ေယာက်ာၤးေလးပဲျဖစ္ျဖစ္ မိန္းကေလးပဲျဖစ္ျဖစ္ ကုိယ့္ခ်စ္သူကုိတကယ္ခ်စ္ရင္ ဒီပုိစ့္ကုိ ဖတ္ျဖစ္ေအာင္ဖတ္သြားပါ

ေယာက်ာၤးေလးပဲျဖစ္ျဖစ္ မိန္းကေလးပဲျဖစ္ျဖစ္ ကုိယ့္ခ်စ္သူကုိတကယ္ခ်စ္ရင္ ဒီပုိစ့္ကုိ ဖတ္ျဖစ္ေအာင္ဖတ္သြားပါ

တကယ္ခ်စ္တယ္ဆိုရင္ သူမွားေနရင္ေတာင္မွ လက္ခံနားလည္ ေပးရမွာပဲ။ ခ်စ္သူ၊ ရည္းစားရယ္လို႔ ျဖစ္လာၿပီဆိုရင္ တစ္ေယာက္သိကၡာကို တစ္ေယာက္က ကာကြယ္ေပးရမယ္။ အပုပ္မခ် သင့္ပါဘူး …။

လူတိုင္းဟာ အတၱသမားခ်ည္းပါပဲ။ သူ႕အတၱကို ထိပါးလာတာ လူတိုင္း မႀကိဳက္ၾကဘူး …။

ေပါင္းသင္းဆက္ဆံေရးမွာ ဒီအခ်က္ကသိပ္အေရးႀကီးတယ္။ ဆိုပါေတာ့….ေထာင္က်ေနတဲ့ လူေတြကိုခင္ဗ်ားမွားတယ္လို႔ သြားေျပာရင္ ဘာျပန္ေျပာမယ္ထင္လဲ …၊

“တကယ္က ကြၽန္ေတာ္ လူမွားၿပီး တရားစြဲခံခဲ့ရတာပါ” “တရားသူႀကီးက လာဒ္စားလို႔ပါ”

“ကြၽန္ေတာ္ ဘုရားမႀကိဳက္တာ မလုပ္ခဲ့ပါဘူး”ဆိုတဲ့အေျဖပဲ ေပးၾကလိမ့္မယ္။လူ ၁၀၀ မွာ ၈၀ ေလာက္က ဝန္ခံရဲၾကမွာ မဟုတ္ပါဘူး …။

ဒါဟာ ဘာလို႔လဲဆိုေတာ့ လူတိုင္းဟာ မိမိအတၱကို မိမိကာကြယ္ခ်င္တဲ့စိတ္ ရွိလို႔ပဲေပါ့ …။

ခ်စ္သူ၊ ရည္းစား အခ်င္းခ်င္း ကြယ္ရာမွာတစ္ေယာက္ကိုတစ္ေယာက္ မေကာင္းေၾကာင္းေျပာဆိုေနရင္ ဒါဟာ တကယ္ခ်စ္တာမဟုတ္ဘူးလို႔ ယူဆလို႔ ရပါတယ္ …။

ခ်စ္ေနဆဲအခ်ိန္မွာ ၿမဳံထားၾကေပမယ့္ ျပႆနာျဖစ္ၾကတဲ့အခါ အခ်င္းခ်င္း ငယ္က်ိဳးငယ္နာေတြ ေဖာ္ၾကမယ္ဆိုရင္ ဘယ္မွာ ၿငိမ္းေအးမႈ ရွိပါေတာ့မလဲ …။

အမွားကင္းတဲ့ လူရယ္လို႔ ဒီေလာကမွာ မရွိဘူး။ သူလည္းမွားသလို ကိုယ္လည္း မွားမွာပဲေလ …။

ဒါကို နားလည္သေဘာေပါက္ ထားရပါမယ္ …။

ကြယ္ရာမွာ အခ်င္းခ်င္း ေဝဖန္အပုပ္ခ်ေနတဲ့ ခ်စ္သူ၊ ရည္းစားေတြက ၿမဲမယ္လို႔ ထင္သလား၊ မၿမဲပါဘူး …။

တစ္ေယာက္တည္းေနခဲ့တုန္းကအေကာင္း သူနဲ႔ေပါင္းကာမွ ကိုယ့္သိကၡာက်ရမယ္ဆိုရင္ ဘယ္သူက ဆက္ေပါင္းခ်င္ပါေတာ့မလဲ …။

သေဘာကေတာ့ ႐ိုးရွင္းပါတယ္။ ကိုယ္တကယ္ခ်စ္ရင္ သူ႕ဘဝကို နားလည္ေပးလိုက္။ နားလည္မေပးႏိုင္ရင္ မခ်စ္နဲ႔ေပါ့။ ဘယ္သူမွ ခ်စ္ပါလို႔ အတင္းအက်ပ္ မ ေတာင္းဆိုပါဘူး။ ခ်စ္တတ္ၾကပါေစေနာ္ …။ ။

Credit – my idol U Ko

Unicode Version ဖြင့်ဖတ်ရန်

ယောကျာင်္းလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ကိုယ့်ချစ်သူကိုတကယ်ချစ်ရင် ဒီပိုစ့်ကို ဖတ်ဖြစ်အောင်ဖတ်သွားပါ

တကယ်ချစ်တယ်ဆိုရင် သူမှားနေရင်တောင်မှ လက်ခံနားလည် ပေးရမှာပဲ။ ချစ်သူ၊ ရည်းစားရယ်လို့ ဖြစ်လာပြီဆိုရင် တစ်ယောက်သိက္ခာကို တစ်ယောက်က ကာကွယ်ပေးရမယ်။ အပုပ်မချ သင့်ပါဘူး …။

လူတိုင်းဟာ အတ္တသမားချည်းပါပဲ။ သူ့အတ္တကို ထိပါးလာတာ လူတိုင်း မကြိုက်ကြဘူး …။

ပေါင်းသင်းဆက်ဆံရေးမှာ ဒီအချက်ကသိပ်အရေးကြီးတယ်။ ဆိုပါတော့….ထောင်ကျနေတဲ့ လူတွေကိုခင်ဗျားမှားတယ်လို့ သွားပြောရင် ဘာပြန်ပြောမယ်ထင်လဲ …၊

“တကယ်က ကျွန်တော် လူမှားပြီး တရားစွဲခံခဲ့ရတာပါ” “တရားသူကြီးက လာဒ်စားလို့ပါ”

“ကျွန်တော် ဘုရားမကြိုက်တာ မလုပ်ခဲ့ပါဘူး”ဆိုတဲ့အဖြေပဲ ပေးကြလိမ့်မယ်။လူ ၁၀၀ မှာ ၈၀ လောက်က ဝန်ခံရဲကြမှာ မဟုတ်ပါဘူး …။

ဒါဟာ ဘာလို့လဲဆိုတော့ လူတိုင်းဟာ မိမိအတ္တကို မိမိကာကွယ်ချင်တဲ့စိတ် ရှိလို့ပဲပေါ့ …။

ချစ်သူ၊ ရည်းစား အချင်းချင်း ကွယ်ရာမှာတစ်ယောက်ကိုတစ်ယောက် မကောင်းကြောင်းပြောဆိုနေရင် ဒါဟာ တကယ်ချစ်တာမဟုတ်ဘူးလို့ ယူဆလို့ ရပါတယ် …။

ချစ်နေဆဲအချိန်မှာ မြုံထားကြပေမယ့် ပြဿနာဖြစ်ကြတဲ့အခါ အချင်းချင်း ငယ်ကျိုးငယ်နာတွေ ဖော်ကြမယ်ဆိုရင် ဘယ်မှာ ငြိမ်းအေးမှု ရှိပါတော့မလဲ …။

အမှားကင်းတဲ့ လူရယ်လို့ ဒီလောကမှာ မရှိဘူး။ သူလည်းမှားသလို ကိုယ်လည်း မှားမှာပဲလေ …။

ဒါကို နားလည်သဘောပေါက် ထားရပါမယ် …။

ကွယ်ရာမှာ အချင်းချင်း ဝေဖန်အပုပ်ချနေတဲ့ ချစ်သူ၊ ရည်းစားတွေက မြဲမယ်လို့ ထင်သလား၊ မမြဲပါဘူး …။

တစ်ယောက်တည်းနေခဲ့တုန်းကအကောင်း သူနဲ့ပေါင်းကာမှ ကိုယ့်သိက္ခာကျရမယ်ဆိုရင် ဘယ်သူက ဆက်ပေါင်းချင်ပါတော့မလဲ …။

သဘောကတော့ ရိုးရှင်းပါတယ်။ ကိုယ်တကယ်ချစ်ရင် သူ့ဘဝကို နားလည်ပေးလိုက်။ နားလည်မပေးနိုင်ရင် မချစ်နဲ့ပေါ့။ ဘယ်သူမှ ချစ်ပါလို့ အတင်းအကျပ် မ တောင်းဆိုပါဘူး။ ချစ်တတ်ကြပါစေနော် …။ ။

Credit – my idol U Ko