သင္ဟာတစ္ခ်ိန္မွာခ်မ္းသာႂကြယ္ဝသူ ျဖစ္လာႏိုင္တယ္ဆိုတာကို ေဖာ္ျပႏိုင္တဲ့မွဲ႔မ်ား…

သင္ဟာတစ္ခ်ိန္မွာခ်မ္းသာႂကြယ္ဝသူ ျဖစ္လာႏိုင္တယ္ဆိုတာကို ေဖာ္ျပႏိုင္တဲ့မွဲ႔မ်ား…

မွဲ႔နဲ႔ပတ္သက္ၿပီး သီအိုရီေတြေျမာက္မ်ားစြာရွိပါတယ္။ မွဲ႔ဟာကံဆိုးျခင္းေတြကိုပဲ ယူေဆာင္လာေပးတယ္လို႔ အယူရွိၾကသလို ကံေကာင္းျခင္းေတြကို သယ္ေဆာင္လာေပးတယ္လို႔လည္း အယူရွိၾကပါတယ္ …။

ဒါေပမယ့္ မွဲ႔တစ္ခုခ်င္းစီရဲ႕ေနာက္မွာ ကြၽန္မတို႔ဘဝနဲ႔ပတ္သက္ၿပီး ပုန္းကြယ္ေနတဲ့ အေၾကာင္းအရာတစ္ခုစီ ရွိရမယ္လို႔ လက္ခံထားၾကဆဲပါ …။

ဒီတစ္ခါမွာေတာ့ ေရွးေလ့လာေဖာ္ထုတ္ခ်က္မ်ားအရ ေအာက္ပါဧရိယာတစ္ဝိုက္မွာ ရွိတဲ့ မွဲ႔ေတြနဲ႔ပတ္သက္ၿပီး ခ်မ္းသာႂကြယ္ဝမႈ လကၡဏာေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ …။

(၁) ႏႈတ္ခမ္းအေပၚမွာ မွဲ႔ပါတဲ့သူေတြဟာ အထူးကံေကာင္းၾကသူေတြပါ။ အ႐ြယ္မတိုင္ခင္ကတည္းက ေငြေၾကး၊ ေအာင္ျမင္မႈေတြနဲ႔ ထိေတြ႕ေနရပါၿပီ။ သူတို႔ဟာ သဘာဝအားျဖင့္ တဇြတ္ထိုးဆန္တတ္ေပမယ့္ အဲဒီအက်င့္ေလးကပဲ ေအာင္ျမင္မႈလမ္းေၾကာင္းကို အျမန္ဆုံးတြန္းတင္ေပးလိုက္သေယာင္ပါပဲ …။

(၂) ႏွာေခါင္းေပၚ (သို႔) ႏွာေခါင္းေဘးဘက္မွာ မွဲ႔ပါတဲ့သူေတြကေတာ့ ခ်မ္းသာႂကြယ္ဝဖို႔ က်ိန္းေသပါတယ္ …။

ဒါေပမယ့္ ဒီလိုမွဲ႔ပိုင္ရွင္ေတြရဲ႕ ေအာင္ျမင္မႈနဲ႔ဓနကေတာ့ အသက္30 (သို႔) လက္ထပ္ၿပီးေနာက္မွ အခ်ိန္တန္မွာပါ။ညာဘက္ပါးမွာမွဲ႔ ပါတဲ့သူေတြအတြက္လည္း ထိုနည္းအတိုင္းပါပဲ။လက္ထပ္ၿပီးေနာက္မွ အေျခအေနထူးျခားလာပါလိမ္႔မယ္ …။

(၃) Third eye area လို႔ ေခၚတဲ့ မ်က္လုံးႏွစ္လုံး မ်က္ခုံးႏွစ္ဖက္ၾကားမွာ မွဲ႔ပါတဲ့သူေတြကေတာ့ ခ်မ္းသာႂကြယ္ဝမႈေတြ ဝိုင္းဝန္းေနတဲ့ အခြင့္ထူးခံလူတန္းစားေတြျဖစ္ပါတယ္။ အၿမဲလိုလို သူတို႔ရဲ႕ဘဝမွာ ေငြေၾကးေတြက လုံေလာက္တာထက္ပို လွ်ံၿပီးရင္း လွ်ံပါပဲေနာ္ …။

(၄) ေျခဖဝါးမွာမွဲ႔ပါတဲ့သူေတြကေတာ့ ခရီးမ်ားမ်ားထြက္ရတဲ့သူေတြျဖစ္ဖို႔ က်ိန္းေသပါတယ္။ ျပည္တြင္းျဖစ္ျဖစ္၊ ျပည္ပပဲျဖစ္ျဖစ္ ေသခ်ာတာကေတာ့ ခရီးသြားျခင္းဟာ ဘဝရဲ႕အဓိကအစိတ္အပိုင္းတစ္ခု ျဖစ္လာမွာပါ။ ဒါေပမယ့္ ခရီးဘေလာက္သြားသြား ႏိုင္ငံျခားမွာအေျခခ်ဖို႔ေတာ့ အလားအလာမရွိႏိုင္ပါဘူး …။

(၅) ညာဘက္လက္ဖဝါးမွာ မွဲ႔ပါတဲ့သူေတြကေတာ့ ခ်မ္းသာႂကြယ္ဝေအာင္ျမင္မႈေတြရရွိဖို႔ေမြးဖြားလာတဲ့ အခြင့္ထူးခံလူတန္းစားေတြျဖစ္ပါတယ္ …။

ဒါေပမယ့္ မွဲ႔တည္ေနရာေပၚမူတည္ၿပီး ပိုင္ဆိုင္ဖို႔အခ်ိန္ေတြက ကြဲျပားသြားတတ္ပါတယ္။တကယ္လို႔ မွဲ႔ကအေပၚျခမ္းမွာရွိေနရင္ေတာ့ ငယ္႐ြယ္ခ်ိန္ကတည္းက ေအာင္ျမင္ႏိုင္ၿပီး ေအာက္ဘက္ျခမ္းမွာရွိေနရင္ေတာ့ ေအာင္ျမင္ခ်မ္းသာတဲ့ဘဝပိုင္ဆိုင္ရဖို႔ အခ်ိန္အနည္းငယ္ယူရပါလိမ္႔မယ္ …။

(၆) ရင္ဘတ္ညာဘက္ျခမ္းမွာ မွဲ႔ပါတဲ့သူေတြကေတာ့ ခ်မ္းသာႂကြယ္ဝမႈေတြနဲ႔ဘဝကိုေပ်ာ္႐ႊင္စြာျဖတ္သန္းႏိုင္မွာ ျဖစ္ပါတယ္ …။

(၇) ေမးေစ့မွာမွဲ႔ပါတဲ့ သူေတြကေတာ့ ခ်မ္းသာႂကြယ္ဝမႈနဲ႔ပတ္သက္ၿပီး ကံေကာင္းတတ္ၾကပါတယ္။ သူတို႔ဟာ လူအမ်ားနဲ႔ ႏွီးေႏွာဆက္ဆံရတာထက္ တစ္ေယာက္တည္းပဲ ျဖတ္သန္းလိုၾကပါတယ္ေနာ္ …။ ။

Credit – မူရင္း

Unicode Version ဖြင့်ဖတ်ရန်

သင်ဟာတစ်ချိန်မှာချမ်းသာကြွယ်ဝသူ ဖြစ်လာနိုင်တယ်ဆိုတာကို ဖော်ပြနိုင်တဲ့မှဲ့များ…

မှဲ့နဲ့ပတ်သက်ပြီး သီအိုရီတွေမြောက်များစွာရှိပါတယ်။ မှဲ့ဟာကံဆိုးခြင်းတွေကိုပဲ ယူဆောင်လာပေးတယ်လို့ အယူရှိကြသလို ကံကောင်းခြင်းတွေကို သယ်ဆောင်လာပေးတယ်လို့လည်း အယူရှိကြပါတယ် …။

ဒါပေမယ့် မှဲ့တစ်ခုချင်းစီရဲ့နောက်မှာ ကျွန်မတို့ဘဝနဲ့ပတ်သက်ပြီး ပုန်းကွယ်နေတဲ့ အကြောင်းအရာတစ်ခုစီ ရှိရမယ်လို့ လက်ခံထားကြဆဲပါ …။

ဒီတစ်ခါမှာတော့ ရှေးလေ့လာဖော်ထုတ်ချက်များအရ အောက်ပါဧရိယာတစ်ဝိုက်မှာ ရှိတဲ့ မှဲ့တွေနဲ့ပတ်သက်ပြီး ချမ်းသာကြွယ်ဝမှု လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်နော် …။

(၁) နှုတ်ခမ်းအပေါ်မှာ မှဲ့ပါတဲ့သူတွေဟာ အထူးကံကောင်းကြသူတွေပါ။ အရွယ်မတိုင်ခင်ကတည်းက ငွေကြေး၊ အောင်မြင်မှုတွေနဲ့ ထိတွေ့နေရပါပြီ။ သူတို့ဟာ သဘာဝအားဖြင့် တဇွတ်ထိုးဆန်တတ်ပေမယ့် အဲဒီအကျင့်လေးကပဲ အောင်မြင်မှုလမ်းကြောင်းကို အမြန်ဆုံးတွန်းတင်ပေးလိုက်သယောင်ပါပဲ …။

(၂) နှာခေါင်းပေါ် (သို့) နှာခေါင်းဘေးဘက်မှာ မှဲ့ပါတဲ့သူတွေကတော့ ချမ်းသာကြွယ်ဝဖို့ ကျိန်းသေပါတယ် …။

ဒါပေမယ့် ဒီလိုမှဲ့ပိုင်ရှင်တွေရဲ့ အောင်မြင်မှုနဲ့ဓနကတော့ အသက်30 (သို့) လက်ထပ်ပြီးနောက်မှ အချိန်တန်မှာပါ။ညာဘက်ပါးမှာမှဲ့ ပါတဲ့သူတွေအတွက်လည်း ထိုနည်းအတိုင်းပါပဲ။လက်ထပ်ပြီးနောက်မှ အခြေအနေထူးခြားလာပါလိမ့်မယ် …။

(၃) Third eye area လို့ ခေါ်တဲ့ မျက်လုံးနှစ်လုံး မျက်ခုံးနှစ်ဖက်ကြားမှာ မှဲ့ပါတဲ့သူတွေကတော့ ချမ်းသာကြွယ်ဝမှုတွေ ဝိုင်းဝန်းနေတဲ့ အခွင့်ထူးခံလူတန်းစားတွေဖြစ်ပါတယ်။ အမြဲလိုလို သူတို့ရဲ့ဘဝမှာ ငွေကြေးတွေက လုံလောက်တာထက်ပို လျှံပြီးရင်း လျှံပါပဲနော် …။

(၄) ခြေဖဝါးမှာမှဲ့ပါတဲ့သူတွေကတော့ ခရီးများများထွက်ရတဲ့သူတွေဖြစ်ဖို့ ကျိန်းသေပါတယ်။ ပြည်တွင်းဖြစ်ဖြစ်၊ ပြည်ပပဲဖြစ်ဖြစ် သေချာတာကတော့ ခရီးသွားခြင်းဟာ ဘဝရဲ့အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်လာမှာပါ။ ဒါပေမယ့် ခရီးဘလောက်သွားသွား နိုင်ငံခြားမှာအခြေချဖို့တော့ အလားအလာမရှိနိုင်ပါဘူး …။

(၅) ညာဘက်လက်ဖဝါးမှာ မှဲ့ပါတဲ့သူတွေကတော့ ချမ်းသာကြွယ်ဝအောင်မြင်မှုတွေရရှိဖို့မွေးဖွားလာတဲ့ အခွင့်ထူးခံလူတန်းစားတွေဖြစ်ပါတယ် …။

ဒါပေမယ့် မှဲ့တည်နေရာပေါ်မူတည်ပြီး ပိုင်ဆိုင်ဖို့အချိန်တွေက ကွဲပြားသွားတတ်ပါတယ်။တကယ်လို့ မှဲ့ကအပေါ်ခြမ်းမှာရှိနေရင်တော့ ငယ်ရွယ်ချိန်ကတည်းက အောင်မြင်နိုင်ပြီး အောက်ဘက်ခြမ်းမှာရှိနေရင်တော့ အောင်မြင်ချမ်းသာတဲ့ဘဝပိုင်ဆိုင်ရဖို့ အချိန်အနည်းငယ်ယူရပါလိမ့်မယ် …။

(၆) ရင်ဘတ်ညာဘက်ခြမ်းမှာ မှဲ့ပါတဲ့သူတွေကတော့ ချမ်းသာကြွယ်ဝမှုတွေနဲ့ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ် …။

(၇) မေးစေ့မှာမှဲ့ပါတဲ့ သူတွေကတော့ ချမ်းသာကြွယ်ဝမှုနဲ့ပတ်သက်ပြီး ကံကောင်းတတ်ကြပါတယ်။ သူတို့ဟာ လူအများနဲ့ နှီးနှောဆက်ဆံရတာထက် တစ်ယောက်တည်းပဲ ဖြတ်သန်းလိုကြပါတယ်နော် …။ ။

Credit – မူရင်း