မ်က္ႏွာအသားေရ ပ်က္စီးႏိုင္လို႔ မ်က္ႏွာအေရျပားေပၚမွာ လုံးဝ မသုံးသင့္တဲ့ ပစၥည္း ၅ မ်ိဳး .

မ်က္ႏွာအသားေရ ပ်က္စီးႏိုင္လို႔ မ်က္ႏွာအေရျပားေပၚမွာ လုံးဝ မသုံးသင့္တဲ့ ပစၥည္း ၅ မ်ိဳး .

DIY ေတြ Homemade ေတြဆိုၿပီး အိမ္မွာရွိတဲ့ ပစၥည္းေတြနဲ႔ Skin Care ၾကတဲ့သူေတြ ရွိမွာေပါ့… မင္မင္က ဒီေန႔ Homemade ေတြနဲ႔ ပတ္သက္ၿပီး သတိထားစရာေတြ ေျပာျပသြားပါ့မယ္…

မ်က္ႏွာအေရျပားေပၚမွာ လုံးဝမသုံးသင့္တဲ့ ပစၥည္း၅မ်ိဳးအေၾကာင္းပါ…

၁။ ခႏၶာကိုယ္လိမ္းတဲ့ Body Lotion

ဘာလို႔ ထိပ္ဆုံးတင္ထားလဲလို႔ ေမးရင္ လူေတြ အလုပ္မ်ားဆုံး အရာမို႔လို႔ပါပဲ။ မ်က္ႏွာလိမ္းစရာ ကုန္သြားတဲ့အခါ မ်က္ႏွာေျပာင္ႀကီး မေနတတ္တဲ့ သူေတြက လိုးရွင္းေတြ လိမ္းတတ္ၾကပါတယ္။

လိုးရွင္းေတြနဲ႔ မ်က္ႏွာလိမ္း Cosmetic ေတြရဲ႕ မတူတဲ့အခ်က္က လိုးရွင္းေတြဟာ ျပစ္ႏွစ္တယ္၊ အဆီ မ်ားတယ္၊ အနံ႔ ျပင္းပါတယ္။ အဲဒါေတြေၾကာင့္ပဲ ေခြၽးေပါက္ပိတ္ၿပီး ဝက္ၿခံထြက္တာေတြနဲ႔ ဓာတ္မတည့္ျခင္းေတြ ျဖစ္ေပၚလာႏိုင္ပါတယ္။

၂။ သၾကား

သၾကားဆိုရင္ တခ်ိဳ႕လူေတြ တန္းေျပး ျမင္မိၾကမွာေပါ့။ “ဘာတဲ့လဲ ပရိတ္သတ္ႀကီး၊ Scrub ပါဘုရား” သၾကားဆိုတာ မင္မင္တို႔ ဝယ္သုံးေနတဲ့ Cosmetic Scrub နဲ႔ တျခားစီပါ။ အရမ္း ၾကမ္းပါတယ္။

မ်က္ႏွာကို ေကာ္ပတ္ စားသလိုပါပဲ၊ မျမင္ႏိုင္တဲ့ စုတ္ၿပဲဒဏ္ရာ ေသးေသးေလးေတြ အမ်ားႀကီး ျဖစ္သြားေစႏိုင္ပါတယ္။ ၾကာလာရင္ အဆီမျပန္တဲ့ သူေတာင္ အဆီျပန္တဲ့အက်င့္ ျဖစ္လာပါလိမ့္မယ္။

၃။ ေရပူ၊ ေရေႏြး

မ်က္ႏွာကို ေရေႏြးနဲ႔ သြားမသစ္နဲ႔ေနာ္။ မ်က္ႏွာ ေျခာက္ကပ္ ကုန္လိမ့္မယ္။ ေရၾကက္သီးေႏြးေလးနဲ႔ မ်က္ႏွာ သစ္ခိုင္းတာ။

ၾကက္သီးေႏြးဆိုတာ သာမန္ေရထက္ နည္းနည္းပဲ ေႏြးတဲ့ဟာေနာ္။ ၿပီးေတာ့မ်က္ႏွာကို ေရေႏြးေငြ႕ ႐ိုက္လို႔လည္းရပါတယ္။ ေရေႏြး၊ ေရပူနဲ႔သာ မသစ္ၾကပါနဲ႔။ Common Sense ရွိၾကပါ။

၄။ သံပုရာသီး

သံပုရာသီးသခင္မေတြ ရွိတာေပါ့ေနာ္။ ငယ္ငယ္တုန္းက ေက်ာင္းမွသင္ရတာ ျပန္စဥ္းစားၾကည့္ရေအာင္။ သံပုရာသီးက Citrus Fruit ေပါ့၊ အဲ့ေတာ့ Citrus Acid ပါတာေပါ့။ အက္စစ္ဆိုတာ ဘာျဖစ္လဲဆိုေတာ့ ေလာင္တာေပါ့။

သံပုရာသီး မ်က္ႏွာေပၚတင္တာ အသားျဖဴမွာေပါ့၊ Chemical Burn နဲ႔ ေလာင္သြားတဲ့ဟာကို။ ဘဝက သံပုရာသီးေပးရင္ ေဖ်ာ္ရည္ပဲ လုပ္ေသာက္ပါေနာ္၊ မ်က္ႏွာေပၚေတာ့ မတင္လိုက္ပါနဲ႔။

အသီးေတြ မ်က္ႏွာေပၚတင္ရတာ ဝါသနာပါရင္ ပိုေတးတိုးနဲ႔ တိုမွတို တင္လို႔ရတယ္ေနာ္။ တကယ္လည္းအသားျဖဴေစပါတယ္။

၅။ သြားတိုက္ေဆး

နာမည္ကိုၾကည့္ေလ “သြားတိုက္ေဆး” တဲ့ မ်က္ႏွာတိုက္ေဆးမွ မဟုတ္တာ။ တခ်ိဳ႕ဝက္ၿခံသမားေတြ သြားတိုက္ေဆး တစ္ေတာင့္နဲ႔ လက္ကျမင္းေနၾကတာ မင္မင္ျဖင့္ အသဲယားလိုက္တာ။

သြားတိုက္ေဆးသြားလိမ္းရင္ Chemical Burn နဲ႔ ေလာင္ပါတယ္၊ ပိုးလည္း ဝင္ပါတယ္။ စဥ္းစားၾကည့္ေပါ့ သြားတိုက္ၿပီးတာေတာင္ ပလုတ္က်င္းရတာ၊ မ်က္ႏွာေပၚ အၾကာႀကီး သြားထားေတာ့ ေလာင္ကုန္မွာေပ့ါလို႔။

ဒါကေတာ့ မ်က္ႏွာေပၚ မတင္ရမယ့္ ပစၥည္း ၅ မ်ိဳးပါ။

unicode..

၁။ ခန္ဓာကိုယ်လိမ်းတဲ့ Body Lotion

ဘာလို့ ထိပ်ဆုံးတင်ထားလဲလို့ မေးရင် လူတွေ အလုပ်များဆုံး အရာမို့လို့ပါပဲ။ မျက်နှာလိမ်းစရာ ကုန်သွားတဲ့အခါ မျက်နှာပြောင်ကြီး မနေတတ်တဲ့ သူတွေက လိုးရှင်းတွေ လိမ်းတတ်ကြပါတယ်။

လိုးရှင်းတွေနဲ့ မျက်နှာလိမ်း Cosmetic တွေရဲ့ မတူတဲ့အချက်က လိုးရှင်းတွေဟာ ပြစ်နှစ်တယ်၊ အဆီ များတယ်၊ အနံ့ ပြင်းပါတယ်။ အဲဒါတွေကြောင့်ပဲ ချွေးပေါက်ပိတ်ပြီး ဝက်ခြံထွက်တာတွေနဲ့ ဓာတ်မတည့်ခြင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

၂။ သကြား

သကြားဆိုရင် တချို့လူတွေ တန်းပြေး မြင်မိကြမှာပေါ့။ “ဘာတဲ့လဲ ပရိတ်သတ်ကြီး၊ Scrub ပါဘုရား” သကြားဆိုတာ မင်မင်တို့ ဝယ်သုံးနေတဲ့ Cosmetic Scrub နဲ့ တခြားစီပါ။ အရမ်း ကြမ်းပါတယ်။

မျက်နှာကို ကော်ပတ် စားသလိုပါပဲ၊ မမြင်နိုင်တဲ့ စုတ်ပြဲဒဏ်ရာ သေးသေးလေးတွေ အများကြီး ဖြစ်သွားစေနိုင်ပါတယ်။ ကြာလာရင် အဆီမပြန်တဲ့ သူတောင် အဆီပြန်တဲ့အကျင့် ဖြစ်လာပါလိမ့်မယ်။

၃။ ရေပူ၊ ရေနွေး

မျက်နှာကို ရေနွေးနဲ့ သွားမသစ်နဲ့နော်။ မျက်နှာ ခြောက်ကပ် ကုန်လိမ့်မယ်။ ရေကြက်သီးနွေးလေးနဲ့ မျက်နှာ သစ်ခိုင်းတာ။

ကြက်သီးနွေးဆိုတာ သာမန်ရေထက် နည်းနည်းပဲ နွေးတဲ့ဟာနော်။ ပြီးတော့မျက်နှာကို ရေနွေးငွေ့ ရိုက်လို့လည်းရပါတယ်။ ရေနွေး၊ ရေပူနဲ့သာ မသစ်ကြပါနဲ့။ Common Sense ရှိကြပါ။

၄။ သံပုရာသီး

သံပုရာသီးသခင်မတွေ ရှိတာပေါ့နော်။ ငယ်ငယ်တုန်းက ကျောင်းမှသင်ရတာ ပြန်စဉ်းစားကြည့်ရအောင်။ သံပုရာသီးက Citrus Fruit ပေါ့၊ အဲ့တော့ Citrus Acid ပါတာပေါ့။ အက်စစ်ဆိုတာ ဘာဖြစ်လဲဆိုတော့ လောင်တာပေါ့။

သံပုရာသီး မျက်နှာပေါ်တင်တာ အသားဖြူမှာပေါ့၊ Chemical Burn နဲ့ လောင်သွားတဲ့ဟာကို။ ဘဝက သံပုရာသီးပေးရင် ဖျော်ရည်ပဲ လုပ်သောက်ပါနော်၊ မျက်နှာပေါ်တော့ မတင်လိုက်ပါနဲ့။

အသီးတွေ မျက်နှာပေါ်တင်ရတာ ဝါသနာပါရင် ပိုတေးတိုးနဲ့ တိုမှတို တင်လို့ရတယ်နော်။ တကယ်လည်းအသားဖြူစေပါတယ်။

၅။ သွားတိုက်ဆေး

နာမည်ကိုကြည့်လေ “သွားတိုက်ဆေး” တဲ့ မျက်နှာတိုက်ဆေးမှ မဟုတ်တာ။ တချို့ဝက်ခြံသမားတွေ သွားတိုက်ဆေး တစ်တောင့်နဲ့ လက်ကမြင်းနေကြတာ မင်မင်ဖြင့် အသဲယားလိုက်တာ။

သွားတိုက်ဆေးသွားလိမ်းရင် Chemical Burn နဲ့ လောင်ပါတယ်၊ ပိုးလည်း ဝင်ပါတယ်။ စဉ်းစားကြည့်ပေါ့ သွားတိုက်ပြီးတာတောင် ပလုတ်ကျင်းရတာ၊ မျက်နှာပေါ် အကြာကြီး သွားထားတော့ လောင်ကုန်မှာပေ့ါလို့။

ဒါကတော့ မျက်နှာပေါ် မတင်ရမယ့် ပစ္စည်း ၅ မျိုးပါ။