အ႐ြယ္မတိုင္မီ ဆံပင္ျဖဴျခင္းကိုေလ်ာ့ပါးသက္သာေစမယ့္ နည္းလမ္းေကာင္း(၃)ခု…

အ႐ြယ္မတိုင္မီ ဆံပင္ျဖဴျခင္းကိုေလ်ာ့ပါးသက္သာေစမယ့္ နည္းလမ္းေကာင္း(၃)ခု…

အ႐ြယ္မတိုင္ခင္ ဆံပင္ျဖဴျခင္း ဟာ အခုေနာက္ပိုင္း လူငယ္ေတြမွာ ေတြ႕ရမ်ားလာတဲ့ ျပႆနာတခု ျဖစ္ၿပီး ဒါဟာမ်ိဳး႐ိုးဗီဇနဲ႔ သက္ဆိုင္သလို က်န္းမာေရးျပႆနာေတြေၾကာင့္လည္း ျဖစ္တတ္ပါတယ္ …။

ေဆးလိပ္ေသာက္တတ္သူေတြနဲ႔ ခုခံအားစနစ္ ခ်ိဳ႕ယြင္းမႈ က်န္းမာေရး ျပႆနာေတြေၾကာင့္လည္း အ႐ြယ္မတိုင္မီ ဆံပင္ျဖဴတတ္ၾကၿပီး ဒါကို အေကာင္းဆုံးေျဖရွင္းေပးႏိုင္မယ့္ သဘာဝ နည္းလမ္းေလးေတြကို ျပန္လည္ မွ်ေဝေပးလိုက္ပါတယ္ေနာ္ …။

(၁) ၾကက္သြန္နီ”

ၾကက္သြန္နီဟာ ဆံပင္ကြၽတ္ျခင္းနဲ႔ ဆံပင္ျဖဴျခင္းေတြအတြက္ အထိေရာက္ဆုံး သဘာဝပစၥည္းတမ်ိဳး ျဖစ္ပါတယ္ …။

ၾကက္သြန္နီကို ႀကိတ္ေခ်ထားတဲ့ ၾကက္သြန္နီအရည္ကို ေခါင္းမေလွ်ာ္ခင္ နာရီဝက္ေလာက္အလိုမွာ ဆံသားအႏွံ႔လိမ္းက်ံေပးၿပီးမွ ေခါင္းေလွ်ာ္ေပးျခင္းအားျဖင့္ ဆံပင္ျဖဴေတြ ထပ္မံတိုးပြားမလာေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ ၾကက္သြန္နီအနံ႔ေၾကာင့္ ေခါင္းေလွ်ာ္တဲ့အခါမွာေတာ့ စင္ၾကယ္စြာ ေလွ်ာ္ေပးဖို႔ေတာ႔ လိုပါတယ္ …။

(၂) အုန္းဆီနဲ႔ သံပုရာရည္”

အုန္းဆီထဲကို သံပုရာရည္ အနည္းငယ္ ေရာစပ္ၿပီး ဦးေရျပားနဲ႔ ဆံသားအႏွံကို လိမ္းက်ံႏွိပ္နယ္ေပးၿပီး မိနစ္ ၃၀ ခန႔္ထားၿပီးမွ ေခါင္းေလွ်ာ္ေပးပါ။ သံပုရာရည္မွာပါဝင္တဲ့ ဗီတာမင္ဘီ၊ ဗီတာမင္စီနဲ႔ အုန္းဆီမွာ ပါဝင္တဲ့ သတၱဳဓာတ္ေတြဟာ ဆံပင္ျဖဴျခင္းျဖစ္စဥ္ကို ေလွ်ာ့ခ်ကာကြယ္ေပးႏိုင္မွာပဲ ျဖစ္ပါတယ္ …။

(၃) ႏွမ္းဆီ”

ႏွမ္းဆီ လက္ဖက္ရည္ဇြန္း ၃ ဇြန္းခန႔္နဲ႔ အုန္းဆီ လက္ဖက္ရည္ဇြန္း ၃ ဇြန္းတို႔ကို ေရာစပ္ကာ အနည္းငယ္ အပူေပးၿပီးမွ ဦးေရျပားနဲ႔ ဆံပင္ေတြကို လိမ္းက်ံေပးၿပီး ၄၅ မိနစ္ခန႔္ထားေပးပါ။ ၿပီးရင္ေတာ့ ေခါင္းေလွ်ာ္ရည္နဲ႔ စင္ၾကယ္ေအာင္ ေလွ်ာ္ေပးရမွာပါ …။

အုန္းဆီမွာ ပါဝင္တဲ့ Fatty အက္ဆစ္ဟာ ဆံသားကို အရင္းကေန အဖ်ားအထိ နက္ေမွာင္သန္စြမ္းေစၿပီး ႏွမ္းဆီဟာဆိုရင္ ဆံပင္ျဖဴျခင္းကို တားဆီးေပးတဲ့ melanocyte ထုတ္လုပ္မႈကို အားေကာင္းေစတာေၾကာင့္ အ႐ြယ္ မတိုင္ခင္ ဆံပင္ျဖဴျခင္းကို ေလ်ာ့ပါးသက္သာေစပါတယ္ေနာ္ …။ ။

Source : phothutaw

Unicode Version ဖြင့်ဖတ်ရန်

အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းကိုလျော့ပါးသက်သာစေမယ့် နည်းလမ်းကောင်း(၃)ခု…

အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်း ဟာ အခုနောက်ပိုင်း လူငယ်တွေမှာ တွေ့ရများလာတဲ့ ပြဿနာတခု ဖြစ်ပြီး ဒါဟာမျိုးရိုးဗီဇနဲ့ သက်ဆိုင်သလို ကျန်းမာရေးပြဿနာတွေကြောင့်လည်း ဖြစ်တတ်ပါတယ် …။

ဆေးလိပ်သောက်တတ်သူတွေနဲ့ ခုခံအားစနစ် ချို့ယွင်းမှု ကျန်းမာရေး ပြဿနာတွေကြောင့်လည်း အရွယ်မတိုင်မီ ဆံပင်ဖြူတတ်ကြပြီး ဒါကို အကောင်းဆုံးဖြေရှင်းပေးနိုင်မယ့် သဘာဝ နည်းလမ်းလေးတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်နော် …။

(၁) ကြက်သွန်နီ”

ကြက်သွန်နီဟာ ဆံပင်ကျွတ်ခြင်းနဲ့ ဆံပင်ဖြူခြင်းတွေအတွက် အထိရောက်ဆုံး သဘာဝပစ္စည်းတမျိုး ဖြစ်ပါတယ် …။

ကြက်သွန်နီကို ကြိတ်ချေထားတဲ့ ကြက်သွန်နီအရည်ကို ခေါင်းမလျှော်ခင် နာရီဝက်လောက်အလိုမှာ ဆံသားအနှံ့လိမ်းကျံပေးပြီးမှ ခေါင်းလျှော်ပေးခြင်းအားဖြင့် ဆံပင်ဖြူတွေ ထပ်မံတိုးပွားမလာအောင် ကာကွယ်ပေးနိုင်ပါတယ်။ ကြက်သွန်နီအနံ့ကြောင့် ခေါင်းလျှော်တဲ့အခါမှာတော့ စင်ကြယ်စွာ လျှော်ပေးဖို့တော့ လိုပါတယ် …။

(၂) အုန်းဆီနဲ့ သံပုရာရည်”

အုန်းဆီထဲကို သံပုရာရည် အနည်းငယ် ရောစပ်ပြီး ဦးရေပြားနဲ့ ဆံသားအနှံကို လိမ်းကျံနှိပ်နယ်ပေးပြီး မိနစ် ၃၀ ခန့်ထားပြီးမှ ခေါင်းလျှော်ပေးပါ။ သံပုရာရည်မှာပါဝင်တဲ့ ဗီတာမင်ဘီ၊ ဗီတာမင်စီနဲ့ အုန်းဆီမှာ ပါဝင်တဲ့ သတ္တုဓာတ်တွေဟာ ဆံပင်ဖြူခြင်းဖြစ်စဉ်ကို လျှော့ချကာကွယ်ပေးနိုင်မှာပဲ ဖြစ်ပါတယ် …။

(၃) နှမ်းဆီ”

နှမ်းဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်းခန့်နဲ့ အုန်းဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်းတို့ကို ရောစပ်ကာ အနည်းငယ် အပူပေးပြီးမှ ဦးရေပြားနဲ့ ဆံပင်တွေကို လိမ်းကျံပေးပြီး ၄၅ မိနစ်ခန့်ထားပေးပါ။ ပြီးရင်တော့ ခေါင်းလျှော်ရည်နဲ့ စင်ကြယ်အောင် လျှော်ပေးရမှာပါ …။

အုန်းဆီမှာ ပါဝင်တဲ့ Fatty အက်ဆစ်ဟာ ဆံသားကို အရင်းကနေ အဖျားအထိ နက်မှောင်သန်စွမ်းစေပြီး နှမ်းဆီဟာဆိုရင် ဆံပင်ဖြူခြင်းကို တားဆီးပေးတဲ့ melanocyte ထုတ်လုပ်မှုကို အားကောင်းစေတာကြောင့် အရွယ် မတိုင်ခင် ဆံပင်ဖြူခြင်းကို လျော့ပါးသက်သာစေပါတယ်နော် …။ ။

Source : phothutaw