Credit – Original
========
Unicode Version ဖြင့်ဖတ်ရန်
အရွယ်ရောက်လို့ ရည်းစားထားတာ မင်းအပြစ်မဟုတ်ဘူး လူရွေးမှားရင်တော့…
ဒီမှာ…ညီမလေး ကိုယ့်ကို တစ်ကယ် မချစ်တဲ့လူအတွက် ပေးဆပ်နေရတာ တန်ရဲ့လား …၊
ကိုယ့်ကို ဥပေက္ခာပြုထားတဲ့ လူတစ်ယောက်ကို ဆက်ချစ်နေရင်ရော အဆင်ပြေနိုင်ပါ့မလား …၊
ကိုယ့်အချစ်တွေကို တန်ဖိုးမထားတတ်တဲ့ လူတစ်ယောက်အတွက် နာကျင်ခံစားနေရတာတွေ
ကိုယ်ပေးသလို ပြန်ရလာနိုးနိုးနဲ့ မျော်လင့်နေရတာတွေက
ဖြစ်သင့်သလား သေချာစဉ်းစားပါအုံး …။
ညီမလေး သိထားပါ၊ တစ်ကယ့်အချစ်စစ်က ကိုယ်က ပေးမှပြန်ရတာ မဟုတ်ဘူး…
ကိုယ်က မပေးရင်တောင် သူ့ဘက်က ပေးချင်နေတာမျိုး …။
ညီမလေး….တန်ဖိုးထားပြီးကိုးကွယ်နေတဲ့…အချစ်ဆိုတာ…
သူ့အတွက် ပျံကျဈေးတန်းမှာ ရောင်းနေတဲ့…
မုန့်ဟင်းခါး တစ်ပွဲလောက်တောင် တန်ဖိုး ရှိချင်မှ ရှိမှာပါ …။
ဒီမှာ ညီမလေး….တန်ဖိုးဆိုတာ ထားတတ်တဲ့ သူဆီရောက်မှ တက်တာပါ …။
ညီမလေးရဲ့ ရွှေလို အဖိုးတန်တဲ့ အချစ်စစ်က
သူ့လိုနွားအတွက် တန်ဖိုးထားရမှန်းတောင် သိမယ်မထင် …၊
ဒီမှာ ညီမလေး….အချစ်ဆိုတာ ညီမလေးတွက် ရှားပါးပစ္စည်း ဖြစ်ချင် ဖြစ်နေလိမ့်မယ် …။
ဒါပေမဲ့ သူ့အတွက် အပေါဆုံးအရာလဲ ဖြစ်နေနိုင်တယ်လေ …။
ဒါကြောင့် နောက်ဆုံး မှာချင်တာက မလိုချင်တဲ့သူ၊ မလိုအပ်တဲ့သူကို
ဘယ်လောက်တန်ဖိုးကြီးတဲ့ အရာဖြစ်ဖြစ် ပေးနေလည်း
သူ့ဘက်က အလွယ်ရလို့ ယူသွားတာမျိုးပဲ ဖြစ်လိမ့်မယ် …။
ကိုယ့်ရဲ့…အချစ် ၊ စေတနာ ၊ မေတ္တာတွေကို
ဘာမှ နားလည်မှာ မဟုတ်သလို ကိုယ်ချင်းလဲစာမှာ မဟုတ်ပါဘူး …။
သဲထဲ ရေသွန်ဖြစ်ယုံကလွဲ ပြီး ဘာမှလဲ ထူးလာမှာ မဟုတ်ဘူးဆိုတာပါပဲနော် …။ ။
Credit – Original
========