တစ္ေယာက္ေသာသူကို ရင့္နင့္ေအာင္ခ်စ္ခဲ့ဖူးသူေတြသာ နားလည္မယ့္ခံစားခ်က္မ်ား…

တစ္ေယာက္ေသာသူကို ရင့္နင့္ေအာင္ခ်စ္ခဲ့ဖူးသူေတြသာ နားလည္မယ့္ခံစားခ်က္မ်ား…

ဘဝမွာ တစ္စုံတစ္ေယာက္ကို ရင္နဲ႔ ရင္းၿပီး ခ်စ္ခဲ့ဖူးတဲ့ အခ်ိန္ဆိုတာလည္း ရွိႏိုင္ပါတယ္။ ဒါေပမယ့္ အေၾကာင္း မတိုက္ဆိုင္တဲ့အခါ ကိုယ့္ဘက္ကဘယ္ေလာက္ပဲ ခ်စ္ခ်စ္ အဆုံးသတ္က မလွခဲ့ပါဘူး။ ဒီလိုမ်ိဳး တစ္စုံတစ္ေယာက္ကို ရင္နင့္ေအာင္ ခ်စ္ခဲ့ရတဲ့ သူေတြဆီမွာ ဒီလိုခံစားခ်က္ေလးေတြ ရွိေနတတ္ပါတယ္ေနာ္ …။

နာက်င္မႈေတြ”

အခ်စ္ဆိုတာ ပိုခ်စ္တဲ့ သူက ရႈံးရတယ္ ဆိုသလိုပဲ ပိုခ်စ္မိတဲ့ သူက ပိုနာက်င္တတ္ရပါတယ္ …။

ဒီေတာ့ တစ္စုံတစ္ေယာက္ကို ခ်စ္မိတဲ့ အခါ အဆုံးသတ္က ကိုယ့္အတြက္ နာက်င္ဖို႔ပဲ ျဖစ္လာ တတ္ပါတယ္။ အဲဒီ့ နာက်င္မႈေတြက လြယ္လြယ္ အသားမက်ႏိုင္ သလို ရင္ဘတ္ တစ္ခုလုံး စုတ္ျပတ္သြားေအာင္ ခံစားရတဲ့ အရာေတြ ျဖစ္လာ တတ္ပါတယ္ …။

အခ်စ္အတြက္ ႐ူးမိုက္ဖူးတယ္”

ဘဝမွာ တစ္ခါေလာက္ေတာ့ ႐ူး႐ူးမူးမူးကို ခ်စ္ဖူးၾကၿပီး လူေတြဟာ အခ်စ္အတြက္ ႐ူးမိုက္တဲ့ လုပ္ရပ္ မ်ိဳးေတြေတာင္ လုပ္ဖူးၾက ပါတယ္။ သူကိုယ္ကိုယ္ မခ်စ္ေတာ့တာ သိရက္နဲ႔ေတာင္ သူျပန္လာႏိုးႏိုးတဲ့ ေစာင့္ေမွ်ာ္ တတ္ၾက ပါ ေသးတယ္ …။

ဒါကအရမ္းခ်စ္မိတဲ့ အခါကိုယ့္ကိုယ္ကိုေတာင္ သတိမထားမိေအာင္ လုပ္ဖူးခဲ့တဲ့ အခ်စ္ရဲ႕ ႐ူးမိုက္မႈေလးေတြပါ။ ဘယ္ေလာက္ပဲ သူနဲ႔ကိုယ့္ရဲ႕ ဇာတ္လမ္းဟာ ၿပီးဆုံးသြားခဲ့ၿပီေျပာေျပာ အရမ္းခ်စ္တတ္တဲ့ သူတစ္ေယာက္ အတြက္ေတာ့ အဲဒီ့တစ္စုံ တစ္ေယာက္ကို ရင္ဘတ္ တစ္ေနရာမွာ သိမ္းထားေနမိ ဆဲပါ …။

အၿမဲတမ္း သတိရေနေတာ့တာ မဟုတ္ေပမယ့္ အေၾကာင္းတိုက္ဆိုင္ရင္ေတာ့ ရင္ဘတ္ထဲက နာက်င္ၿပီး သတိရ တမ္းတေလ့ ရွိေနရဆဲပါပဲ …။

အစားထိုးမရႏိုင္ေသးဘူး”

ေမတၱာဆိုတာ အသြားအျပန္ရွိတယ္ ဆိုေပမယ့္ တစ္ခ်ိဳ႕ေသာ ခ်စ္ျခင္းေတြကေတာ့ အသိအမွတ္ေတာင္ ျပဳမခံ ရတတ္ပါဘူး။ ဒါေပမယ့္ ကိုယ္ရင္နဲ႔ရင္းၿပီး ခ်စ္ခဲ့ရတဲ့သူ ျဖစ္ေနတဲ့အတြက္ေၾကာင့္ နာက်င္ေနရသည့္ တိုင္ေအာင္

သူ႔ေနရာမွာ တစ္ျခားေသာ သူတစ္ေယာက္ကို အစားထိုးႏိုင္စြမ္း မရွိပဲ တစ္ေယာက္တည္း ခံစားေနရဆဲပါ။ ဒါေတြက တစ္စုံတစ္ေယာက္ကို အရမ္းခ်စ္ခဲ့ ဖူးတဲ့ သူေတြသာ နားလည္ႏိုင္တဲ့ ခံစားခ်က္ေလးေတြပဲ ျဖစ္ပါတယ္ေနာ္ …။ ။

Khaw Kin

Credit

Unicode Version ဖြင့်ဖတ်ရန်

တစ်ယောက်သောသူကို ရင့်နင့်အောင်ချစ်ခဲ့ဖူးသူတွေသာ နားလည်မယ့်ခံစားချက်များ…

ဘဝမှာ တစ်စုံတစ်ယောက်ကို ရင်နဲ့ ရင်းပြီး ချစ်ခဲ့ဖူးတဲ့ အချိန်ဆိုတာလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် အကြောင်း မတိုက်ဆိုင်တဲ့အခါ ကိုယ့်ဘက်ကဘယ်လောက်ပဲ ချစ်ချစ် အဆုံးသတ်က မလှခဲ့ပါဘူး။ ဒီလိုမျိုး တစ်စုံတစ်ယောက်ကို ရင်နင့်အောင် ချစ်ခဲ့ရတဲ့ သူတွေဆီမှာ ဒီလိုခံစားချက်လေးတွေ ရှိနေတတ်ပါတယ်နော် …။

နာကျင်မှုတွေ”

အချစ်ဆိုတာ ပိုချစ်တဲ့ သူက ရှုံးရတယ် ဆိုသလိုပဲ ပိုချစ်မိတဲ့ သူက ပိုနာကျင်တတ်ရပါတယ် …။

ဒီတော့ တစ်စုံတစ်ယောက်ကို ချစ်မိတဲ့ အခါ အဆုံးသတ်က ကိုယ့်အတွက် နာကျင်ဖို့ပဲ ဖြစ်လာ တတ်ပါတယ်။ အဲဒီ့ နာကျင်မှုတွေက လွယ်လွယ် အသားမကျနိုင် သလို ရင်ဘတ် တစ်ခုလုံး စုတ်ပြတ်သွားအောင် ခံစားရတဲ့ အရာတွေ ဖြစ်လာ တတ်ပါတယ် …။

အချစ်အတွက် ရူးမိုက်ဖူးတယ်”

ဘဝမှာ တစ်ခါလောက်တော့ ရူးရူးမူးမူးကို ချစ်ဖူးကြပြီး လူတွေဟာ အချစ်အတွက် ရူးမိုက်တဲ့ လုပ်ရပ် မျိုးတွေတောင် လုပ်ဖူးကြ ပါတယ်။ သူကိုယ်ကိုယ် မချစ်တော့တာ သိရက်နဲ့တောင် သူပြန်လာနိုးနိုးတဲ့ စောင့်မျှော် တတ်ကြ ပါ သေးတယ် …။

ဒါကအရမ်းချစ်မိတဲ့ အခါကိုယ့်ကိုယ်ကိုတောင် သတိမထားမိအောင် လုပ်ဖူးခဲ့တဲ့ အချစ်ရဲ့ ရူးမိုက်မှုလေးတွေပါ။ ဘယ်လောက်ပဲ သူနဲ့ကိုယ့်ရဲ့ ဇာတ်လမ်းဟာ ပြီးဆုံးသွားခဲ့ပြီပြောပြော အရမ်းချစ်တတ်တဲ့ သူတစ်ယောက် အတွက်တော့ အဲဒီ့တစ်စုံ တစ်ယောက်ကို ရင်ဘတ် တစ်နေရာမှာ သိမ်းထားနေမိ ဆဲပါ …။

အမြဲတမ်း သတိရနေတော့တာ မဟုတ်ပေမယ့် အကြောင်းတိုက်ဆိုင်ရင်တော့ ရင်ဘတ်ထဲက နာကျင်ပြီး သတိရ တမ်းတလေ့ ရှိနေရဆဲပါပဲ …။

အစားထိုးမရနိုင်သေးဘူး”

မေတ္တာဆိုတာ အသွားအပြန်ရှိတယ် ဆိုပေမယ့် တစ်ချို့သော ချစ်ခြင်းတွေကတော့ အသိအမှတ်တောင် ပြုမခံ ရတတ်ပါဘူး။ ဒါပေမယ့် ကိုယ်ရင်နဲ့ရင်းပြီး ချစ်ခဲ့ရတဲ့သူ ဖြစ်နေတဲ့အတွက်ကြောင့် နာကျင်နေရသည့် တိုင်အောင်

သူ့နေရာမှာ တစ်ခြားသော သူတစ်ယောက်ကို အစားထိုးနိုင်စွမ်း မရှိပဲ တစ်ယောက်တည်း ခံစားနေရဆဲပါ။ ဒါတွေက တစ်စုံတစ်ယောက်ကို အရမ်းချစ်ခဲ့ ဖူးတဲ့ သူတွေသာ နားလည်နိုင်တဲ့ ခံစားချက်လေးတွေပဲ ဖြစ်ပါတယ်နော် …။ ။

Khaw Kin

Credit