ဆံပင္ေတြ ခဏခဏကြၽတ္ေနရင္ ဒီေပါင္းတင္နည္းေလးကို လုပ္ၾကည့္ပါ…

ဆံပင္ေတြ ခဏခဏကြၽတ္ေနရင္ ဒီေပါင္းတင္နည္းေလးကို လုပ္ၾကည့္ပါ…

ဆံပင္ေတြခဏခဏကြၽတ္ေနလို႔ စိတ္ညစ္စရာ မလိုေတာ့ပါဘူး။ ဒီေပါင္းတင္နည္းေလးက သင့္ဆံပင္ကြၽတ္တာကို သက္သာေစတဲ့ အျပင္ ဆံပင္ကိုလည္း ထူလာေစႏိုင္ပါတယ္ …။

ဆံပင္ပါးတဲ့ သူေတြလည္း သုံးေပးႏိုင္ပါတယ္။ ေပါင္းတင္နည္းေလးက သိပ္ မခက္ပါဘူး။ အိမ္မွာ႐ွိတဲ့ပစၥည္းေတြကိုသာ အသုံးျပဳေပးရမွာပါ …။

လိုအပ္တဲ့ ပစၥည္းေတြကေတာ့ ၾကက္သြန္နီနဲ႔ ပ်ားရည္ပဲ ျဖစ္ပါတယ္ …။

ၾကက္သြန္နီက ဆံပင္ကို ပိုၿပီးထူေစၿပီး ဆံပင္ကြၽတ္လည္း သက္သာေစပါတယ္။ ဆံပင္အ႐ွည္ျမန္ေစအတြက္ ဆံပင္အုံထူခ်င္တဲ့ သူေတြ ျပဳလုပ္ေပးလို႔ ရပါတယ္ …။

ၾကက္သြန္နီတစ္လုံးယူၿပီး ဓားနဲ႔ ပါးပါးလွီးပါ။ ေမႊစက္ထဲထည့္ၿပီး ျဖစ္ေစ၊ ေထာင္းၿပီးျဖစ္ေစ ညက္သြားေအာင္ ျပဳလုပ္ပါ။ ၿပီးရင္ ပန္းကန္လုံးထဲ ထည့္ၿပီး အရည္ေတြကို စစ္ထုတ္ေပးပါ …။

ပ်ားရည္ စားပြဲတင္ ဇြန္း(၂)ဇြန္းကို ထည့္ပါ။ ခဏေနရင္ လာဗင္ဒါ အဆီေလး အနည္းငယ္ထည့္ေပးပါ။ အုန္းဆီစစ္စစ္ အဆီဆိုရင္လည္း ရပါတယ္။ အကုန္လုံးကိုေရာေမႊၿပီးရင္ အသုံးျပဳလို႔ရပါၿပီေနာ္ …။

ဘယ္လို သုံးရမလဲဆိုေတာ့…

အရည္ေတြကို ဆံပင္အႏွံ႔ ပြတ္လိမ္းေပးပါ။ လိမ္းၿပီးရင္ ေခါင္းကို တစ္ခုခုနဲ႔ စြပ္ထားပါ။ နာရီဝက္ျဖစ္ေစ၊ တစ္ညလုံးျဖစ္ေစ ထားထားႏိုင္ပါတယ္။ နာရီဝက္ၾကာၿပီးရင္ ေရနဲ႔သန္႔စင္ေအာင္ ေဆးခ်လိုက္ပါ …။

ေနာက္တစ္ေန႔မွာေခါင္းေလွ်ာ္ရည္နဲ႔ ေလွ်ာ္ေပးလို႔ရပါၿပီ။ တစ္လကို ၂ ခါပုံမွန္ ျပဳလုပ္ေပးရင္ ဆံပင္ကြၽတ္သက္သာၿပီး အရင္ကထက္ ဆံပင္အုံထူလာတာကို ျမင္ေတြ႕ရမွာပဲ ျဖစ္ပါတယ္ေနာ္ …။ ။

ခရက္ဒစ္

Unicode Version ဖြင့်ဖတ်ရန်

ဆံပင်တွေ ခဏခဏကျွတ်နေရင် ဒီပေါင်းတင်နည်းလေးကို လုပ်ကြည့်ပါ…

ဆံပင်တွေခဏခဏကျွတ်နေလို့ စိတ်ညစ်စရာ မလိုတော့ပါဘူး။ ဒီပေါင်းတင်နည်းလေးက သင့်ဆံပင်ကျွတ်တာကို သက်သာစေတဲ့ အပြင် ဆံပင်ကိုလည်း ထူလာစေနိုင်ပါတယ် …။

ဆံပင်ပါးတဲ့ သူတွေလည်း သုံးပေးနိုင်ပါတယ်။ ပေါင်းတင်နည်းလေးက သိပ် မခက်ပါဘူး။ အိမ်မှာရှိတဲ့ပစ္စည်းတွေကိုသာ အသုံးပြုပေးရမှာပါ …။

လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကြက်သွန်နီနဲ့ ပျားရည်ပဲ ဖြစ်ပါတယ် …။

ကြက်သွန်နီက ဆံပင်ကို ပိုပြီးထူစေပြီး ဆံပင်ကျွတ်လည်း သက်သာစေပါတယ်။ ဆံပင်အရှည်မြန်စေအတွက် ဆံပင်အုံထူချင်တဲ့ သူတွေ ပြုလုပ်ပေးလို့ ရပါတယ် …။

ကြက်သွန်နီတစ်လုံးယူပြီး ဓားနဲ့ ပါးပါးလှီးပါ။ မွှေစက်ထဲထည့်ပြီး ဖြစ်စေ၊ ထောင်းပြီးဖြစ်စေ ညက်သွားအောင် ပြုလုပ်ပါ။ ပြီးရင် ပန်းကန်လုံးထဲ ထည့်ပြီး အရည်တွေကို စစ်ထုတ်ပေးပါ …။

ပျားရည် စားပွဲတင် ဇွန်း(၂)ဇွန်းကို ထည့်ပါ။ ခဏနေရင် လာဗင်ဒါ အဆီလေး အနည်းငယ်ထည့်ပေးပါ။ အုန်းဆီစစ်စစ် အဆီဆိုရင်လည်း ရပါတယ်။ အကုန်လုံးကိုရောမွှေပြီးရင် အသုံးပြုလို့ရပါပြီနော် …။

ဘယ်လို သုံးရမလဲဆိုတော့…

အရည်တွေကို ဆံပင်အနှံ့ ပွတ်လိမ်းပေးပါ။ လိမ်းပြီးရင် ခေါင်းကို တစ်ခုခုနဲ့ စွပ်ထားပါ။ နာရီဝက်ဖြစ်စေ၊ တစ်ညလုံးဖြစ်စေ ထားထားနိုင်ပါတယ်။ နာရီဝက်ကြာပြီးရင် ရေနဲ့သန့်စင်အောင် ဆေးချလိုက်ပါ …။

နောက်တစ်နေ့မှာခေါင်းလျှော်ရည်နဲ့ လျှော်ပေးလို့ရပါပြီ။ တစ်လကို ၂ ခါပုံမှန် ပြုလုပ်ပေးရင် ဆံပင်ကျွတ်သက်သာပြီး အရင်ကထက် ဆံပင်အုံထူလာတာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်နော် …။ ။

ခရက်ဒစ်