Credit
Unicode Version ဖြင့်ဖတ်ရန်
ဆံပင်ကို မည်းနက်စေမယ့် အုန်းဆီ၊ သံပုရာ….
သင်ရဲ့ ဆံသားတွေ ဖြူလာလို့ ဆေးဆိုးနေရတာမျိုး ဒါမှမဟုတ် အခြား ဆံပင် မည်းနက်စေမယ့် ဆေးတွေ သုံးနေရတာမျိုး ကြုံတွေ့နေရပါသလား …၊
ဒါဆိုရင်တော့ သဘာဝအတိုင်း ပြန်မည်းနက်စေမယ့် နည်းလမ်းတစ်ခု ကို မျှဝေပေးချင်ပါတယ်နော် …။
သဘာဝနည်းလမ်းတွေဟာ လက်တွေ့မှာ အသုံးဝင်ပြီး ဘေးထွက် ဆိုးကျိုးလည်း နည်းစေပါတယ် …။
စားသုံးရတဲ့ အစားအစာတွေထဲ အခြား အသုံးဝင်မယ့် ဆေးဝါးတွေ ကုထုံးတွေ ဓာတ်စာတွေအနေနဲ့ အသုံးပြုလို့ ရပါတယ် …။
သဘာဝကပေးတဲ့ နည်းလမ်းတွေဟာ အမြဲအထောက်အကူ ဖြစ်စေပါတယ် …။
အုန်းဆီဟာ ဆံကေသာ ကောင်းကျိုးကို များစွာ အထောက်အကူ ဖြစ်စေတာ သိကြလိမ့်မယ်လို့ ထင်ပါတယ် …။
သူ့မှာ ပါဝင်တဲ့ ဓာတ်ပေါင်းစုတွေဟာ ဆံသားရဲ့ အတွင်းပိုင်း အထိ ထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။ ဆံသားတွေကို စိုပြည်စေပြီး မည်းနက်ချင်တယ် ဆိုရင်တော့ အုန်းဆီဟာ မပါမဖြစ်ပါပဲ …။
ပိုပြီး အထောက်အကူ ဖြစ်စေမယ့် ဗီတာမင်စီ၊ ဖော့စရပ်၊ ဗီတာမင်ဘီနဲ့ အင်တီအောက်ဆီးဒင့်တွေ ပေါင်းစပ်ပေးရင် ပိုကောင်းမွန်တဲ့ ဆံပင်ဆေးကို ရရှိစေမှာပါ …။
ပေါင်းစပ်ရမှာကတော့ သံပုရာသီး ဒါမှမဟုတ် သံပုယိုသီး ဖြစ်ပါတယ် …။
ပေါင်းစပ်ပြီး ပြုလုပ်ရမှာကတော့ အုန်းဆီ 5ml နဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်းပါ။ သူတို့နှစ်ခုကို ရောစပ်ပြီး ဆံသားထဲကို အနှံ သုတ်ပေးပါ။ ညင်ညင်သာသာလေး နှိပ်ပေးပြီး ၄၅ မိနစ် ထားထားပေးပါ …။
ပြီးရင် ခေါင်းလျှော်ပါ။ တစ်ပတ်မှာ ၂ ကြိမ် ပုံမှန်လုပ်ပေးပါ။ ဗောက်တွေကိုလည်း သက်သာစေပြီး ဆံသားကို ပြန်ပြီး မည်းနက်လာစေပါတယ်နော် …။ ။
Credit