ကိုယ္ျမတ္ႏိုး တန္ဖိုးထားတဲ့ အရာ ဆိုတာ….

ကိုယ္ျမတ္ႏိုး တန္ဖိုးထားတဲ့ အရာ ဆိုတာ….

လူတိုင္း လူတိုင္းမွာ ကိုယ္စီ တန္ဖိုးထားတတ္တဲ့ အရာတစ္ခုေတာ့ ႐ွိတတ္ၾကပါတယ္ …။

တန္ဖိုးႀကီးတာပဲျဖစ္ျဖစ္ နည္းတာပဲျဖစ္ျဖစ္ တန္ဖိုးထားတဲ့ အေပၚမူတည္ၿပီး တန္ဖိုးေတြလည္း ကြာသြားၾကတယ္…..။

ဥပမာ …. ကိုယ္က စာအုပ္ေတြကို ခ်စ္တယ္။ ျမတ္ႏိုးတယ္။ တန္ဖိုးထားတယ္ ဆိုရင္ စာအုပ္ေတြက ကိုယ့္အတြက္ေတာ့ တန္ဖိုး အႀကီးဆုံးပဲ၊ အဆုံး႐ႈံး မခံႏိုင္ဆုံးပဲ …။

အဲ့လို ကိုယ္ အရမ္းျမတ္ႏိုး တန္ဖိုးထားရတဲ့ အရာေလး ( လူျဖစ္ျဖစ္ အရာဝတၳဳ ပစၥည္းေလးပဲျဖစ္ျဖစ္ ) ‌ဆုံး႐ႈံးရတဲ့အခါမွာ အရမ္းပဲ နာက်င္ရတယ္ …။

ဘာလို႔ဆို ကိုယ္အရမ္း ျမတ္ႏိုးတန္ဖိုးထားတဲ့ အရာျဖစ္ေနလို႔ေလ။ ဆုံး႐ႈံးဖူးသူ တိုင္း အဲ့ ခံစားခ်က္ကို နားလည္ပါလိမ္႔မယ္ …။

တျခားသူေတြ အတြက္ အဲ့အရာေလးက ဘာမဟုတ္တဲ့ ကိစၥေလး ပါမႊားေလးပဲ ျဖစ္ေနပါေစ၊ ကိုယ့္အတြက္ေတာ့ ႀကီးမားတဲ့ ဆုံး႐ႈံးမႈ တစ္ခုလိုပါပဲ …။

ကေလးေလးေတြ သူတို႔ခ်စ္တဲ့ အ႐ုပ္ေလး ဆုံး႐ႈံးရတဲ့အခါ သူတို႔ေလးေတြ… ငိုၾကတယ္။ ဝမ္းနည္း ၾကတယ္။ ကိုယ့္အတြက္ ဘာမွ မေျပာပေလာက္ေပမဲ့ သူတို႔အတြက္ေတာ့ အႀကီးႀကီးပဲ …။

အဲ့လိုပါပဲ တန္ဖိုးဆိုတာ ထားတဲ့ေပၚမွာ မူတည္ၿပီး ဆုံး႐ႈံးနစ္နာမႈ ေတြလည္း ကြာပါတယ္ …။

အဲ့ဒါေၾကာင့္ တျခားသူရဲ႕ တန္ဖိုးထားတဲ့ အရာေတြ ဆုံး႐ႈံးရတဲ့အခါ ” ဒါေလမ်ား … ဘာျဖစ္ သြားမွာၾကလို႔ …. ” ဆိုၿပီး အလြယ္တကူ မေျပာ လိုက္ပါနဲ႔။ မေလွာင္ေျပာင္ ပါနဲ႔ …။

တန္ဖိုးထားမႈ ကြာရင္ ဆုံး႐ႈံးမႈေတြ ကြာလို႔ပါပဲ။ သူ႕အတြက္ ဘယ္ေလာက္ နာက်င္ရတယ္ ဆိုတာ သင္မသိႏိုင္လို႔ပဲ ျဖစ္ပါတယ္ …။

ဒါေၾကာင့္ သင့္အတြက္ အေရးမႀကီးဘူး ဆိုေပမယ့္ တစ္ပါးသူ အတြက္အေရးႀကီးေနႏိုင္တယ္ ဆိုတာကို ဘာပဲလုပ္လုပ္ ေတြးေပးၾကပါေနာ္ …။ ။

Credit to Original Writer

Unicode Version ဖြင့်ဖတ်ရန်

ကိုယ်မြတ်နိုး တန်ဖိုးထားတဲ့ အရာ ဆိုတာ….

လူတိုင်း လူတိုင်းမှာ ကိုယ်စီ တန်ဖိုးထားတတ်တဲ့ အရာတစ်ခုတော့ ရှိတတ်ကြပါတယ် …။

တန်ဖိုးကြီးတာပဲဖြစ်ဖြစ် နည်းတာပဲဖြစ်ဖြစ် တန်ဖိုးထားတဲ့ အပေါ်မူတည်ပြီး တန်ဖိုးတွေလည်း ကွာသွားကြတယ်…..။

ဥပမာ …. ကိုယ်က စာအုပ်တွေကို ချစ်တယ်။ မြတ်နိုးတယ်။ တန်ဖိုးထားတယ် ဆိုရင် စာအုပ်တွေက ကိုယ့်အတွက်တော့ တန်ဖိုး အကြီးဆုံးပဲ၊ အဆုံးရှုံး မခံနိုင်ဆုံးပဲ …။

အဲ့လို ကိုယ် အရမ်းမြတ်နိုး တန်ဖိုးထားရတဲ့ အရာလေး ( လူဖြစ်ဖြစ် အရာဝတ္ထု ပစ္စည်းလေးပဲဖြစ်ဖြစ် ) ‌ဆုံးရှုံးရတဲ့အခါမှာ အရမ်းပဲ နာကျင်ရတယ် …။

ဘာလို့ဆို ကိုယ်အရမ်း မြတ်နိုးတန်ဖိုးထားတဲ့ အရာဖြစ်နေလို့လေ။ ဆုံးရှုံးဖူးသူ တိုင်း အဲ့ ခံစားချက်ကို နားလည်ပါလိမ့်မယ် …။

တခြားသူတွေ အတွက် အဲ့အရာလေးက ဘာမဟုတ်တဲ့ ကိစ္စလေး ပါမွှားလေးပဲ ဖြစ်နေပါစေ၊ ကိုယ့်အတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခုလိုပါပဲ …။

ကလေးလေးတွေ သူတို့ချစ်တဲ့ အရုပ်လေး ဆုံးရှုံးရတဲ့အခါ သူတို့လေးတွေ… ငိုကြတယ်။ ဝမ်းနည်း ကြတယ်။ ကိုယ့်အတွက် ဘာမှ မပြောပလောက်ပေမဲ့ သူတို့အတွက်တော့ အကြီးကြီးပဲ …။

အဲ့လိုပါပဲ တန်ဖိုးဆိုတာ ထားတဲ့ပေါ်မှာ မူတည်ပြီး ဆုံးရှုံးနစ်နာမှု တွေလည်း ကွာပါတယ် …။

အဲ့ဒါကြောင့် တခြားသူရဲ့ တန်ဖိုးထားတဲ့ အရာတွေ ဆုံးရှုံးရတဲ့အခါ ” ဒါလေများ … ဘာဖြစ် သွားမှာကြလို့ …. ” ဆိုပြီး အလွယ်တကူ မပြော လိုက်ပါနဲ့။ မလှောင်ပြောင် ပါနဲ့ …။

တန်ဖိုးထားမှု ကွာရင် ဆုံးရှုံးမှုတွေ ကွာလို့ပါပဲ။ သူ့အတွက် ဘယ်လောက် နာကျင်ရတယ် ဆိုတာ သင်မသိနိုင်လို့ပဲ ဖြစ်ပါတယ် …။

ဒါကြောင့် သင့်အတွက် အရေးမကြီးဘူး ဆိုပေမယ့် တစ်ပါးသူ အတွက်အရေးကြီးနေနိုင်တယ် ဆိုတာကို ဘာပဲလုပ်လုပ် တွေးပေးကြပါနော် …။ ။

Credit to Original Writer