သူ႔အျမင္မွာသင္ကလြယ္လြန္းတဲ့ မိန္းကေလးလို႔ ထင္သြားေစႏိုင္တဲ့ အခ်က္(၇)ခ်က္…

သူ႔အျမင္မွာသင္ကလြယ္လြန္းတဲ့ မိန္းကေလးလို႔ ထင္သြားေစႏိုင္တဲ့ အခ်က္(၇)ခ်က္…

ဟိုးအရင္ေခတ္က မိန္းကေလးေတြဟာ ကိုယ့္ကိုေယာက်ာ္းေလးတစ္ေယာက္က အခ်စ္ေရးဆိုတဲ့အခါ သုံးႏွစ္သုံးမိုး အကဲခတ္ၿပီးမွ သင့္ေတာ္၏၊ မေတာ္၏ ဆုံးျဖတ္ၾကပါတယ္ …။

ဒါေပမယ့္ အခုေခတ္မွာေတာ့ သုံးႏွစ္သုံးမိုးေတြ မစဥ္းစားၾကေတာ့ပါဘူး။ စိတ္ခံစားခ်က္ကို ဦးစားေပးလာၾကတာေၾကာင့္လည္းပါၿပီး ဒီလိုစဥ္းစားေနဖို႔ အခ်ိန္မေပးႏိုင္ၾကတာလည္း ပါပါတယ္ …။

ဒါေပမယ့္ မိန္းကေလးတစ္ေယာက္အေနနဲ႔ ဒီအခ်က္ေတြကို လုပ္ေနတယ္ဆိုရင္ေတာ့ သင္ဟာ သူ႔အျမင္မွာအရမ္းလြယ္တဲ့ မိန္းကေလးတစ္ေယာက္ျဖစ္ေနမွာမို႔ သတိေလးထားဖို႔လိုပါတယ္ …။

(၁) သူ႔အတြက္ဆို အၿမဲအားေနတယ္”

သူလည္းအလုပ္မ်ားတဲ့ သူတစ္ေယာက္ျဖစ္သလို သင္လည္းအလုပ္မ်ားတဲ့ သူျဖစ္တယ္ …။

ဒါေပမယ့္ သင္တို႔ေတြ႕ဖို႔အတြက္ သင္အားတဲ့အခ်ိန္ကို သူကလိုက္ညႇိေပးတာမ်ိဳးမဟုတ္ဘဲ သူအားတဲ့အခ်ိန္ေတြမွာ သင့္ဘက္က အားေအာင္လိုက္လုပ္ေပးေနတာမ်ိဳး၊ သူနဲ႔ေတြ႕ဖို႔ဆို သင္မအားရင္ေတာင္ အလုပ္ေတြဖ်က္ပစ္လိုက္တာမ်ိဳးေတြကို လုပ္ေနမယ္ဆိုရင္ သူ႔အျမင္မွာ သင္ကအရမ္းလြယ္တဲ့ပုံ ေပါက္ေနပါလိမ့္မယ္ေနာ္ …။

(၂) သင့္ဘက္ကစၿပီး ဖုန္းခဏခဏဆက္ေနတယ္”

သူအဆင္မေျပတာေတြ၊ သူ႔ခံစားခ်က္ေတြကို သင့္ကိုဖုန္းဆက္ၿပီးမေျပာတတ္ေပမယ့္ သင့္ဘက္ကေတာ့ သူ႔ကိုအၿမဲဖုန္းစဆက္ၿပီး စကားေျပာတယ္၊ သူနဲ႔ေတြ႕ဖို႔ သင့္ဘက္ကအၿမဲစခ်ိန္းေနတယ္ဆိုရင္လည္း သင္ဟာ သူ႔အတြက္ လြယ္လြန္းတဲ့ပုံစံျဖစ္ေနမွာ အေသအခ်ာပါပဲ …။

(၃) သူေတြ႕ဖို႔ေျပာတဲ့အခ်ိန္တိုင္း အၿမဲအသင့္ျဖစ္ေနတယ္”

သူ႔ဘက္က မနက္ျဖန္အားလားလို႔ေျပာရင္ အားတယ္လို႔ခ်က္ခ်င္းျပန္ေျပာလိုက္တာမ်ိဳး၊ ခဏေနေတြ႕လို႔ရမလားဆို ရတယ္လို႔ ခ်က္ခ်င္းလက္ခံလိုက္တာမ်ိဳး၊ သူနဲ႔ေတြ႕ဖို႔ေျပာတိုင္း ျငင္းတယ္ဆိုတာမရွိဘဲ အၿမဲအသင့္ျဖစ္ေနတာမ်ိဳးက သူ႔အျမင္မွာ သင္ဟာ အရမ္းလြယ္တယ္လို႔ ျမင္သြားေစႏိုင္ပါတယ္ …။

(၄) သူ႔ေၾကာင့္နဲ႔တျခားသူေတြနဲ႔ ဆက္ဆံေရးကိုပါထိခိုက္ခံတယ္”

သူနဲ႔ေတြ႕ဖို႔ ကိုယ့္မိသားစု၊သူငယ္ခ်င္းေတြကိုေတာင္လစ္လ်ဴရႈထားတာမ်ိဳး၊ သူ႔အတြက္နဲ႔ ကိုယ့္အေပၚေကာင္းတဲ့သူေတြကိုေတာင္ အေလးမထားေတာ့တာမ်ိဳး၊ သူ႕ကိုအရာအားလုံးထက္ ဦးစားေပးတာမ်ိဳးေတြက သင့္ကိုနည္းနည္း အေပါစား ဆန္ေစပါတယ္ …။

(၅) သူ႔ကိုကိုယ့္ရဲ႕လွ်ိဳ႕ဝွက္ခ်က္ေတြ အကုန္ေျပာျပထားတယ္”

တျခားသူေတြကိုေတာင္မေျပာျပတဲ့လွ်ိဳ႕ဝွက္ခ်က္ေတြကို သူ႔ကိုေျပာျပလိုက္ျခင္းက သူ႔စိတ္ထဲမွာ သင္ကသူ႔ကိုယုံၾကည္တာေၾကာင့္လို႔ မျမင္ပဲ သင္က ကိုယ့္ကိုယ္ကို တန္ဖိုးမထားဘူးလို႔ ျမင္သြားေစပါတယ္ …။

(၆) သူဘာေျပာေျပာ သေဘာတူတယ္”

သူေျပာသမွ်၊ သူလုပ္သမွ်အရာအားလုံးကို ကန႔္ကြက္တာမရွိဘဲ အကုန္သေဘာတူေနတာကလည္း သင့္ကိုလြယ္လြန္းတဲ့ မိန္းကေလးတစ္ေယာက္လို႔ ထင္ရေစပါတယ္ေနာ္ …။

(၇) သူမရွိရင္မျဖစ္တဲ့ ပုံစံမ်ိဳးလုပ္ျပတယ္”

သင့္ဘဝမွာသူမရွိရင္မျဖစ္ေတာ့တဲ့ပုံစံမ်ိဳးလုပ္ျပရင္ သူကသင့္ကိုမထားသြားေတာ့ဘူးလို႔မထင္လိုက္ပါနဲ႔။ ဒီလိုလုပ္ျပေလ သူ႔အျမင္မွာ သင္ကအေပါစားဆန္ေလပါပဲ …။

တခါတေလမွာ မိန္းကေလးေတြက အခုေျပာခဲ့တဲ့အခ်က္ေတြကိုလုပ္ရင္ သူ႔ကိုကိုယ္ဘယ္ေလာက္လိုအပ္တယ္၊ သူကကိုယ့္အတြက္ဘယ္ေလာက္အေရးႀကီးတယ္ဆိုတာကို ေဖာ္ျပႏိုင္မယ္လို႔ ထင္တတ္ၾကပါတယ္ …။

တကယ္တမ္းေတာ့ အခုလိုလုပ္ရပ္ေတြလုပ္တာက သူအျမင္မွာသင္က အရမ္းလြယ္လြန္းတဲ့မိန္းကေလးတစ္ေယာက္၊ တန္ဖိုးမရွိတဲ့မိန္းကေလးတစ္ေယာက္လို႔ပဲ ထင္သြားေစမွာပဲ ျဖစ္ပါတယ္ေနာ္ …။ ။

written by PP

Unicode Version ဖြင့်ဖတ်ရန်

သူ့အမြင်မှာသင်ကလွယ်လွန်းတဲ့ မိန်းကလေးလို့ ထင်သွားစေနိုင်တဲ့ အချက်(၇)ချက်…

ဟိုးအရင်ခေတ်က မိန်းကလေးတွေဟာ ကိုယ့်ကိုယောက်ျားလေးတစ်ယောက်က အချစ်ရေးဆိုတဲ့အခါ သုံးနှစ်သုံးမိုး အကဲခတ်ပြီးမှ သင့်တော်၏၊ မတော်၏ ဆုံးဖြတ်ကြပါတယ် …။

ဒါပေမယ့် အခုခေတ်မှာတော့ သုံးနှစ်သုံးမိုးတွေ မစဉ်းစားကြတော့ပါဘူး။ စိတ်ခံစားချက်ကို ဦးစားပေးလာကြတာကြောင့်လည်းပါပြီး ဒီလိုစဉ်းစားနေဖို့ အချိန်မပေးနိုင်ကြတာလည်း ပါပါတယ် …။

ဒါပေမယ့် မိန်းကလေးတစ်ယောက်အနေနဲ့ ဒီအချက်တွေကို လုပ်နေတယ်ဆိုရင်တော့ သင်ဟာ သူ့အမြင်မှာအရမ်းလွယ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေမှာမို့ သတိလေးထားဖို့လိုပါတယ် …။

(၁) သူ့အတွက်ဆို အမြဲအားနေတယ်”

သူလည်းအလုပ်များတဲ့ သူတစ်ယောက်ဖြစ်သလို သင်လည်းအလုပ်များတဲ့ သူဖြစ်တယ် …။

ဒါပေမယ့် သင်တို့တွေ့ဖို့အတွက် သင်အားတဲ့အချိန်ကို သူကလိုက်ညှိပေးတာမျိုးမဟုတ်ဘဲ သူအားတဲ့အချိန်တွေမှာ သင့်ဘက်က အားအောင်လိုက်လုပ်ပေးနေတာမျိုး၊ သူနဲ့တွေ့ဖို့ဆို သင်မအားရင်တောင် အလုပ်တွေဖျက်ပစ်လိုက်တာမျိုးတွေကို လုပ်နေမယ်ဆိုရင် သူ့အမြင်မှာ သင်ကအရမ်းလွယ်တဲ့ပုံ ပေါက်နေပါလိမ့်မယ်နော် …။

(၂) သင့်ဘက်ကစပြီး ဖုန်းခဏခဏဆက်နေတယ်”

သူအဆင်မပြေတာတွေ၊ သူ့ခံစားချက်တွေကို သင့်ကိုဖုန်းဆက်ပြီးမပြောတတ်ပေမယ့် သင့်ဘက်ကတော့ သူ့ကိုအမြဲဖုန်းစဆက်ပြီး စကားပြောတယ်၊ သူနဲ့တွေ့ဖို့ သင့်ဘက်ကအမြဲစချိန်းနေတယ်ဆိုရင်လည်း သင်ဟာ သူ့အတွက် လွယ်လွန်းတဲ့ပုံစံဖြစ်နေမှာ အသေအချာပါပဲ …။

(၃) သူတွေ့ဖို့ပြောတဲ့အချိန်တိုင်း အမြဲအသင့်ဖြစ်နေတယ်”

သူ့ဘက်က မနက်ဖြန်အားလားလို့ပြောရင် အားတယ်လို့ချက်ချင်းပြန်ပြောလိုက်တာမျိုး၊ ခဏနေတွေ့လို့ရမလားဆို ရတယ်လို့ ချက်ချင်းလက်ခံလိုက်တာမျိုး၊ သူနဲ့တွေ့ဖို့ပြောတိုင်း ငြင်းတယ်ဆိုတာမရှိဘဲ အမြဲအသင့်ဖြစ်နေတာမျိုးက သူ့အမြင်မှာ သင်ဟာ အရမ်းလွယ်တယ်လို့ မြင်သွားစေနိုင်ပါတယ် …။

(၄) သူ့ကြောင့်နဲ့တခြားသူတွေနဲ့ ဆက်ဆံရေးကိုပါထိခိုက်ခံတယ်”

သူနဲ့တွေ့ဖို့ ကိုယ့်မိသားစု၊သူငယ်ချင်းတွေကိုတောင်လစ်လျူရှုထားတာမျိုး၊ သူ့အတွက်နဲ့ ကိုယ့်အပေါ်ကောင်းတဲ့သူတွေကိုတောင် အလေးမထားတော့တာမျိုး၊ သူ့ကိုအရာအားလုံးထက် ဦးစားပေးတာမျိုးတွေက သင့်ကိုနည်းနည်း အပေါစား ဆန်စေပါတယ် …။

(၅) သူ့ကိုကိုယ့်ရဲ့လျှို့ဝှက်ချက်တွေ အကုန်ပြောပြထားတယ်”

တခြားသူတွေကိုတောင်မပြောပြတဲ့လျှို့ဝှက်ချက်တွေကို သူ့ကိုပြောပြလိုက်ခြင်းက သူ့စိတ်ထဲမှာ သင်ကသူ့ကိုယုံကြည်တာကြောင့်လို့ မမြင်ပဲ သင်က ကိုယ့်ကိုယ်ကို တန်ဖိုးမထားဘူးလို့ မြင်သွားစေပါတယ် …။

(၆) သူဘာပြောပြော သဘောတူတယ်”

သူပြောသမျှ၊ သူလုပ်သမျှအရာအားလုံးကို ကန့်ကွက်တာမရှိဘဲ အကုန်သဘောတူနေတာကလည်း သင့်ကိုလွယ်လွန်းတဲ့ မိန်းကလေးတစ်ယောက်လို့ ထင်ရစေပါတယ်နော် …။

(၇) သူမရှိရင်မဖြစ်တဲ့ ပုံစံမျိုးလုပ်ပြတယ်”

သင့်ဘဝမှာသူမရှိရင်မဖြစ်တော့တဲ့ပုံစံမျိုးလုပ်ပြရင် သူကသင့်ကိုမထားသွားတော့ဘူးလို့မထင်လိုက်ပါနဲ့။ ဒီလိုလုပ်ပြလေ သူ့အမြင်မှာ သင်ကအပေါစားဆန်လေပါပဲ …။

တခါတလေမှာ မိန်းကလေးတွေက အခုပြောခဲ့တဲ့အချက်တွေကိုလုပ်ရင် သူ့ကိုကိုယ်ဘယ်လောက်လိုအပ်တယ်၊ သူကကိုယ့်အတွက်ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ဖော်ပြနိုင်မယ်လို့ ထင်တတ်ကြပါတယ် …။

တကယ်တမ်းတော့ အခုလိုလုပ်ရပ်တွေလုပ်တာက သူအမြင်မှာသင်က အရမ်းလွယ်လွန်းတဲ့မိန်းကလေးတစ်ယောက်၊ တန်ဖိုးမရှိတဲ့မိန်းကလေးတစ်ယောက်လို့ပဲ ထင်သွားစေမှာပဲ ဖြစ်ပါတယ်နော် …။ ။

written by PP