

ဘယ်လောက်ပဲ လွယ်လွယ်မချစ်တတ်တဲ့ မိန်းကလေးဖြစ်နေပါစေ၊ ယောကျာ်းလေးတစ်ယောက်ရဲ့ ဒီအချက်လေးတွေမှာ ကျရှုံးသွားတတ်ပါတယ် …။

ယောကျာ်းလေးတစ်ယောက်ရဲ့ ဒီအချက်လေးတွေက မိန်းကလေးတစ်ယောက်ကို မချစ်ပဲမနေနိုင်လောက်အောင် ဆွဲဆောင်အား ပြင်းလွန်းပါတယ် …။




သူနဲ့ အတူရှိနေရင် ပျော်ရွှင်မှုကို ခံစားရတဲ့ ကောင်လေးမျိုး၊ သူတို့စိတ်ညစ်နေတဲ့အချိန်မှာ ပြုံးရယ်လာအောင် ပြုလုပ်ပေးတဲ့ ယောကျာ်းလေးမျိုးကို ပိုတွယ်ငြိ မိတတ်ကြသူ တွေပါ …။

ဒါကြောင့်ပဲ မိန်းကလေးတွေက ပျော်ပျော်နေတတ်တဲ့ ယောကျာ်းလေးတွေကို ပိုရွေးချယ်တတ်ကြတာပဲ ဖြစ်ပါတယ် …။

(၂) ကြင်နာတတ်တဲ့သူ



ဒီတော့ သူတို့အပေါ် ဂရုစိုက်တတ်တဲ့ သူ၊ ကြင်နာဖေးမတတ်တဲ့ ယောကျာ်းလေးမျိုးဆီမှာ လွယ်လွယ်ကျရှုံးတတ်ကြတာ ဖြစ်ပါတယ် …။


မိန်းကလေးတွေ လွယ်လွယ် ရုန်းမထွက်နိုင်တဲ့ ယောကျာ်းလေးပုံစံက သူတို့ရဲ့ တန်ဖိုးကို သိလာအောင် လုပ်ပေးတတ်တဲ့ သူမျိုးပါ …။



ဒီလို ကိုယ့်ကိုယ်ကို ချစ်တတ်ပြီး တန်ဖိုးထားတတ်လာအောင် လုပ်ပေးတဲ့ ယောကျာ်းလေးမျိုးကို မိန်းကလေးတွေက ဘယ်လိုမှ မချစ်ပဲ မနေနိုင်ကြပါဘူးနော် …။


သူ့ဘေးနားရှိနေရင် ကိုယ့်ဆီမှာတောင် အကောင်းမြင်စိတ်လေးတွေဖုံးလွှမ်းသွားသလို ခံစားရတတ်တဲ့ ယောကျာ်းလေးမျိုး၊



ဒီလို ယောကျာ်းလေးမျိုးက မိန်းကလေးတစ်ယောက်ကို လွယ်လွယ်ကူကူပဲ ချစ်မိသွားစေတတ်ပါတယ် …။ ။

ခရက်ဒစ်

Unicode Version ဖြင့်ဖတ်ရန်

အရူးအမူးချစ်မိသွားအောင် ဆွဲဆောင်တတ်လွန်းတဲ့ ကောင်လေးတွေရဲ့ လျို့ဝှက်ချက်…

ဘယ်လောက်ပဲ လွယ်လွယ်မချစ်တတ်တဲ့ မိန်းကလေးဖြစ်နေပါစေ၊ ယောက်ျားလေးတစ်ယောက်ရဲ့ ဒီအချက်လေးတွေမှာ ကျရှုံးသွားတတ်ပါတယ် …။

ယောက်ျားလေးတစ်ယောက်ရဲ့ ဒီအချက်လေးတွေက မိန်းကလေးတစ်ယောက်ကို မချစ်ပဲမနေနိုင်လောက်အောင် ဆွဲဆောင်အား ပြင်းလွန်းပါတယ် …။

ကဲ ဘယ်လိုအချက်တွေက မိန်းကလေးတစ်ယောက်ကို မြန်မြန်ဆန်ဆန် အချစ်မှာ ပြိုလဲသွားစေလဲဆိုတာ ကြည့်လိုက်ရအောင်နော် …။

(၁) ဘဝထဲကို ပျော်ရွှင်ခြင်းတွေ ယူလာပေးတဲ့သူ

မိန်းကလေးတွေက သူတို့ရဲ့ ဘဝထဲကို ပျော်ရွှင်စရာတွေ ယူဆောင်လာပေးတတ်တဲ့ သူမျိုးကို ပိုပြီး သတိထားမိ တတ်ကြပါတယ် …။

သူနဲ့ အတူရှိနေရင် ပျော်ရွှင်မှုကို ခံစားရတဲ့ ကောင်လေးမျိုး၊ သူတို့စိတ်ညစ်နေတဲ့အချိန်မှာ ပြုံးရယ်လာအောင် ပြုလုပ်ပေးတဲ့ ယောက်ျားလေးမျိုးကို ပိုတွယ်ငြိ မိတတ်ကြသူ တွေပါ …။

ဒါကြောင့်ပဲ မိန်းကလေးတွေက ပျော်ပျော်နေတတ်တဲ့ ယောက်ျားလေးတွေကို ပိုရွေးချယ်တတ်ကြတာပဲ ဖြစ်ပါတယ် …။

(၂) ကြင်နာတတ်တဲ့သူ

မိန်းကလေးအများစုက သူတို့အပေါ် ကြင်နာပေးတတ်တဲ့ သူမျိုးကို ပိုသဘောကျတတ် ကြပါတယ် …။

လူတိုင်းကတော့ ကြင်နာခြင်းကို တောင့်တကြပေမယ့် အဲဒီ့ထဲမှာ မိန်းကလေးတွေက ကြင်နာတတ်မှုကို ပိုလိုချင်ကြတယ်ဆို မမှားပါဘူး …။

ဒီတော့ သူတို့အပေါ် ဂရုစိုက်တတ်တဲ့ သူ၊ ကြင်နာဖေးမတတ်တဲ့ ယောက်ျားလေးမျိုးဆီမှာ လွယ်လွယ်ကျရှုံးတတ်ကြတာ ဖြစ်ပါတယ် …။

(၃) ကိုယ့်ရဲ့တန်ဖိုးကို ပိုသိအောင် လုပ်ပေးတတ်တဲ့သူ

မိန်းကလေးတွေ လွယ်လွယ် ရုန်းမထွက်နိုင်တဲ့ ယောက်ျားလေးပုံစံက သူတို့ရဲ့ တန်ဖိုးကို သိလာအောင် လုပ်ပေးတတ်တဲ့ သူမျိုးပါ …။

ဆိုလိုတာက သူ သင့်အပေါ် တန်ဖိုးထားတတ်တယ် လေးစားမှုထားတယ် ဘယ်တော့မှ သင့်အပေါ် အထင်အမြင်မသေးတတ်ဘူး …။

ဒါက ကိုယ့်ကိုယ်ကို တန်ဖိုးမြှင့်သွားစေတယ်လို့ ထင်မြင်လာတတ်ပြီး ကိုယ့်ရဲ့ တန်ဖိုးကို ပိုပြီး သိလာစေပါတယ် …။

ဒီလို ကိုယ့်ကိုယ်ကို ချစ်တတ်ပြီး တန်ဖိုးထားတတ်လာအောင် လုပ်ပေးတဲ့ ယောက်ျားလေးမျိုးကို မိန်းကလေးတွေက ဘယ်လိုမှ မချစ်ပဲ မနေနိုင်ကြပါဘူးနော် …။

(၄) အကောင်းမြင်စိတ် များတဲ့သူ

သူ့ဘေးနားရှိနေရင် ကိုယ့်ဆီမှာတောင် အကောင်းမြင်စိတ်လေးတွေဖုံးလွှမ်းသွားသလို ခံစားရတတ်တဲ့ ယောက်ျားလေးမျိုး၊

ဘယ်အရာကိုမဆို အကောင်းမြင်စိတ်နဲ့ ကြည့်တတ်ပြီး အမြဲတမ်း တက်ကြွနေတတ်တဲ့ ကောင်လေးမျိုးကို

မိန်းကလေးတွေ ပိုနှစ်သက်တတ်ကြပါတယ် …။

ဒီလို ယောက်ျားလေးမျိုးက မိန်းကလေးတစ်ယောက်ကို လွယ်လွယ်ကူကူပဲ ချစ်မိသွားစေတတ်ပါတယ် …။ ။

ခရက်ဒစ်