သင့္ မ်က္ခုံးေမႊးေလးေတြကို နဂိုထက္ နက္ေမွာင္ထူထဲလာေစမယ့္ နည္းလမ္း…

သင့္ မ်က္ခုံးေမႊးေလးေတြကို နဂိုထက္ နက္ေမွာင္ထူထဲလာေစမယ့္ နည္းလမ္း…

မ်က္ခံုးေမႊးကလည္း သင့္မ်က္ႏွာလွပေစဖို႕ အတြက္ အေရးၾကီးတဲ့ အစိတ္အပိုင္းတစ္ခုပါပဲ။ မ်က္ခံုးထူထူေလးရွိတဲ့ သူတစ္ေယာက္က မိတ္ကပ္မလိမ္းရင္ေတာင္ သူ႕ရဲ႕ မ်က္၀န္းေတြက ထင္ရွားျပီး လွပေနပါတယ္ …။

ဒါ့ေၾကာင့္ မ်က္ခံုးေမႊးပါးသူေတြအတြက္ ထူထဲနက္ေမွာင္လာေစမယ့္ အလြယ္ကူဆံုးနည္းလမ္းေလးေတြကို ေဖာ္ျပေပးလုိက္ပါတယ္ေနာ္ …။

(၁) ၾကက္သြန္နီရည္”

ၾကက္သြန္နီရည္ကေတာ့ ဆံပင္သန္ေစသလို မ်က္ခံုးေမႊးအတြက္လည္း အသံုးျပဳလို႕ ရပါတယ္ …။

ၾကက္သြန္နီရည္ကို မ်က္ခံုးေပၚမွာစြတ္ပါ။ ျပီးရင္ေတာ့ ၅ မိနစ္ေလာက္ ႏွိပ္ေပးပါ။ ပံုမွန္ျပဳလုပ္ေပးရင္ မ်က္ခံုးေမႊးေတြ ထူထဲ၊ ရွည္လ်ားျပီး နက္ေမွာင္လာေစမွာပဲ ျဖစ္ပါတယ္ …။

(၂) ႏြားႏို႔”

ႏြားနို႕ကေတာ့ မ်က္ခံုးေမႊးေတြ မကၽႊတ္ေတာ့ေအာင္ အဓိက အားျပည့္ေပးတာပါ။ ႏြားနို႕ကို နားျကပ္တံေလးေတြမွာစြပ္ျပီး မ်က္ခံုးေပၚ သုပ္လိမ္းေပးရမွာပါ …။

ႏြားနို႕ေျခာက္တဲ့အထိထားေပးျပီးမွ ေရျပန္ေဆးခ်ရပါမယ္ …။

(၃) ၾကက္ဥအႏွစ္”

ျကက္ဥအနွစ္မွာ မ်က္ခံုးေမႊးေတြ ရွည္လ်ား ထူထဲလာေစမယ့္ ဗီတာမင္ေတြ နဲ႕ ပရိုတင္းဓာတ္ေတြ ပါ၀င္ေနပါတယ္ …။

အသံုးျပဳပံုကေတာ့ ၾကက္ဥကို အနွစ္ေလးထုတ္ျပီး ေမႊေပးပါ၊ အျမဳပ္အေနအထားေရာက္ရင္ေတာ့ မ်က္ခံုးေပၚသုတ္လိမ္းေပးလို႕ရပါျပီ ။ မိနစ္ ၂၀ ေလာက္ထိထားေပးျပီးမွ ေရေဆးခ်လိုက္ပါ …။

(၄) Vaseline”

Vaseline ကေတာ့ အသားအေရအတြက္သာမက မ်က္ခံုးေမႊးေတြ ရွည္ေစဖို႕အတြက္လည္း အရမ္းအသံုး၀င္ပါတယ္။ Vaseline တစ္ခုတည္း သုတ္လိမ္းေပးလို႕ရသလို ၊ သံလြင္ဆီ ၊ ရွားေစာင္းလက္ပတ္ဆီ ၊ ႏြားနို႕တို႕နဲ႕လည္း ေရာစပ္ျပီး လိမ္းေပးလို႕ရပါတယ္ …။

မ်က္ခံးေမႊး သန္ေစဖို႕ ၊ ရွည္လ်ားထူထဲလာေစဖုိ႕ စားေပးသင့္တဲ့ အစားအစာေတြကေတာ့….

ပရိုတင္းဓာတ္ ၊ ဗီတာမင္ဓာတ္နဲ႕ အမိုင္နို အက္စစ္ဓာတ္( အေစ့အစံေတြ ၊ အသား၊ ဆယ္လ္မြန္ငါး ၊ အသီးအနွံ ၊ ဥအမ်ိဳးမ်ိဳး ၊ အစိမ္းေရာင္ ဟင္းသီး ဟင္းရြက္နဲ႕ ျကက္သြန္နီ) တို႕ကို မ်ားမ်ားစားေပးသင္႔ပါတယ္ …။ ။

Rain

==============

UNICODE VERSION ဖြင့်ဖတ်ရန်

သင့် မျက်ခုံးမွှေးလေးတွေကို နဂိုထက် နက်မှောင်ထူထဲလာစေမယ့် နည်းလမ်း…

မျက်ခုံးမွှေးကလည်း သင့်မျက်နှာလှပစေဖို့ အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ မျက်ခုံးထူထူလေးရှိတဲ့ သူတစ်ယောက်က မိတ်ကပ်မလိမ်းရင်တောင် သူ့ရဲ့ မျက်ဝန်းတွေက ထင်ရှားပြီး လှပနေပါတယ် …။

ဒါ့ကြောင့် မျက်ခုံးမွှေးပါးသူတွေအတွက် ထူထဲနက်မှောင်လာစေမယ့် အလွယ်ကူဆုံးနည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် …။

(၁) ကြက်သွန်နီရည်”

ကြက်သွန်နီရည်ကတော့ ဆံပင်သန်စေသလို မျက်ခုံးမွှေးအတွက်လည်း အသုံးပြုလို့ ရပါတယ် …။

ကြက်သွန်နီရည်ကို မျက်ခုံးပေါ်မှာစွတ်ပါ။ ပြီးရင်တော့ ၅ မိနစ်လောက် နှိပ်ပေးပါ။ ပုံမှန်ပြုလုပ်ပေးရင် မျက်ခုံးမွှေးတွေ ထူထဲ၊ ရှည်လျားပြီး နက်မှောင်လာစေမှာပဲ ဖြစ်ပါတယ် …။

(၂) နွားနို့”

နွားနို့ကတော့ မျက်ခုံးမွှေးတွေ မကျွှတ်တော့အောင် အဓိက အားပြည့်ပေးတာပါ။ နွားနို့ကို နားကြပ်တံလေးတွေမှာစွပ်ပြီး မျက်ခုံးပေါ် သုပ်လိမ်းပေးရမှာပါ …။

နွားနို့ခြောက်တဲ့အထိထားပေးပြီးမှ ရေပြန်ဆေးချရပါမယ် …။

(၃) ကြက်ဥအနှစ်”

ကြက်ဥအနှစ်မှာ မျက်ခုံးမွှေးတွေ ရှည်လျား ထူထဲလာစေမယ့် ဗီတာမင်တွေ နဲ့ ပရိုတင်းဓာတ်တွေ ပါဝင်နေပါတယ် …။

အသုံးပြုပုံကတော့ ကြက်ဥကို အနှစ်လေးထုတ်ပြီး မွှေပေးပါ၊ အမြုပ်အနေအထားရောက်ရင်တော့ မျက်ခုံးပေါ်သုတ်လိမ်းပေးလို့ရပါပြီ ။ မိနစ် ၂၀ လောက်ထိထားပေးပြီးမှ ရေဆေးချလိုက်ပါ …။

(၄) Vaseline”

Vaseline ကတော့ အသားအရေအတွက်သာမက မျက်ခုံးမွှေးတွေ ရှည်စေဖို့အတွက်လည်း အရမ်းအသုံးဝင်ပါတယ်။ Vaseline တစ်ခုတည်း သုတ်လိမ်းပေးလို့ရသလို ၊ သံလွင်ဆီ ၊ ရှားစောင်းလက်ပတ်ဆီ ၊ နွားနို့တို့နဲ့လည်း ရောစပ်ပြီး လိမ်းပေးလို့ရပါတယ် …။

မျက်ခံးမွှေး သန်စေဖို့ ၊ ရှည်လျားထူထဲလာစေဖို့ စားပေးသင့်တဲ့ အစားအစာတွေကတော့….

ပရိုတင်းဓာတ် ၊ ဗီတာမင်ဓာတ်နဲ့ အမိုင်နို အက်စစ်ဓာတ်( အစေ့အစံတွေ ၊ အသား၊ ဆယ်လ်မွန်ငါး ၊ အသီးအနှံ ၊ ဥအမျိုးမျိုး ၊ အစိမ်းရောင် ဟင်းသီး ဟင်းရွက်နဲ့ ကြက်သွန်နီ) တို့ကို များများစားပေးသင့်ပါတယ် …။ ။

Rain

==============