ခ်စ္သူေကာင္ေလးတစ္ေယာက္ကို အပိုင္ခ်ဳပ္ကိုင္ထားႏိုင္မယ့္ နည္းလမ္းမ်ား…

ခ်စ္သူေကာင္ေလးတစ္ေယာက္ကို အပိုင္ခ်ဳပ္ကိုင္ထားႏိုင္မယ့္ နည္းလမ္းမ်ား…

ခ်စ္သူရည္းစားေတြရဲ႕ဘဝ မွာအေရးၾကီးဆံုး အခ်က္ကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ အျပည့္အဝနားလည္ျပီး သစၥာရွိဖို႔ပဲ ျဖစ္ပါတယ္ …။

မိန္းကေလးေတြအေနနဲ႔ အေရးၾကီးဆံုးထဲက တစ္ခုကေတာ့ ခ်စ္သူရဲ႕ စိတ္ေတြကို အျပည့္အဝ ခ်ဳပ္ကုိင္ထားႏိုင္ဖို႔ပဲျဖစ္ပါတယ္။ ေယာက်္ားေလးေတြက ထိန္းခ်ဳပ္တာေတြ၊ ခ်ဳပ္ခ်ယ္တာေတြ မၾကိဳက္တဲ့အတြက္ မသိသာတဲ့ နည္းေလးနဲ႔ ဘယ္လိုခ်ဳပ္ကုိင္ရမလဲဆိုတာကို ေျပာျပေပးပါမယ္ေနာ္ …။

(၁) အရမ္းမခ်ီးက်ဴးပါနဲ႕”

ေယာက်္ားေလးေတြကို မလုိအပ္ပဲ အရမး္ မခ်ီးက်ဴးပါနဲ႔။ မဟုတ္ရင္သူတို႔က သူတို႔ကုိသူတို႔ ဟုတ္လွျပီထင္ျပီး အရမ္းေတြ ဘဝင္ေလဟပ္သြားတတ္လို႕ပါ …။

အဲ႔ဒါေၾကာင့္ သူတို႔ တစ္ခုခုလုပ္ရင္လညး္ မဆိုးပါဘူး၊ ေကာင္းပါတယ္ ေလာက္ပဲေျပာပါ။ ေနာက္ဆက္တြဲ ေျမွာက္ပင့္ေျပာဆိုတာေတြ အရမး္မလုပ္ပါနဲ႔ …။

(၂) ေျပာင္းလဲသြားတဲ့အက်င့္ေတြကို ခ်ီးမြမ္းေပးပါ”

ဥပမာ သူလုပ္ေလ့မရွိတဲ့အရာတစ္ခုုခုျဖစ္တဲ့ အိမ္သာေဆးတာမ်ိဳး၊ အိမ္ရွင္းတာမ်ိဳး၊ ထမင္းဟင္းခ်က္တာမ်ိဳး တစ္ခုခုလုပ္တဲ့အခါ သူ႕ကုိခ်ီးက်ဴးေပးပါ။ ျပီးရင္လက္ေဆာင္ အေနနဲ႔ တစ္ခုခုသူ႔ကို ေပးပါ …။

ဖက္တာ၊ နမ္းတာမ်ိဳးလညး္ ရပါတယ္။ အဓိကကေတာ့ သူ႔ရဲ႕ ေျပာင္းလဲလာတဲ့ ေကာင္းျခင္းေတြကို သင္ေက်နပ္တယ္၊ ပီတိျဖစ္တယ္ဆိုတာ သူ႔ကိုျမင္ေစပါ …။

(၃) ညင္ညင္သာသာ ေျပာပါ”

သင့္ရဲ႕လက္နက္ဟာ ခ်ိဳခ်ိဳသာသာ၊ ညင္ညင္သာသာ ေျပာဆိုျခင္းပဲျဖစ္ေနပါေစ။ အေၾကာင္းကေတာ့ ေယာက်္ားေတြဟာ နားပူတာမခံႏိုင္သလို အေခ်ာ႔လညး္ အင္မတန္ၾကိဳက္ၾကပါတယ္ …။

ဒါေၾကာင့္ သူတို႔ကုိ သြားေဟာက္တာ၊ ဆူပူမာန္မဲတာေတြ မလုပ္ပါနဲ႔။ သင္အရမး္ေဒါသထြက္ရင္လညး္ ခ်ိဳခ်ိဳသာသာေလးနဲ႔ ထိထိမိမိေလး ေျပာဆိုတတ္ေအာင္ ေလ့က်င့္ပါ …။

(၄) အျပစ္ေပးဖို႔ ဝန္မေလးနဲ႔”

သူအမွားလုပ္တဲ့အခါေတြ ဒါမွမဟုတ္ သူမလုပ္သင့္တဲ့အရာတစ္ခုုခုကို လုပ္တဲ့အခါေတြမွာ သူ႔ကို အျပစ္ေပးဖို႔ ဘယ္ေတာ့မွ ဝန္မေလးပါနဲ႔။ သူ႔ကို ပစ္ထားလိုက္တာ၊ ဖုန္းမကိုင္တာ၊ အဆက္အသြယ္ျဖတ္တာမ်ိဳးလုပ္ပါ။ သူ႔အျပစ္သူသိျပီး ေနာက္တစ္ခါဆင္ျခင္ဖုိ႔ သိသြားပါလိမ့္မယ္။ ဒီလိုမဟုတ္ပဲ သူ႔ကို သင္ခဏခဏ ခြင့္လႊတ္ျပီး အျပစ္မယူရင္ေတာ့ သင့္ကိုအျမဲအႏိုင္ယူသြားမွာပဲ ျဖစ္ပါတယ္ …။

(၅) သင့္အစြမ္းကို ျပပါ”

သင့္မွာရွိတဲ့ ကိုယ္စြမး္ကိုယ္စကို သူ႔ကိုျမင္ေစပါ။ သင့္မွာ အရည္အခ်င္းရွိတယ္၊ အဲ့ဒါကိုလည္း ေကာင္းေကာင္း အသံုးခ်ႏိုင္ေၾကာင္း သူ႔ကိုျပပါ။ အေၾကာင္းကေတာ့ ေယာက်္ားေလးေတြဟာလည္း အရည္မရွိတဲ့ မိန္းကေလးထက္ သူတို႔ကို အစစအရာရာ အကူအညီေပးႏိုင္တဲ့ အရည္အခ်င္းရွိတဲ့ မိန္းကေလးမ်ိဳးကိုပဲ လိုခ်င္ၾကတာပါ …။

အဲ႔ဒါေၾကာင့္ သင့္မွာ ရွိတဲ့အရည္အခ်င္းကို ေကာင္းေကာင္းထုတ္ျပလုိက္ပါ။ ဒါဆိုရင္ သင့္ကုိသူ အလိုလို ေလးစားျပီးသားျဖစ္ေနမွာပါေနာ္ …။ ။

AM

==========

Unicode Version ဖြင့်ဖတ်ရန်

ချစ်သူကောင်လေးတစ်ယောက်ကို အပိုင်ချုပ်ကိုင်ထားနိုင်မယ့် နည်းလမ်းများ…

ချစ်သူရည်းစားတွေရဲ့ဘဝ မှာအရေးကြီးဆုံး အချက်ကတော့ တစ်ယောက်နဲ့တစ်ယောက် အပြည့်အဝနားလည်ပြီး သစ္စာရှိဖို့ပဲ ဖြစ်ပါတယ် …။

မိန်းကလေးတွေအနေနဲ့ အရေးကြီးဆုံးထဲက တစ်ခုကတော့ ချစ်သူရဲ့ စိတ်တွေကို အပြည့်အဝ ချုပ်ကိုင်ထားနိုင်ဖို့ပဲဖြစ်ပါတယ်။ ယောက်ျားလေးတွေက ထိန်းချုပ်တာတွေ၊ ချုပ်ချယ်တာတွေ မကြိုက်တဲ့အတွက် မသိသာတဲ့ နည်းလေးနဲ့ ဘယ်လိုချုပ်ကိုင်ရမလဲဆိုတာကို ပြောပြပေးပါမယ်နော် …။

(၁) အရမ်းမချီးကျူးပါနဲ့”

ယောက်ျားလေးတွေကို မလိုအပ်ပဲ အရမး် မချီးကျူးပါနဲ့။ မဟုတ်ရင်သူတို့က သူတို့ကိုသူတို့ ဟုတ်လှပြီထင်ပြီး အရမ်းတွေ ဘဝင်လေဟပ်သွားတတ်လို့ပါ …။

အဲ့ဒါကြောင့် သူတို့ တစ်ခုခုလုပ်ရင်လညး် မဆိုးပါဘူး၊ ကောင်းပါတယ် လောက်ပဲပြောပါ။ နောက်ဆက်တွဲ မြှောက်ပင့်ပြောဆိုတာတွေ အရမး်မလုပ်ပါနဲ့ …။

(၂) ပြောင်းလဲသွားတဲ့အကျင့်တွေကို ချီးမွမ်းပေးပါ”

ဥပမာ သူလုပ်လေ့မရှိတဲ့အရာတစ်ခုခုဖြစ်တဲ့ အိမ်သာဆေးတာမျိုး၊ အိမ်ရှင်းတာမျိုး၊ ထမင်းဟင်းချက်တာမျိုး တစ်ခုခုလုပ်တဲ့အခါ သူ့ကိုချီးကျူးပေးပါ။ ပြီးရင်လက်ဆောင် အနေနဲ့ တစ်ခုခုသူ့ကို ပေးပါ …။

ဖက်တာ၊ နမ်းတာမျိုးလညး် ရပါတယ်။ အဓိကကတော့ သူ့ရဲ့ ပြောင်းလဲလာတဲ့ ကောင်းခြင်းတွေကို သင်ကျေနပ်တယ်၊ ပီတိဖြစ်တယ်ဆိုတာ သူ့ကိုမြင်စေပါ …။

(၃) ညင်ညင်သာသာ ပြောပါ”

သင့်ရဲ့လက်နက်ဟာ ချိုချိုသာသာ၊ ညင်ညင်သာသာ ပြောဆိုခြင်းပဲဖြစ်နေပါစေ။ အကြောင်းကတော့ ယောက်ျားတွေဟာ နားပူတာမခံနိုင်သလို အချော့လညး် အင်မတန်ကြိုက်ကြပါတယ် …။

ဒါကြောင့် သူတို့ကို သွားဟောက်တာ၊ ဆူပူမာန်မဲတာတွေ မလုပ်ပါနဲ့။ သင်အရမး်ဒေါသထွက်ရင်လညး် ချိုချိုသာသာလေးနဲ့ ထိထိမိမိလေး ပြောဆိုတတ်အောင် လေ့ကျင့်ပါ …။

(၄) အပြစ်ပေးဖို့ ဝန်မလေးနဲ့”

သူအမှားလုပ်တဲ့အခါတွေ ဒါမှမဟုတ် သူမလုပ်သင့်တဲ့အရာတစ်ခုခုကို လုပ်တဲ့အခါတွေမှာ သူ့ကို အပြစ်ပေးဖို့ ဘယ်တော့မှ ဝန်မလေးပါနဲ့။ သူ့ကို ပစ်ထားလိုက်တာ၊ ဖုန်းမကိုင်တာ၊ အဆက်အသွယ်ဖြတ်တာမျိုးလုပ်ပါ။ သူ့အပြစ်သူသိပြီး နောက်တစ်ခါဆင်ခြင်ဖို့ သိသွားပါလိမ့်မယ်။ ဒီလိုမဟုတ်ပဲ သူ့ကို သင်ခဏခဏ ခွင့်လွှတ်ပြီး အပြစ်မယူရင်တော့ သင့်ကိုအမြဲအနိုင်ယူသွားမှာပဲ ဖြစ်ပါတယ် …။

(၅) သင့်အစွမ်းကို ပြပါ”

သင့်မှာရှိတဲ့ ကိုယ်စွမး်ကိုယ်စကို သူ့ကိုမြင်စေပါ။ သင့်မှာ အရည်အချင်းရှိတယ်၊ အဲ့ဒါကိုလည်း ကောင်းကောင်း အသုံးချနိုင်ကြောင်း သူ့ကိုပြပါ။ အကြောင်းကတော့ ယောက်ျားလေးတွေဟာလည်း အရည်မရှိတဲ့ မိန်းကလေးထက် သူတို့ကို အစစအရာရာ အကူအညီပေးနိုင်တဲ့ အရည်အချင်းရှိတဲ့ မိန်းကလေးမျိုးကိုပဲ လိုချင်ကြတာပါ …။

အဲ့ဒါကြောင့် သင့်မှာ ရှိတဲ့အရည်အချင်းကို ကောင်းကောင်းထုတ်ပြလိုက်ပါ။ ဒါဆိုရင် သင့်ကိုသူ အလိုလို လေးစားပြီးသားဖြစ်နေမှာပါနော် …။ ။

AM

==========