ေခါင္းေလွ်ာ္တဲ့အခါ လူအမ်ားစု လုပ္မိတတ္တဲ့ အမွား(၈)ခု…

ေခါင္းေလွ်ာ္တဲ့အခါ လူအမ်ားစု လုပ္မိတတ္တဲ့ အမွား(၈)ခု…

ေခါင္းေလွ်ာ္တာက တစ္ကိုယ္ရည္ သန္႔ရွင္းေရးထဲမွာ ပါဝင္တာေၾကာင့္ အၿမဲပုံမွန္ ေလွ်ာ္ေပးသင့္ပါတယ္။

ဒါေပမယ့္ ေခါင္းေလွ်ာ္တာနဲ႔ ပတ္သက္ၿပီး မွားေနတဲ့ အခ်က္ေလးေတြလည္း ရွိပါတယ္။

၁။ ေခါင္းေလွ်ာ္ရည္ႏွင့္ ခဏခဏ ေခါင္းေလွ်ာ္ျခင္း။

ေရခ်ိဳးတဲ့အခါတိုင္းမွာ ေခါင္းေလွ်ာ္ဖို႔ မလိုအပ္ဘူးလို႔ ေဆးပညာ ကြၽမ္းက်င္ပညာရွင္ေတြက ေျပာထားပါတယ္။ ေန႔တိုင္း ေခါင္းေလွ်ာ္ခ်င္တယ္ဆိုရင္ ဆံပင္ကို ေခါင္းေလွ်ာ္ရည္မပါဘဲ ေရေဆးခ်လို႔ေတာင္ ရတယ္လို႔ ေျပာထားၾကပါတယ္။

ေခါင္းေလွ်ာ္ရည္ေတြက ဆံပင္ရဲ႕ အဆီေတြကို ဖယ္ရွားပစ္ပါတယ္။ ဆံပင္ရဲ႕ အဆီေတြက ဆံပင္က်န္းမာေရးအတြက္ လိုအပ္တာေၾကာင့္ တစ္ပတ္ကို ၂ ခါခန္႔သာ ေခါင္းေလွ်ာ္ရည္နဲ႔ ေလွ်ာ္ေပးသင့္ပါတယ္။

၂။ ေခါင္းေလွ်ာ္ရည္ကို အမ်ားႀကီးသုံးျခင္း။

ေခါင္းေလွ်ာ္ရည္မသုံးခင္မွာ ဆံပင္ကို တစ္မိနစ္ၾကာ ေရေဆးခ်တာက ဆံပင္မွာ ကပ္ညိေနတဲ့ ဖုန္အမႈန္ေတြကို ဖယ္ရွားေပးပါတယ္။ ဆံပင္ေတြ အကုန္စိုသြားတဲ့အခါ ေခါင္းေလွ်ာ္ရည္သုံးရင္ အျမႇဳပ္ ပိုျပီး ထြက္ေစႏိုင္ပါတယ္။

၃။ ေခါင္းေလွ်ာ္ရည္သုံးၿပီးမွ conditionerကိုသုံးျခင္း။

ေခါင္းေလွ်ာ္ရည္သုံးၿပီးမွ conditioner သုံးတာက အခ်ိဳ႕ဆံပင္ အမ်ိဳးအစားေတြအတြက္သာ သင့္ေတာ္ပါတယ္။

Conditioner ကို အရင္သုံးတဲ့အခါ ဆံပင္ကို ပိုထူသေယာင္ ထင္ရေစပါတယ္။ Conditioner ကို ေနာက္မွသုံးတာက ဆံပင္ကို အဆီျပန္ သလို ထင္ရေစပါတယ္။

၄။ ေခါင္းေလွ်ာ္ရည္ကို ဆံပင္အဖ်ားထိသုံးျခင္း။

ဆံပင္ရဲ႕အဖ်ားက အၿမဲလိုလို ေျခာက္ေသြ႕ေနတတ္ပါတယ္။ ဆံပင္အဖ်ားကို ေခါင္းေလွ်ာ္ရည္ အမ်ားႀကီးနဲ႔ ေလွ်ာ္တာက ဆံပင္ကိုပ်က္စီးေစပါတယ္။ အဲဒီအခါ ဖြာၿပီး ဆံပင္ ၂ ခြေတြ ျဖစ္လာတတ္တာေၾကာင့္ ဆံပင္အဖ်ားကို ေခါင္းေလွ်ာ္ရည္ အမ်ားႀကီးနဲ႔ ေလွ်ာ္ဖို႔ မလိုအပ္ပါဘူး …။

၅။ ဦးေရျပားကို လက္သည္းႏွင့္ ကုတ္ျခင္း။

ေခါင္းေလွ်ာ္တဲ့အခါမွာ ဦးေရျပားကို လက္သည္းနဲ႔ကုတ္တာက ဦးေရျပားပြန္းပဲ့ၿပီး ပိုးဝင္တတ္ပါတယ္။ ဆံပင္က စိုေနတဲ့အခါ က်ိဳးလြယ္၊ ျပတ္လြယ္ပါတယ္။ ေခါင္းေလွ်ာ္တဲ့အခါ ဦးေရျပားကို ညင္ညင္သာသာ ႏွိပ္ေပးတာကေတာ့ အေကာင္းဆုံး နည္းလမ္း ျဖစ္ပါတယ္။

၆။ ေရေႏြးႏွင့္ ေခါင္းေလွ်ာ္ျခင္း။

ေခါင္းေလွ်ာ္ဖို႔အတြက္ အေကာင္းဆုံး ေရအပူခ်ိန္က ၾကက္သီးေႏြးေရပါ။ ေရေႏြးနဲ႔ေခါင္းေလွ်ာ္တာက ဆံပင္ကို က်ိဳးလြယ္ေစၿပီး ဆံပင္အရင္းကို အားနည္းေစပါတယ္။

ေရေႏြးနဲ႔ေခါင္းေလွ်ာ္ၿပီးရင္ေတာ႔ ေရေအးနဲ႔ ျပန္ ေရေဆးေပးသင္႔ပါတယ္။

၇။ Conditioner ကို ဦးေရျပားေပၚအထိသုံးျခင္း။

Conditioner ကို ဦးေရျပားေပၚအထိ မသုံးရပါဘူး။ Conditioner ကို ဦးေရျပားေပၚအထိ အသုံးျပဳတဲ့အခါ ေမြးညင္းေပါက္ပိတ္ၿပီး ဆံပင္ႀကီးထြားမႈကိုလည္း ေႏွးေကြးေစႏိုင္ပါတယ္ …။

၈။ ဆံပင္ စိုေနတုန္း ေခါင္းၿဖီးျခင္း

ဆံပင္စိုေနတဲ့အခ်ိန္က ဆံပင္အားအနည္းဆုံး အခ်ိန္ျဖစ္ပါတယ္။

အဲဒါေၾကာင့္ ဆံပင္စိုေနတုန္းမွာ ေခါင္းမၿဖီးသင့္ပါဘူး။ ဒါ့အျပင္ ဆံပင္ေျခာက္သြားေအာင္ ပုဝါနဲ႔ ၾကမ္းၾကမ္းပြတ္ျခင္းကလည္း ဆံပင္ကို ပ်က္စီးေစပါတယ္။ ဆံပင္ကို ဖြဖြေလးပုတ္ၿပီး သဘာဝအတိုင္း အေျခာက္ခံတာက ပိုၿပီးေတာ႔ သင့္ေတာ္ပါတယ္ေနာ္။

Zombie (Love Media)

Unicode Version ဖြင့်ဖတ်ရန်

ခေါင်းလျှော်တဲ့အခါ လူအများစု လုပ်မိတတ်တဲ့ အမှား(၈)ခု…

ခေါင်းလျှော်တာက တစ်ကိုယ်ရည် သန့်ရှင်းရေးထဲမှာ ပါဝင်တာကြောင့် အမြဲပုံမှန် လျှော်ပေးသင့်ပါတယ်။

ဒါပေမယ့် ခေါင်းလျှော်တာနဲ့ ပတ်သက်ပြီး မှားနေတဲ့ အချက်လေးတွေလည်း ရှိပါတယ်။

၁။ ခေါင်းလျှော်ရည်နှင့် ခဏခဏ ခေါင်းလျှော်ခြင်း။

ရေချိုးတဲ့အခါတိုင်းမှာ ခေါင်းလျှော်ဖို့ မလိုအပ်ဘူးလို့ ဆေးပညာ ကျွမ်းကျင်ပညာရှင်တွေက ပြောထားပါတယ်။ နေ့တိုင်း ခေါင်းလျှော်ချင်တယ်ဆိုရင် ဆံပင်ကို ခေါင်းလျှော်ရည်မပါဘဲ ရေဆေးချလို့တောင် ရတယ်လို့ ပြောထားကြပါတယ်။

ခေါင်းလျှော်ရည်တွေက ဆံပင်ရဲ့ အဆီတွေကို ဖယ်ရှားပစ်ပါတယ်။ ဆံပင်ရဲ့ အဆီတွေက ဆံပင်ကျန်းမာရေးအတွက် လိုအပ်တာကြောင့် တစ်ပတ်ကို ၂ ခါခန့်သာ ခေါင်းလျှော်ရည်နဲ့ လျှော်ပေးသင့်ပါတယ်။

၂။ ခေါင်းလျှော်ရည်ကို အများကြီးသုံးခြင်း။

ခေါင်းလျှော်ရည်မသုံးခင်မှာ ဆံပင်ကို တစ်မိနစ်ကြာ ရေဆေးချတာက ဆံပင်မှာ ကပ်ညိနေတဲ့ ဖုန်အမှုန်တွေကို ဖယ်ရှားပေးပါတယ်။ ဆံပင်တွေ အကုန်စိုသွားတဲ့အခါ ခေါင်းလျှော်ရည်သုံးရင် အမြှုပ် ပိုပြီး ထွက်စေနိုင်ပါတယ်။

၃။ ခေါင်းလျှော်ရည်သုံးပြီးမှ conditionerကိုသုံးခြင်း။

ခေါင်းလျှော်ရည်သုံးပြီးမှ conditioner သုံးတာက အချို့ဆံပင် အမျိုးအစားတွေအတွက်သာ သင့်တော်ပါတယ်။

Conditioner ကို အရင်သုံးတဲ့အခါ ဆံပင်ကို ပိုထူသယောင် ထင်ရစေပါတယ်။ Conditioner ကို နောက်မှသုံးတာက ဆံပင်ကို အဆီပြန် သလို ထင်ရစေပါတယ်။

၄။ ခေါင်းလျှော်ရည်ကို ဆံပင်အဖျားထိသုံးခြင်း။

ဆံပင်ရဲ့အဖျားက အမြဲလိုလို ခြောက်သွေ့နေတတ်ပါတယ်။ ဆံပင်အဖျားကို ခေါင်းလျှော်ရည် အများကြီးနဲ့ လျှော်တာက ဆံပင်ကိုပျက်စီးစေပါတယ်။ အဲဒီအခါ ဖွာပြီး ဆံပင် ၂ ခွတွေ ဖြစ်လာတတ်တာကြောင့် ဆံပင်အဖျားကို ခေါင်းလျှော်ရည် အများကြီးနဲ့ လျှော်ဖို့ မလိုအပ်ပါဘူး …။

၅။ ဦးရေပြားကို လက်သည်းနှင့် ကုတ်ခြင်း။

ခေါင်းလျှော်တဲ့အခါမှာ ဦးရေပြားကို လက်သည်းနဲ့ကုတ်တာက ဦးရေပြားပွန်းပဲ့ပြီး ပိုးဝင်တတ်ပါတယ်။ ဆံပင်က စိုနေတဲ့အခါ ကျိုးလွယ်၊ ပြတ်လွယ်ပါတယ်။ ခေါင်းလျှော်တဲ့အခါ ဦးရေပြားကို ညင်ညင်သာသာ နှိပ်ပေးတာကတော့ အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။

၆။ ရေနွေးနှင့် ခေါင်းလျှော်ခြင်း။

ခေါင်းလျှော်ဖို့အတွက် အကောင်းဆုံး ရေအပူချိန်က ကြက်သီးနွေးရေပါ။ ရေနွေးနဲ့ခေါင်းလျှော်တာက ဆံပင်ကို ကျိုးလွယ်စေပြီး ဆံပင်အရင်းကို အားနည်းစေပါတယ်။

ရေနွေးနဲ့ခေါင်းလျှော်ပြီးရင်တော့ ရေအေးနဲ့ ပြန် ရေဆေးပေးသင့်ပါတယ်။

၇။ Conditioner ကို ဦးရေပြားပေါ်အထိသုံးခြင်း။

Conditioner ကို ဦးရေပြားပေါ်အထိ မသုံးရပါဘူး။ Conditioner ကို ဦးရေပြားပေါ်အထိ အသုံးပြုတဲ့အခါ မွေးညင်းပေါက်ပိတ်ပြီး ဆံပင်ကြီးထွားမှုကိုလည်း နှေးကွေးစေနိုင်ပါတယ် …။

၈။ ဆံပင် စိုနေတုန်း ခေါင်းဖြီးခြင်း

ဆံပင်စိုနေတဲ့အချိန်က ဆံပင်အားအနည်းဆုံး အချိန်ဖြစ်ပါတယ်။

အဲဒါကြောင့် ဆံပင်စိုနေတုန်းမှာ ခေါင်းမဖြီးသင့်ပါဘူး။ ဒါ့အပြင် ဆံပင်ခြောက်သွားအောင် ပုဝါနဲ့ ကြမ်းကြမ်းပွတ်ခြင်းကလည်း ဆံပင်ကို ပျက်စီးစေပါတယ်။ ဆံပင်ကို ဖွဖွလေးပုတ်ပြီး သဘာဝအတိုင်း အခြောက်ခံတာက ပိုပြီးတော့ သင့်တော်ပါတယ်နော်။

Zombie (Love Media)