ယောကျ်ားတစ်ယောက်ကို လက်မထပ်ခင်သိထားရမယ့် အရေးကြီးဆုံးအချက်(၆)ခု…
ယောက်ျားတစ်ယောက်ကို လက်မထပ်ခင်သိထားရမယ့် အရေးကြီးဆုံးအချက်(၆)ခု…
ပျိုမေတို့ရေ…ကိုယ့်ချစ်သူကို ချစ်နေရုံနဲ့မပြီးသေးဘူး၊ နှစ်ယောက်ပေါင်းဖက်ပြီး ဘဝသစ်ထူထောင်တဲ့ အထိကိုပါ စဉ်စားထားရမှာပါ …။
ဒါပေမယ့် သင်ခွင့်မလွှတ်နိုင်ဘူး၊ တွေးတိုင်းဒေါသထွက်ရတယ် ဆိုရင်တော့ သူ့ကို လက်ထပ်ဖို့ သေသေချာချာ ပြန်စဉ်းစားလိုက်ပါအုံးနော် …။
(၅) မိသားစု အခြေအနေ”
အထူးသဖြင့် သူ့ရဲ့ မိခင်ဟာ သူ့ကို ထိန်းချုပ်လွန်းတဲ့သူမျိုးလား၊ သင့်ကို ချစ်ခင်နိုင်မယ့် သူမျိုးလားဆိုတာ အရမ်းကို အရေးကြီးပါတယ် …။
အမ်းအမ်း
Unicode Version ဖြင့်ဖတ်ရန်
သင်တို့နှစ်ဦးပေါင်းဖက်ခြင်းဟာ အသိုင်းအဝိုင်းနှစ်ခုကို ပေါင်းဖက်တာဖြစ်ပြီး၊ တစ်သက်လုံးစာ ဖြစ်တဲ့ အတွက် မယူခင်မှာ ဒီအချက်လေးတွေကို အရင်ဆုံး သိထားဖို့ လိုအပ်ပါတယ်နော် …။
(၁) အချစ်အပေါ် သူ့ရဲ့သဘောထား”
အချစ်ဆိုတာကို သူဘယ်လိုသဘောထားသလဲ။ တစ်သက်လုံးချစ်သွားဖို့လား၊ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ ဆန္ဒဖြည့်ဖို့လား ဆိုတာမျိုးကို သူ့ကို သေသေချာချာ မေးထားသင့်ပါတယ် …။
သင့်ကိုတကယ်ချစ်တဲ့ ယောက်ျားက လက်ထပ်ပြီးရင် တစ်သက်လုံး စွဲစွဲမြဲမြဲပေါင်းသင်းသွားမယ့် သူမျိုးပါ …။
(၂) သူ့ရဲ့ ငွေကြေးသုံးစွဲမှု”
သင်ဟာ ပစ္စည်းတွေဝယ် shopping တွေထွက်ရတာကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီး သူကတော့ ကပ်စေးနဲ ကော်တစ်ရာ ဖြစ်နေရင် ဘယ်လိုလုပ်မှာလဲ …၊
ဒါကြောင့် လက်မထပ်ခင်ကတည်းက သူ့ရဲ့ ငွေကြေးသုံးစွဲပုံကို သေသေချာချာ သိဖို့လိုပါတယ် …။
ဒီလိုမှမဟုတ်ရင်တော့ လက်ထပ်ပြီးတော့မှ ငွေကြေးဆိုင်ရာ ပြသနာတွေ ဖြစ်လာတတ်လို့ပါပဲ …။
(၃) သူ့ရဲ့အတိတ်အကြောင်းကို သေသေချာချာမေးမြန်းပါ”
သူ့ရဲ့ အတိတ်ကအကြောင်းတွေအားလုံးကို ပြောပြခိုင်းပါ။ သူ့ရဲ့ ရည်းစားဟောင်းအကြောင်း၊ အတိတ်က အမှားတွေအကြောင်း သေသေချာချာ မေးပါ …။
တကယ်လို့ သင်လက်ခံနိုင်တယ်၊ အဲဒီ့အရာတွေနဲ့ ပတ်သက်ပြီး ရှေ့မှာ ဘာအနှောင်အဖွဲ့မှမရှိတော့ဘူး ဆိုရင်တော့ လက်ထပ်ပါ …။
ဒါပေမယ့် သင်ခွင့်မလွှတ်န်ိုင်ဘူး၊ တွေးတိုင်းဒေါသထွက်ရတယ် ဆိုရင်တော့ သူ့ကို လက်ထပ်ဖို့ သေသေချာချာ ပြန်စဉ်းစားလိုက်ပါအုံးနော် …။
(၄) သူ့ရဲ့အားနည်းချက်တွေ”
သူရဲ့ ကောင်းကျိုးမှန်သမျှကို သင်လက်ခံနိုင်သလို အဆိုးတွေ၊အားနည်းချက်တွေကိုလည်း လက်မခံလို့မရပါဘူး …။
သင်ဟာ သူ့အားနည်းချက်တွေ အားလုံးကို နားလည်ပေးပြီး၊ အရှိအတိုင်း လက်ခံပေးနိုင်တယ် ဆိုရင်တော့ သူ့ကို လက်ထပ်ဖို့ ဆုံးဖြတ်သင့်ပါတယ် …။
(၅) မိသားစု အခြေအနေ”
သူ့ရဲ့မိသားစု၊ သူကျင်လည်တဲ့ ပတ်ဝန်းကျင်က သင်နဲ့ သဟဇာတ ဖြစ်မဖြစ် စုံစမ်းလိုက်ပါ …။
သူ့ရဲ့ ဆွေမျိုးတွေ၊ သူ့ရဲ့ ညီအကိုမောင်နှမတွေ အကြောင်းကိုလည်း စုံစမ်းပါ …။
အထူးသဖြင့် သူ့ရဲ့ မိခင်ဟာ သူ့ကို ထိန်းချုပ်လွန်းတဲ့သူမျိုးလား၊ သင့်ကို ချစ်ခင်နိုင်မယ့် သူမျိုးလားဆိုတာ အရမး်ကို အရေးကြီးပါတယ် …။
ဒါကြောင့် ဒီအချက်ဟာ သိပ်ကို အရေးကြီးတဲ့ အချက်ပဲ ဖြစ်ပါတယ် …။
(၆) အိမ်အလုပ်အပေါ် သူ့ရဲ့ခံယူချက်”
သူဟာ အလုပ်နဲ့ ပတ်သက်ပြီး မိန်းမအလုပ်၊ ယောက်ျားအလုပ် ခွဲခြားတတ်တဲ့ သူလား …၊
တကယ်လို့ သင်နာမကျန်းဖြစ်လို့ လဲနေရင်၊ မလုပ်နိုင်ရင် အိမ်အလုပ်တွေကို သင့်အစား လုပ်ပေးဖို့ စိတ်ရှိတဲ့ သူလား …၊
အနစ်နာခံတတ်တဲ့ ယောက်ျားလားဆိုတာ စုံစမ်းကြည့်ပါအုံး …။
သူဟာ သင့်ကို ဘာမှ ကူမလုပ်ပေးသည့်တိုင်အောင် သင်လက်ခံနိုင်ရင်တော့ လက်ထပ်ပေါ့နော် …။ ။
အမ်းအမ်း