ဒုတိယကတော့ – သခွားသီး
တတိယကတော့ – ခရမ်းချဉ်
================
Unicode Version ဖြင့်ဖတ်ရန်
အချိန်လဲမပေးနိုင် အဖုပိမ့်တွေ ထွက်လာလို့ စိတ်ညစ်နေသူအတွေအတွက်…
အချိန်လဲမပေးနိုင် အဖုပိမ့်တွေထွက်လာလို စိတ်ညစ်နေသူအတွေအတွက အရေးပေါ် ပေါင်းတင်နည်းအကြောင်း ဝေမျှပေးလိုက်ပါတယ် …။
အလှပြင်ဖို့အချိန် သီးသန့်လည်းမပေးဖြစ် အပျင်းကလည်းထူ အစပ်လည်း လျော့မစားနိုင်ဘူး ဆိုတဲ့ ကောင်မလေးတွေ ရှိကြလား …၊
အချိန်တန် မှန်ကြည့်တဲ့အခါ မျက်နှာပေါ်က အရေးကြောင်း အမဲစက် အဖုပိမ့်တွေ ထွက်လာရင် စိတ်အရမ်းညစ်တတ်တဲ့ ကိုယ့်လိုလူမျိုးတွေအတွက်လည်း ရည်ရွယ်ပါတယ် …။
ခရမ်းချဉ် – ဝက်ခြံလျော့ပါးစေတယ် …။
အာလူး – အဖုပိမ့် ချိုင့်ခွက် အသားပြန်ပြည့်စေတယ် …။
ရှားစောင်းလက်ပတ် – အသားချောမွေ့စေတယ် …။
ဆန်ဆေးရည် – အရေးကြောင်းလျော့နည်းစေတယ် …။
သံပုရာ – အဆီပြန်သက်သာစေတယ် …။(ဆိုးကျိုး အသားပါးလာစေတတ် ဝက်ခြံပေါက်နေသူများ မပြုလုပ်သင့် အရမ်းစပ်စေလို့ပါ )
အောင်မဲညိုအရည် – အသားအေးစေတယ် …။
သခွားသီး – အသားရေကြည်လင်စေတယ် …။
မန်ကျီးသီးအရည် – အမဲစက်လျော့ပါးစေတယ် …။
ကြက်ဥ/ဘဲဥအကာအရည် – ဆဲလ်သေတွေကွာပြီး အသားရေချောမွေ့စေတယ် …။
တကယ်ဆို ဆနွင်းလည်း ပါ ပါသေးတယ်။
ဒါပေမဲ့ ခုခေတ် ဆနွင်းစစ်စစ်ဆိုတာ ရှာဝယ်ရခက်လို့ တွေ့ကရာ ဆနွင်းရေဖျော်လူးမိပြီး မျက်နှာမှိုစွဲ ခရုသင်းဖြစ် တာတို့လည်း ကြားသိဖူးတော့ ဆနွင်းအကြောင်း ချန်ထားပါရစေ …။
အရေးပေါ် ပေါင်းတင်နည်းလေးကတော့….
ပထမဆုံး အာလူး ကို ပါးပါးလှီးပြီး အာလူးနဲ့မျက်နှာကို ပွတ်ပါ ၃ မိနစ်ခန့် ထားပြီး ရေဆေးလိုက်ပါ …။
ဒုတိယကတော့ – သခွားသီး
တတိယကတော့ – ခရမ်းချဉ်
စတုတ္ထကတော့ – ရှာစောင်းလက်ပတ်
နောက်ဆုံးမှ ကြက်ဥအကာရည်လေး ပွတ်ပြီး ၅မိနစ်ခန့်ထားပြီး ရေဆေးချ မျက်နှာသစ်လိုက်ပါ …။
ဓာတ်စုံနေအောင်အာနိသင်ရထားတဲ့ မျက်နှာဖြူဖြူဖွေးဖွေးလေးရပါလိမ့်မယ်။ တစ်ခါလုပ်ရင် အာနိသင်စုံအောင် လေးခု ငါးခုလောက် လုပ်ပေးရင်ရပါပြီနော် …။
ခဏခဏ မလုပ်ရပါ။ တစ်ခါလုပ်ရင် ၂ပတ်လောက်ထိ မှန်ကြည့်တိုင်း စိတ်ချမ်းသာစေမှာပါ …။
သဘာဝပစ္စည်းတွေနဲ့မို့ ငွေကုန်ကြေးကျသက်သာစေတယ်။ နောက်ပြီးတော့ ရေများများသောက်ဖို့ ညအိပ်ချိန်မှန်ဖို့လည်း လိုအပ်ပါတယ် …။
နောက်လည်း ဗဟုသုတလေးတွေဝေမျှပေးသွားမှာ ဖြစ်ပါတယ်ရှင့် …။ ။
================