ဘယ်လောက်ပဲ ချစ်ချစ်
ကျေအောင်ဆပ်ပြီး
မိန်းမသားတစ်ယောက်ဟာ
Unicode Version ဖြင့်ဖတ်ရန်
မိန်းမသားတွေ ထားသင့်တဲ့ မာနဆိုတာ…
ချစ်ပါတယ်ဆိုတဲ့ ခံစားချက်နဲ့
အရည်အချင်းမရှိတဲ့ ယောက်ျားကို လက်မတွဲသင့်ပါဘူး …။
အဆင်မပြေလို့ပါဆိုတဲ့ ခေါင်းစဉ်နဲ့
အဘိုးအရွယ်တွေကို မောင်မခေါ်ချင်ပါနဲ့ …။
ဘယ်လောက်ပဲ ချစ်ချစ်
အိမ်ထောင်တစ်ခု သာယာအောင် မဖန်တီးပေးနိုင်တဲ့
ယောက်ျားတစ်ယောက်ကိုလည်း မမက်မောမိပါစေနဲ့ …။
ချမ်းသာချင်တဲ့ စိတ်ကြောင့်
ငွေတွေနဲ့ ကိုယ့်ဘဝကို မရောင်းလိုက်ပါနဲ့ …။
ကိုယ့်ဒူးကိုယ်ချွန် ထက်မြက်တဲ့ မိန်းမဖြစ်အောင်
ကြိုးစားသင့်တာ မိန်းမသားတွေရဲ့ မာနပါ …။
မိန်းမသား တစ်ယောက်လောက်မှ
အရည်အချင်းမရှိတဲ့ ယောက်ျားကို မမက်မောတာဟာ
ငွေမက်လို့ ဂုဏ်မက်လို့ မဟုတ်ပါဘူး …။
မိန်းမသားတစ်ယောက်ရဲ့အရည်အချင်းတွေ ကျဆင်းစေလို့ပါ …။
အရည်အချင်းမရှိသူကိုလက်တွဲပြီး
ဘဝဖြတ်သန်းမယ့်အစား တက်စွမ်းသမျှ ခွန်အားနဲ့
တစ်ကိုယ်တည်း နေကြည့်လိုက်ပါ …။
အတိတ်က ကံက မျက်နှာသာမပေး ဝဋ်ကြွေးဆိုရင်တော့
ကျေအောင်ဆပ်ပြီး
ကျေသင့်ပြီထင်ရင် ရုန်းထွက်လိုက် သင့်ပါတယ် …။
အရည်အချင်းရှိတဲ့ ယောက်ျားကို
စာနာတက်တဲ့ယောက်ျားကို
စဉ်းစားရွေးချယ် သင့်တာ မဟုတ်ပါလား…
မိန်းမသားတစ်ယောက်ဟာ
အရည်အချင်းရှိအောင် ကြိုးစားခဲ့ရတာမို့
အရည်အချင်းရှိတဲ့ ယောက်ျားကိုမက်မောတာ
အပြစ်မဟုတ်ဘူးလို့ မြင်မိပါတယ် …။ ။
Credit – အကြည်တော် လုလင်