ဒီ ဝဋ်ကြွေး ၁၉ ချက်အကြောင်းကို သိထားတဲ့သူတွေတိုင်း အကုသိုလ်အလုပ်ကို တော်တော်ကြောက်သွားပါလိမ့်မယ်.
ဝဋ်ကြွေး ၁၉ချက်အကြောင်းသိကောင်းစရာများကို….
၎. ဒီဘဝမှာ ကိုယ်ပိုင်တိုက်ကြီး ခြံကြီးများနှင့် နေနိုင်ခြင်းဟာအရင်ဘဝက ဒါနကောင်းမှုအစုစုနှင့် ပေးသင့်ပေးထိုက်တဲ့နေရာတွေမှာ အကူအညီ ဆန်စသည့် ပစ္စည်းဝတ္ထု အလှုပေးခြင်းကြောင့် ဖြစ်သည်။
unicode..
(ဗုဒ္ဓဘာသာဝင်တို့ဖတ်သင့်တဲ့ဗဟုသုတလေးပါ)
၁. ဒီဘဝမှာ လက်ဝတ်ရတနာများ နှင့် အဝတ်ကောင်းများဝတ်ဆင်နိုင်ခြင်းဟာ အရင်ဘဝက သင်ဟာ သံဃာတော်များအား သင်္ကန်းကပ်လှု ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။
၂. ဘာလို့ ဒီဘဝမှာ အစားအသောက်ကောင်းများဖြင့် နေရပါသလဲဆိုတော့ အရင်ဘဝက ဆွမ်းလှူ ခြင်း၊ မရှိဆင်းရဲသားတွေကို ပေးကမ်းလှုဒါန်းခြင်းကြောင့် ဖြစ်သည်။
၃. ဘာဖြစ်လို့ ဒီဘဝမှာ ဆင်းရဲပြီး အဝတ်ကောင်းတွေ မဝတ်နိုင်ရသလဲဆိုတော့ အရင်ဘဝက နှမြောတွန့်တိုခြင်း၊မစ ္ဆရိယစိတ်များ၍ ပေးကမ်းခြင်း လှူ ဒါန်းမှုမရှိခြင်း၊ အလှူ မလုပ်ခြင်းကြောင့် ဖြစ်သည်။
၄. ဒီဘဝမှာ ကိုယ်ပိုင်တိုက်ကြီး ခြံကြီးများနှင့် နေနိုင်ခြင်းဟာအရင်ဘဝက ဒါနကောင်းမှုအစုစုနှင့် ပေးသင့်ပေးထိုက်တဲ့နေရာတွေမှာ အကူအညီ ဆန်စသည့် ပစ္စည်းဝတ္ထု အလှုပေးခြင်းကြောင့် ဖြစ်သည်။
၅. ဘာလို့ ဒီဘဝမှာ တိုးတက်အောင်မြင်ပြီး ပျော်ရွှင်မှုတွေ ပိုင်ဆိုင်နေရသလဲဆိုတော့ အရင်ဘဝက သူတော်ကောင်းများနေထိုင်ရာ အဆောက်အဦးဆောက်ဖို့ ငွေလှုဒါန်းခြင်း၊ပစ္စည်းလေးပါးလှူ ဒါန်းခြင်းတို့ကြောင့် ဖြစ်သည်။
၆. ဘာလို့ ဒီဘဝမှာ သင်ဟာ လှပကျော့မော့နေရပါသလဲဆိုရင်တော့ အရင်ဘဝမှာ သင်ဟာ ဘုရားရွှေသင်္ကန်းကပ်ခြင်း၊သံဃာတော်များကိုသင်္ကန်းလှူ ဒါန်းဆပ်ကပ်ခြင်း၊မရှိတဲ့သူတွေကိုအဝတ်ပေးလှူ ခြင်း ၊ ဘုရားပန်းကပ်လှုခြင်းစသည်တို့ကြောင့် ဖြစ်သည်။
၇. ဘာလို့ ဒီဘဝမှာ ပညာရည်မြင့်မားနေရသလဲဆိုတော့ အရင်ဘဝမှာ ဘုရားတရားများနှင့်ပျော်မွေ့နေသူလည်း ဖြစ်သည်။ဆီမီးလှူ ဒါန်း၊ပညာဉာဏ်အလင်းရောင်ပေးလှူ ခြင်း၊ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းတို့ဖြစ်သည်။
၈. ဘာလို့ ဒီဘဝမှာ သင်က ချစ်ခင်သူပေါများပြီး သူငယ်ချင်းအခြွေအရံများနှင့် ပြည့်စုံနေရပါသလဲဆိုရင်တော့ အရင်ဘဝမှာ ကောင်းကျိုးများဖြင့်သာ ကူညီခဲ့ခြင်း၊သူတစ်ပါးချ စ်ခြင်းကိုမခွဲခဲ့ခြင်း၊သင့်မြတ်အောင်ပြောဆိုပေးခြင်းတို့ ကြောင့် ဖြစ်သည်။
၉. ဘာလို့ ဒီဘဝမှာ မိဆုံဖဆုံဖြင့် နေရသလဲဆိုရင်တော့ အရင်ဘဝမှာရိုသေလေးစားပြီး အကူညီပေးတတ်သူနှင့် ဘက်မလိုက်ခြင်း၊သူတစ်ပါးအသိုက်အမြုံ ကိုမဖျက်စီးခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။
၁၀. ဘာလို့ ဒီဘဝမှာ မိဘမဲ့ကလေးဖြစ်နေရသလဲဆိုတော့ အရင်ဘဝက ဌက်ပစ် ၊ ငါးမျှား ၊တိရိစ္ဆာန်တွေရဲ့အသိုက်အမြုံများကို ဖြို ချ ဖျက်စီးခဲ့ ခြင်းကြောင့် ဖြစ်သည်။
၁၁. ဘာလို့ ဒီဘဝမှာ သက်ရှည်ကျန်းမာနေရသလဲဆိုတော့ သူတစ်ပါးအသက်ကို မသတ်ခြင်း အရင်ဘဝမှာ ဌက်လွှတ်၊ ငါးလွှတ်၊နွား စသည့် သက်ရှိသတ္တဝါလေးတွေကို လွှတ်ပေးခြင်းကြောင့် ဖြစ်သည်။
၁၂. ဘာကြောင့် ဒီဘဝမှာ အသက်တိုရသလဲဆိုတော့ အရင်ဘဝကသူတစ်ပါး အသက်၊တိရိစ္ဆာန်များကို သတ်ဖြတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။
၁၃. ဒီဘဝမှာ ဘာလို့ သူတစ်ပါးရဲ့ အခိုင်းစေအဖြစ်နေရပါသလဲဆိုရင် အရင်ဘဝမှာ မရှိဆင်းရဲသားများကိုနှိမ်ထားခဲ့ခြင်းကြောင့် ဖြစ်သည်။
၁၄. ဘာ့ကြောင့် သင့်မျက်လုံးက ဒီဘဝမှာ လှပနေရသလဲဆိုတော့အရင်ဘဝက ဘုရားမှာ ဆီမီးပူဇော်ခဲ့ခြင်းကြောင့် ဖြစ်သည်။
၁၅. ဘာလို့ ဒီဘဝမှာ အသိပညာမဲ့ ၊ နားမကြား သူတစ်ယောက် ဖြစ်ရပါသလဲဆိုရင် အရင်ဘဝက ကျေးဇူးရှင် မိဘရှေ့တွင် ကြမ်းတမ်းစွာ ဆဲဆိုခဲ့ခြင်းကြောင့် ဖြစ်သည်။
၁၆. အဘယ့်ကြောင့် ဒီဘဝမှာ အဆိပ်နှင့်ပတ်သက်၍ သေရသလဲဆိုရင် အရင်ဘဝက စမ်းရေ ၊ သောက်သုံးရေများကို အဆိပ်ခတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။
၁၇. ဘာကြောင့် ဒီဘဝမှာ ဆွဲကြိုးချပြီး သေဆုံးရပါသလဲဆိုရင် အရင်ဘဝကသက်ရှိလူ၊ တိရိစ္ဆာန်များကို ထိုနည်းကဲ့သို့ ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။
၁၈. အကယ်၍ ဒီဘဝမှာသူတစ်ပါးအသက်ကို သတ်ဖြတ်ညှင်းဆဲတဲ့သူသည်၊နောင်ဘဝမှာတူသောအကျိုးကကိုယ့်ကိုတစ်ခါ အသတ်ခံရလိမ့်မည်။ ဘယ်တော့မှ မဆုံးနိုင်တဲ့ သံသရာဆက်ကွင်းဖြစ်ပါလိမ့်မည်။သံသရာလည်နေမည်။
၁၉. ဒီဘဝမှာ ဓမ္မမိတ်ဆွေတို့လည်း ဒီသံသရာအကြောင်းတွေ၊တရားအကြောင်းတွေ ဆက်ပြီးပြောပြသွားနိုင်မယ် ဆိုရင် နောက်ဘဝမှာ ကောင်းကြောင်းနဲ့ လူတွေရဲ့ ရိုသေလေးစားခြင်းကို ခံရပါလိမ့်မယ်။
(မူရင်းရေးသားသူအား credit ပေးပါသည်။)