႐ုပ္ရည္မလွပေပမယ့္အၿမဲၾကည့္ေကာင္းၿပီး ကိုယ္ေရာင္ကိုယ္ဝါေတာက္ပေနသူေတြရဲ႕လွ်ိဳ႕ဝွက္ခ်က္…

႐ုပ္ရည္မလွပေပမယ့္အၿမဲၾကည့္ေကာင္းၿပီး ကိုယ္ေရာင္ကိုယ္ဝါေတာက္ပေနသူေတြရဲ႕လွ်ိဳ႕ဝွက္ခ်က္…

လူတစ္ေယာက္ဟာ အမ်ားအျမင္မွာ လွပေနတယ္၊ ၾကည့္ေကာင္းေနတယ္ဆိုတာ မိတ္ကပ္ေတြလိမ္းထားလို႔၊ တန္ဖိုးႀကီးအသုံးအေဆာင္ေတြ ဆင္ျမန္းထားလို႔လို႔ ထင္တတ္ၾကပါတယ္။ တကယ္ေတာ့ အလွအပဆိုတာ အျပင္ပန္းအဆင္တန္ဆာေတြထက္ ဒီအရာေတြေၾကာင့္သာ ပိုၿပီးေတာက္ေျပာင္လာတာပဲ ျဖစ္ပါတယ္ေနာ္ …။

(၁) တစ္ကိုယ္ရည္ သန္႔႐ွင္းမႈ႐ွိျခင္း”

မိန္းကေလးပဲျဖစ္ျဖစ္၊ ေယာက်ာ္းေလးပဲျဖစ္ျဖစ္ တစ္ကိုယ္ရည္သန္႔႐ွင္းမႈက အေရးႀကီးပါတယ္။ တစ္ကိုယ္ရည္သန္႔႐ွင္းမႈ႐ွိၿပီး ခႏၶာကိုယ္နံ႔ဆိုးေတြ ကင္းစင္ေနျခင္းက လွပျခင္းပါပဲ။ တစ္ကိုယ္ရည္သန္႔႐ွင္းမႈ ႐ွိတဲ့သူက အလိုလို ၾကည့္ေကာင္းေနတတ္ပါတယ္ …။

(၂) အေကာင္းျမင္တတ္တဲ့ စိတ္႐ွိျခင္း”

အဆိုးျမင္တတ္တဲ့စိတ္က ျပႆနာေတြကိုျဖစ္ေစၿပီး လူကိုလည္း စိတ္ကိုဖိစီးေစကာ ႐ုပ္ရည္ကိုလည္း မၾကည္မလင္၊ မလန္းမဆန္းျဖစ္ေစပါတယ္။ အေကာင္းျမင္စိတ္ ႐ွိတဲ့အခါ စိတ္ကလည္း အၿမဲၾကည္လင္ေနၿပီး မ်က္ႏွာကအစ ၾကည္လင္ လွပေနပါလိမ္႔မယ္ …။

(၃) မုဒိတာပြားတတ္တဲ့ စိတ္႐ွိျခင္း”

မုဒိတာပြားတဲ့စိတ္႐ွိတဲ့သူေတြဟာ သူမ်ားေအာင္ျမင္မႈကို မနာလိုတဲ့စိတ္မ႐ွိဘဲ ေအာင္ျမင္မႈကို မုဒိတာပြားေပးတတ္ၾကပါတယ္။ သူတစ္ပါးေအာင္ျမင္မႈကို မုဒိတာပြားတတ္တဲ့သူက အၿမဲလိုလို ၾကည့္ေကာင္းပါတယ္။ မနာလိုစိတ္မ႐ွိျခင္းက လူကိုၾကည့္ေကာင္းေစၿပီး ဘာဝတ္ဝတ္ အေရာင္ထြက္ေစပါတယ္။ မနာလိုစိတ္ႀကီးမားတဲ့ သူေတြကေတာ့ ဘယ္ေလာက္ပဲ တန္ဖိုးႀကီးတဲ့ အဝတ္အစားေတြဝတ္ထားပါေစ၊ ဘယ္လိုမွ ၾကည့္လို႔ မလွပါဘူး …။

(၄) ၾကင္နာတတ္တဲ့ စိတ္႐ွိျခင္း”

ၾကင္နာတတ္ၿပီး တစ္ဖက္သားကိုကိုယ္ခ်င္းစာတတ္တဲ့သူေတြက ႏွလုံးသားလွတာေၾကာင့္ လူကလည္း အလိုလိုၾကည့္ေကာင္း ေနပါတယ္။ ၾကင္နာတတ္တဲ့ စိတ္က လူကိုလွပေစႏိုင္ပါတယ္ …။

(၅) ေက်းဇူးသိတတ္တဲ့ စိတ္႐ွိျခင္း”

လူသားတစ္ေယာက္အျဖစ္႐ွင္သန္ေနတဲ႕အခါ ေက်းဇူးသိတတ္တဲ့စိတ္႐ွိဖို႔လည္း လိုပါတယ္။ ေက်းဇူးသိတတ္ျခင္းက ေကာင္းမြန္တဲ့စိတ္ကို ျဖစ္ေစတာေၾကာင့္ ႐ုပ္ရည္ကိုၾကည္လင္ေစပါတယ္။ ကိုယ္ပိုင္ဆိုင္ထားတဲ့ အရာေတြအတြက္ ေက်းဇူးတင္တာ၊ ကိုယ့္ေဘးနားက လူေတြအတြက္ ေက်းဇူးတင္တာ၊ ကိုယ္ျဖတ္သန္းခဲ့တဲ့ အခ်ိန္ေတြအတြက္ ေက်းဇူးတင္တာ အဲ့ဒီလို ေက်းဇူးတင္တဲ့စိတ္က လူတစ္ေယာက္ကို အလိုလိုၾကည့္ေကာင္းေနေစပါတယ္ေနာ္ …။ ။

Written by PP

Credit

Unicode Version ဖြင့်ဖတ်ရန်

ရုပ်ရည်မလှပပေမယ့်အမြဲကြည့်ကောင်းပြီး ကိုယ်ရောင်ကိုယ်ဝါတောက်ပနေသူတွေရဲ့လျှို့ဝှက်ချက်…

လူတစ်ယောက်ဟာ အများအမြင်မှာ လှပနေတယ်၊ ကြည့်ကောင်းနေတယ်ဆိုတာ မိတ်ကပ်တွေလိမ်းထားလို့၊ တန်ဖိုးကြီးအသုံးအဆောင်တွေ ဆင်မြန်းထားလို့လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ အလှအပဆိုတာ အပြင်ပန်းအဆင်တန်ဆာတွေထက် ဒီအရာတွေကြောင့်သာ ပိုပြီးတောက်ပြောင်လာတာပဲ ဖြစ်ပါတယ်နော် …။

(၁) တစ်ကိုယ်ရည် သန့်ရှင်းမှုရှိခြင်း”

မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲဖြစ်ဖြစ် တစ်ကိုယ်ရည်သန့်ရှင်းမှုက အရေးကြီးပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိပြီး ခန္ဓာကိုယ်နံ့ဆိုးတွေ ကင်းစင်နေခြင်းက လှပခြင်းပါပဲ။ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိတဲ့သူက အလိုလို ကြည့်ကောင်းနေတတ်ပါတယ် …။

(၂) အကောင်းမြင်တတ်တဲ့ စိတ်ရှိခြင်း”

အဆိုးမြင်တတ်တဲ့စိတ်က ပြဿနာတွေကိုဖြစ်စေပြီး လူကိုလည်း စိတ်ကိုဖိစီးစေကာ ရုပ်ရည်ကိုလည်း မကြည်မလင်၊ မလန်းမဆန်းဖြစ်စေပါတယ်။ အကောင်းမြင်စိတ် ရှိတဲ့အခါ စိတ်ကလည်း အမြဲကြည်လင်နေပြီး မျက်နှာကအစ ကြည်လင် လှပနေပါလိမ့်မယ် …။

(၃) မုဒိတာပွားတတ်တဲ့ စိတ်ရှိခြင်း”

မုဒိတာပွားတဲ့စိတ်ရှိတဲ့သူတွေဟာ သူများအောင်မြင်မှုကို မနာလိုတဲ့စိတ်မရှိဘဲ အောင်မြင်မှုကို မုဒိတာပွားပေးတတ်ကြပါတယ်။ သူတစ်ပါးအောင်မြင်မှုကို မုဒိတာပွားတတ်တဲ့သူက အမြဲလိုလို ကြည့်ကောင်းပါတယ်။ မနာလိုစိတ်မရှိခြင်းက လူကိုကြည့်ကောင်းစေပြီး ဘာဝတ်ဝတ် အရောင်ထွက်စေပါတယ်။ မနာလိုစိတ်ကြီးမားတဲ့ သူတွေကတော့ ဘယ်လောက်ပဲ တန်ဖိုးကြီးတဲ့ အဝတ်အစားတွေဝတ်ထားပါစေ၊ ဘယ်လိုမှ ကြည့်လို့ မလှပါဘူး …။

(၄) ကြင်နာတတ်တဲ့ စိတ်ရှိခြင်း”

ကြင်နာတတ်ပြီး တစ်ဖက်သားကိုကိုယ်ချင်းစာတတ်တဲ့သူတွေက နှလုံးသားလှတာကြောင့် လူကလည်း အလိုလိုကြည့်ကောင်း နေပါတယ်။ ကြင်နာတတ်တဲ့ စိတ်က လူကိုလှပစေနိုင်ပါတယ် …။

(၅) ကျေးဇူးသိတတ်တဲ့ စိတ်ရှိခြင်း”

လူသားတစ်ယောက်အဖြစ်ရှင်သန်နေတဲ့အခါ ကျေးဇူးသိတတ်တဲ့စိတ်ရှိဖို့လည်း လိုပါတယ်။ ကျေးဇူးသိတတ်ခြင်းက ကောင်းမွန်တဲ့စိတ်ကို ဖြစ်စေတာကြောင့် ရုပ်ရည်ကိုကြည်လင်စေပါတယ်။ ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာတွေအတွက် ကျေးဇူးတင်တာ၊ ကိုယ့်ဘေးနားက လူတွေအတွက် ကျေးဇူးတင်တာ၊ ကိုယ်ဖြတ်သန်းခဲ့တဲ့ အချိန်တွေအတွက် ကျေးဇူးတင်တာ အဲ့ဒီလို ကျေးဇူးတင်တဲ့စိတ်က လူတစ်ယောက်ကို အလိုလိုကြည့်ကောင်းနေစေပါတယ်နော် …။ ။

Written by PP

Credit