အရေးကြီးတဲ့မှတ်စု
၁။ ပါးကိုမြှင့်ခြင်း”
၂။ နဖူးကိုလုပ်ခြင်း”
Writer – Min Thu (XYZ NEWS)
Unicode Version ဖြင့်ဖတ်ရန်
သင့်ကို အသက်(၇)နှစ်လောက်ပိုငယ်သွားစေမယ့် ဂျပန်ရိုးရာအနှိပ်လေ့ကျင့်ခန်း(၇)ခု…
အသက်အရွယ်ရလာရင် မျက်နှာရဲ့အရေပြားက တွဲကျလာပါတယ်။ ဒါကမျက်နှာကကြွက်သားတွေ အားနည်းလာတာသာမကပဲ ကိုလာဂျင်ဓာတ် လျော့ကျလာလို့လည်း ဖြစ်ပါတယ်။ အသက်အရွယ်ကြီးခြင်းရဲ့နောက်တစ်ချက်ကတော့ မျက်နှာက အရိုးတွေ ရွေ့ကုန်လို့ပါပဲ …။
အကျိုးဆက်ကတော့ မျက်နှာကေ ဝဝါးလာပြီးပါးနဲ့မေးစေ့တွေလျော့တွဲလာတာပါ။ ဒါပေမယ့် ဂျပန်လူမျိုးဖြစ်တဲ့ ချီယော့ဟာရှီက ဒီပြဿနာကိုရှင်းဖို့ အကောင်းဆုံး လုပ်ခဲ့ပါတယ်။ မျက်နှာမှာရှိတဲ့ သွေးတစ်ရှူးတွေ လည်ပတ်ဖို့နဲ့ ဦးခေါင်းခွံက အရိုးတွေ ပုံမှန်အတိုင်းရှိစေဖို့ ကူညီမယ့် အထူးနှိပ်နည်း ကို သိခဲ့ပါတယ်။ ထိုစနစ်ကို ခိုရုဂိ လို့ ခေါ်ပါတယ် …။
Bright Side က ထိုနှိပ်နည်းကို မှန်မှန်ကန်ကန်နဲ့ ဘယ်လိုလုပ်ရမလဲဆိုတာ မျှဝေပေးဖို့ စိတ်အားထက်သန်နေတဲ့အတွက် ခေါင်းစဉ်ရဲ့အဆုံးမှာရှိတဲ့ အပိုဆုလေးကို အလွတ်မခံနဲ့နော် …။
အရေးကြီးတဲ့မှတ်စု
ကြွက်သားတွေကနှစ်ကြာတာနဲ့အမျှ လျော့လာပြီးအဆီတွေ ပြန့်နှံလာပါတယ်။ငယ်ရွယ်တုန်းမှာတော့အလွှာတခုတည်းဖြစ်အောင် အဆီတွေက ပေါင်းသွားပေမယ့် အသက်ရလာရင်တော့ တနေရာတည်းမှာ စုပုံသွားပါတယ်။သင်စမလုပ်ခင်မှာ မှန်ကိုယူပြီး အနှိပ်ဆီလေးလိမ်းပါ …။
အဲဒါကသင်လုပ်နေတာမှန်ရဲ့လားဆိုတာ သိစေပြီး အပိုပွတ်တိုက်မှုတွေကို ရှောင်ပေးပါတယ်။ ပြီးတော့သင့်အရေပြားကိုလည်း သန့်စင်သင့်ပါတယ်။ ဒီနှိပ်နည်းကိုတော့ မျက်နာမှာဒဏ်ရာရှိသူ နာတာရှည်ရောဂါသည်နဲ့ သွေးဖြူဆဲလ် မူမမှန်သူတွေစတဲ့ ENT ရောဂါရှိသူတွေ မလုပ်သင့်ပါဘူး။ သင့်မျက်နှာကို နာကျင်မှုမရှိစေပဲ စပ်စပ်လေးဖိနှိပ်ရမှာပါ။ ခိုရုဂိနှိပ်နည်းက မျက်နှာအလေးချိန်ကို ကျစေနိုင်ပါတယ် …။
၁။ ပါးကိုမြှင့်ခြင်း”
သင့်တံတောင်ဆစ်ကို စားပွဲပေါ် တင်ပါ။လက်သီးဆုပ်ပါ။ မျက်နှာမှ ပါးရိုးတွေကို လျှော့ထားပါ။ သင့်ကြွက်သားတွေ ပြေလျော့နေအောင်ပေါ့။ ထိုအနေအထားအတိုင်း ၅ စက္ကန့် နေပေးပါ …။
၂။ နဖူးကိုလုပ်ခြင်း”
သင့်ခေါင်းကို နောက်သို့ အနည်းငယ်ကွေးပါ။ လက်သီးဆုပ်ပါ။ သင့်လက်ခလယ်ဖြင့် နဖူးကိုဖိပါ။ လက်ကိုအပေါ်သို့ ဆက်သွားပြီး ဆံပင်မှာနား ထိရောက်သည်အထိဆွဲပါ။ ထို့နောက် လက်ချောင်းများကို ညှပ်ရိုးထိရောက်အောင် လည်ပင်းမှ ဖြည်းဖြည်းချင်းရွေ့ပါ …။
၄။ နဖူးကိုချောအောင်လုပ်ခြင်း”
လက်သီးဆုပ်ပါ။ သင့်လက်သီးအလယ်ဖြင့် မျက်ခုံးမှဖြည်းဖြည်းချင်း ဆံပင်နားရောက်တဲ့ အထိ ပွတ်ဆွဲပါ။ အခုအရင်အနေထားအတိုင်း လက်ကိုပြန်ထားပါ။ ပြီးလျှင် နောက်တခေါက်အပေါ်သို့ ပြန်ဆွဲပါ။ ဒီလိုနဲ့ နဖူးက ချောမွတ်လာပါလိမ့်မယ် …။
၅။ မျက်လုံးကို အပေါ်သို့ဖွင့်ခြင်း”
လက်သီးဆုတ်ပါ။ မျက်ခုံးကိုပင့်ပါ။ လက်ညှိုးနဲ့ လက်ခလယ်ရဲ့ အကူအညီဖြင့် မျက်ခုံးတလျောက်ကို လက်ဖြင့် ဆွဲပါ …။
၆။ မျက်နှာ၏အောက်ပိုင်းဖြင့် အလုပ်လုပ်ခြင်း”
လက်ညှိုးနဲ့လက်ခလယ်ကိုဖိ၍ လက်သီးဆုပ်ပါ(လက်ဆစ်ကိုကွေးထားပါ) ထိုလက်နှစ်ချောင်း၏ အကူအညီဖြင့် လှုပ်ရှားမှုတွေကို လုပ်ပါ။ မေးစေ့မှဆီသို့ အားပါပါ ဖိဆွဲပါ။ ပါးစပ်ထောင့် နားနေရာမှစပါ။ဖိတဲ့နေရာနဲ့ ဆွဲတဲ့နေရာကြားက အကွာအဝေး နည်းပါစေ။ စုစုပေါင်း ၇ ခေါက် ၈ခေါက်လောက် ပြန်လုပ်ပေးပါ …။
၇။ နှိပ်ခြင်းကို အဆုံးသတ်ခြင်း”
ဆုပ်ထားတဲ့လက်ကို ဖြည်ပါ။သင့်လက်ချောင်းကို နဖူးပေါ်တင်ပြီး ညင်သာစွာဘေးကို ဆွဲပါ။ အဲဒီနောက်မှာတော့ သင့်လက်ချောင်းတွေကို ပါးမှစ၍ ညှပ်ရိုးတလျှောက် လည်ပင်းအထိ ဆွဲချပါ။ ဒီနှိပ်ခြင်းကို တပတ်တခါ ပုံမှန်ပြုလုပ်ပေးပါ။ သတင်းကောင်းကတော့ နှိပ်ခြင်းရဲ့အဓိကရလဒ်အပြင် တခြားကောင်းကျိုးအများကြီးကို ပေးပါတယ်။ မောပန်းမှုတွေ မျက်ကွင်းညိုတာတွေကို ပျောက်ကင်းစေပြီး မျက်နာကို ပိုတောက်စေပါတယ် …။
အသားအရည်က ပိုပျော့လာတဲ့အတွက် မျက်ကွင်းတွေ လျော့ပြီးလျော့တွဲနေတဲ့ အရေပြားကို ချောမွတ်ပြီး တငိးရင်းစေမှာပါ။ မျက်နှာတခုလုံးကို ပိုပြီးတိတိကျကျ လုပ်ပေးပြီး သွယ်အောင်လုပ်ပါ။ပိုကောင်းတဲ့ သွေးလည်ပတ်မှုက အသားအရေကို ရစေနိုင်ပါတယ်နော် …။ ။
Writer – Min Thu (XYZ NEWS)