ဒါပေမယ့် ကမ္ဘာကြီးမှာ ဆိုးတဲ့ ယောင်္ကျားတွေချည်းပဲ ရှိတာတော့ မဟုတ်ပါဘူး …။
သင် တွေ့တဲ့ ယောကြာင်ျးတိုငျးက သင့်ကို အသည်းခွဲမယ့် သူတွေလို့ မထင်လိုက်ပါနဲ့ ။
တချို့သော ယောကြာင်ျးတှကေ သင့်ရဲ့ရည်းစားဟောင်းနဲ့ လုံးဝ မတူပါဘူး ။
(၆) အရမ်းမကောင်းနဲ့
(၈) အဆုံးသတ် မဟုတ်ဘူး
Rose
Unicode Version ဖြင့်ဖတ်ရန်
စိတ်ထားကောင်းတဲ့ မိန်းကလေး ဖတ်ဖို့…
စိတ်ထားကောင်းတဲ့ မိန်းကလေးတွေကအများသောအားဖြင့် အချစ်ကံ ခေကြတာ များပါတယ် …။
သင်က စိတ်ထားကောင်းတော့ သင် ချစ်တဲ့ သူတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ် …။
ဒါပေမယ့် သူတို့ကကျတော့ သင့်အပေါ်မှာ ဘာလို့ မကောင်းရတာလဲ …၊
ဒါပေမယ့် ကမာ္ဘကြီးမှာ ဆိုးတဲ့ ယောင်္ကျားတွေချည်းပဲ ရှိတာတော့ မဟုတ်ပါဘူး …။
သင့်ရဲ့ ဝေဒနာတွေ လျော့ပါးသက်သာဖို့အတွက်ဒီအချက်လေးတွေကို သိထားဖို့ လိုပါတယ်နော် …။
(၁) သင့်မှာ ပြဿနာရှိနေတာ မဟုတ်ဘူး
အချစ်ကံခေတဲ့အတွက် ကိုယ့်ကိုယ်ကိုယုံကြည်မှု မပျောက်လိုက်ပါနဲ့ ။ ရွေးချယ်မှုမှားခဲ့တာက လွဲလို့ သင် ဘာများမှမလုပ်ခဲ့ပါဘူး …။
သူ သင့်ကို ထားမသွားခင်တုန်းကလိုပဲ သင်ဟာလှနေတုန်း ၊ ထက်မြက်နေတုန်းပါပဲ …။
အဲ့ဒီတော့ ကိုယ့်ကိုယ်ကို သံသယဖြစ်စရာ မလိုပါဘူး …။
(၂) လူတိုင်း အသည်းကွဲဖူးတယ်
အသည်းကွဲတဲ့ ဝေဒနာကို သင်မခံစားချင်လို့ မရပါဘူး ။ အဲ့ဒီတော့သင် ခံစားစရာ ရှိတာ ခံစားလိုက်ပါ …။
လူတိုင်း အသည်းကွဲခံရဖူးတယ်။ သင့်ကို အသည်းခွဲသွားသူလည်း တစ်နေ့အသည်းခွဲ ခံရမှာပါပဲ …။
(၃) ယောကျာင်္းတိုင်း ဒီလို မဟုတ်ဘူး
သင် တွေ့တဲ့ ယောကြာငျ်းတိုငျးက သင့်ကို အသည်းခွဲမယ့် သူတွေလို့ မထင်လိုက်ပါနဲ့ ။
တချို့သော ယောကြာငျ်းတှကေ သင့်ရဲ့ရည်းစားဟောင်းနဲ့ လုံးဝ မတူပါဘူး ။
(၄) တစ်နေ့ကျရင် ပျော်ရွှင်ရမှာပါ
သင် တကယ်လိုချင်တဲ့ ချစ်သူမျိုးရသွားချိန်မှာတော့ အတိတ်ကိုသင် လွမ်းနေတော့မှာ မဟုတ်ပါဘူး ။ သူတို့တွေကြောင့်သာ ကိုယ့်အပေါ်တကယ်ကောင်းမယ့်သူကို သင် ရှာနိုင်ခဲ့တာပေါ့နော် …။
(၅) နောက်တစ်ခါ အဖြစ်မခံပါနဲ့
ကိုယ့်အပေါ် ကောင်းတာတစ်ချက်တည်းနဲ့သေချာ မစူစမ်း မလေ့လာပဲ ချစ်သူမထားပါနဲ့ …။
မျက်စိဖွင့် နားစွင့်ထားပြီး သေချာ အကဲခတ်သင့်ပါတယ် …။
(၆) အရမ်းမကောင်းနဲ့
ကိုယ့်အပေါ် အမှိုက်သရိုက်လို ဆက်ဆံနေတဲ့ သူကို ဒုတိယ အခွင့်အရေးတွေ ၊ တတိယ အခွင့်အရေးတွေ ပေးမနေပါနဲ့ …။
အဲ့ဒီလို လူမျိုးကို သင့်ဘဝထဲကနေအပြီးအပိုင်သာ မောင်းထုတ်လိုက်ပါ …။
(၇) နောက်တစ်ခါ ချစ်ဖို့အတွက်မကြောက်ပါနဲ့
ကိုယ့်ဘဝ အဖော်မွန်ကို ရှာတွေ့တဲ့အခါသင့် ခံစားချက်တွေ အားလုံး ပြောင်းလဲ သွားပါလိမ့်မယ် …။
အသည်းကွဲ ခံရမှာကိုသင် ကြောက်ရွံ့နေတော့မှာ မဟုတ်ပါဘူး …။
သူက သင့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါလိမ့်မယ် နော် …။
(၈) အဆုံးသတ် မဟုတ်ဘူး
ယောင်္ကျား တစ်ယောက် သင့်ကိုပစ်သွားချိန်မှာ သင့်ကို ချဉ်းကပ်ဖို့ စောင့်နေသူက အမြဲ ရှိနေမှာပါပဲ …။
ငကန်းသေရင် ငစွေလာမယ်ဆိုတဲ့စကားအတိုင်း သင့်ရဲ့ အတွေ့အကြုံရပိုကောင်းတဲ့သူကို သင် ရွေးချယ်တတ်သွားမှာပါ …။
(၉) ခဏလောက် တစ်ကိုယ်တည်းနေကြည့်လို့ ရပါတယ်
လုံးဝကြီး လက်လျှော့လိုက်တာမျိုးတော့မလုပ်ပါနဲ့ ။ ပန်းသီးတစ်လုံးမကောင်းတာနဲ့တစ်ခိုင်လုံး ပစ်စရာ မလိုတာလေ …။
သင့်လိုမိန်းကလေးမျိုး နဲ့ ချစ်သူဖြစ်ချင်ခွင့် ရချင်တဲ့ ယောင်္ကျားကောင်းတွေ ရှိနေပါသေးတယ် …။
(၁၀) သင့်ရဲ့ ဖူးစာဖက်မှန်ကန်စွာ ရွေးချယ်တတ်ဖို့
သင့်ရဲ့ ဖူးစာဖက် ရွေးချယ်ရာမှာသင်ကို ရင်ထဲကမပါ နှုတ်ဖျားမှချစ်တယ်လို့ တဖွဖွ ပြောနေသူကိုသင့်ရဲ့ ဖူးစာဖက် အဖြစ် မရွေးချယ်ပါနဲ့ …။
သင့်ကို ရင်ထဲက နှစ်နှစ်ကာကာ ချစ်ပြီးဂရုတစိုက် သင့်အတွက် အချိန်ပေးသစ္စာရှိစွာ ချစ်နေသူကို သင့်ရဲ့ဘဝခရီး လက်တွဲဖော် အဖြစ် ရွေးချယ်လိုက်ပါနော် …။ ။
Rose