ထူးျခာမႈေတြ ျပည့္ေနတဲ့ အဂၤါသားသမီးေလးေတြ အေၾကာင္း…

ထူးျခာမႈေတြ ျပည့္ေနတဲ့ အဂၤါသားသမီးေလးေတြ အေၾကာင္း…

အဂၤါ သားသမီးတို႔၏ စိတ္ေနစိတ္ထားမ်ား…

အဂၤါေလးေတြဟာ အျပင္ပန္းသ႑န္ တည္ၿငိမ္ေအးေဆးစြာနဲ႔ ေနတတ္ၾကေပမယ္႔ အင္မတန္မွေဒါသႀကီးတဲ့ ေန႔နာမ္ေတြ ျဖစ္ၾကပါတယ္။ မဟုတ္ရင္ မခံခ်င္ၾကဘူး။ ေဒါသျဖစ္ရင္ အျပင္မွာ ေပါက္ကြဲၾကတာထက္ ပါးစပ္က ပူညံပူညံနဲ႔ေရ႐ြတ္ေန တတ္ၾကတယ္။ လူေတြအေပၚ ေဖာ္ေ႐ြစြာနဲ႔ ခင္မင္တတ္ၾကပါတယ္။ ဝတၱရားပ်က္ကြက္မိ ရင္လည္း အျပန္ျပန္အလွန္လွန္ ေတြးပူေနတတ္ၾကပါတယ္ …။

မိသားစုေတြအေပၚမွာ ေပ်ာ္႐ႊင္မႈေတြေပးခ်င္တဲ့ စိတ္ေတြရွိၾကတယ္။ တည္ၿငိမ္ေအးခ်မ္းတဲ့ ပုံစံမ်ိဳးေပမဲ့ တခါတေလမိသားစုထဲမွာ ေပါေၾကာင္ေၾကာင္ ႏိုင္တတ္ၾကတယ္။ အလုပ္လုပ္တဲ့ေနရာမွာ သူမ်ားအေပၚ ဦးေဆာင္လိုတဲ့စိတ္ ရွိတယ္။ ကိုယ္လုပ္ရင္ ကိုယ္အေကာင္းလို႔ ထင္ျမင္တတ္ၾကတာ အဂၤါ၊ အေကာင္းဆုံးျဖစ္ေအာင္လည္း ႀကိဳးစားတတ္ၾကပါတယ္ …။

အဂၤါေတြဟာ ကိုယ့္ကိုယုံၾကည္မႈ အျပည့္အဝရွိတယ္။ တခါတရံ ကိုယ့္ကိုယ္ပင္ ခ်ီးမြမ္းတတ္တယ္။ သူမ်ားေတြေျမႇာက္ေပးရင္ေတာ့ သိပ္မႀကိဳက္ဘူး။ အေပါင္းအသင္း သူငယ္ခ်င္းေတြၾကားမွာ ေအးေအးေဆးေဆး ေနတတ္ၾကတာ အဂၤါေလးေတြပါ။ တည္ၿငိမ္ေအးခ်မ္းတဲ့ အၿပဳံးေတြကိုလည္း ပိုင္ဆိုင္ထားတတ္ၾကပါေသးတယ္ …။

ကိုယ့္အေပၚေကာင္းတဲ့လူဆိုရင္ လြယ္လြယ္နဲ႔ မေမ့တတ္သေလာက္ကိုယ့္ အေပၚမေကာင္းတဲ့လူဆိုရင္ေတာ့ တသက္လုံးျပန္လွည့္ မၾကည့္တတ္ၾကဘူး။ အဂၤါေတြဟာ တိရစာၦန္ေလးေတြကို အသည္းယားစြာနဲ႔ ခ်စ္တတ္ၾကတယ္။ အိမ္မက္ထူးထူးဆန္းဆန္းေတြမက္ရင္ သူငယ္ခ်င္းေတြကို သို႔မဟုတ္ မိသားစုထဲက လူတစ္ေယာက္ေယာက္ကို ျပန္လည္ၿပီးေျပာျပခ်င္တတ္ၾကပါတယ္ …။

ဝမ္းနည္းစရာ တစ္ခုခုနဲ႔ႀကဳံရင္မ်က္ ရည္လြယ္တတ္ၾကတာ အဂၤါပါ။ ေတာ္႐ုံနဲ႔ မေမ့တတ္ၾကဘူး။ သို႔ေပမယ္႔ ေမ့ၿပီးသြားရင္လည္း သူမဟုတ္သလိုပဲ အသစ္တဖန္ျပန္စတတ္ၾကပါတယ္။သူမ်ားအေပၚမွာ ကူညီေပးခ်င္တဲ့စိတ္ အျပည့္အဝရွိတယ္။ အားလည္း နာတတ္တယ္ …။

စကားေျပာရင္လည္း သူမ်ားနားလည္ေအာင္ ရွင္းလင္းစြာနဲ႔ ေျပာျပတတ္ၾကတယ္။ အမွတ္တရေတြကိုေတာ့ တစ္ခုမက်န္မေမ့တတ္တာ အဂၤါပါပဲ။ သီခ်င္းေအးေအးေလးေတြဆို တည္ၿငိမ္ေအးခ်မ္းတဲ့ ေနရာမွာတိုးတိုး တိတ္တိတ္ နားက်ပ္နဲ႔ နားေထာင္ေနရတာေတြကို ႏွစ္သက္ၾကတာ အဂၤါေတြပါ …။

အဂၤါသားသမီးေလးေတြဟာ အျမင္မွာ မထူးဆန္းဘူးလို႔ ထင္ရေပမဲ့ တကယ္ေတာ့ အမ်ားႏွင့္မတူတဲ့အခ်က္ေတြကို ပိုင္ဆိုင္ထားသူေတြပါ။ သူတို႔ဟာ အေနေအးတယ္အရွက္အေၾကာက္ႀကီးတယ္။ စိတ္ ရင္းေကာင္းသေလာက္ အားနာလည္းႀကီးတတ္ၾကတယ္။ လူစိမ္းေတြနဲ႔ဆို မာနႀကီးသလိုလို ေနတတ္ၾကေပမယ္႔ သူတို႔နဲ႔ ရင္းႏွီးတဲ့သူေတြနဲ႔ၾကေတာ့ ကေလးေလးတစ္ေယာက္လို အၿမဲေပ်ာ္႐ႊင္ေနတတ္ၾကတယ္။ ႐ိုးသားၾကတယ္ …။

စကားနည္းတယ္။ လူအမ်ားႀကီးေရွ႕မွာဆို စကားသိပ္မေျပာေပမဲ့ သူတို႔ရင္းႏွီးတဲ့သူေတြနဲ႔ဆို ေဖာင္ဖြဲ႕ေအာင္ေျပာေနတတ္တဲ့သူမ်ိဳး ႐ိုး႐ိုးေလးေနရတာကို သေဘာက်တယ္ ဒါေပမဲ့ ေခတ္နဲ႔။ေလ်ာ္ည္ီေအာင္လည္း ဝတ္တတ္စားတတ္ေနတတ္ထိုင္တတ္ၾကတယ္အခ်စ္ေရးမွာ ကံေကာင္းၾကတယ္။ ခ်စ္သူခင္သူ ေတြလည္းေပါတယ္။ ခ်စ္သူရဲ႕ အလိုလိုက္ျခင္းကိုလည္း ခံရတတ္တယ္။ တကယ္ခ်စ္တဲ့သူနဲ႔ပဲ လက္ ထပ္ရလိမ့္မယ္။ ရည္းစား မမ်ားဘူး ဆိုေပမဲ့ ႏွစ္ေယာက္ သုံးေယာက္ ထားၿပီးမွ အခ်စ္စစ္ကို ေတြ႕လိမ့္မယ္ …။

သူတို႔ကို ခင္တဲ့သူေပါၾကတယ္အထူးသျဖင့္ သူတို႔ေလးေတြရဲ႕ ႐ိုးသားျခင္းကို သေဘာက်ၿပီး မိတ္ေဆြေပါတာ ျဖစ္တယ္ အႏုပညာကိုႏွစ္သက္တယ္။အရမ္းႀကီးေတာ့မ႐ူးသြပ္ဘူး ဘယ္အရာကိုျဖစ္ျဖစ္ အရမ္းႀကီး အစြဲအလန္းမထားဘူးဒါ့ေၾကာင့္သိပ္ၿပီးမခံစားရတတ္ဘူး။အထူးသျဖင့္သူတို႔ေလးေတြက အလုပ္လုပ္ရမွာပ်င္းတတ္ၾကတယ္ ဒါေပမဲ့သူတို႔ စိတ္ရွိတဲ့အခ်ိန္ဆိုလည္း မၿငီးမျငဴ လုပ္တတ္ၾကပါတယ္ …။

အအိပ္မက္တယ္။ အစားမႀကီးဘူးဆိုေပမဲ့ အသင့္အတင့္စားတတ္တဲ့ သူမ်ိဳး၊ သူတို႔ေလးေတြဟာ အရမ္း႐ိုးသားၾကတဲ့အတြက္ ခ်စ္စရာေကာင္းၾကတယ္။ မိသား စုမွာသူတို႔ေလးေတြက အေရးေပးခံရတယ္။ အထူးျခားဆုံးကေတာ့ သူမ်ားေတြထက္ ႐ိုးသားတာေၾကာင့္ လူခ်စ္ လူခင္ေပါၾကပါတယ္ …။ ။

ခရက္ဒစ္

Unicode Version ဖြင့်ဖတ်ရန်

ထူးခြာမှုတွေ ပြည့်နေတဲ့ အင်္ဂါသားသမီးလေးတွေ အကြောင်း…

အင်္ဂါ သားသမီးတို့၏ စိတ်နေစိတ်ထားများ…

အင်္ဂါလေးတွေဟာ အပြင်ပန်းသဏ္ဍန် တည်ငြိမ်အေးဆေးစွာနဲ့ နေတတ်ကြပေမယ့် အင်မတန်မှဒေါသကြီးတဲ့ နေ့နာမ်တွေ ဖြစ်ကြပါတယ်။ မဟုတ်ရင် မခံချင်ကြဘူး။ ဒေါသဖြစ်ရင် အပြင်မှာ ပေါက်ကွဲကြတာထက် ပါးစပ်က ပူညံပူညံနဲ့ရေရွတ်နေ တတ်ကြတယ်။ လူတွေအပေါ် ဖော်ရွေစွာနဲ့ ခင်မင်တတ်ကြပါတယ်။ ဝတ္တရားပျက်ကွက်မိ ရင်လည်း အပြန်ပြန်အလှန်လှန် တွေးပူနေတတ်ကြပါတယ် …။

မိသားစုတွေအပေါ်မှာ ပျော်ရွှင်မှုတွေပေးချင်တဲ့ စိတ်တွေရှိကြတယ်။ တည်ငြိမ်အေးချမ်းတဲ့ ပုံစံမျိုးပေမဲ့ တခါတလေမိသားစုထဲမှာ ပေါကြောင်ကြောင် နိုင်တတ်ကြတယ်။ အလုပ်လုပ်တဲ့နေရာမှာ သူများအပေါ် ဦးဆောင်လိုတဲ့စိတ် ရှိတယ်။ ကိုယ်လုပ်ရင် ကိုယ်အကောင်းလို့ ထင်မြင်တတ်ကြတာ အင်္ဂါ၊ အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားတတ်ကြပါတယ် …။

အင်္ဂါတွေဟာ ကိုယ့်ကိုယုံကြည်မှု အပြည့်အဝရှိတယ်။ တခါတရံ ကိုယ့်ကိုယ်ပင် ချီးမွမ်းတတ်တယ်။ သူများတွေမြှောက်ပေးရင်တော့ သိပ်မကြိုက်ဘူး။ အပေါင်းအသင်း သူငယ်ချင်းတွေကြားမှာ အေးအေးဆေးဆေး နေတတ်ကြတာ အင်္ဂါလေးတွေပါ။ တည်ငြိမ်အေးချမ်းတဲ့ အပြုံးတွေကိုလည်း ပိုင်ဆိုင်ထားတတ်ကြပါသေးတယ် …။

ကိုယ့်အပေါ်ကောင်းတဲ့လူဆိုရင် လွယ်လွယ်နဲ့ မမေ့တတ်သလောက်ကိုယ့် အပေါ်မကောင်းတဲ့လူဆိုရင်တော့ တသက်လုံးပြန်လှည့် မကြည့်တတ်ကြဘူး။ အင်္ဂါတွေဟာ တိရစာ္ဆန်လေးတွေကို အသည်းယားစွာနဲ့ ချစ်တတ်ကြတယ်။ အိမ်မက်ထူးထူးဆန်းဆန်းတွေမက်ရင် သူငယ်ချင်းတွေကို သို့မဟုတ် မိသားစုထဲက လူတစ်ယောက်ယောက်ကို ပြန်လည်ပြီးပြောပြချင်တတ်ကြပါတယ် …။

ဝမ်းနည်းစရာ တစ်ခုခုနဲ့ကြုံရင်မျက် ရည်လွယ်တတ်ကြတာ အင်္ဂါပါ။ တော်ရုံနဲ့ မမေ့တတ်ကြဘူး။ သို့ပေမယ့် မေ့ပြီးသွားရင်လည်း သူမဟုတ်သလိုပဲ အသစ်တဖန်ပြန်စတတ်ကြပါတယ်။သူများအပေါ်မှာ ကူညီပေးချင်တဲ့စိတ် အပြည့်အဝရှိတယ်။ အားလည်း နာတတ်တယ် …။

စကားပြောရင်လည်း သူများနားလည်အောင် ရှင်းလင်းစွာနဲ့ ပြောပြတတ်ကြတယ်။ အမှတ်တရတွေကိုတော့ တစ်ခုမကျန်မမေ့တတ်တာ အင်္ဂါပါပဲ။ သီချင်းအေးအေးလေးတွေဆို တည်ငြိမ်အေးချမ်းတဲ့ နေရာမှာတိုးတိုး တိတ်တိတ် နားကျပ်နဲ့ နားထောင်နေရတာတွေကို နှစ်သက်ကြတာ အင်္ဂါတွေပါ …။

အင်္ဂါသားသမီးလေးတွေဟာ အမြင်မှာ မထူးဆန်းဘူးလို့ ထင်ရပေမဲ့ တကယ်တော့ အများနှင့်မတူတဲ့အချက်တွေကို ပိုင်ဆိုင်ထားသူတွေပါ။ သူတို့ဟာ အနေအေးတယ်အရှက်အကြောက်ကြီးတယ်။ စိတ် ရင်းကောင်းသလောက် အားနာလည်းကြီးတတ်ကြတယ်။ လူစိမ်းတွေနဲ့ဆို မာနကြီးသလိုလို နေတတ်ကြပေမယ့် သူတို့နဲ့ ရင်းနှီးတဲ့သူတွေနဲ့ကြတော့ ကလေးလေးတစ်ယောက်လို အမြဲပျော်ရွှင်နေတတ်ကြတယ်။ ရိုးသားကြတယ် …။

စကားနည်းတယ်။ လူအများကြီးရှေ့မှာဆို စကားသိပ်မပြောပေမဲ့ သူတို့ရင်းနှီးတဲ့သူတွေနဲ့ဆို ဖောင်ဖွဲ့အောင်ပြောနေတတ်တဲ့သူမျိုး ရိုးရိုးလေးနေရတာကို သဘောကျတယ် ဒါပေမဲ့ ခေတ်နဲ့။လျော်ည်ီအောင်လည်း ဝတ်တတ်စားတတ်နေတတ်ထိုင်တတ်ကြတယ်အချစ်ရေးမှာ ကံကောင်းကြတယ်။ ချစ်သူခင်သူ တွေလည်းပေါတယ်။ ချစ်သူရဲ့ အလိုလိုက်ခြင်းကိုလည်း ခံရတတ်တယ်။ တကယ်ချစ်တဲ့သူနဲ့ပဲ လက် ထပ်ရလိမ့်မယ်။ ရည်းစား မများဘူး ဆိုပေမဲ့ နှစ်ယောက် သုံးယောက် ထားပြီးမှ အချစ်စစ်ကို တွေ့လိမ့်မယ် …။

သူတို့ကို ခင်တဲ့သူပေါကြတယ်အထူးသဖြင့် သူတို့လေးတွေရဲ့ ရိုးသားခြင်းကို သဘောကျပြီး မိတ်ဆွေပေါတာ ဖြစ်တယ် အနုပညာကိုနှစ်သက်တယ်။အရမ်းကြီးတော့မရူးသွပ်ဘူး ဘယ်အရာကိုဖြစ်ဖြစ် အရမ်းကြီး အစွဲအလန်းမထားဘူးဒါ့ကြောင့်သိပ်ပြီးမခံစားရတတ်ဘူး။အထူးသဖြင့်သူတို့လေးတွေက အလုပ်လုပ်ရမှာပျင်းတတ်ကြတယ် ဒါပေမဲ့သူတို့ စိတ်ရှိတဲ့အချိန်ဆိုလည်း မငြီးမငြူ လုပ်တတ်ကြပါတယ် …။

အအိပ်မက်တယ်။ အစားမကြီးဘူးဆိုပေမဲ့ အသင့်အတင့်စားတတ်တဲ့ သူမျိုး၊ သူတို့လေးတွေဟာ အရမ်းရိုးသားကြတဲ့အတွက် ချစ်စရာကောင်းကြတယ်။ မိသား စုမှာသူတို့လေးတွေက အရေးပေးခံရတယ်။ အထူးခြားဆုံးကတော့ သူများတွေထက် ရိုးသားတာကြောင့် လူချစ် လူခင်ပေါကြပါတယ် …။ ။

ခရက်ဒစ်