ဒူးနဲ႔ တံေတာင္ဆစ္မည္းတာေတြကို တစ္လအတြင္းျပန္ျဖဴလာေစမယ့္အိမ္တြင္းနည္းလမ္း(၅)မ်ိဳး…

ဒူးနဲ႔ တံေတာင္ဆစ္မည္းတာေတြကို တစ္လအတြင္းျပန္ျဖဴလာေစမယ့္အိမ္တြင္းနည္းလမ္း(၅)မ်ိဳး…

မိန္းကေလးပဲျဖစ္ျဖစ္၊ ေယာက်ာ္းေလးပဲျဖစ္ျဖစ္ ကိုယ့္ကိုယ္ကိုသပ္ရပ္ၾကည့္ေကာင္းေနဖို႔ အၿမဲဂ႐ုစိုက္သင့္ပါတယ္ …။

႐ုပ္ရည္က ပထမဦးစားေပး ဆိုေပမယ္႔ တစ္ကိုယ္ရည္သန္႔ရွင္းေရးကိုလည္း လူတိုင္းဦးစားေပးသင့္တယ္ မဟုတ္လား …၊

ဒါေၾကာင့္ တံေတာင္ဆစ္နဲ႔ ဒူးေနရာေတြမွာ ညိဳမည္းေနတာေတြကို ဖယ္ရွားဖို႔ လြယ္ကူတဲ့ နည္းလမ္းေကာင္းေလးေတြကို ခ်စ္တို႔ အတြက္ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ …။

(၁) သခြားသီး”

သခြားသီးကို အကြင္းေလးေတြလွီးၿပီး တံေတာင္ဆစ္နဲ႔ ဒူးေနရာကို ၁၅ မိနစ္ေလာက္ ပြတ္တိုက္ေပးလိုက္ပါ …။

ၿပီးရင္ ေရေအးနဲ႔ ေရျပန္ေဆးခ်ေပးလိုက္ပါ …။

ေန႔တိုင္းမပ်က္မကြက္လုပ္ေပးရင္ တစ္လေလာက္အတြင္း ဒူးနဲ႔တံေတာင္ဆစ္ေတြ မည္းေနတာကို သိသိသာသာ ျပန္ျဖဴလာေစပါလိမ့္မယ္ …။

(၂) သံပ႐ိုသီးနဲ႔ မုန္႔ဖုတ္ဆိုဒါ”

သံပ႐ိုသီးကို ထက္ျခမ္းျခမ္းၿပီး မုန္႔ဖုတ္ဆိုဒါကို အေပၚကျဖဴးကာ တံေတာင္ဆစ္နဲ႔ ဒူးကိုပြတ္ေပးပါ …။

ေန႔စဥ္ တစ္ေန႔တစ္ႀကိမ္လုပ္ေပးသြားရင္ တစ္လေလာက္အတြင္း ျပန္ျဖဴလာပါလိမ့္မယ္။

(၃) အာလူး”

အာလူးကိုအရည္ညႇစ္ၿပီး ဒူးနဲ႔တံေတာင္ဆစ္ေနရာကို လိမ္းေပးကာ ၁၅ မိနစ္ေလာက္ထားၿပီး ေရျပန္ေဆးခ်ေပးလိုက္ပါ …။

ေန႔စဥ္ပုံမွန္လုပ္ေပးသြား႐ုံနဲ႔ ႏွစ္ပတ္အတြင္း ဒူး၊တံေတာင္ဆစ္မည္းေနတာေတြ ေပ်ာက္ကင္းသြားတာကို ေတြ႕ရမွာပါ …။

(၄) နႏြင္း”

နႏြင္းအနည္းငယ္ကို ႏြားႏို႔အနည္းငယ္နဲ႔ေရာၿပီး အႏွစ္ရလာတဲ့အခါ တံေတာင္ဆစ္နဲ႔ ဒူးေနရာမွာ ခပ္ထူထူေလး လိမ္းေပးပါ …။

ေျခာက္သြားတဲ့အထိေစာင့္ၿပီး ေရေႏြးနဲ႔ ျပန္ေဆးခ်ေပးလိုက္ပါ။ တစ္လေလာက္ ပုံမွန္လုပ္ေပး႐ုံနဲ႔ ဒူးနဲ႔တံေတာင္ဆစ္ မည္းေနတာေတြ ျပန္ျဖဴလာေစ ပါလိမ့္မယ္ …။

(၅) သၾကားနဲ႔သံလြင္ဆီ”

သၾကားနဲ႔သံလြင္ဆီကို ဆတူေရာၿပီး တံေတာင္ဆစ္နဲ႔ဒူးကို ၅ မိနစ္ေလာက္ ပြတ္တိုက္ေပးပါ …။

ႏွစ္ပတ္ေလာက္ဆက္တိုက္ လုပ္ေပးရင္ ဒူးနဲ႔တံေတာင္မည္းတာေတြ ေပ်ာက္ကင္းသြားပါလိမ့္မယ္ေနာ္ …။ ။

Written by PP

=========

Unicode Version ဖြင့်ဖတ်ရန်

ဒူးနဲ့ တံတောင်ဆစ်မည်းတာတွေကို တစ်လအတွင်းပြန်ဖြူလာစေမယ့်အိမ်တွင်းနည်းလမ်း(၅)မျိုး…

မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုသပ်ရပ်ကြည့်ကောင်းနေဖို့ အမြဲဂရုစိုက်သင့်ပါတယ် …။

ရုပ်ရည်က ပထမဦးစားပေး ဆိုပေမယ့် တစ်ကိုယ်ရည်သန့်ရှင်းရေးကိုလည်း လူတိုင်းဦးစားပေးသင့်တယ် မဟုတ်လား …၊

ဒါကြောင့် တံတောင်ဆစ်နဲ့ ဒူးနေရာတွေမှာ ညိုမည်းနေတာတွေကို ဖယ်ရှားဖို့ လွယ်ကူတဲ့ နည်းလမ်းကောင်းလေးတွေကို ချစ်တို့ အတွက် ဖော်ပြပေးလိုက်ပါတယ်နော် …။

(၁) သခွားသီး”

သခွားသီးကို အကွင်းလေးတွေလှီးပြီး တံတောင်ဆစ်နဲ့ ဒူးနေရာကို ၁၅ မိနစ်လောက် ပွတ်တိုက်ပေးလိုက်ပါ …။

ပြီးရင် ရေအေးနဲ့ ရေပြန်ဆေးချပေးလိုက်ပါ …။

နေ့တိုင်းမပျက်မကွက်လုပ်ပေးရင် တစ်လလောက်အတွင်း ဒူးနဲ့တံတောင်ဆစ်တွေ မည်းနေတာကို သိသိသာသာ ပြန်ဖြူလာစေပါလိမ့်မယ် …။

(၂) သံပရိုသီးနဲ့ မုန့်ဖုတ်ဆိုဒါ”

သံပရိုသီးကို ထက်ခြမ်းခြမ်းပြီး မုန့်ဖုတ်ဆိုဒါကို အပေါ်ကဖြူးကာ တံတောင်ဆစ်နဲ့ ဒူးကိုပွတ်ပေးပါ …။

နေ့စဉ် တစ်နေ့တစ်ကြိမ်လုပ်ပေးသွားရင် တစ်လလောက်အတွင်း ပြန်ဖြူလာပါလိမ့်မယ်။

(၃) အာလူး”

အာလူးကိုအရည်ညှစ်ပြီး ဒူးနဲ့တံတောင်ဆစ်နေရာကို လိမ်းပေးကာ ၁၅ မိနစ်လောက်ထားပြီး ရေပြန်ဆေးချပေးလိုက်ပါ …။

နေ့စဉ်ပုံမှန်လုပ်ပေးသွားရုံနဲ့ နှစ်ပတ်အတွင်း ဒူး၊တံတောင်ဆစ်မည်းနေတာတွေ ပျောက်ကင်းသွားတာကို တွေ့ရမှာပါ …။

(၄) နနွင်း”

နနွင်းအနည်းငယ်ကို နွားနို့အနည်းငယ်နဲ့ရောပြီး အနှစ်ရလာတဲ့အခါ တံတောင်ဆစ်နဲ့ ဒူးနေရာမှာ ခပ်ထူထူလေး လိမ်းပေးပါ …။

ခြောက်သွားတဲ့အထိစောင့်ပြီး ရေနွေးနဲ့ ပြန်ဆေးချပေးလိုက်ပါ။ တစ်လလောက် ပုံမှန်လုပ်ပေးရုံနဲ့ ဒူးနဲ့တံတောင်ဆစ် မည်းနေတာတွေ ပြန်ဖြူလာစေ ပါလိမ့်မယ် …။

(၅) သကြားနဲ့သံလွင်ဆီ”

သကြားနဲ့သံလွင်ဆီကို ဆတူရောပြီး တံတောင်ဆစ်နဲ့ဒူးကို ၅ မိနစ်လောက် ပွတ်တိုက်ပေးပါ …။

နှစ်ပတ်လောက်ဆက်တိုက် လုပ်ပေးရင် ဒူးနဲ့တံတောင်မည်းတာတွေ ပျောက်ကင်းသွားပါလိမ့်မယ်နော် …။ ။

Written by PP

=========