သူ့ကို တစ်ချို့ကအဆင်ပြေပါတယ် ဘာမှမဖြစ်ပါဘူးဆိုပြီး သတင်းတွေဖုံးလွှမ်းနေကြပါတယ် …။
credit to owner
Unicode Version ဖြင့်ဖတ်ရန်
နွေဦးတော်လှန်ရေးမှာ မျက်လုံးတစ်ဖက်၊လက်တစ်ဖက်ဆုံးရှုံးဆုံးခဲ့ရတဲ့ ကျောင်းသားလေး ဒုက္ခရောက်နေ
နွေဦးတော်လှန်ရေးမှာ မျက်လုံးတစ်ဖက်၊ လက်တစ်ဖက်ဆုံးရှုံးဆုံးခဲ့ရတဲ့ ကျောင်းသားလေးပါ …။
မကွေးမြို့မှာ 27.3.21 တုန်းက သပိတ်စစ်ကြောင်း
ဖြိုခွင်းမှုမှာ ထိခဲ့တဲ့ ကိုလျှံဖြိုးအောင်ဟာ ပုဒ်မတစ်ခုမကတဲ့ အမှုတွေနဲ့ (၆)ရက်နေ့ ရုံးချိန်းတက်ရမှာ ဖြစ်ပါတယ် …။
သူဟာ လက်တစ်ဖက် ဖြတ်ပစ်ခဲ့ရ ရုံတာသာမကပဲ မျက်လုံးတစ်ဖက်ကော ဆုံးရှုံးခဲ့ရတာပါ …။
အဓမ္မတွေကြားထဲမှာ မတရားခံခဲ့ရတာကို
ကျွန်တော်တို့ ဆုတောင်းပေးရုံကလွဲ ဘာမှမတတ်နိုင်ခဲ့ပါဘူး …။
အခုလဲ တူတူဆုတောင်းရင်း ဝန်းရံပေးကြရအောင်ပါနော် …။
မကွေးမြို့ရဲ့ အာဇာနည်သူရဲကောင်း တစ်ယောက်ပါ …။
သူ့ကို တစ်ချိူ့ကအဆင်ပြေပါတယ် ဘာမှမဖြစ်ပါဘူးဆိုပြီး သတင်းတွေဖုံးလွှမ်းနေကြပါတယ် …။
တကယ်တော့သူ့ရဲ့အခြေနေက မျက်စိ တစ်ဖက် ဆုံးရူံးထားရပါတယ် …။ (မခွဲစိတ်ရသေး)
ညာဘက် လက်တံတောင်ဆစ် အောက်ခြေနားက ဖြတ်ရတယ် …။
ဘယ်ဘက်လက်ကျိုး ရာဘာကျဉ်သုံးချက်ထိပြီး လှုပ်လို့ မရသေးပါဘူး …။
ညာဘက် ခြေထောက်ရာ ဘာကျဉ် ၃ ချက် ထိတယ် …။
ဘယ်ဘက် ခြေထောက် ရာဘာကျဉ် ၆ ချက်ထိပါတယ် …။
ခြေထောက် အနာမကျက်သေး စိုးရိမ်ရ သေးတယ် …။
စိတ်ချလို့ရတဲ့ အနေထားမဟုတ်သေးပါဘူး …။
အခုဖြစ်သွားတဲ့ သူကကျောင်းသားပါဗျာ…ကျောင်းကိုဘယ်လိုဆက်တက်ရမလဲ …၊
စိတ်ဓာတ်အင်အားကြံခိုင်လို့ တက်နိုင်တယ်ဆိုရင်တောင် ညာဘက်လက်က စာဘယ်လိုရေးရမလဲ လမ်းဘယ်လိုလျှောက်ရမလဲ …၊
လူချင်းမသိရင်တောင် ကျောင်းသားချင်းဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးထားပေးကြပါနော် …။
ကူညီနိုင်တဲ့သူများလည်း တက်နိုင်တဲ့ ဘက်ကနေပါဝင်ကူညီပေးကြပါ။ လက်ရှိအနေထားကိုပုံမှာပဲကြည့်ကြပါဗျာ …။ ။
credit to owner
Unicode Version ဖြင့်ဖတ်ရန္