သင့္ကို တကယ္ခ်စ္တဲ့ေယာက္်ားေလးဆိုတာ ဒီလိုမ်ိဳးပါ…

သင့္ကို တကယ္ခ်စ္တဲ့ေယာက္်ားေလးဆိုတာ ဒီလိုမ်ိဳးပါ…

ဒီလို ေယာက်ာ္းေလးမ်ိဳးကို ပိုင္ဆိုင္ခြင့္ ရခဲ့ရင္ သင္ဟာ အရမ္းကံေကာင္းပါျပီ …။

တကယ္ခ်စ္တဲ့ ေယာက္်ားဆိုတာ… အခမ္းနားဆုံး မျဖစ္နိုင္ရင္ေတာင္ အေကာင္းဆုံးေတာ့ သင့္အတြက္ ႀကိဳးစား ဖန္တီးေပးေန ပါလိမ့္မယ္ …။

သူ ႔ဘ၀ ရဲ႕ ေပ်ာ္ေစတဲ့ကိစၥ ရွိလာခဲ့ရင္ အရင္ဦးဆုံး သတိရမိသူက သင္ပါပဲ …။

သုံးေနက် Password ဖြင့္ေျပာျပတာမ်ိဳး ရွိပါလိမ့္မယ္ …။

လၽွိဝွက္ခ်က္ ဆိုတာ သူနဲ႔ သင့္ၾကား မထားတတ္ေတာ့ပါဘူး …။

အနာဂါတ္ အစီအစဥ္ တစ္ခုခု သင့္အတြက္ ႀကိဳးစားေနပါလိမ့္မယ္ …။

အပိုေငြ ကုန္ေပါက္ေတြ ၊ အေပ်ာ္အတြက္ ေငြေၾကးသုံးစြဲတာေတြ ေလ်ာ့ၿပီး သင့္အတြက္ လိုအပ္တာေလးေတြ ျဖည့္ဆည္းေပးဖို႔ အသုံးခ်တတ္ပါတယ္ …။

ဘာပဲလုပ္လုပ္ သင့္ဆီက ခြင့္ေတာင္းတတ္ပါတယ္။ တခ်ိဳ႕ ကိစၥေတြ အတြက္ အႀကံဉာဏ္ ေတာင္းပါလိမ္႔မယ္ …။

သေဘာထားခ်င္း မတိုက္ဆိုင္တဲ့ ကိစၥေတြ ရွိေနခဲ့ရင္လည္း အတတ္နိုင္ဆုံး သင့္ဆႏၵကို လိုက္ေလ်ာေပးတတ္ပါတယ္ …။

သင္ႏွစ္သက္တဲ့ အစားအေသာက္ (ဒါမွမဟုတ္) သင္ႏွစ္သက္တဲ့ ပစၥည္းတစ္ခုခု လမ္းၾကဳံေတြ႕တဲ့အခါ ဝယ္လာေပးတတ္တယ္ …။

သင့္ အျပဳအမူတိုင္းဟာ သူ႕အတြက္ ခ်စ္ဖို႔ ေကာင္းေနမွာပါ …။

စိတ္ဆိုးတဲ့ အခါ ျပႆနာကို ေျပလည္ေအာင္ ေျပာျပတတ္တယ္ …။

သင္မွားေနရင္ေတာင္ တခါတေလ သူ႔ဘက္က မာနကို ေလ်ာ့ခ် ထားတတ္ပါတယ္ …။

သင္ မႏွစ္သက္တဲ့ အရာေတကိုဆို အတတ္နိုင္ဆုံး ေရွာင္ရွားတယ္။ တခ်ိဳ႕ ကိစၥေတြဆို သင့္ေၾကာင့္ ျငင္းဆန္ပစ္လိုက္တဲ့ အထိ ရွိေနတတ္ပါတယ္ …။

အတူရွိေနခ်ိန္တိုင္း သင့္လက္ဖဝါးေလးကို ဆုပ္ကိုင္ထားတတ္ပါတယ္ …။

သင္က သူ႕ကို သက္သက္မဲ့ ရစ္ေနရင္ေတာင္ သူ႕အမွားလား ဆိုၿပီး ကိုယ့္ကိုယ္ကို ဆန္းစစ္ေန တတ္ပါတယ္ …။

အတိတ္က သင္ ဘာေတြပဲ ျဖစ္ခဲ့ ျဖစ္ခဲ့ သူ အေလးထားတာ သင္နဲ႔သူ႔ရဲ႕ မနက္ျဖန္ပါ …။

အေပါင္းအသင္းေတြ ေရွ႕မွာလည္း သင့္ကို ဘယ္ေလာက္ခ်စ္တဲ့ အေၾကာင္းကို ႂကြားစရာ တခုလို ေျပာျပေနတတ္ပါတယ္ …။

သူ႕ ဖုန္း Wallpaper မွာ သင့္ Photo ေလး ထည့္ထားတတ္တယ္ …။

သူေပးထားတဲ့ ခ်စ္စနိုး နာမည္ေျပာင္ေလး သင့္ကို ခဏ ခဏ ေခၚေနတတ္ပါတယ္ …။

ႀကိဳက္သေလာက္စားပါ ၊ တက္လာတဲ့ ကိုယ္အေလးခ်ိန္ကို သူအျပစ္ မရွာတတ္ပါဘူး …။

ေဒါသ ထြက္ရင္ေတာင္မွ သင့္အေပၚ ကိုယ္ထိလက္ေရာက္ က်ဴးလြန္တာမ်ိဳး မရွိဘူး။

သူရဲ့ မိန္းခေလး မိတ္ေဆြေတြ အေၾကာင္းလည္း သင့္ကို ေျပာျပထားတတ္ ပါတယ္ …။

သင္ ေတာင္းတဲ့ ကတိကို အတတ္နိုင္ဆုံး ေပးတတ္တယ္ ၊ တည္ေအာင္လည္း လိုက္နာတတ္ပါတယ္ …။

သင္ ေအာင္ျမင္မႈ ကံေကာင္းမႈေတြ ၾကဳံတဲ့အခါ သူက သင့္ထက္ ေပ်ာ္ေနတတ္ပါတယ္ …။

သင္က သဝန္တိုတဲ့ အခါ နားလည္ေအာင္ စိတ္ရွည္ရွည္နဲ႔ ရွင္းျပတတ္တယ္ …။

သင့္ေမြးေန႔ကို သူမေမ့ဘူး ၊ အမွတ္တရေန႔ေတြကို သူမေမ့ဘူး။ သင့္ ခံစားခ်က္ကို သူမ်ားထက္ပိုၿပီး နားလည္ေပးတယ္ …။

အတူ စကားေျပာေနရင္းမွ ႐ုတ္ခ်ည္း အေျခအေနေျပာင္းသြားတဲ့အခါ (သင္က စိတ္ဆိုးတဲ့အခါ) ဟာသေလးေတြနဲ႔ အေျခအေန ေျပာင္းလဲျပစ္ တတ္ပါတယ္ …။

ေမးစရာမလိုပါဘူး။ ဒီေန႔ဘယ္သြားမယ္ ဘယ္မွာ ရွိမယ္ ဘာေတြ လုပ္မယ္ဆိုတာ သင့္ကိုအျမဲ အစီရင္ ခံေနပါ လိမ္႔မယ္ …။

သင့္ကို သူ႔ေၾကာင့္ မ်က္ရည္ မက်ေစပါဘူး။ ယုံၾကည္ခ်က္ နားလည္မႈ သစၥာတရား ဒါေတြဟာ သင္မေတာင္းလည္း သူ႔ဆီက အလိုလိုရမယ့္ ခ်စ္ျခင္းေမတၱာ တစ္ခုပါ …။

ဒီလို အခ်က္ ေတာ္ေတာ္မ်ားမ်ားနဲ႔ကိုယ္ညီတဲ့ ခ်စ္သူ ေယာက်ာ္းေလးမ်ိဳး သင္ ပိုင္ဆိုင္ထားတယ္ မဟုတ္လား …၊

အဲ့ဒါဆိုရင္ေတာ့ သင္ဟာ တကယ္ ကံေကာင္းတဲ့ မိန္းခေလးပါပဲေနာ္ …။ ။

==============

Unicode Version ဖြင့်ဖတ်ရန်

သင့်ကို တကယ်ချစ်တဲ့ယောက်ျားလေးဆိုတာ ဒီလိုမျိုးပါ…

ဒီလို ယောက်ျားလေးမျိုးကို ပိုင်ဆိုင်ခွင့် ရခဲ့ရင် သင်ဟာ အရမ်းကံကောင်းပါပြီ …။

တကယ်ချစ်တဲ့ ယောက်ျားဆိုတာ… အခမ်းနားဆုံး မဖြစ်နိုင်ရင်တောင် အကောင်းဆုံးတော့ သင့်အတွက် ကြိုးစား ဖန်တီးပေးနေ ပါလိမ့်မယ် …။

သူ့ဘ၀ ရဲ့ ပျော်စေတဲ့ကိစ္စ ရှိလာခဲ့ရင် အရင်ဦးဆုံး သတိရမိသူက သင်ပါပဲ …။

သုံးနေကျ Password ဖွင့်ပြောပြတာမျိုး ရှိပါလိမ့်မယ် …။

လျှိဝှက်ချက် ဆိုတာ သူနဲ့ သင့်ကြား မထားတတ်တော့ပါဘူး …။

အနာဂါတ် အစီအစဉ် တစ်ခုခု သင့်အတွက် ကြိုးစားနေပါလိမ့်မယ် …။

အပိုငွေ ကုန်ပေါက်တွေ ၊ အပျော်အတွက် ငွေကြေးသုံးစွဲတာတွေ လျော့ပြီး သင့်အတွက် လိုအပ်တာလေးတွေ ဖြည့်ဆည်းပေးဖို့ အသုံးချတတ်ပါတယ် …။

ဘာပဲလုပ်လုပ် သင့်ဆီက ခွင့်တောင်းတတ်ပါတယ်။ တချို့ ကိစ္စတွေ အတွက် အကြံဉာဏ် တောင်းပါလိမ့်မယ် …။

သဘောထားချင်း မတိုက်ဆိုင်တဲ့ ကိစ္စတွေ ရှိနေခဲ့ရင်လည်း အတတ်နိုင်ဆုံး သင့်ဆန္ဒကို လိုက်လျောပေးတတ်ပါတယ် …။

သင်နှစ်သက်တဲ့ အစားအသောက် (ဒါမှမဟုတ်) သင်နှစ်သက်တဲ့ ပစ္စည်းတစ်ခုခု လမ်းကြုံတွေ့တဲ့အခါ ဝယ်လာပေးတတ်တယ် …။

သင့် အပြုအမူတိုင်းဟာ သူ့အတွက် ချစ်ဖို့ ကောင်းနေမှာပါ …။

စိတ်ဆိုးတဲ့ အခါ ပြဿနာကို ပြေလည်အောင် ပြောပြတတ်တယ် …။

သင်မှားနေရင်တောင် တခါတလေ သူ့ဘက်က မာနကို လျော့ချ ထားတတ်ပါတယ် …။

သင် မနှစ်သက်တဲ့ အရာတေကိုဆို အတတ်နိုင်ဆုံး ရှောင်ရှားတယ်။ တချို့ ကိစ္စတွေဆို သင့်ကြောင့် ငြင်းဆန်ပစ်လိုက်တဲ့ အထိ ရှိနေတတ်ပါတယ် …။

အတူရှိနေချိန်တိုင်း သင့်လက်ဖဝါးလေးကို ဆုပ်ကိုင်ထားတတ်ပါတယ် …။

သင်က သူ့ကို သက်သက်မဲ့ ရစ်နေရင်တောင် သူ့အမှားလား ဆိုပြီး ကိုယ့်ကိုယ်ကို ဆန်းစစ်နေ တတ်ပါတယ် …။

အတိတ်က သင် ဘာတွေပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ သူ အလေးထားတာ သင်နဲ့သူ့ရဲ့ မနက်ဖြန်ပါ …။

အပေါင်းအသင်းတွေ ရှေ့မှာလည်း သင့်ကို ဘယ်လောက်ချစ်တဲ့ အကြောင်းကို ကြွားစရာ တခုလို ပြောပြနေတတ်ပါတယ် …။

သူ့ ဖုန်း Wallpaper မှာ သင့် Photo လေး ထည့်ထားတတ်တယ် …။

သူပေးထားတဲ့ ချစ်စနိုး နာမည်ပြောင်လေး သင့်ကို ခဏ ခဏ ခေါ်နေတတ်ပါတယ် …။

ကြိုက်သလောက်စားပါ ၊ တက်လာတဲ့ ကိုယ်အလေးချိန်ကို သူအပြစ် မရှာတတ်ပါဘူး …။

ဒေါသ ထွက်ရင်တောင်မှ သင့်အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်တာမျိုး မရှိဘူး။

သူရဲ့ မိန်းခလေး မိတ်ဆွေတွေ အကြောင်းလည်း သင့်ကို ပြောပြထားတတ် ပါတယ် …။

သင် တောင်းတဲ့ ကတိကို အတတ်နိုင်ဆုံး ပေးတတ်တယ် ၊ တည်အောင်လည်း လိုက်နာတတ်ပါတယ် …။

သင် အောင်မြင်မှု ကံကောင်းမှုတွေ ကြုံတဲ့အခါ သူက သင့်ထက် ပျော်နေတတ်ပါတယ် …။

သင်က သဝန်တိုတဲ့ အခါ နားလည်အောင် စိတ်ရှည်ရှည်နဲ့ ရှင်းပြတတ်တယ် …။

သင့်မွေးနေ့ကို သူမမေ့ဘူး ၊ အမှတ်တရနေ့တွေကို သူမမေ့ဘူး။ သင့် ခံစားချက်ကို သူများထက်ပိုပြီး နားလည်ပေးတယ် …။

အတူ စကားပြောနေရင်းမှ ရုတ်ချည်း အခြေအနေပြောင်းသွားတဲ့အခါ (သင်က စိတ်ဆိုးတဲ့အခါ) ဟာသလေးတွေနဲ့ အခြေအနေ ပြောင်းလဲပြစ် တတ်ပါတယ် …။

မေးစရာမလိုပါဘူး။ ဒီနေ့ဘယ်သွားမယ် ဘယ်မှာ ရှိမယ် ဘာတွေ လုပ်မယ်ဆိုတာ သင့်ကိုအမြဲ အစီရင် ခံနေပါ လိမ့်မယ် …။

သင့်ကို သူ့ကြောင့် မျက်ရည် မကျစေပါဘူး။ ယုံကြည်ချက် နားလည်မှု သစ္စာတရား ဒါတွေဟာ သင်မတောင်းလည်း သူ့ဆီက အလိုလိုရမယ့် ချစ်ခြင်းမေတ္တာ တစ်ခုပါ …။

ဒီလို အချက် တော်တော်များများနဲ့ကိုယ်ညီတဲ့ ချစ်သူ ယောက်ျားလေးမျိုး သင် ပိုင်ဆိုင်ထားတယ် မဟုတ်လား …၊

အဲ့ဒါဆိုရင်တော့ သင်ဟာ တကယ် ကံကောင်းတဲ့ မိန်းခလေးပါပဲနော် …။ ။

==============