================
UNICODE VERSION ဖြင့်ဖတ်ရန်
မိန်းမကောင်းတစ်ယောက် ပိုင်ဆိုင်ရခြင်း၏အကျိုးကျေးဇူးများ…
မိန်းမကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားရခြင်းရဲ့ အကျိုးကျေးဇူးတွေကို ပြောပြပေးချင်ပါတယ်နော် …။
(၁) သူမဟာ သင့်အတွက်ပဲ အမြဲရပ်တည် နေမှာပါ။
အရည်ချင်းရှိတဲ့ မိန်းမတစ်ယောက်အတွက် လက်တွဲဖော် မရှားပါဘူး …။
ဒါပေမဲ့လည်း သူမဟာ တစ်ဘဝလုံးအတွက် သင့်တစ်ယောက်ထဲကိုပဲ သစ္စာရှိရှိ ချစ်သွားမှာပါ …။
သင်နဲ့အတူ ပျော်ရွှင်စရာ မိသားစုဘဝလေး တည်ဆောက်ချင်တယ် …။
သူမအတွက် ပြင်ပ အပျော်တွေ မလိုအပ်ပါဘူး …။
(၂) သင့်စိတ်ကူး အိပ်မက်တွေကို ပါရမီဖြည့်ပေးဖို့ အသင့်ရှိနေတယ်။
အရည်အချင်းရှိတဲ့ မိန်းမတွေဟာ သူတို့အလိုဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ပဲ ယောက်ျားတစ်ယောက်ကို လိုအပ်တာ မဟုတ်ပါဘူး …။
သင်ဖြစ်ချင်တဲ့ဆန္ဒတွေကိုလည်း သူမကိုယ်ပိုင်အိမ်မက်တွေကို အကောင်ထည်ဖော်နေသလိုပဲ အားတတ်သရော ပါရမီဖြည့်ပေးနေ ပါလိမ့်မယ် …။
(၃) သင့်ကို လမ်းမှန်ရောက်ဖို့ အမြဲအားပေးနေတယ်။
သင်မှားနေခဲ့ရင်တောင် သင့်အတ္တတွေကို အရောင်တင်ပေးပြီး သင့်စိတ်ကြိုက် အလိုက်ဆောင်ပေးမယ့် သူတွေအများကြီး ရှိနေမှာပါ …။
ဒါပေမဲ့ အရည်အချင်းရှိတဲ့ မိန်းမတစ်ယောက်ကတော့ ဘယ်လောက် ခါးသီးနေပါစေ အမှန်တရားဆီကိုပဲ သင့်ကို ခေါ်ဆောင်သွားပါလိမ့်မယ်နော် …။
(၄) သူမရဲ့ နှစ်သိမ့် အားပေးမှုက သင့်ကို ခွန်အားဖြစ်စေပါလိမ့်မယ်။
အမျိုးသမီးတွေဟာ ပြင်းထန်တဲ့ လောကဓံ ရိုက်ချက်တွေကို ခံနိုင်ရည် မရှိကြပါဘူး …။
ဒါပေမဲ့ အရည်ချင်းရှိတဲ့ မိန်းမတွေကတော့ သင်နဲ့အတူ လောကဓံကို ကြံ့ကြံ့ခံပြီး သင့်တစ်ချိန်က ခိုင်မာတဲ့ ခံယူချက်တွေကို ပြန်သတိပေးပြီး ဆက်လက်ရှင်သန်သွားဖို့ အသင့်ရှိနေပါလိမ့်မယ် …။
(၅) သင့်အရှိန်အဝါတွေ ထက် သင့်ကိုလေးစားတန်ဖိုးထားတာပါ။
သူမရဲ့ ချစ်ခြင်းမေတ္တာတွေဟာ သင့်ရဲ့လက်ရှိအခြေအနေ၊ အရှိန်အဝါ တွေအပေါ်မှာ မမူတည်ပါဘူး။ ခဏတာ အထင်ကြီးမှု မဟုတ်ပါဘူး …။
သင့်ရဲ့ကိုယ်ကျင့်တရားတွေ၊ ဖြူစင်ရိုးသားမှုတွေကို တန်ဖိုးထားတာပါ။ ထာဝရခိုင်မာတဲ့ ချစ်ခြင်းမေတ္တာတွေ ဖြစ်တဲ့အတွက် အကြွင်းမဲ့ ယုံကြည်လိုက်ပါနော် …။ ။
Credit – Original Writer
================