ဘယ္ေနရာေရာက္ေရာက္ လူခ်စ္လူခင္ေပါေစမယ့္ စကားေျပာနည္း(၆)နည္း…

ဘယ္ေနရာေရာက္ေရာက္ လူခ်စ္လူခင္ေပါေစမယ့္ စကားေျပာနည္း(၆)နည္း…

ဘယ္ေနရာပဲေရာက္ေရာက္ လူသစ္ေတြနဲ႕ စတင္ဆက္ဆံရတဲ့အခါမွာ ဘယ္လုိစကားစေျပာရမလဲ၊ ဘာအေၾကာင္းအရာကိုေျပာရမလဲ စသည္ျဖင့္ ေတြေ၀ေနတတ္ျပီး ဘယ္သူနဲ႕မွမရင္းႏွီး မိတ္ေဆြမဖြဲ႕မိပဲ ေနတတ္ၾကပါတယ္ …။

ဒီလုိဆိုရင္ေတာ့ တစ္ဖက္လူေတြက သင္ဟာ တစ္ကုိယ္ေကာင္းဆန္တဲ့သူ ၊ တစ္ေယာက္တည္း သီးသန္႕ေနခ်င္တဲ့သူအျဖစ္ ျမင္သြားႏိုင္ပါတယ္ …။

ေက်ာင္းေျပာင္းတာပဲျဖစ္ျဖစ္၊ အလုပ္ေျပာင္းသြားတာပဲျဖစ္ျဖစ္ မိတ္ေဆြအသစ္၊ သူငယ္ခ်င္းအသစ္ေတြနဲ႕ ထိေတြ႕ဆက္ဆံဖို႕ခက္ေနတဲ့ သူေတြအတြက္ မိတ္ေဆြေကာင္းေတြရေစဖို႕ စကားေျပာနည္းေလးေတြကို မွ်ေ၀ေပးလိုက္ရပါတယ္ေနာ္ …။

(၁) ဘယ္လိုစကားစရမလဲ သိပါေစ”

လူတစ္ေယာက္နဲ႕ စကားစမေျပာခင္မွာ သူ႕ရဲ႕အေနအထား ပတ္၀န္းက်င္ကို အရင္ဆံုး အကဲခတ္ပါ …။

စကားေျပာမယ့္သူနဲ႕ သက္ဆိုင္တဲ့ အေၾကာင္းအရာကို စေျပာတာက အေကာင္းဆံုးပါပဲ …။

ဥပမာ – စာအုပ္ကိုင္ထားတဲ့သူ ၊ ေကာ္ဖီေသာက္ေနတဲ့ သူတို႕ဆိုရင္ ဒီေကာ္ဖီေလးေကာင္းလား ၊ ဒီစာအုပ္ေလး ဘယ္မွာ၀ယ္လဲ စသျဖင့္ စကားစေျပာလုိ႕ ရပါတယ္ …။

(၂) စကားေျပာတဲ့အခါ သက္ေသာင့္သက္သာျဖစ္ေနပါေစ”

ေမြးရပ္ေျမ၊ လက္ရွိေနေနတဲ့ ေနရာေတြကို အစခ်ီျပီး စကားေျပာေပးတာက တစ္ဖက္လူကို ပိုျပီးသက္ေသာင့္သက္သာျဖစ္ေစျပီး စကားေျပာရလည္း အဆင္ေျပေစႏိုင္ပါတယ္ …။

သင္နဲ႕ေမြးရပ္ေျမတူတာ (သို႕) ေနရပ္တူေနရင္ေတာ့ အဲ့ေနရာမွာရွိတဲ့ အစားအေသာက္အေၾကာင္း၊ ပတ္၀န္းက်င္အေၾကာင္းေတြ ေဆြးေႏြးျကျပီး မိတ္ေဆြအရင္းေတြေတာင္ ျဖစ္ေစႏိုင္ပါတယ္ …။

(၃) ကိုယ္ေရးကိုယ္တာအေၾကာင္းေတြ မေမးမိပါေစနဲ႔”

သင္တို႕က အခုမွစေတြ႕တဲ့ သူေတြဆိုရင္ေတာ့ သူ႕ရဲ႕ ကိုယ္ေရးကိုယ္တာ အေၾကာင္းေတြကို ေမးျမန္းတာက ရိုင္းတဲ့ အျပဳအမူပဲ ျဖစ္ပါတယ္ …။

ဒါ့ေၾကာင့္ ကိုယ္ေရးကိုယ္တာအေၾကာင္းေတြ ၊ မိသားစုအတြင္းေရး အေၾကာင္းေတြေျပာတာထက္စာရင္ ရာသီဥတုအေျကာင္း ၊ ၀ါသနာနဲ႕ ဘယ္လိုအစားအစာေတြျကိုက္နွစ္သက္လဲ စတာေတြကို ေမးျမန္းႏိုင္ပါတယ္ …။

(၄) အာရံုစိုက္ နားေထာင္ေပးပါ”

သင္ဟာ စကားမ်ားတဲ့လူတစ္ေယာက္ျဖစ္ေနရင္ေတာင္ မခင္မင္ေသးတဲ့ သူတစ္ေယာက္နဲ႕ မိတ္ေဆြဖြဲ႕တဲ့အခါ မ်ားမ်ားနားေထာင္ေပးဖို႕ လိုပါတယ္ …။

ဒါကလည္း သင့္ရဲ႕ ရင္းနွီးေႏြးေထြးမွဳကိုျပတာျဖစ္ျပီး ေနာက္ပိုင္းလည္း သင္နဲ႕အတူစကားေျပာ မိတ္ေဆြဖြဲ႕ဖို႕ကို လိုလားၾကပါလိမ္႔မယ္ …။

(၅) ဟာသေလးေတြ ေႏွာေပးပါ”

ဟာသေျပာရ ၊ နားေထာင္ရတာေတြကို လူတိုင္းျကိုက္ျကပါတယ္။ ဟာသေလးေတြေျပာျခင္းက မိတ္ေဆြဖြဲ႕ရာမွာ အထိေရာက္ဆံုးပါပဲ …။

တကယ္လုိ႕ သင္က ဟာသေျပာတတ္သူတစ္ေယာက္ဆိုရင္ေတာ့ စကားေျပာရင္းနဲ႕ သက္ဆိုင္တဲ့အေၾကာင္းအရာေလးေတြကို ဟာသေလးေတြေႏွာျပီး ေျပာလုိ႕ရပါတယ္ …။

ခုမွမိတ္ေဆြဖြဲ႕မယ့္လူတစ္ေယာက္ကို အဓိပၸာယ္ နွစ္ခြထြက္တဲ့ ဟာသမ်ိဳး ၊ တစ္ဖက္လူရဲ႕ အားနည္းခ်က္ကို ေလွာင္ေျပာင္သေရာ္တဲ့ ဟာသမ်ိဳး မေျပာမိဖုိ႕ေတာ့ အေရးၾကီးပါတယ္ …။

ဒီလုိဟာသမ်ိဳးေတြေျပာမိျပီဆိုရင္ေတာ့ သင္နဲ႕ မိတ္ေဆြဖြဲ႕ဖို႕ မျဖစ္နုိင္သလို ၊ သင့္ကိုလည္း အထင္အျမင္ေသးသြားေစႏိုင္လို႔ပါပဲ …။

(၆) အကူအညီ ေတာင္းပါ”

အကူအညီေတာင္းေပးတာကလည္း ရင္းနွီးမွဳကို ျပတဲ့သေဘာပါပဲ။ သင္နဲ႕သူ႕ၾကားမွာ အေသးအမႊားအကူအညီေလးေတြ ေတာင္းေပးဖို႕ ၀န္မေလးပါနဲ႕ …။

ေဘာပင္ေလး ခဏငွားတာေလာက္ ၊ စာအုပ္နာမည္ေလး ေျပာျပတာေလာက္က တစ္ဖက္လူကို ၀န္ထုပ္၀န္ပိုးမျဖစ္ေစပဲ သင္တို႕ၾကားမွာ ရင္းႏွီးမႈကို ပိုတိုးလာေစႏိုင္ပါတယ္ေနာ္ …။

Credit – Auntymay

=============

Unicode Version ဖြင့်ဖတ်ရန်

ဘယ်နေရာရောက်ရောက် လူချစ်လူခင်ပေါစေမယ့် စကားပြောနည်း(၆)နည်း…

ဘယ်နေရာပဲရောက်ရောက် လူသစ်တွေနဲ့ စတင်ဆက်ဆံရတဲ့အခါမှာ ဘယ်လိုစကားစပြောရမလဲ၊ ဘာအကြောင်းအရာကိုပြောရမလဲ စသည်ဖြင့် တွေဝေနေတတ်ပြီး ဘယ်သူနဲ့မှမရင်းနှီး မိတ်ဆွေမဖွဲ့မိပဲ နေတတ်ကြပါတယ် …။

ဒီလိုဆိုရင်တော့ တစ်ဖက်လူတွေက သင်ဟာ တစ်ကိုယ်ကောင်းဆန်တဲ့သူ ၊ တစ်ယောက်တည်း သီးသန့်နေချင်တဲ့သူအဖြစ် မြင်သွားနိုင်ပါတယ် …။

ကျောင်းပြောင်းတာပဲဖြစ်ဖြစ်၊ အလုပ်ပြောင်းသွားတာပဲဖြစ်ဖြစ် မိတ်ဆွေအသစ်၊ သူငယ်ချင်းအသစ်တွေနဲ့ ထိတွေ့ဆက်ဆံဖို့ခက်နေတဲ့ သူတွေအတွက် မိတ်ဆွေကောင်းတွေရစေဖို့ စကားပြောနည်းလေးတွေကို မျှဝေပေးလိုက်ရပါတယ်နော် …။

(၁) ဘယ်လိုစကားစရမလဲ သိပါစေ”

လူတစ်ယောက်နဲ့ စကားစမပြောခင်မှာ သူ့ရဲ့အနေအထား ပတ်ဝန်းကျင်ကို အရင်ဆုံး အကဲခတ်ပါ …။

စကားပြောမယ့်သူနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာကို စပြောတာက အကောင်းဆုံးပါပဲ …။

ဥပမာ – စာအုပ်ကိုင်ထားတဲ့သူ ၊ ကော်ဖီသောက်နေတဲ့ သူတို့ဆိုရင် ဒီကော်ဖီလေးကောင်းလား ၊ ဒီစာအုပ်လေး ဘယ်မှာဝယ်လဲ စသဖြင့် စကားစပြောလို့ ရပါတယ် …။

(၂) စကားပြောတဲ့အခါ သက်သောင့်သက်သာဖြစ်နေပါစေ”

မွေးရပ်မြေ၊ လက်ရှိနေနေတဲ့ နေရာတွေကို အစချီပြီး စကားပြောပေးတာက တစ်ဖက်လူကို ပိုပြီးသက်သောင့်သက်သာဖြစ်စေပြီး စကားပြောရလည်း အဆင်ပြေစေနိုင်ပါတယ် …။

သင်နဲ့မွေးရပ်မြေတူတာ (သို့) နေရပ်တူနေရင်တော့ အဲ့နေရာမှာရှိတဲ့ အစားအသောက်အကြောင်း၊ ပတ်ဝန်းကျင်အကြောင်းတွေ ဆွေးနွေးကြပြီး မိတ်ဆွေအရင်းတွေတောင် ဖြစ်စေနိုင်ပါတယ် …။

(၃) ကိုယ်ရေးကိုယ်တာအကြောင်းတွေ မမေးမိပါစေနဲ့”

သင်တို့က အခုမှစတွေ့တဲ့ သူတွေဆိုရင်တော့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းတွေကို မေးမြန်းတာက ရိုင်းတဲ့ အပြုအမူပဲ ဖြစ်ပါတယ် …။

ဒါ့ကြောင့် ကိုယ်ရေးကိုယ်တာအကြောင်းတွေ ၊ မိသားစုအတွင်းရေး အကြောင်းတွေပြောတာထက်စာရင် ရာသီဥတုအကြောင်း ၊ ဝါသနာနဲ့ ဘယ်လိုအစားအစာတွေကြိုက်နှစ်သက်လဲ စတာတွေကို မေးမြန်းနိုင်ပါတယ် …။

(၄) အာရုံစိုက် နားထောင်ပေးပါ”

သင်ဟာ စကားများတဲ့လူတစ်ယောက်ဖြစ်နေရင်တောင် မခင်မင်သေးတဲ့ သူတစ်ယောက်နဲ့ မိတ်ဆွေဖွဲ့တဲ့အခါ များများနားထောင်ပေးဖို့ လိုပါတယ် …။

ဒါကလည်း သင့်ရဲ့ ရင်းနှီးနွေးထွေးမှုကိုပြတာဖြစ်ပြီး နောက်ပိုင်းလည်း သင်နဲ့အတူစကားပြော မိတ်ဆွေဖွဲ့ဖို့ကို လိုလားကြပါလိမ့်မယ် …။

(၅) ဟာသလေးတွေ နှောပေးပါ”

ဟာသပြောရ ၊ နားထောင်ရတာတွေကို လူတိုင်းကြိုက်ကြပါတယ်။ ဟာသလေးတွေပြောခြင်းက မိတ်ဆွေဖွဲ့ရာမှာ အထိရောက်ဆုံးပါပဲ …။

တကယ်လို့ သင်က ဟာသပြောတတ်သူတစ်ယောက်ဆိုရင်တော့ စကားပြောရင်းနဲ့ သက်ဆိုင်တဲ့အကြောင်းအရာလေးတွေကို ဟာသလေးတွေနှောပြီး ပြောလို့ရပါတယ် …။

ခုမှမိတ်ဆွေဖွဲ့မယ့်လူတစ်ယောက်ကို အဓိပ္ပာယ် နှစ်ခွထွက်တဲ့ ဟာသမျိုး ၊ တစ်ဖက်လူရဲ့ အားနည်းချက်ကို လှောင်ပြောင်သရော်တဲ့ ဟာသမျိုး မပြောမိဖို့တော့ အရေးကြီးပါတယ် …။

ဒီလိုဟာသမျိုးတွေပြောမိပြီဆိုရင်တော့ သင်နဲ့ မိတ်ဆွေဖွဲ့ဖို့ မဖြစ်နိုင်သလို ၊ သင့်ကိုလည်း အထင်အမြင်သေးသွားစေနိုင်လို့ပါပဲ …။

(၆) အကူအညီ တောင်းပါ”

အကူအညီတောင်းပေးတာကလည်း ရင်းနှီးမှုကို ပြတဲ့သဘောပါပဲ။ သင်နဲ့သူ့ကြားမှာ အသေးအမွှားအကူအညီလေးတွေ တောင်းပေးဖို့ ဝန်မလေးပါနဲ့ …။

ဘောပင်လေး ခဏငှားတာလောက် ၊ စာအုပ်နာမည်လေး ပြောပြတာလောက်က တစ်ဖက်လူကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေပဲ သင်တို့ကြားမှာ ရင်းနှီးမှုကို ပိုတိုးလာစေနိုင်ပါတယ်နော် …။

Credit – Auntymay

=============