မိန္းကေလးေတြ အခ်စ္ေရးမွာလုပ္မိတတ္ၾကတဲ့ အမွား(၆)ခု…

မိန္းကေလးေတြ အခ်စ္ေရးမွာလုပ္မိတတ္ၾကတဲ့ အမွား(၆)ခု…

လူတိုင္း တစ္ေန႔တာမွာ မလႊဲမေသြ ၾကဳံရတဲ့အထဲမွာ အခ်စ္ေရးကလည္း ပါဝင္ေနပါတယ္ …။

လူႏွစ္ေယာက္ ခ်စ္တယ္ ဆိုတာထက္ အခ်စ္ေရးမွာ ရႈပ္ေထြးေနတဲ့ အရာေတြ အမ်ားႀကီး ရွိပါတယ္ …။

မိန္းကေလးေတြ အမ်ားစုကေတာ့ အခ်စ္ေရးနဲ႔ ပတ္သတ္ရင္ စိတ္ႏုၿပီး အမွားေတြလည္း လုပ္မိေနတတ္ၾကပါတယ္ေနာ္ …။

မိန္းကေလးေတြ အမ်ားစု အခ်စ္ေရးမွာ လုပ္မိေနတတ္တဲ့ အမွားေတြကေတာ့….

၁။ အလ်င္စလိုႏိုင္ျခင္း။

ေခတ္ကာလေတြ ေျပာင္းလဲလာတဲ့အခါမွာ ေယာကၤ်ားေလးေတြရဲ႕ အခ်စ္ေရးဆိုတဲ့ ပုံစံေတြက ေျပာင္းလဲလာပါတယ္ …။

ဒီလို ေျပာင္းလဲမႈမွာ လြယ္လြယ္ ခ်စ္ခြင့္ပန္တတ္တဲ့ သူေတြလည္း ပိုၿပီး မ်ားလာပါတယ္ …။

တစ္ေယာက္ၿပီး ခ်စ္ခြင့္ပန္ေနတတ္တဲ့ ေကာင္ေလးက အြန္လိုင္းမွာ ကိုယ့္ကို ခ်ဥ္းကပ္ၿပီး ကိုယ္ကို စဥ္းစားခ်ိန္ေတာင္ မေပးပဲ

အတင္း အေျဖေတာင္းတာမ်ိဳးကို လိုက္ေလ်ာမိတာမ်ိဳးလည္း ရွိတတ္ပါတယ္ …။

ဒီလို လြယ္လြယ္စတင္တဲ့ အခ်စ္ေရးက ေရရွည္မခံတာ မ်ားပါတယ္ေနာ္ …။

၂။ လူကဲမခတ္ျခင္း။

မိန္းကေလးေတြက စိတ္ခံစားခ်က္ကို ဦးစားေပးေလ့ ရွိပါတယ္ …။

ကိုယ္ ရင္ခုန္ေနတဲ့ ေကာင္ေလးက ကိုယ့္ကို လာခ်စ္ခြင့္ပန္တာမ်ိဳး၊ ကိုယ့္ကို လာအီတဲ့ ေကာင္ေလးကို ရင္ခုန္မိတာမ်ိဳး ျဖစ္ၿပီး ခ်စ္သူရည္းစား ျမန္ျမန္ ျဖစ္သြားတတ္ပါတယ္ …။

ဒီအခ်က္ ကိုယ္နဲ႔ မကိုက္ညီတဲ့သူနဲ႔ ၾကဳံရၿပီး ကိုယ္ကို စိတ္ဒုကၡေရာက္ရ ေစတတ္ပါတယ္ …။

၃။ စိုးရိမ္စိတ္ လြန္ကဲျခင္း။

မိန္းကေလးေတြရဲ႕ အခ်စ္ေရးမွာ အမ်ားဆုံး မွားတဲ့အခ်က္က ကိုယ့္ရဲ႕ စိုးရိမ္စိတ္ေၾကာင့္ ခ်စ္ရသူကို ဆုံးရႈံးရျခင္းပါပဲ …။

ဘယ္ေလာက္ပဲ ကိုယ့္ကို ခ်စ္ခ်စ္ လူေတြမွာ သည္းမခံနိုင္ေတာတဲ့ အခ်ိန္ဆိုတာ ျဖစ္တတ္ပါတယ္ …။

အထူးသျဖင့္ မိန္းကေလးေတြက ခ်စ္သူကို အခ်စ္လြန္ၿပီး ခ်ဳပ္ခ်ယ္မႈေတြနဲ႔ သံသယေတြ ျဖစ္ေနတာကေနစၿပီး အက်ိတ္အခဲေတြ မ်ားၿပီး အခ်စ္ေရးက ျပတ္ေတာက္သြားၾကတာပဲ ျဖစ္ပါတယ္ …။

၄။ မ်ိဳးဆက္ပြား က်န္းမာေရးကို မေလ့လာျခင္း။

Single Mom ေတြက ဂုဏ္ယူစရာ ေကာင္းေပမယ့္ အားက်စရာေတာ့ မေကာင္းပါဘူး …။

မ်ိဳးဆက္ပြားက်န္းမာေရးမွာ မိန္းကေလးေတြက အဓိက ခံစားရတတ္ပါတယ္ …။

ကိုယ္ဝန္ေဆာင္နိုင္တဲ့ သူက မိန္းကေလး ျဖစ္လို႔ လိင္မႈကိစၥေတြမွာ လြယ္လြယ္ ဆုံးျဖတ္ခ်က္ မခ်သင့္သလို ခ်စ္သူ ေျပာတဲ့စကားကို လြယ္လြယ္ယုံတာမ်ိဳး လုပ္လို႔ မျဖစ္ပါဘူး …။

ဘယ္လိုပဲ ကိုယ့္ရဲ႕ ခ်စ္သူျဖစ္ျဖစ္ ေလာကမွာ မေကာင္းတဲ့သူေတြ ရွိကို ရွိေနလို႔ ဒီကိစၥမွာ ဆင္ျခင္နိုင္မွ ကိုယ့္ရဲ့ က်န္းမာေရးနဲ႔ ေနာက္ဆက္တြဲအေျခအေနေတြကို မၾကဳံရမွာပဲ ျဖစ္ပါတယ္ …။

၅။ ဆုံးျဖတ္ခ်က္မွားျခင္း။

မိန္းကေလးေတြက မွားမွန္းသိသိနဲ႔ ေခါင္းမာၾကတာလည္း ရွိပါတယ္။ သူတို႔ရဲ႕ အႀကီးမားဆုံး အမွားပါပဲ …။

ကိုယ့္ကို မခ်စ္တဲ့သူကို တြယ္ကပ္ေနတာ၊ ကိုယ့္အေပၚ မေကာင္းတဲ့သူကိုမွ အနစ္နာခံၿပီးရင္ ခံေနတာ၊

အဆင္မေျပမွန္း သိသိနဲ႔ အိမ္ေထာင္ျပဳလိုက္ၾကတာမ်ိဳးေတြ စတဲ့ ဆုံးျဖတ္ခ်က္ အမွားေတြက ကိုယ့္ကို စိတ္ခ်မ္းသာမႈ ျဖစ္လာေစမွာ မဟုတ္ဘဲ ပိုၿပီး ပင္ပန္းေအာင္လုပ္ေနတဲ့ အခ်က္တြပဲ ျဖစ္ပါတယ္ …။

၆။ ကိုယ့္ကိုယ္ကို မခ်စ္ျခင္း။

အခ်စ္ေရးမွာ ဘယ္ေလာက္ပဲ ခ်စ္ခ်စ္ ကိုယ့္ကိုယ္ကို ခ်စ္တတ္ဖို႔ လိုအပ္ပါတယ္ …။

ကိုယ့္ကို မေပ်ာ္ရႊင္ေစတဲ့အျပင္ ပင္ပန္းေစတဲ့ အခ်စ္ေရးက အလကားအခ်ိန္ျဖဳန္းေနတဲ့ ကိစၥသက္သက္ပါပဲ ..။

ကိုယ့္ကိုယ္ကို ခ်စ္မွသာ ေကာင္းမြန္တဲ့ အခ်စ္ေရးကို ရမွာ ျဖစ္ၿပီး မြန္းၾကပ္တဲ့ အခ်စ္ေရးေတြကို စြန္႔လႊတ္နိုင္ရမွာ ျဖစ္ပါတယ္ေနာ္ …။ ။

Source – lovestory

==============

UNICODE VERSION ဖြင့်ဖတ်ရန်

မိန်းကလေးတွေ အချစ်ရေးမှာလုပ်မိတတ်ကြတဲ့ အမှား(၆)ခု…

လူတိုင်း တစ်နေ့တာမှာ မလွှဲမသွေ ကြုံရတဲ့အထဲမှာ အချစ်ရေးကလည်း ပါဝင်နေပါတယ် …။

လူနှစ်ယောက် ချစ်တယ် ဆိုတာထက် အချစ်ရေးမှာ ရှုပ်ထွေးနေတဲ့ အရာတွေ အများကြီး ရှိပါတယ် …။

မိန်းကလေးတွေ အများစုကတော့ အချစ်ရေးနဲ့ ပတ်သတ်ရင် စိတ်နုပြီး အမှားတွေလည်း လုပ်မိနေတတ်ကြပါတယ်နော် …။

မိန်းကလေးတွေ အများစု အချစ်ရေးမှာ လုပ်မိနေတတ်တဲ့ အမှားတွေကတော့….

၁။ အလျင်စလိုနိုင်ခြင်း။

ခေတ်ကာလတွေ ပြောင်းလဲလာတဲ့အခါမှာ ယောင်္ကျားလေးတွေရဲ့ အချစ်ရေးဆိုတဲ့ ပုံစံတွေက ပြောင်းလဲလာပါတယ် …။

ဒီလို ပြောင်းလဲမှုမှာ လွယ်လွယ် ချစ်ခွင့်ပန်တတ်တဲ့ သူတွေလည်း ပိုပြီး များလာပါတယ် …။

တစ်ယောက်ပြီး ချစ်ခွင့်ပန်နေတတ်တဲ့ ကောင်လေးက အွန်လိုင်းမှာ ကိုယ့်ကို ချဉ်းကပ်ပြီး ကိုယ်ကို စဉ်းစားချိန်တောင် မပေးပဲ

အတင်း အဖြေတောင်းတာမျိုးကို လိုက်လျောမိတာမျိုးလည်း ရှိတတ်ပါတယ် …။

ဒီလို လွယ်လွယ်စတင်တဲ့ အချစ်ရေးက ရေရှည်မခံတာ များပါတယ်နော် …။

၂။ လူကဲမခတ်ခြင်း။

မိန်းကလေးတွေက စိတ်ခံစားချက်ကို ဦးစားပေးလေ့ ရှိပါတယ် …။

ကိုယ် ရင်ခုန်နေတဲ့ ကောင်လေးက ကိုယ့်ကို လာချစ်ခွင့်ပန်တာမျိုး၊ ကိုယ့်ကို လာအီတဲ့ ကောင်လေးကို ရင်ခုန်မိတာမျိုး ဖြစ်ပြီး ချစ်သူရည်းစား မြန်မြန် ဖြစ်သွားတတ်ပါတယ် …။

ဒီအချက် ကိုယ်နဲ့ မကိုက်ညီတဲ့သူနဲ့ ကြုံရပြီး ကိုယ်ကို စိတ်ဒုက္ခရောက်ရ စေတတ်ပါတယ် …။

၃။ စိုးရိမ်စိတ် လွန်ကဲခြင်း။

မိန်းကလေးတွေရဲ့ အချစ်ရေးမှာ အများဆုံး မှားတဲ့အချက်က ကိုယ့်ရဲ့ စိုးရိမ်စိတ်ကြောင့် ချစ်ရသူကို ဆုံးရှုံးရခြင်းပါပဲ …။

ဘယ်လောက်ပဲ ကိုယ့်ကို ချစ်ချစ် လူတွေမှာ သည်းမခံနိုင်တောတဲ့ အချိန်ဆိုတာ ဖြစ်တတ်ပါတယ် …။

အထူးသဖြင့် မိန်းကလေးတွေက ချစ်သူကို အချစ်လွန်ပြီး ချုပ်ချယ်မှုတွေနဲ့ သံသယတွေ ဖြစ်နေတာကနေစပြီး အကျိတ်အခဲတွေ များပြီး အချစ်ရေးက ပြတ်တောက်သွားကြတာပဲ ဖြစ်ပါတယ် …။

၄။ မျိုးဆက်ပွား ကျန်းမာရေးကို မလေ့လာခြင်း။

Single Mom တွေက ဂုဏ်ယူစရာ ကောင်းပေမယ့် အားကျစရာတော့ မကောင်းပါဘူး …။

မျိုးဆက်ပွားကျန်းမာရေးမှာ မိန်းကလေးတွေက အဓိက ခံစားရတတ်ပါတယ် …။

ကိုယ်ဝန်ဆောင်နိုင်တဲ့ သူက မိန်းကလေး ဖြစ်လို့ လိင်မှုကိစ္စတွေမှာ လွယ်လွယ် ဆုံးဖြတ်ချက် မချသင့်သလို ချစ်သူ ပြောတဲ့စကားကို လွယ်လွယ်ယုံတာမျိုး လုပ်လို့ မဖြစ်ပါဘူး …။

ဘယ်လိုပဲ ကိုယ့်ရဲ့ ချစ်သူဖြစ်ဖြစ် လောကမှာ မကောင်းတဲ့သူတွေ ရှိကို ရှိနေလို့ ဒီကိစ္စမှာ ဆင်ခြင်နိုင်မှ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ နောက်ဆက်တွဲအခြေအနေတွေကို မကြုံရမှာပဲ ဖြစ်ပါတယ် …။

၅။ ဆုံးဖြတ်ချက်မှားခြင်း။

မိန်းကလေးတွေက မှားမှန်းသိသိနဲ့ ခေါင်းမာကြတာလည်း ရှိပါတယ်။ သူတို့ရဲ့ အကြီးမားဆုံး အမှားပါပဲ …။

ကိုယ့်ကို မချစ်တဲ့သူကို တွယ်ကပ်နေတာ၊ ကိုယ့်အပေါ် မကောင်းတဲ့သူကိုမှ အနစ်နာခံပြီးရင် ခံနေတာ၊

အဆင်မပြေမှန်း သိသိနဲ့ အိမ်ထောင်ပြုလိုက်ကြတာမျိုးတွေ စတဲ့ ဆုံးဖြတ်ချက် အမှားတွေက ကိုယ့်ကို စိတ်ချမ်းသာမှု ဖြစ်လာစေမှာ မဟုတ်ဘဲ ပိုပြီး ပင်ပန်းအောင်လုပ်နေတဲ့ အချက်တွပဲ ဖြစ်ပါတယ် …။

၆။ ကိုယ့်ကိုယ်ကို မချစ်ခြင်း။

အချစ်ရေးမှာ ဘယ်လောက်ပဲ ချစ်ချစ် ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့ လိုအပ်ပါတယ် …။

ကိုယ့်ကို မပျော်ရွှင်စေတဲ့အပြင် ပင်ပန်းစေတဲ့ အချစ်ရေးက အလကားအချိန်ဖြုန်းနေတဲ့ ကိစ္စသက်သက်ပါပဲ ..။

ကိုယ့်ကိုယ်ကို ချစ်မှသာ ကောင်းမွန်တဲ့ အချစ်ရေးကို ရမှာ ဖြစ်ပြီး မွန်းကြပ်တဲ့ အချစ်ရေးတွေကို စွန့်လွှတ်နိုင်ရမှာ ဖြစ်ပါတယ်နော် …။ ။

Source – lovestory

==============