မိန္းကေလးေတြက ရြယ္တူ၊အငယ္ေတြထက္ ကိုကိုမွကိုကိုျဖစ္ေနရတဲ့ အေၾကာင္းအရင္း(၅)ခ်က္…

မိန္းကေလးေတြက ရြယ္တူ၊အငယ္ေတြထက္ ကိုကိုမွကိုကိုျဖစ္ေနရတဲ့ အေၾကာင္းအရင္း(၅)ခ်က္…

အခုေနာက္ပိုင္းမွာ ကိုယ္နဲ႔သက္တူရြယ္တူေတြ ၊ ေမာင္ေလးေတြထက္စာရင္

ကိုယ့္ထက္အသက္ႀကီးတဲ့ ကိုကိုေတြနဲ႔ပဲ ခ်စ္သူျဖစ္ခ်င္ၾကတဲ့ မိန္းကေလးေတြ ပိုမ်ားလာပါတယ္ …။

ကိုကိုေတြကိုေတာ့ မိန္းကေလးေတြက အခ်က္ (၅)ခ်က္ေၾကာင့္ ေရြးခ်ယ္လာၾကတာ ျဖစ္ပါတယ္။ ဒီအခ်က္ေလးေတြကေတာ့ ….

(၁) ကိုကိုေတြက လုံျခဳံမႈေပးတယ္”

မိန္းကေလးအမ်ားစုက ကိုယ့္ရဲ့လက္တြဲေဖာ္ကို ကိုယ္မွီခိုအားထားလို႔ရမယ့္သူမ်ိဳးပဲ ျဖစ္ေစခ်င္ၾကတယ္ …။

သူတို႔ရဲ့ေန႔စဥ္ဘဝမွာလည္း လုံျခဳံမႈေပးတဲ့သူမ်ိဳး ၊ အခက္အခဲေတြၾကဳံလာရင္လည္း ေရွ႕ကေန မားမားမတ္မတ္ရပ္တည္ေပးနိုင္တဲ့ အားကိုးရတဲ့သူမ်ိဳးကိုပဲ ေရြးခ်ယ္ခ်င္ၾကတာပါ …။

ဒီလိုအခ်က္ေတြကို ကိုယ့္ထက္အသက္ႀကီးတဲ့ ကိုကိုေတြမွာပဲေတြ႕ရတတ္တာပါ …။

(၂) အေလးအနက္ထားၿပီး ေလးေလးစားစားဆက္ဆံတယ္”

မိန္းကေလးေတြဆိုတာ ေၾကကြဲဝမ္းနည္းလြယ္တယ္ ။ သူတို႔နဲ႔ပတ္သတ္တဲ့ အရာေတြအကုန္လုံးကိုလည္း အေလးအနက္ထားေစ ခ်င္ၾကပါတယ္ …။

ဥပမာ – ေမြးေန႔တို႔ ၊ ခ်စ္သူသက္တမ္းႏွစ္ပတ္လည္တို႔ ။ ဒီလိုအရာေတြကို ေမာင္ေလးေတြက အေသးအမႊားေလးေတြဆိုၿပီး ေမ့ေလ်ာ့ေနတတ္ၾကေပမယ့္

ကိုကိုေတြကေတာ့ အေလးအနက္ထားၿပီး ပန္းစည္းေလးေတြပို႔ေပးတာတို႔ ၊ ခ်စ္သူအတြက္ Suprise လုပ္ေပးတာတို႔နဲ႔ မိန္းကေလးေတြ အသည္းကိုသိမ္းပိုက္နိုင္ၾကပါတယ္ …။

(၃) ရန္ပြဲေတြကို မရွည္ေစဘူး ၊ အေလ်ာ့ေပးတယ္”

မိန္းကေလးေတြခ်စ္သူထားရတဲ့ အဓိကအေၾကာင္းအရင္းကေတာ့ ခ်စ္သူအေပၚႏြဲ႕ဆိုးဆိုးခ်င္တာ ၊ အေခ်ာ့ခံခ်င္တာပါ …။

ဒါ့ေၾကာင့္တစ္ခါတစ္ေလ အေၾကာင္းျပခ်က္ေရေရရာရာမရွိပဲ စိတ္ေကာက္တာတို႔ စိတ္ဆိုးတာတို႔ လုပ္တတ္ၾကပါတယ္ …။

ဒီလိုအခါေတြမွာ ေမာင္ေလးေတြက ရစ္တယ္ဆိုၿပီး ျပန္ရန္ရွာတတ္ေပမယ့္ ကိုကိုေတြကေတာ့ ကေလးေလး စိတ္မဆိုးပါနဲ႔ဆိုၿပီး အမ်ိဳးမ်ိဳးစိတ္ေျပေအာင္ေခ်ာ့တတ္ၾကတယ္ေလ …။

ဘယ္လိုကိစၥ ေၾကာင့္ပဲရန္ျဖစ္ျဖစ္ အေလ်ာ့ေပးၿပီး အရင္စေခၚတယ္ ၊ ရန္အၾကာႀကီးျဖစ္ၿပီး စကားမေျပာပဲ ပစ္မထားတတ္ၾကပါဘူး …။

(၄) ဘဝအာမခံခ်က္ရွိၿပီး ေငြေရးေၾကးေရးလည္းပူစရာမလိုဘူး”

ကိုကိုေတြအရြယ္ဆိုတာ အလုပ္နဲ႔အကိုင္နဲ႔အတည္အက် ။ ေမာင္ေလးေတြလိုလည္း ဂိမ္းေတြအရမ္းမေဆာ့ေတာ့ဖို႔ ၊ အလုပ္ေလးအတည္တက်လုပ္ဖို႔ မွာစရာ မလပါဘူး …။

ကိုယ္စားခ်င္သမၽွလည္း ဝယ္ေကၽြးၿပီးပူဆာလို႔ရသလို ၊ အခ်ိန္တန္ အိမ္ေထာင္ျပဳဖို႔စဥ္းစားမယ္ဆိုရင္လည္း ေနာက္ဆံတင္းေနစရာမလိုေတာ့ဘူး …။

(၅) ရင့္က်က္တဲ့အေတြးအေခၚေတြရွိတယ္”

ပညာရွင္ေတြေတြ႕ရွိခ်က္အရ မိန္းကေလးေတြက သက္တူရြယ္တူ ေယာက္က်ာ္းေလးေတြထက္ ပိုေစာၿပီး ရင့္က်က္ၾကပါတယ္ …။

ဒါ့ေၾကာင့္ကိုယ္နဲ႔ရြယ္တူ ၊ ငယ္တဲ့သူေတြနဲ႔ ခ်စ္သူျဖစ္ၾကၿပီဆိုရင္ သူတို႔ေလာက္မရင့္က်က္ေသးတဲ့အတြက္ အေတြးအေခၚေတြကလည္း မတူပဲ ၊ ခိုင္မာၿပီးရင့္က်က္တဲ့ စုံတြဲတစ္တြဲျဖစ္ဖို႔ဆိုတာ မေသခ်ာပါဘူး …။

ကိုကိုေတြကေတာ့ အေတြ႕အၾကဳံအရေရာ ၊ အသက္အရြယ္အရေရာ ကိုယ္ခံစားေနရတာေတြကို နားလည္ေပးၿပီး

ကိုယ့္ရဲ့အေတြးအျမင္ေတြကိုလည္း နားေထာင္ေပးႏိုင္တယ္ ေကာင္းမြန္တဲ့ဆုံးျဖတ္ခ်က္ေတြ ခ်နိုင္ေအာင္လည္း ကူညီေပးႏိုင္ၾကပါတယ္ေနာ္ …။ ။

Kay Khine

Unicode Version ဖြင့်ဖတ်ရန်

မိန်းကလေးတွေက ရွယ်တူ၊အငယ်တွေထက် ကိုကိုမှကိုကိုဖြစ်နေရတဲ့ အကြောင်းအရင်း(၅)ချက်…

အခုနောက်ပိုင်းမှာ ကိုယ်နဲ့သက်တူရွယ်တူတွေ ၊ မောင်လေးတွေထက်စာရင်

ကိုယ့်ထက်အသက်ကြီးတဲ့ ကိုကိုတွေနဲ့ပဲ ချစ်သူဖြစ်ချင်ကြတဲ့ မိန်းကလေးတွေ ပိုများလာပါတယ် …။

ကိုကိုတွေကိုတော့ မိန်းကလေးတွေက အချက် (၅)ချက်ကြောင့် ရွေးချယ်လာကြတာ ဖြစ်ပါတယ်။ ဒီအချက်လေးတွေကတော့ ….

(၁) ကိုကိုတွေက လုံခြုံမှုပေးတယ်”

မိန်းကလေးအများစုက ကိုယ့်ရဲ့လက်တွဲဖော်ကို ကိုယ်မှီခိုအားထားလို့ရမယ့်သူမျိုးပဲ ဖြစ်စေချင်ကြတယ် …။

သူတို့ရဲ့နေ့စဉ်ဘဝမှာလည်း လုံခြုံမှုပေးတဲ့သူမျိုး ၊ အခက်အခဲတွေကြုံလာရင်လည်း ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးနိုင်တဲ့ အားကိုးရတဲ့သူမျိုးကိုပဲ ရွေးချယ်ချင်ကြတာပါ …။

ဒီလိုအချက်တွေကို ကိုယ့်ထက်အသက်ကြီးတဲ့ ကိုကိုတွေမှာပဲတွေ့ရတတ်တာပါ …။

(၂) အလေးအနက်ထားပြီး လေးလေးစားစားဆက်ဆံတယ်”

မိန်းကလေးတွေဆိုတာ ကြေကွဲဝမ်းနည်းလွယ်တယ် ။ သူတို့နဲ့ပတ်သတ်တဲ့ အရာတွေအကုန်လုံးကိုလည်း အလေးအနက်ထားစေ ချင်ကြပါတယ် …။

ဥပမာ – မွေးနေ့တို့ ၊ ချစ်သူသက်တမ်းနှစ်ပတ်လည်တို့ ။ ဒီလိုအရာတွေကို မောင်လေးတွေက အသေးအမွှားလေးတွေဆိုပြီး မေ့လျော့နေတတ်ကြပေမယ့်

ကိုကိုတွေကတော့ အလေးအနက်ထားပြီး ပန်းစည်းလေးတွေပို့ပေးတာတို့ ၊ ချစ်သူအတွက် Suprise လုပ်ပေးတာတို့နဲ့ မိန်းကလေးတွေ အသည်းကိုသိမ်းပိုက်နိုင်ကြပါတယ် …။

(၃) ရန်ပွဲတွေကို မရှည်စေဘူး ၊ အလျော့ပေးတယ်”

မိန်းကလေးတွေချစ်သူထားရတဲ့ အဓိကအကြောင်းအရင်းကတော့ ချစ်သူအပေါ်နွဲ့ဆိုးဆိုးချင်တာ ၊ အချော့ခံချင်တာပါ …။

ဒါ့ကြောင့်တစ်ခါတစ်လေ အကြောင်းပြချက်ရေရေရာရာမရှိပဲ စိတ်ကောက်တာတို့ စိတ်ဆိုးတာတို့ လုပ်တတ်ကြပါတယ် …။

ဒီလိုအခါတွေမှာ မောင်လေးတွေက ရစ်တယ်ဆိုပြီး ပြန်ရန်ရှာတတ်ပေမယ့် ကိုကိုတွေကတော့ ကလေးလေး စိတ်မဆိုးပါနဲ့ဆိုပြီး အမျိုးမျိုးစိတ်ပြေအောင်ချော့တတ်ကြတယ်လေ …။

ဘယ်လိုကိစ္စ ကြောင့်ပဲရန်ဖြစ်ဖြစ် အလျော့ပေးပြီး အရင်စခေါ်တယ် ၊ ရန်အကြာကြီးဖြစ်ပြီး စကားမပြောပဲ ပစ်မထားတတ်ကြပါဘူး …။

(၄) ဘဝအာမခံချက်ရှိပြီး ငွေရေးကြေးရေးလည်းပူစရာမလိုဘူး”

ကိုကိုတွေအရွယ်ဆိုတာ အလုပ်နဲ့အကိုင်နဲ့အတည်အကျ ။ မောင်လေးတွေလိုလည်း ဂိမ်းတွေအရမ်းမဆော့တော့ဖို့ ၊ အလုပ်လေးအတည်တကျလုပ်ဖို့ မှာစရာ မလပါဘူး …။

ကိုယ်စားချင်သမျှလည်း ဝယ်ကျွေးပြီးပူဆာလို့ရသလို ၊ အချိန်တန် အိမ်ထောင်ပြုဖို့စဉ်းစားမယ်ဆိုရင်လည်း နောက်ဆံတင်းနေစရာမလိုတော့ဘူး …။

(၅) ရင့်ကျက်တဲ့အတွေးအခေါ်တွေရှိတယ်”

ပညာရှင်တွေတွေ့ရှိချက်အရ မိန်းကလေးတွေက သက်တူရွယ်တူ ယောက်ကျာ်းလေးတွေထက် ပိုစောပြီး ရင့်ကျက်ကြပါတယ် …။

ဒါ့ကြောင့်ကိုယ်နဲ့ရွယ်တူ ၊ ငယ်တဲ့သူတွေနဲ့ ချစ်သူဖြစ်ကြပြီဆိုရင် သူတို့လောက်မရင့်ကျက်သေးတဲ့အတွက် အတွေးအခေါ်တွေကလည်း မတူပဲ ၊ ခိုင်မာပြီးရင့်ကျက်တဲ့ စုံတွဲတစ်တွဲဖြစ်ဖို့ဆိုတာ မသေချာပါဘူး …။

ကိုကိုတွေကတော့ အတွေ့အကြုံအရရော ၊ အသက်အရွယ်အရရော ကိုယ်ခံစားနေရတာတွေကို နားလည်ပေးပြီး

ကိုယ့်ရဲ့အတွေးအမြင်တွေကိုလည်း နားထောင်ပေးနိုင်တယ် ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်အောင်လည်း ကူညီပေးနိုင်ကြပါတယ်နော် …။ ။

Kay Khine