အသက္၁၃ႏွစ္နဲ႔ကိုယ္၀န္(၅)လရွိခဲ့တဲ့ (၇)တန္းေက်ာင္းသူမိန္းကေလးရဲ႕အျဖစ္
မိဘဆရာမ်ား အထူး သတိထားသင္႔ပါတယ္။ အသက္ ၁၃ ႏွစ္ နဲ႔ ကိုယ္၀န္ ၅ လရွိခဲ႔တဲ႔ ေက်ာင္းသူမိန္းကေလး တစ္ေယာက္ရဲ႕ အျဖစ္ပါ ..။
မေန႔က က်မေဆးခန္းကို ultrasound ၾကည့္ဖို ့သားအမိႏွစ္ေယာက္လာပါတယ္။ သူတို႕သားအမိ ၀င္လာတုန္းကေတာ့ ရင္သားတဖက္မရွိ တဲ့ မိခင္ကို လွမ္းျကည့္ရင္း လူနာလို ့ထင္ခဲ႔မိတာပါ …။
ေနာက္ေတာ့မွ..က်မသမီးေလးရာသီမလားတာ 3 လေလာက္ရွိျပီ၊ ဗိုက္မွာလည္း အလံုးေပၚေနလို ့ဆိုမွ ကေလးဗိုက္ကို စမ္းသပ္ၾကည့္လိုက္ေတာ့ ဗိုက္ထဲမွာ ကိုယ္၀န္က 5 လျပည့္ခါနီးေနပါျပီ …။
ကေလးရဲ႕ အသက္ကို ေသခ်ာသိခ်င္လို ့ေမြးေန ့ေမးလိုက္မွ 13 ႏွစ္နဲ႕ တစ္လ၊ ဗိုက္ထဲက ကိုယ္၀န္က 5လ ရိွေနျပီ။ ရွင္းရွင္းေျပာရရင္ အေမႊးေတာင္ေသခ်ာမေပါက္ေသးတဲ့ မ်က္နွာ ေအးေအးေလးနဲ႔ ကေလးကိုျကည့္ျပီး က်မ ဘယ္ကေန စေျပာရမလည္းေတာင္ ေတြးမရေတာ့ပါ …။
မတတ္နိုင္ အေမကိုရွင္းျပျပီး သမီးရည္းစားရွိသလားေခ်ာ့ေမးေတာ့ ရည္းစားေတာ့မရွိ အပ်ိဳမဟုတ္တဲ့ အေဆာင္ေနသူငယ္ခ်င္း ဆီကေဘာင္းဘီယူ၀တ္မိတယ္လို႔ ေျပာပါတယ္။ လံုး၀ မျဖစ္နိုင္ဘူး..အမွန္အတိုင္းေျပာဖို႔ နည္းနည္းေလး မာန္လိုက္ေတာ့ မွ တတန္းထဲေန.သူငယ္ခ်င္းနဲ႔ လို႔၀န္ခံလာပါတယ္ …။
fbေပါ ္မွာ ဟိုတေလာက ေခတ္စားေနတဲ့ ေရကူးကန္ထဲ ကိုယ္၀န္ခုႏွစ္ေယာက္ရတဲ့. မဟုတ္တဲ့ post ကို ဖတ္ျပီး အေမကို ေဘာင္းဘီ ကိစၥႏွင္ ့ျဖီးေတာ့ အူေျကာင္ေျကာင္အေမက သို ့ေလာသို ့ေလာ ျဖစ္သည္ …။
ဒီအေမနွင့္ လႊတ္ထားလို ့မျပီး…ငါ၀င္ပါမွ ျဖစ္မည္ ဆိုျပီးဆက္ေမးမွ…က်မ ဖင္ထိုင္ရက္က်မတတ္…တတန္းတည္းေက်ာင္းသား..သူငယ္ခ်င္းအခ်င္းခ်င္း အဆင့္ေလာက္ေတြနွင့္ ..အတူေနျကသည္တဲ့ …။
သူတို႕ကိုယ္ပိုင္ေက်ာင္းရဲ့….ညဖက္စာျကည့္ခ်ိန္ေတြမွာ. ညဖက္အတန္းလြတ္ေတြထဲသြားျကေသာ အဲ႔လိုကေလးေတြေတာ္ေတာ္မ်ားေနပံုရသည္ …။
သူေျပာတဲ့ ေဘငာ္းဘီယူ၀တ္တဲ့ သူငယ္ခ်င္းကလည္း ရည္းစားမဟုတ္ပဲ အတူေနၾကသည္တဲ့..ေ နာက္တတြဲကေတာ့ ရည္းစားေပါ့။ 7 တန္းေတြေနာ္ တစ္ခန္းထဲအတူတူ..ခ်ိန္းေနျကသည္တဲ့..3 တြဲ ကဲ..ကေလးမို႔ တခါတေလမွား သလားလို ့အၾကိမ္ေရေမးေတာ့ အျကိမ္ေရမနည္းေတာ့ပါ …။
သမီးတို ့အတန္းက..အဲသလို ျကိဳက္ျကတာနည္းတယ္ 9တန္း 10 တန္းဆိုပိုခ်ိန္းေတြ ့ျကတာလို ့ေျပာေတာ့ က်မ ပက္လက္လန္ က်ခ်င္လာသည္ …။
မီတာခမ်ားလို ့ ညဖက္ေက်ာင္းအေပၚထပ္ေတြ မီးပိတ္ထားေတာ့ ဘိေတြျဖစ္ကုန္ၾကျပီထင္….ဒါေတာင္…ကေလးက သြက္လက္ခ်က္ခ်ာပံု…သိပ္မေပၚ ေဘာ္ဒါေဆာင္ေၾကးကလည္း…မနည္းပါ …။
ေတာ္ရံုမိဘ မထားနိုင္တဲ့အေနအထားပါ။ ေဘ္ာဒါနွင့္ ကိုယ္ပိုင္ေက်ာင္းတြဲဖြင့္ထားပါသည္။ ေသးေသးခ်ာခ်ာေနရာလည္း မဟုတ္ပါ။ ဒီကိစၥမ်ိဳးက…က်မမွ ဖြင့္မေျပာလ်င္. .ကိုယ့္ကေလးအတြင္းေရးမို ့ ဖုန္းဖိရင္း.. အျခားမိဘ…သတိမထားမိျဖစ္ေနမွာေရာ သားေမြးထားသူေတြေရာ….သမီးေမြးထားသူေတြေရာေ က်ာင္းေထာင္ထားၾကေသာ…သူငယ္ခ်င္း ေတြေရာကို သတင္းေပးေသာ အေနျဖင္႔
လူနာကို ငဲ့ညာေသာအားျဖင္.အေမးအေျဖမ်ားကို.ေလ်ာ့ရ်္ေရးပါေ သာ္လည္း.ညေနေဆးခန္းက..အျပန္မွာ.က်မ မလုွပ္နိ္ုင္ေအာင္ပင္.ေျကာက္စရာ…အေျဖမ်ားရခဲ့ပါသည္ …။
မိဘမ်ား..ဆရာမ်ား..ေခတ္ကို..သတိထားျကပါ။ ညဘက္စာက်က္၀ိုင္းမ်ားကို..သတိထားျကပါ။ စာသင္ေက်ာင္း….စာသင္ခန္းမ်ားကိုလည္း….သတိထားၾကပါလို ့…..သတိေပးပါရေစေနာ္ …။ ။
ေလးစားစြာျဖင့္
Unicode Version ဖြင့်ဖတ်ရန်
အသက်၁၃နှစ်နဲ့ကိုယ်ဝန်(၅)လရှိခဲ့တဲ့ (၇)တန်းကျောင်းသူမိန်းကလေးရဲ့အဖြစ်
မိဘဆရာများ အထူး သတိထားသင့်ပါတယ်။ အသက် ၁၃ နှစ် နဲ့ ကိုယ်ဝန် ၅ လရှိခဲ့တဲ့ ကျောင်းသူမိန်းကလေး တစ်ယောက်ရဲ့ အဖြစ်ပါ ..။
မနေ့က ကျမဆေးခန်းကို ultrasound ကြည့်ဖို့သားအမိနှစ်ယောက်လာပါတယ်။ သူတို့သားအမိ ဝင်လာတုန်းကတော့ ရင်သားတဖက်မရှိ တဲ့ မိခင်ကို လှမ်းကြည့်ရင်း လူနာလို့ထင်ခဲ့မိတာပါ …။
နောက်တော့မှ..ကျမသမီးလေးရာသီမလားတာ 3 လလောက်ရှိပြီ၊ ဗိုက်မှာလည်း အလုံးပေါ်နေလို့ဆိုမှ ကလေးဗိုက်ကို စမ်းသပ်ကြည့်လိုက်တော့ ဗိုက်ထဲမှာ ကိုယ်ဝန်က 5 လပြည့်ခါနီးနေပါပြီ …။
ကလေးရဲ့ အသက်ကို သေချာသိချင်လို့မွေးနေ့မေးလိုက်မှ 13 နှစ်နဲ့ တစ်လ၊ ဗိုက်ထဲက ကိုယ်ဝန်က 5လ ရှိနေပြီ။ ရှင်းရှင်းပြောရရင် အမွှေးတောင်သေချာမပေါက်သေးတဲ့ မျက်နှာ အေးအေးလေးနဲ့ ကလေးကိုကြည့်ပြီး ကျမ ဘယ်ကနေ စပြောရမလည်းတောင် တွေးမရတော့ပါ …။
မတတ်နိုင် အမေကိုရှင်းပြပြီး သမီးရည်းစားရှိသလားချော့မေးတော့ ရည်းစားတော့မရှိ အပျိုမဟုတ်တဲ့ အဆောင်နေသူငယ်ချင်း ဆီကဘောင်းဘီယူဝတ်မိတယ်လို့ ပြောပါတယ်။ လုံး၀ မဖြစ်နိုင်ဘူး..အမှန်အတိုင်းပြောဖို့ နည်းနည်းလေး မာန်လိုက်တော့ မှ တတန်းထဲနေ.သူငယ်ချင်းနဲ့ လို့ဝန်ခံလာပါတယ် …။
fbပေါ်မှာ ဟိုတလောက ခေတ်စားနေတဲ့ ရေကူးကန်ထဲ ကိုယ်ဝန်ခုနှစ်ယောက်ရတဲ့. မဟုတ်တဲ့ post ကို ဖတ်ပြီး အမေကို ဘောင်းဘီ ကိစ္စနှင့်ဖြီးတော့ အူကြောင်ကြောင်အမေက သို့လောသို့လော ဖြစ်သည် …။
ဒီအမေနှင့် လွှတ်ထားလို့မပြီး…ငါဝင်ပါမှ ဖြစ်မည် ဆိုပြီးဆက်မေးမှ…ကျမ ဖင်ထိုင်ရက်ကျမတတ်…တတန်းတည်းကျောင်းသား..သူငယ်ချင်းအချင်းချင်း အဆင့်လောက်တွေနှင့် ..အတူနေကြသည်တဲ့ …။
သူတို့ကိုယ်ပိုင်ကျောင်းရဲ့….ညဖက်စာကြည့်ချိန်တွေမှာ. ညဖက်အတန်းလွတ်တွေထဲသွားကြသော အဲ့လိုကလေးတွေတော်တော်များနေပုံရသည် …။
သူပြောတဲ့ ဘေငာ်းဘီယူဝတ်တဲ့ သူငယ်ချင်းကလည်း ရည်းစားမဟုတ်ပဲ အတူနေကြသည်တဲ့..နောက်တတွဲကတော့ ရည်းစားပေါ့။ 7 တန်းတွေနော် တစ်ခန်းထဲအတူတူ..ချိန်းနေကြသည်တဲ့..3 တွဲ ကဲ..ကလေးမို့ တခါတလေမှား သလားလို့အကြိမ်ရေမေးတော့ အကြိမ်ရေမနည်းတော့ပါ …။
သမီးတို့အတန်းက..အဲသလို ကြိုက်ကြတာနည်းတယ် 9တန်း 10 တန်းဆိုပိုချိန်းတွေ့ကြတာလို့ပြောတော့ ကျမ ပက်လက်လန် ကျချင်လာသည် …။
မီတာခများလို့ ညဖက်ကျောင်းအပေါ်ထပ်တွေ မီးပိတ်ထားတော့ ဘိတွေဖြစ်ကုန်ကြပြီထင်….ဒါတောင်…ကလေးက သွက်လက်ချက်ချာပုံ…သိပ်မပေါ် ဘော်ဒါဆောင်ကြေးကလည်း…မနည်းပါ …။
တော်ရုံမိဘ မထားနိုင်တဲ့အနေအထားပါ။ ဘော်ဒါနှင့် ကိုယ်ပိုင်ကျောင်းတွဲဖွင့်ထားပါသည်။ သေးသေးချာချာနေရာလည်း မဟုတ်ပါ။ ဒီကိစ္စမျိုးက…ကျမမှ ဖွင့်မပြောလျင်. .ကိုယ့်ကလေးအတွင်းရေးမို့ ဖုန်းဖိရင်း.. အခြားမိဘ…သတိမထားမိဖြစ်နေမှာရော သားမွေးထားသူတွေရော….သမီးမွေးထားသူတွေရောကောင်းထောင်ထားကြသော…သူငယ်ချင်း တွေရောကို သတင်းပေးသော အနေဖြင့်
လူနာကို ငဲ့ညာသောအားဖြင်.အမေးအဖြေများကို.လျော့ရျ်ရေးပါသေ်လည်း.ညနေဆေးခန်းက..အပြန်မှာ.ကျမ မလှုပ်န်ိုင်အောင်ပင်.ကြောက်စရာ…အဖြေများရခဲ့ပါသည် …။
မိဘများ..ဆရာများ..ခေတ်ကို..သတိထားကြပါ။ ညဘက်စာကျက်ဝိုင်းများကို..သတိထားကြပါ။ စာသင်ကျောင်း….စာသင်ခန်းများကိုလည်း….သတိထားကြပါလို့…..သတိပေးပါရစေနော် …။ ။
လေးစားစွာဖြင့်