ကိုယ့္ကိုထားသြားတဲ့ သူတစ္ေယာက္ကို ေသေလာက္ေအာင္လြမ္းေနရင္ ဒါေတြလုပ္ပါ…

ကိုယ့္ကိုထားသြားတဲ့ သူတစ္ေယာက္ကို ေသေလာက္ေအာင္လြမ္းေနရင္ ဒါေတြလုပ္ပါ…

ကိုယ့္ကိုထားသြားတဲ့သူတစ္ေယာက္ကို ေသေလာက္ေအာင္ လြမ္းေနရင္ ဒါေတြလုပ္ၿပီး ေမ့ပစ္လိုက္ပါ …။

ကိုယ့္ေဘးနားမွာ မရွိေတာ့တဲ့သူတစ္ေယာက္၊ ကိုယ့္ကို ထားသြားတဲ့ သူတစ္ေယာက္ကို ေသေလာက္ေအာင္လြမ္းေနတတ္ၾကတယ္။ အဲ့လိုအခ်ိန္ေတြက ခံစားရ အခက္ဆုံးပါ …။

သတိရလြန္းလို႔ ငိုမိရင္လည္း ငိုမိမယ္။ ဒီအခ်ိန္ေတြကို ေက်ာ္ျဖတ္နိုင္ဖို႔အတြက္ ဒီအခ်က္ေလးေတြကို လုပ္ၾကည့္လိုက္ပါ …။

အိမ္မွာခ်ည္းပဲ မေနပါနဲ႔…တစ္စုံတစ္ေယာက္ကို သတိရေနတာက အိမ္မွာပဲ တံခါးေလာ့ခ်ၿပီး ေနေနလို႔ပါ …။

အဆိုးဆုံးကေတာ့ အျပင္ေလာကနဲ႔ အဆက္အသြယ္ ျဖတ္ထားတာပါပဲ။ အိမ္မွာေနေနရင္ ပိုၿပီးသတိရတတ္ပါတယ္ …။

အဲဒါေၾကာင့္ တစ္စုံတစ္ေယာက္ကို သတိမရေအာင္ဆိုရင္ အျပင္ထြက္ေပး၊ GYM ေဆာ့ေပးပါ။ အိမ္မွာပဲ ေနလိုက္ရင္ တစ္စုံတစ္ေယာက္ကို သတိရတဲ႔စိတ္က ပိုၿပီး တိုးလာ႐ုံပဲ ရွိမွာပါ …။

သူငယ္ခ်င္းေတြနဲ႔ အတူရွိေနပါ….တစ္စုံတစ္ေယာက္ကို သတိေတြ အရမ္းရေနတယ္ဆိုရင္ ဘယ္လိုလုပ္ရမလဲဆိုေတာ့ သူငယ္ခ်င္းေတြနဲ႔ အတူရွိေနလိုက္ပါ။ သင့္ရဲ့သူငယ္ခ်င္းေတြကလည္း သင္အတြက္ အျမဲရွိေနေပးမွာပါ …။

သူငယ္ခ်င္းေတြနဲ႔ အတူရွိေနလိုက္ရင္ သူ႔ကို သတိရတဲ့စိတ္ေတြ ေလ်ာ့သြားမယ့္အျပင္ သင္ကိုယ့္သင္ ဘယ္သူဆိုတာကို သိျမင္လာပါ လိမ္႔မယ္ …။

သင့္အေၾကာင္းကို သင့္နဲ႔ေပါင္းေနတဲ့ သူငယ္ခ်င္းေတြကသာ အသိဆုံးျဖစ္လို႔ သင့္စိတ္ထဲကေန သူ႔ကိုေမ့ပစ္နိုင္ေအာင္ ကူညီေပးမွာပါ …။

အဲဒါေၾကာင့္ တစ္စုံတစ္ေယာက္ကို ေမ့ပစ္ဖို႔ဆိုရင္ သူငယ္ခ်င္းေတြနဲ႔ အတူရွိေနလိုက္ပါ …။

ဝါသနာပါရာ တစ္ခုကိုလုပ္ပါ….ဒီလိုအခ်ိန္မ်ိဳးက သင့္အတြက္ အခြင့္အေရးတစ္ခုပါ။ သင့္စိတ္ႀကိဳက္ သင္လုပ္ခ်င္တဲ့ ဝါသနာတစ္ခုခုကို လုပ္ၾကည့္လိုက္ပါ …။

သူကို အိမ္မွာထိုင္ၿပီး သတိရေနမယ့္အစား သင့္အတြက္ အက်ိဳးရွိေစမယ့္အရာကို လုပ္လိုက္ပါ။ အဲ့အရာကိုပဲ စိတ္ႏွစ္ထားၾကည္႔လိုက္ပါ …။

သူ႔ကို ေသေလာက္ေအာင္သတိရေနတဲ့စိတ္လည္း ေလ်ာ့သြားမွာပဲ ျဖစ္ပါတယ္ …။

သီခ်င္းနားေထာင္ေပးပါ….သင့္ကိုထားသြားခဲ့တဲ့ ေနာက္မွာ သင္ဘက္က ခံစားရမွာပါ။ အဲဒီအခ်ိန္မွာ သင္နဲ႔ပတ္သက္တဲ့ သီခ်င္းေတြကို နားေထာင္လိုက္ပါ …။

ထားသြားခံရတဲ့ဘက္ကေန ေရးထားတဲ့ သီခ်င္းေတြကို နားေထာင္ပါ။ဒါေပမယ့္ အခ်ိန္တိုင္း နားမေထာင္ပါနဲ႔ေနာ္ …။

ဒီလိုသတိရေနတဲ့အခ်ိန္မွာ သီခ်င္းေအးေအးေတြ၊ အခ်စ္သီခ်င္းေတြကိုေတာ့ လံုး၀ နားမေထာင္မိပါေစနဲ႔ …။

ေက်းဇူးတင္လိုက္ပါ….အစမွာေတာ့ သင့္ကို ထားသြားခဲ့တဲ့သူကို မုန္းရင္ မုန္းေနပါလိမ့္မယ္ …။

ဒါေပမယ့္ သင့္အေပၚကို ဘာေတြေကာင္းခဲ့တယ္၊ ဘယ္လိုေတြ ကူညီေပးခဲ့ဖူးတယ္ဆိုတာကို ျပန္ေတြးၾကည့္ဖို႔ လိုပါတယ္ …။

ၿပီးရင္ ‘Thank You Letter’ ေရးေပးလိုက္ပါ …။

သူ႕ကို သင္ဘယ္ေလာက္ တန္ဖိုးထားခဲ့တဲ့ ဆိုတာ၊ ေပ်ာ္ရႊင္ခဲ့ရတဲ့အခ်ိန္ေတြအတြက္ ေက်းဇူးတင္တယ္ဆိုတာ၊ ဘဝအတြက္ မသိတာေတြကို သင္ေပးခဲ့လို႔ ေက်းဇူးတင္တယ္ ဆိုတာေတြ ေရးေပးလိုက္ပါ …။

အဲ့လိုေရးေပးလိုက္တာက သင္တို႔ႏွစ္ေယာက္ဇာတ္လမ္းၿပီးသြားၿပီဆိုတာကို မွတ္တမ္းတင္လိုက္သလို ျဖစ္သြားမွာျဖစ္ၿပီး၊

သင္ခံစားေနရတာေတြလည္း ေလွ်ာေပါ႔သက္သာသြားမွာပဲ ျဖစ္ပါတယ္ …။ ။

===============

Unicode Version ဖြင့်ဖတ်ရန်

ကိုယ့်ကိုထားသွားတဲ့ သူတစ်ယောက်ကို သေလောက်အောင်လွမ်းနေရင် ဒါတွေလုပ်ပါ…

ကိုယ့်ကိုထားသွားတဲ့သူတစ်ယောက်ကို သေလောက်အောင် လွမ်းနေရင် ဒါတွေလုပ်ပြီး မေ့ပစ်လိုက်ပါ …။

ကိုယ့်ဘေးနားမှာ မရှိတော့တဲ့သူတစ်ယောက်၊ ကိုယ့်ကို ထားသွားတဲ့ သူတစ်ယောက်ကို သေလောက်အောင်လွမ်းနေတတ်ကြတယ်။ အဲ့လိုအချိန်တွေက ခံစားရ အခက်ဆုံးပါ …။

သတိရလွန်းလို့ ငိုမိရင်လည်း ငိုမိမယ်။ ဒီအချိန်တွေကို ကျော်ဖြတ်နိုင်ဖို့အတွက် ဒီအချက်လေးတွေကို လုပ်ကြည့်လိုက်ပါ …။

အိမ်မှာချည်းပဲ မနေပါနဲ့…တစ်စုံတစ်ယောက်ကို သတိရနေတာက အိမ်မှာပဲ တံခါးလော့ချပြီး နေနေလို့ပါ …။

အဆိုးဆုံးကတော့ အပြင်လောကနဲ့ အဆက်အသွယ် ဖြတ်ထားတာပါပဲ။ အိမ်မှာနေနေရင် ပိုပြီးသတိရတတ်ပါတယ် …။

အဲဒါကြောင့် တစ်စုံတစ်ယောက်ကို သတိမရအောင်ဆိုရင် အပြင်ထွက်ပေး၊ GYM ဆော့ပေးပါ။ အိမ်မှာပဲ နေလိုက်ရင် တစ်စုံတစ်ယောက်ကို သတိရတဲ့စိတ်က ပိုပြီး တိုးလာရုံပဲ ရှိမှာပါ …။

သူငယ်ချင်းတွေနဲ့ အတူရှိနေပါ….တစ်စုံတစ်ယောက်ကို သတိတွေ အရမ်းရနေတယ်ဆိုရင် ဘယ်လိုလုပ်ရမလဲဆိုတော့ သူငယ်ချင်းတွေနဲ့ အတူရှိနေလိုက်ပါ။ သင့်ရဲ့သူငယ်ချင်းတွေကလည်း သင်အတွက် အမြဲရှိနေပေးမှာပါ …။

သူငယ်ချင်းတွေနဲ့ အတူရှိနေလိုက်ရင် သူ့ကို သတိရတဲ့စိတ်တွေ လျော့သွားမယ့်အပြင် သင်ကိုယ့်သင် ဘယ်သူဆိုတာကို သိမြင်လာပါ လိမ့်မယ် …။

သင့်အကြောင်းကို သင့်နဲ့ပေါင်းနေတဲ့ သူငယ်ချင်းတွေကသာ အသိဆုံးဖြစ်လို့ သင့်စိတ်ထဲကနေ သူ့ကိုမေ့ပစ်နိုင်အောင် ကူညီပေးမှာပါ …။

အဲဒါကြောင့် တစ်စုံတစ်ယောက်ကို မေ့ပစ်ဖို့ဆိုရင် သူငယ်ချင်းတွေနဲ့ အတူရှိနေလိုက်ပါ …။

ဝါသနာပါရာ တစ်ခုကိုလုပ်ပါ….ဒီလိုအချိန်မျိုးက သင့်အတွက် အခွင့်အရေးတစ်ခုပါ။ သင့်စိတ်ကြိုက် သင်လုပ်ချင်တဲ့ ဝါသနာတစ်ခုခုကို လုပ်ကြည့်လိုက်ပါ …။

သူကို အိမ်မှာထိုင်ပြီး သတိရနေမယ့်အစား သင့်အတွက် အကျိုးရှိစေမယ့်အရာကို လုပ်လိုက်ပါ။ အဲ့အရာကိုပဲ စိတ်နှစ်ထားကြည့်လိုက်ပါ …။

သူ့ကို သေလောက်အောင်သတိရနေတဲ့စိတ်လည်း လျော့သွားမှာပဲ ဖြစ်ပါတယ် …။

သီချင်းနားထောင်ပေးပါ….သင့်ကိုထားသွားခဲ့တဲ့ နောက်မှာ သင်ဘက်က ခံစားရမှာပါ။ အဲဒီအချိန်မှာ သင်နဲ့ပတ်သက်တဲ့ သီချင်းတွေကို နားထောင်လိုက်ပါ …။

ထားသွားခံရတဲ့ဘက်ကနေ ရေးထားတဲ့ သီချင်းတွေကို နားထောင်ပါ။ဒါပေမယ့် အချိန်တိုင်း နားမထောင်ပါနဲ့နော် …။

ဒီလိုသတိရနေတဲ့အချိန်မှာ သီချင်းအေးအေးတွေ၊ အချစ်သီချင်းတွေကိုတော့ လုံး၀ နားမထောင်မိပါစေနဲ့ …။

ကျေးဇူးတင်လိုက်ပါ….အစမှာတော့ သင့်ကို ထားသွားခဲ့တဲ့သူကို မုန်းရင် မုန်းနေပါလိမ့်မယ် …။

ဒါပေမယ့် သင့်အပေါ်ကို ဘာတွေကောင်းခဲ့တယ်၊ ဘယ်လိုတွေ ကူညီပေးခဲ့ဖူးတယ်ဆိုတာကို ပြန်တွေးကြည့်ဖို့ လိုပါတယ် …။

ပြီးရင် ‘Thank You Letter’ ရေးပေးလိုက်ပါ …။

သူ့ကို သင်ဘယ်လောက် တန်ဖိုးထားခဲ့တဲ့ ဆိုတာ၊ ပျော်ရွှင်ခဲ့ရတဲ့အချိန်တွေအတွက် ကျေးဇူးတင်တယ်ဆိုတာ၊ ဘဝအတွက် မသိတာတွေကို သင်ပေးခဲ့လို့ ကျေးဇူးတင်တယ် ဆိုတာတွေ ရေးပေးလိုက်ပါ …။

အဲ့လိုရေးပေးလိုက်တာက သင်တို့နှစ်ယောက်ဇာတ်လမ်းပြီးသွားပြီဆိုတာကို မှတ်တမ်းတင်လိုက်သလို ဖြစ်သွားမှာဖြစ်ပြီး၊

သင်ခံစားနေရတာတွေလည်း လျှောပေါ့သက်သာသွားမှာပဲ ဖြစ်ပါတယ် …။ ။

===============