


ညီမလေးရေ…




ညီမလေးရေ…


ညီမလေးရေ ……



ညီမလေးရေ…







ညီမလေးရေ……



မယ်ဖွေး

Unicode Version ဖြင့်ဖတ်ရန်

သက် ၁၆ နှစ် မှ ၂၄ နှစ်အတွင်း မိန်းကလေးများ ဖတ်ဖို့ပါ

အသက် ၁၆ နှစ် မှ ၂၄ နှစ်အတွင်း မိန်းကလေးများ ဖတ်သင့်တဲ့ ပို့စ်လေးပါ။ သိမ်းထား ရှယ်ထား သင့်ပါတယ် …။

ညီမလေးရေ…

လှပတဲ့ မျက်နှာ တစ်ခုက တစ်ချိန်ကျရင် အိုမင်းသွားလိမ့်မယ် …။

စွဲမက်စရာ ခန္ဓာကိုယ် ကောက်ကြောင်းတွေကလည်း တစ်ချိန်ကျရင် ပြောင်းလဲသွားပါလိမ့်မယ် …။

ဒါပေမယ့် မိန်းမကောင်း တစ်ယောက်ကတော့ တစ်ချိန်ကျရင်လည်း မိန်းမကောင်းပါပဲ။ ဘယ်အချိန်ပဲ ရောက်ရောက် မိန်းမကောင်းပါပဲ …။

ညီမလေးရေ…

ဇွဲမလျော့နဲ့ လူတွေကတော့ ညီမလေး ပြုံးနေတာထက် ညီမလေး ရှုံးနေတာ မြင်ချင်တဲ့သူက ပိုများနေလိမ့်မယ် …။

ညီမလေးရေ ……

ရည်မှန်းချက်ထား၊ ဒေါ်အောင်ဆန်းစုကြည် ၁၂ အရွယ်ကလေးဘဝက သူရေးခဲ့တာလေး တစ်ခု ရှိတယ်။ မျက်စေ့မမြင်သော မိန်းကလေးသည် ကြားနိုင်သေး၏။ နားမကြားသော မိန်းကလေးသည် မြင်နိုင်သေး၏။ အဝတ်မပါသော မိန်းကလေးသည် အေးမြမှုကို ခံစားနိုင်သေး၏ …။

သို့သော် ရည်မှန်းချက် မရှိသော မိန်းကလေးသည် အရူးပမာသာတည်းတဲ့ …။

ညီမလေးရေ…

ဘဝကို စိတ်မပျက်နဲ့ သည်းခံခြင်းတွေရဲ့နောက်မှာ အောင်မြင်ခြင်းတွေ ရှိကို ရှိတယ် …။

ပေးဆပ်ခြင်းတွေရဲ့နောက်မှာ ရယူခြင်းတွေလည်း ရှိပါတယ် …။

ရှုံးနိမ့်ခြင်းတွေရဲ့ နောက်မှာလည်း သင်ခန်းစာတွေ ရှိပါတယ် …။

အရေးကြီးတာက မဆုတ်မနစ် ကြိုးစားနေဖို့ပဲ လိုတာပါ …။

ညီမလေးရေ…မြဲမြဲမှတ်ထား

လိပ်ပြာ မလုံတဲ့သူက မူမမှန်ဘူး ။ သိက္ခာ မလုံတဲ့သူက လူမဆန်ဘူး …။

ညီမလေးရေ……

ကိုယ့်ဘဝကို တန်ဖိုးထား ရခဲလှတဲ့ လူ့ဘဝကို ရောက်တုန်းလေး ကောင်းသော အမူအကျင့်နဲ့ ကောင်းသော စာရိတ္တကို ကျင့်သုံးပါ …။

ကောင်းသော အသက်မွေးဝမ်းကျောင်းမှုနဲ့ ကောင်းသော ဘဝကိုပဲ တည်ဆောက်ပါ။ ပတ်ဝန်းကျင်က မကောင်းပြောကြပါစေ၊ အချိန်တန်ရင် ပါးစပ်ပိတ်သွား ပါလိမ့်မယ်နော် …။

မယ်ဖွေး