အနာအဆာပါတိုင်း တန်ဖိုးမဲ့တယ်ဆိုရင်( ဖတ်ကြည့်ပါ အရမ်းကောင်းတယ် )

အနာအဆာပါတိုင္း တန္ဖိုးမဲ့တယ္ဆိုရင္( ဖတ္ၾကည့္ပါ အရမ္းေကာင္းတယ္ )

အနာအဆာပါတိုင္း တန္ဖိုးမဲ့တယ္ဆိုရင္

ဆန္ထဲ ႂကြက္ေခ်းပါလာရင္ဆန္အကုန္လုံးကို

သြန္ပစ္မယ့္အစား ႂကြက္ေခ်းကို

ဖယ္စားသင့္တယ္အနာပါတဲ့

ငွက္ေပ်ာသီးတစ္လုံးက

ဆာေလာင္ငတ္မြတ္ေနသူအဖို႔ကေတာ့

အနာဖယ္ပီးစားတတ္ရင္ အာဟာရျဖစ္မယ္။

ထို႔အတူပါပဲ လူ႔ေလာကမွာ

လူလူခ်င္းေပါင္းသင္းဆက္ဆံေရးမွာအားနည္းခ်က္ရွိသူ

အခ်င္းခ်င္း အျပစ္အနာအဆာေတြကို

အျပန္အလွန္ေဖးမတည့္မတ္ရင္း

အနာအဆာကိုဖယ္ပီးေပါင္းသင္းတတ္သြားရင္

အျမင္က်ယ္ပီး ရင့္က်က္တဲ့ လူေတြျဖစ္လာမွာပါ။

အျမင္မတူေပမယ့္ ႏွလုံးသားတူရင္

ေသြးမေတာ္သားမစပ္

သူစိမ္းေတြေတာင္လင္ႏွင့္မယားဆိုတာ

ျဖစ္လာၾကေသးတာပါပဲ။

ေလာကမွာ တူညီတဲ့အရာေတြပဲ

တစ္သားတည္းျဖစ္ေအာင္

ေပါင္းစည္းလို႔ရေနတာ မဟုတ္ပါဘူး

ဆန္႔က်င္ဘက္ မတူညီတဲ့ အရာေတြကို

ခြဲမရေအာင္ေပါင္းစည္းထားတာေတြ

အမ်ားႀကီးရွိေနပါတယ္။

အျမင္မတူတိုင္း ၊ ခံစားခ်က္မတူတိုင္း ၊

လိင္မတူတိုင္း ၊ခံယူခ်က္မတူတိုင္း

ရန္သူျဖစ္မသြားပါဘူး

အဓိက လိုအပ္ေနတာက

အတၱနည္းပီး ကိုယ္ခ်င္းစာစိတ္ရွိရင္

ကမၻာႀကီးက ရြာႀကီးပါပဲ။

Credit

unicode..

အနာအဆာပါတိုင်း တန်ဖိုးမဲ့တယ်ဆိုရင်( ဖတ်ကြည့်ပါ အရမ်းကောင်းတယ် )

အနာအဆာပါတိုင်း တန်ဖိုးမဲ့တယ်ဆိုရင်

ဆန်ထဲ ကြွက်ချေးပါလာရင်ဆန်အကုန်လုံးကို

သွန်ပစ်မယ့်အစား ကြွက်ချေးကို

ဖယ်စားသင့်တယ်အနာပါတဲ့

ငှက်ပျောသီးတစ်လုံးက

ဆာလောင်ငတ်မွတ်နေသူအဖို့ကတော့

အနာဖယ်ပီးစားတတ်ရင် အာဟာရဖြစ်မယ်။

ထို့အတူပါပဲ လူ့လောကမှာ

လူလူချင်းပေါင်းသင်းဆက်ဆံရေးမှာအားနည်းချက်ရှိသူ

အချင်းချင်း အပြစ်အနာအဆာတွေကို

အပြန်အလှန်ဖေးမတည့်မတ်ရင်း

အနာအဆာကိုဖယ်ပီးပေါင်းသင်းတတ်သွားရင်

အမြင်ကျယ်ပီး ရင့်ကျက်တဲ့ လူတွေဖြစ်လာမှာပါ။

အမြင်မတူပေမယ့် နှလုံးသားတူရင်

သွေးမတော်သားမစပ်

သူစိမ်းတွေတောင်လင်နှင့်မယားဆိုတာ

ဖြစ်လာကြသေးတာပါပဲ။

လောကမှာ တူညီတဲ့အရာတွေပဲ

တစ်သားတည်းဖြစ်အောင်

ပေါင်းစည်းလို့ရနေတာ မဟုတ်ပါဘူး

ဆန့်ကျင်ဘက် မတူညီတဲ့ အရာတွေကို

ခွဲမရအောင်ပေါင်းစည်းထားတာတွေ

အများကြီးရှိနေပါတယ်။

အမြင်မတူတိုင်း ၊ ခံစားချက်မတူတိုင်း ၊

လိင်မတူတိုင်း ၊ခံယူချက်မတူတိုင်း

ရန်သူဖြစ်မသွားပါဘူး

အဓိက လိုအပ်နေတာက

အတ္တနည်းပီး ကိုယ်ချင်းစာစိတ်ရှိရင်

ကမ္ဘာကြီးက ရွာကြီးပါပဲ။

Credit