(10)မိနစ္အခ်ိန္ေပး႐ုံနဲ႔ လက္ကေလးေတြေဖေယာင္းသားေလးလို ႏူးညံ့လာေစမယ့္နည္းလမ္း…

(10)မိနစ္အခ်ိန္ေပး႐ုံနဲ႔ လက္ကေလးေတြေဖေယာင္းသားေလးလို ႏူးညံ့လာေစမယ့္နည္းလမ္း…

အသက္အ႐ြယ္ ရလာတာနဲ႔အမွ် သင့္မ်က္ႏွာေပၚက အသားအေရသာမက လက္ေခ်ာင္းေလးေတြကလည္း ေျပာင္းလဲလာပါတယ္။ သင္ကသာ သတိမထားမိတာပါ …။

လက္ဆိုေတာ့လည္း မ်က္ႏွာအသားအေရလို ပုံမွန္ ဂ႐ုမစိုက္ႏိုင္ေတာ့လည္း ဘယ္သတိထားမိမလဲ။ တကယ္ေတာ့ မ်က္ႏွာလိုပဲ သင့္ရဲ႕ လက္ကေလးေတြကိုလည္း ဂ႐ုစိုက္ေပးသင့္ပါတယ္ေနာ္ …။

သင္ဓာတ္ပုံ႐ိုက္တဲ့အခ်ိန္ သင့္ေကာင္ေလးက သင့္လက္ကေလးကို ကိုင္တဲ့အခ်ိန္ေတြမွာလည္း ႏူးညံ့တဲ့လက္ကေလးေတြက သင့္ကို ဆြဲေဆာင္မႈ ပို႐ွိေစမွာပါ။ ဒါေၾကာင့္ ၁၀ မိနစ္အခ်ိန္ေပးလိုက္တာနဲ႔ လက္ကေလးေတြ ေခ်ာေမြ႕ႏူးညံ့လာေစမယ့္ နည္းလမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ …။

ၾကက္ဥ”

ကြၽမ္းက်င္ပညာ႐ွင္ေတြက ၾကက္ဥက အသားအေရရဲ႕ တင္းရင္းမႈကို ျပန္သိုေလွာင္ေပးပါတယ္လို႔ ေျပာထားပါတယ္။ ၾကက္ဥအကာကို ပ်ားရည္တစ္ဇြန္းနဲ႔ ေရာေပးပါ …။

ဒီအေရာကို သင့္လက္ေပၚမွာ လိမ္းေပးၿပီး ေျခာက္ေသြ႕တဲ့အထိ ထားထားပါ။ ၿပီးတာနဲ႔ ဆပ္ျပာကို သုံးၿပီး ေရေဆးခ်ေပးလိုက္ပါ …။

အာလူး”

အာလူးက သင့္လက္ကေလးေတြကို ႏူးညံ့ေစပါတယ္။ အလယ္အလတ္အ႐ြယ္အစား႐ွိတဲ့ အာလူးအနည္းငယ္ကို ျပဳတ္ေပးပါ။ ျပဳတ္ထားတဲ့ အာလူးေတြကို ေခ်ေပးပါ။ အာလူးေခ်ထားတဲ့အထဲကို သံလြင္ဆီ ၂ ဇြန္း၊ ပ်ားရည္နဲ႔ ႏြားႏို႔ ထည့္ေပးပါ …။

ဒီအေရာကို ေရခဲေသတၱာထဲထည့္ထားလို႔ရပါတယ္။ ဒါကို တစ္ပတ္မွာ ၂ ႀကိမ္ကေန ၃ ႀကိမ္ လက္မွာ လိမ္းေပးပါ။ ၁၅ မိနစ္ၾကာ ထားပါ။ ၿပီးတာနဲ႔ ေရေဆးခ်လိုက္ပါ …။

Rosehip Oil”

Rosehip oil က သင့္လက္ကို တင္းရင္းေစတဲ့ အံ့မခန္း ဆီတစ္မ်ိဳးပါ။ အာဟာရဓာတ္မ်ားစြာပါဝင္ပါတယ္။ သင့္လက္ကို ဒီဆီနဲ႔ ေန႔စဥ္ႏွိပ္နယ္ေပးပါ။ လက္ေလးေတြကို အနားေပးလိုက္ပါေနာ္ …။

သံပယိုသီးနဲ႔ သၾကား”

သံပယိုသီးတစ္ဝက္ကို အရည္ညႇစ္ပါ။ သၾကား ၂ ဇြန္းနဲ႔ ေရာေပးပါ။ ဒါကို သင့္လက္ေပၚမွာ ပြတ္ေပးပါ။ ေသြးလည္ပတ္မႈေကာင္းမြန္ေစပါတယ္။ ၿပီးတာနဲ႔ ေရေဆးေပးပါ …။

ဗာဒံေစ့အဆီ”

လက္ကို ဗာဒံေဆ့အဆီထဲ စိမ္ထားပါ။ ၿပီးတာနဲ႔ ေရေအးမွာ ၅ မိနစ္ၾကာစိမ္ေပးပါ။ ၿပီးတာနဲ႔ Cream တစ္မ်ိဳးမ်ိဳးကို လိမ္းလိုက္ပါ …။

လက္အိတ္စြပ္ၿပီး တစ္ညအိပ္လိုက္ပါ။ မနက္ေရာက္တဲ့အခ်ိန္မွာေတာ့ သင့္လက္ကေလးဟာ ေရဓာတ္အျပည့္အဝရေနမွာပဲ ျဖစ္ပါတယ္ …။

သင့္လက္ေပၚမွာ Vaseline လိမ္းလိုက္ပါ။ လက္အိတ္ ဝတ္ၿပီး ညအိပ္ေပးပါ …။

ပ်ိဳေမတို႕ အားလုံး ႏူးညံ့ေခ်ာေမြ႕တဲ့ လက္ကေလးေတြကို ပိုင္ဆိုင္ၾကပါေစေနာ္ …။ ။

Credit

Unicode Version ဖြင့်ဖတ်ရန်

(10)မိနစ်အချိန်ပေးရုံနဲ့ လက်ကလေးတွေဖေယောင်းသားလေးလို နူးညံ့လာစေမယ့်နည်းလမ်း…

အသက်အရွယ် ရလာတာနဲ့အမျှ သင့်မျက်နှာပေါ်က အသားအရေသာမက လက်ချောင်းလေးတွေကလည်း ပြောင်းလဲလာပါတယ်။ သင်ကသာ သတိမထားမိတာပါ …။

လက်ဆိုတော့လည်း မျက်နှာအသားအရေလို ပုံမှန် ဂရုမစိုက်နိုင်တော့လည်း ဘယ်သတိထားမိမလဲ။ တကယ်တော့ မျက်နှာလိုပဲ သင့်ရဲ့ လက်ကလေးတွေကိုလည်း ဂရုစိုက်ပေးသင့်ပါတယ်နော် …။

သင်ဓာတ်ပုံရိုက်တဲ့အချိန် သင့်ကောင်လေးက သင့်လက်ကလေးကို ကိုင်တဲ့အချိန်တွေမှာလည်း နူးညံ့တဲ့လက်ကလေးတွေက သင့်ကို ဆွဲဆောင်မှု ပိုရှိစေမှာပါ။ ဒါကြောင့် ၁၀ မိနစ်အချိန်ပေးလိုက်တာနဲ့ လက်ကလေးတွေ ချောမွေ့နူးညံ့လာစေမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော် …။

ကြက်ဥ”

ကျွမ်းကျင်ပညာရှင်တွေက ကြက်ဥက အသားအရေရဲ့ တင်းရင်းမှုကို ပြန်သိုလှောင်ပေးပါတယ်လို့ ပြောထားပါတယ်။ ကြက်ဥအကာကို ပျားရည်တစ်ဇွန်းနဲ့ ရောပေးပါ …။

ဒီအရောကို သင့်လက်ပေါ်မှာ လိမ်းပေးပြီး ခြောက်သွေ့တဲ့အထိ ထားထားပါ။ ပြီးတာနဲ့ ဆပ်ပြာကို သုံးပြီး ရေဆေးချပေးလိုက်ပါ …။

အာလူး”

အာလူးက သင့်လက်ကလေးတွေကို နူးညံ့စေပါတယ်။ အလယ်အလတ်အရွယ်အစားရှိတဲ့ အာလူးအနည်းငယ်ကို ပြုတ်ပေးပါ။ ပြုတ်ထားတဲ့ အာလူးတွေကို ချေပေးပါ။ အာလူးချေထားတဲ့အထဲကို သံလွင်ဆီ ၂ ဇွန်း၊ ပျားရည်နဲ့ နွားနို့ ထည့်ပေးပါ …။

ဒီအရောကို ရေခဲသေတ္တာထဲထည့်ထားလို့ရပါတယ်။ ဒါကို တစ်ပတ်မှာ ၂ ကြိမ်ကနေ ၃ ကြိမ် လက်မှာ လိမ်းပေးပါ။ ၁၅ မိနစ်ကြာ ထားပါ။ ပြီးတာနဲ့ ရေဆေးချလိုက်ပါ …။

Rosehip Oil”

Rosehip oil က သင့်လက်ကို တင်းရင်းစေတဲ့ အံ့မခန်း ဆီတစ်မျိုးပါ။ အာဟာရဓာတ်များစွာပါဝင်ပါတယ်။ သင့်လက်ကို ဒီဆီနဲ့ နေ့စဉ်နှိပ်နယ်ပေးပါ။ လက်လေးတွေကို အနားပေးလိုက်ပါနော် …။

သံပယိုသီးနဲ့ သကြား”

သံပယိုသီးတစ်ဝက်ကို အရည်ညှစ်ပါ။ သကြား ၂ ဇွန်းနဲ့ ရောပေးပါ။ ဒါကို သင့်လက်ပေါ်မှာ ပွတ်ပေးပါ။ သွေးလည်ပတ်မှုကောင်းမွန်စေပါတယ်။ ပြီးတာနဲ့ ရေဆေးပေးပါ …။

ဗာဒံစေ့အဆီ”

လက်ကို ဗာဒံဆေ့အဆီထဲ စိမ်ထားပါ။ ပြီးတာနဲ့ ရေအေးမှာ ၅ မိနစ်ကြာစိမ်ပေးပါ။ ပြီးတာနဲ့ Cream တစ်မျိုးမျိုးကို လိမ်းလိုက်ပါ …။

လက်အိတ်စွပ်ပြီး တစ်ညအိပ်လိုက်ပါ။ မနက်ရောက်တဲ့အချိန်မှာတော့ သင့်လက်ကလေးဟာ ရေဓာတ်အပြည့်အဝရနေမှာပဲ ဖြစ်ပါတယ် …။

သင့်လက်ပေါ်မှာ Vaseline လိမ်းလိုက်ပါ။ လက်အိတ် ဝတ်ပြီး ညအိပ်ပေးပါ …။

ပျိုမေတို့ အားလုံး နူးညံ့ချောမွေ့တဲ့ လက်ကလေးတွေကို ပိုင်ဆိုင်ကြပါစေနော် …။ ။

Credit