီေမးခြန္း၅ ခုေမးၾကည့္ပါအံုးေနာ္ …။

(၁) သူနဲ႔ဆိုရင္ စိတ္ခ်မ္းသာမွာေသခ်ာလား

ကိုယ့္ခ်စ္သူနဲ႔အတူေနရင္ေတာ့စိတ္ခ်မ္သာမွာေပါ့လို႔ ေျပာမွာေသခ်ာပါတယ္။ ကိုယ့္ခ်စ္သူအေနနဲ႔ မဟုတ္ဘဲ လက္တြဲေဖာ္ အျဖစ္စဥ္းစားရမွာပါ။ သူနဲ႔တသက္လုံး စိတ္ခ်မ္းသာမွာလား ေတြးပါ။ သူရဲ႕အမူအက်င့္ေတြက ကိုယ့္ကို တကယ္ေပ်ာ္႐ႊင္ေစႏိုင္လားဆိုတာ ကိုယ့္ကိုယ္ကိုေမးပါ။ ကိုယ္ကေရာ တသက္လုံးေပ်ာ္မလား ေတြးပါ …။

(၂) ခြင့္လႊတ္ႏိုင္လား

အိမ္ေထာင္ျပဳတယ္ဆိုတာခ်စ္သူဘဝနဲ႔ အမ်ားႀကီးျခားနားတယ္ဆိုတာ သိဖို႔လိုပါတယ္။ ကိုယ့္သူရဲ႕အျပဳအမူအက်င့္ေတြကို အကုန္လုံး ေသခ်ာသိၿပီလား ဒါေတြကိုေရာခြင္လြတ္ႏိုင္လားဆိုတာပါေတြးပါ။ ေသးေသးမႊားမႊားေလးကအစေပါ့။ ခ်စ္သူဘဝမို႔ အဆင္ေျပေအာင္ နားလည္ေပးတာမ်ိဳးမဟုတ္ဘဲနဲ႔ေပါ့။ ဘဝ လက္တြဲေဖာ္ဆိုရင္ေတာ့ ဒီလိုမ်ိဳးေတြကို နားလည္ ခြင့္လြတ္ေပးႏိုင္မွ ရမွာပါ ..။

(၃) မိဘေတြ

လက္တြဲတယ္ဆိုတာ သူနဲ႔ကိုယ့္ လက္ထပ္တာဆိုေပမယ့္ ႏွစ္ဖက္မိဘေတြကလည္း အထိုက္အေလ်ာက္ ေပါင္းစည္းရမွာပါ။ သူမိဘေတြကေရာ ကိုယ့္နဲ႔အဆင္ေျပမယ့္လူမ်ိဳးလားဆိုတာပါ ထည့္ေတြးပါ …။

ညီအစ္ကိုေမာင္ႏွမေတြကေရာ ဘယ္လို႐ွိလဲဆိုတာ ထည့္စဥ္းစားၿပီး အဆင္ေျပႏိုင္လားဆိုတာ သူ႕ကိုပါ ေမးထားလို႔ရပါတယ္။ ေနာက္မွ ေမာင္ႏွမေတြေၾကာင့္ အဆင္မေျပမျဖစ္ရေအာင္ပါ …။

(၄) လက္ထပ္ၿပီးရင္

ခ်စ္သူနဲ႔ေနရင္ ဘယ္လိုပဲျဖစ္ျဖစ္ ဆိုတာ ခ်စ္ေနတုန္ းစိတ္ကူးယဥ္စကားေတြပါ။ လက္ထပ္ၿပီးရင္ ဘဝက အေျခက်ဖို႔ လိုအပ္ပါတယ္။ …။

အဲဒီအခါ ႏွစ္ဖက္မိဘေတြ ကိုယ္နဲ႔ေနမွာလား ေမာင္ႏွမေတြကို ေထာက္ပံေပးဖို႔လိုလား လက္ထပ္ၿပီးေနာက္ အစီအစဥ္ကို ကိုယ္တိုင္လည္းဆြဲဖို႔လိုသလို သူ႕ကိုလည္းေတြးထားခိုင္းပါ။ ထပ္တူညီမွသာ ဘဝလက္တြဲေဖာ္အျဖစ္ ေ႐ြးခ်ယ္ဖို႔စဥ္းစားသင္႔ပါတယ္ …။

(၅) သူ႕ရဲ႕စိတ္သေဘာထား

ကိုယ့္ကေတာ့ ဘဝ တြက္ရည္႐ြယ္ထားေပမယ့္ သူ႕ဘက္ကေတာ့ ဟုတ္ခ်င္မွဟုတ္မွာပါ။ ဒါကိုေမးၾကည့္ဖို႔ တီးေခါက္ၾကည့္ဖို႔လိုတယ္ေနာ္။ ကိုယ့္ခ်စ္သူလိမ္ေနလား ညာေနလားဆိုတာလည္းကိုယ္တိုင္ကပဲ အေျဖ႐ွာႏိုင္မွာပါ။ ဒါေၾကာင့္ သူဘက္ကအေျခေနကိုလည္း သိေနပါေစေနာ္ …။ ။

Credit- marry

Unicode Version ဖြင့်ဖတ်ရန်

ဘဝအတွက် ရည်ရွယ်ထားသူနဲ့ တွေ့ရင် ဒါတွေမေးကြည့်ပါ…

သမီးရည်းစားထားတဲ့အခါ ဘဝအတွက်ရည်ရွယ်ချက် ပြီးတော့ပဲ ရည်းစားဖြစ်တာချည်းပါပဲ ။ဒါပေမယ့် လည်းတစ်ခါတလေရည်းစားအဆင့်နဲ့ဘဝဟာအဆုံးသတ်လိုက် ပြီး ဘဝလက်တွဲမယ့်ဆိုတဲ့အဆင့်ကို မရောက်တာတွေရှိပါတယ် …။

အဲဒီလိုမဟုတ်ပဲ ကိုယ့်ရင်ထဲစိတ်ထဲမှာ တကယ့်ကိူ လက်တွဲချင်စိတ် လက်ထပ်ချင်စိတ် ဖြစ်မိတဲ့သူလည်းရှိမှာပါ အဲဒီလို စိတ်ခံစားချက်တွေရှိနေတဲ့သူနဲ့တွေ့ရင်တော့ မေးကြည့်ရမှာတွေရှိပါတယ့် ကိုယ့်ကိုယ့်ကို မေးရမှာတွေ့ရှိသလို သူကိုလည်းမေးပါ …။

ဒါကြောင့် ချစ်တို့ရေ ဘဝအတွက် လို့တွေးမိတဲ့သူပေါ်လာရင်တော့ ဒီမေးခွန်း၅ ခုမေးကြည့်ပါအုံးနော် …။

(၁) သူနဲ့ဆိုရင် စိတ်ချမ်းသာမှာသေချာလား

ကိုယ့်ချစ်သူနဲ့အတူနေရင်တော့စိတ်ချမ်သာမှာပေါ့လို့ ပြောမှာသေချာပါတယ်။ ကိုယ့်ချစ်သူအနေနဲ့ မဟုတ်ဘဲ လက်တွဲဖော် အဖြစ်စဉ်းစားရမှာပါ။ သူနဲ့တသက်လုံး စိတ်ချမ်းသာမှာလား တွေးပါ။ သူရဲ့အမူအကျင့်တွေက ကိုယ့်ကို တကယ်ပျော်ရွှင်စေနိုင်လားဆိုတာ ကိုယ့်ကိုယ်ကိုမေးပါ။ ကိုယ်ကရော တသက်လုံးပျော်မလား တွေးပါ …။

(၂) ခွင့်လွှတ်နိုင်လား

အိမ်ထောင်ပြုတယ်ဆိုတာချစ်သူဘဝနဲ့ အများကြီးခြားနားတယ်ဆိုတာ သိဖို့လိုပါတယ်။ ကိုယ့်သူရဲ့အပြုအမူအကျင့်တွေကို အကုန်လုံး သေချာသိပြီလား ဒါတွေကိုရောခွင်လွတ်နိုင်လားဆိုတာပါတွေးပါ။ သေးသေးမွှားမွှားလေးကအစပေါ့။ ချစ်သူဘဝမို့ အဆင်ပြေအောင် နားလည်ပေးတာမျိုးမဟုတ်ဘဲနဲ့ပေါ့။ ဘဝ လက်တွဲဖော်ဆိုရင်တော့ ဒီလိုမျိုးတွေကို နားလည် ခွင့်လွတ်ပေးနိုင်မှ ရမှာပါ ..။

(၃) မိဘတွေ

လက်တွဲတယ်ဆိုတာ သူနဲ့ကိုယ့် လက်ထပ်တာဆိုပေမယ့် နှစ်ဖက်မိဘတွေကလည်း အထိုက်အလျောက် ပေါင်းစည်းရမှာပါ။ သူမိဘတွေကရော ကိုယ့်နဲ့အဆင်ပြေမယ့်လူမျိုးလားဆိုတာပါ ထည့်တွေးပါ …။

ညီအစ်ကိုမောင်နှမတွေကရော ဘယ်လိုရှိလဲဆိုတာ ထည့်စဉ်းစားပြီး အဆင်ပြေနိုင်လားဆိုတာ သူ့ကိုပါ မေးထားလို့ရပါတယ်။ နောက်မှ မောင်နှမတွေကြောင့် အဆင်မပြေမဖြစ်ရအောင်ပါ …။

(၄) လက်ထပ်ပြီးရင်

ချစ်သူနဲ့နေရင် ဘယ်လိုပဲဖြစ်ဖြစ် ဆိုတာ ချစ်နေတုန်းစိတ်ကူးယဉ်စကားတွေပါ။ လက်ထပ်ပြီးရင် ဘဝက အခြေကျဖို့ လိုအပ်ပါတယ်။ …။

အဲဒီအခါ နှစ်ဖက်မိဘတွေ ကိုယ်နဲ့နေမှာလား မောင်နှမတွေကို ထောက်ပံပေးဖို့လိုလား လက်ထပ်ပြီးနောက် အစီအစဉ်ကို ကိုယ်တိုင်လည်းဆွဲဖို့လိုသလို သူ့ကိုလည်းတွေးထားခိုင်းပါ။ ထပ်တူညီမှသာ ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ဖို့စဉ်းစားသင့်ပါတယ် …။

(၅) သူ့ရဲ့စိတ်သဘောထား

ကိုယ့်ကတော့ ဘဝ တွက်ရည်ရွယ်ထားပေမယ့် သူ့ဘက်ကတော့ ဟုတ်ချင်မှဟုတ်မှာပါ။ ဒါကိုမေးကြည့်ဖို့ တီးခေါက်ကြည့်ဖို့လိုတယ်နော်။ ကိုယ့်ချစ်သူလိမ်နေလား ညာနေလားဆိုတာလည်းကိုယ်တိုင်ကပဲ အဖြေရှာနိုင်မှာပါ။ ဒါကြောင့် သူဘက်ကအခြေနေကိုလည်း သိနေပါစေနော် …။ ။

Credit- marry