အေနေဝးတဲ့ ခ်စ္သူေတြ ႏွလုံးသားခ်င္းပါေဝးသြားႏိုင္တဲ့ အဓိကအေၾကာင္းအရင္းမ်ား…

အေနေဝးတဲ့ ခ်စ္သူေတြ ႏွလုံးသားခ်င္းပါေဝးသြားႏိုင္တဲ့ အဓိကအေၾကာင္းအရင္းမ်ား…

အေနေဝးရင္ ေသြးေအးတယ္ဆိုတာကို တကယ္ လက္ခံၾကလား၊ အေနေဝးေနတဲ့ ခ်စ္သူေတြအေနနဲ႔ အၿမဲတမ္း အဆက္အသြယ္ေတြမျပတ္ရွိေနဖို႔ လိုအပ္ၿပီး ေသြးမေအးသြားေအာင္ ေန႔တိုင္းဆက္သြယ္ေနဖို႔ လိုပါတယ္ …။

လူေတြဟာ အေနေဝးရင္ ေသြးေအးသြားတတ္တယ္ဆိုတာ တကယ္ပါ။ ဒီလို အခ်က္ေတြေၾကာင့္ အေနေဝးတဲ့ ခ်စ္သူေတြ တျဖည္းျဖည္း ေဝးကြာသြားရ ေစတတ္ပါတယ္ေနာ္ …။

(၁) ေကာင္းမြန္တဲ့ အဆက္အသြယ္မရွိတာ”

ေရွ႕ကေျပာခဲ့သလိုပဲ အေနေဝးေနတဲ့ ခ်စ္သူေတြအေနနဲ႔ ေသြးမေအးသြားရေအာင္ ေန႔စဥ္ေန႔တိုင္း အဆက္သြယ္ေတြ အၿမဲလုပ္ဖို႔ လိုအပ္ပါတယ္။

တကယ့္လို႔ အဆက္အသြယ္ေတြ နည္းပါးခဲ့မယ္ဆိုရင္ တျဖည္းျဖည္းနဲ႔ တစ္ေယာက္နဲ႔ တစ္ေယာက္ ေဝးကြာသြားေစၿပီး ေနာက္ပိုင္းမွာ လုံးဝအဆက္အသြယ္မရွိေတာ့ပဲ သင္တို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးဟာ တစ္ခန္းရပ္သြားႏိုင္ပါတယ္။

ဒါေၾကာင့္ အေနေဝးသူေတြအေနနဲ႔ အဆက္အသြယ္မ်ားမ်ား လုပ္ေပးဖို႔ေတာ႔ လိုပါတယ္ …။

(၂) အယုံအၾကည္ ကင္းမဲ့စ ျပဳလာတယ္”

အေနေဝးေနတဲ့အခ်ိန္မွာ တစ္ေယာက္နဲ႔ တစ္ေယာက္ ယုံၾကည္မႈေပ်ာက္ဆုံးလာၿပီးေတာ့ သံသယေတြ ဝင္ေရာက္လာတတ္ပါတယ္ …။

ကိုယ္မျမင္ရ၊ မၾကားရတဲ့ တစ္ျခားေနရာသစ္တစ္ခုမွာ သူဘာေတြမ်ား လုပ္ေနမလဲ၊ ဘယ္သူနဲ႔မ်ား ရွိေနမလဲ စသျဖင့္ ေမးခြန္းေတြ အေတြးေတြ တရစပ္ ဝင္ေရာက္လာတတ္ပါတယ္ …။

ငါမသိလိုက္တဲ့အခ်ိန္မွာ သူတစ္ျခားတစ္ေယာက္နဲ႔ နီးစပ္သြားမလား စသျဖင့္ ယုံၾကည္မႈေတြနည္းပါးလာၿပီး သံသယေတြနဲ႔ ျပသနာေတြ စတင္လာတတ္ၾကပါတယ္ …။

(၃) သည္းခံႏိုင္စြမ္း ေလ်ာ့နည္းလာတယ္”

ကိုယ္ဖုန္းဆက္လို႔ သူခ်က္ခ်င္း ဖုန္းမကိုင္တဲ့အခါ၊ ကိုယ့္ပို႔တဲ့ message ကို သူခ်က္ခ်င္း reply မျပန္တဲ့အခါ စိုးရိမ္စိတ္ေတြ ျမင့္တက္လာၿပီးေနာက္ ရန္လိုျခင္းကို ေျပာင္းလဲသြားတတ္ၾကပါတယ္ …။

သူငါ့ကို အရင္လို ဦးစားမေပးေတာ့တာလား၊ ငါ့ကိုအေလးမထားေတာ့တာလား စတဲ့ စိုးရိမ္ဝမ္းနည္းျခင္းေတြနဲ႔ ပူထူၿပီး သည္းခံႏိုင္စြမ္း မရွိတတ္ၾကေတာ့ပါဘူး …။

သူမအားလို႔ ျဖစ္မွာပါလို႔ နားလည္ေပးႏိုင္စြမ္းမရွိေတာ့သလို ေသြးပူေနတုန္းမွာ ခ်က္ခ်င္းရန္လိုျခင္းေတြျဖစ္လာၿပီး ျပသနာေတြ တက္ၾကရတတ္ပါတယ္။ ဒါေၾကာင့္ ျပႆနာတက္ေစမယ့္ အရာမ်ိဳးေတြကို သတိထားျပီး ေရွာင္က်ဥ္သင့္ပါတယ္ …။

(၄) အထီးက်န္ စိတ္ပ်က္လာတတ္တယ္”

ကိုယ္ခ်စ္ရတဲ့သူက အနားမွာ မရွိတဲ့အခါ တျဖည္းျဖည္း အထီးက်န္ျခင္းေတြက ေနရာယူလာတတ္ၾကပါတယ္။ တစ္ျခားခ်စ္သူစုံတြဲေတြကို ျမင္တိုင္း ခံစားရၿပီး တျဖည္းျဖည္း ႏွစ္ေယာက္သား ဆက္ဆံေရးကို စိတ္ပ်က္စ ျပဳလာတတ္ပါတယ္ …။

တစ္ခါတစ္ေလမွာ ကိုယ့္တို႔ႏွစ္ေယာက္ဟာ ခ်စ္သူေတြမွ ဟုတ္ပါေလစလို႔ ေတြးထင္လာတတ္ပါတယ္။ ဒီလိုကေန တျဖည္းျဖည္း ေဝးေဝးကြာသြားဖို႔ အေၾကာင္းေတြ ျဖစ္လာတတ္ပါတယ္ေနာ္ …။ ။

Credit

Unicode Version ဖြင့်ဖတ်ရန်

အနေဝေးတဲ့ ချစ်သူတွေ နှလုံးသားချင်းပါဝေးသွားနိုင်တဲ့ အဓိကအကြောင်းအရင်းများ…

အနေဝေးရင် သွေးအေးတယ်ဆိုတာကို တကယ် လက်ခံကြလား၊ အနေဝေးနေတဲ့ ချစ်သူတွေအနေနဲ့ အမြဲတမ်း အဆက်အသွယ်တွေမပြတ်ရှိနေဖို့ လိုအပ်ပြီး သွေးမအေးသွားအောင် နေ့တိုင်းဆက်သွယ်နေဖို့ လိုပါတယ် …။

လူတွေဟာ အနေဝေးရင် သွေးအေးသွားတတ်တယ်ဆိုတာ တကယ်ပါ။ ဒီလို အချက်တွေကြောင့် အနေဝေးတဲ့ ချစ်သူတွေ တဖြည်းဖြည်း ဝေးကွာသွားရ စေတတ်ပါတယ်နော် …။

(၁) ကောင်းမွန်တဲ့ အဆက်အသွယ်မရှိတာ”

ရှေ့ကပြောခဲ့သလိုပဲ အနေဝေးနေတဲ့ ချစ်သူတွေအနေနဲ့ သွေးမအေးသွားရအောင် နေ့စဉ်နေ့တိုင်း အဆက်သွယ်တွေ အမြဲလုပ်ဖို့ လိုအပ်ပါတယ်။

တကယ့်လို့ အဆက်အသွယ်တွေ နည်းပါးခဲ့မယ်ဆိုရင် တဖြည်းဖြည်းနဲ့ တစ်ယောက်နဲ့ တစ်ယောက် ဝေးကွာသွားစေပြီး နောက်ပိုင်းမှာ လုံးဝအဆက်အသွယ်မရှိတော့ပဲ သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ တစ်ခန်းရပ်သွားနိုင်ပါတယ်။

ဒါကြောင့် အနေဝေးသူတွေအနေနဲ့ အဆက်အသွယ်များများ လုပ်ပေးဖို့တော့ လိုပါတယ် …။

(၂) အယုံအကြည် ကင်းမဲ့စ ပြုလာတယ်”

အနေဝေးနေတဲ့အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုပျောက်ဆုံးလာပြီးတော့ သံသယတွေ ဝင်ရောက်လာတတ်ပါတယ် …။

ကိုယ်မမြင်ရ၊ မကြားရတဲ့ တစ်ခြားနေရာသစ်တစ်ခုမှာ သူဘာတွေများ လုပ်နေမလဲ၊ ဘယ်သူနဲ့များ ရှိနေမလဲ စသဖြင့် မေးခွန်းတွေ အတွေးတွေ တရစပ် ဝင်ရောက်လာတတ်ပါတယ် …။

ငါမသိလိုက်တဲ့အချိန်မှာ သူတစ်ခြားတစ်ယောက်နဲ့ နီးစပ်သွားမလား စသဖြင့် ယုံကြည်မှုတွေနည်းပါးလာပြီး သံသယတွေနဲ့ ပြသနာတွေ စတင်လာတတ်ကြပါတယ် …။

(၃) သည်းခံနိုင်စွမ်း လျော့နည်းလာတယ်”

ကိုယ်ဖုန်းဆက်လို့ သူချက်ချင်း ဖုန်းမကိုင်တဲ့အခါ၊ ကိုယ့်ပို့တဲ့ message ကို သူချက်ချင်း reply မပြန်တဲ့အခါ စိုးရိမ်စိတ်တွေ မြင့်တက်လာပြီးနောက် ရန်လိုခြင်းကို ပြောင်းလဲသွားတတ်ကြပါတယ် …။

သူငါ့ကို အရင်လို ဦးစားမပေးတော့တာလား၊ ငါ့ကိုအလေးမထားတော့တာလား စတဲ့ စိုးရိမ်ဝမ်းနည်းခြင်းတွေနဲ့ ပူထူပြီး သည်းခံနိုင်စွမ်း မရှိတတ်ကြတော့ပါဘူး …။

သူမအားလို့ ဖြစ်မှာပါလို့ နားလည်ပေးနိုင်စွမ်းမရှိတော့သလို သွေးပူနေတုန်းမှာ ချက်ချင်းရန်လိုခြင်းတွေဖြစ်လာပြီး ပြသနာတွေ တက်ကြရတတ်ပါတယ်။ ဒါကြောင့် ပြဿနာတက်စေမယ့် အရာမျိုးတွေကို သတိထားပြီး ရှောင်ကျဉ်သင့်ပါတယ် …။

(၄) အထီးကျန် စိတ်ပျက်လာတတ်တယ်”

ကိုယ်ချစ်ရတဲ့သူက အနားမှာ မရှိတဲ့အခါ တဖြည်းဖြည်း အထီးကျန်ခြင်းတွေက နေရာယူလာတတ်ကြပါတယ်။ တစ်ခြားချစ်သူစုံတွဲတွေကို မြင်တိုင်း ခံစားရပြီး တဖြည်းဖြည်း နှစ်ယောက်သား ဆက်ဆံရေးကို စိတ်ပျက်စ ပြုလာတတ်ပါတယ် …။

တစ်ခါတစ်လေမှာ ကိုယ့်တို့နှစ်ယောက်ဟာ ချစ်သူတွေမှ ဟုတ်ပါလေစလို့ တွေးထင်လာတတ်ပါတယ်။ ဒီလိုကနေ တဖြည်းဖြည်း ဝေးဝေးကွာသွားဖို့ အကြောင်းတွေ ဖြစ်လာတတ်ပါတယ်နော် …။ ။

Credit