လှူတာလည်း လှူကြပါ …။
သတိပေးလိုက်ရပါတယ် …။
စေတနာဖြင့်…..
4-5-2021
Unicode Version ဖြင့်ဖတ်ရန်
ပြည်ပရောက် မြန်မာတွေ အလိမ်မခံရစေဖို့ဖတ်ကြည့်ပေးကြပါ
ယခု ပြည်ပရောက် မြန်မာတွေက သဓ္ဒါတအား ထက်သန်စွာနဲ့ ပေးကမ်းလှူနေတာနဲ့ အညီ လူလိမ်တွေကလည်း ပေါလာ နေပါတယ် …။
သူတို့က ဘယ်လိုလိမ်လည်းဆိုတော့ လိုင်းပေါ်က သနားစရာပုံမှန်သမျှ save ပြီး
ထမင်းမစားရတာ ဘယ်နှစ်ရက်ရှိပါပြီ။ အမေကလည်း နေမကောင်းလို့ပါ။
ဘာညာနဲ့ CDM သမားလိုလိုပြေးနေရတဲ့ defense team လိုလို Foodpanda rider လိုလို ဘာလိုလိုတွေ လုပ်ပြီး လိမ်နေကြပါတယ် …။
လှူတာလည်း လှူကြပါ …။
ဒါပေမယ့်သေချာ စီစစ်ပြီး လှူဖို့တော့ အကြံပေးပါရစေ …။
CDM သမား အကူအညီတောင်းတယ်(ငွေကြေးအများပေါ့)။ ကိုယ်လည်း အပြင်မှာ သူ့ကိုမသိဘူးဆိုရင်
– ဝန်ထမ်းကတ် ၊ မှတ်ပုံတင်တောင်း
ဝိုင်းကြီးချုပ်က လူတွေဆီ သွားစစ်ကြည့် မှန်မမှန် …။
Foodpanda rider ဘာညာဆိုရင်လည်း acc တွေဝင်ကြည့် active မဖြစ်တဲ့ acc တွေဆို သတိထားပါ …။
ပြည်ပရောက်တော်တော်များများ အဲ့လိုတွေ နေ့စဉ်ကြုံနေရပြီး ပါသွားပြီးမှ လာတိုင်ပင်ကြ ပြန်ပြောကြ၊ အလှူငွေကတော့ ပါသွားပါပြီ …။
တကယ် ကူညီရမယ့် CDM သူရဲကောင်းတွေ ၊ အမှန်လိုအပ်နေတဲ့ သူတွေကို ပဲ သေချာ ထိထိရောက်ရောက် ကူညီနိုင်အောင် အနည်းဆုံးတော့ စစ်ကြပါ …။
ခုက ဘာမစစ်ညာမစစ်ကိုယ့် လာပြောတာနဲ့ပဲ post တွေတင် အလှူခံ …။
ကူလိုက် ၊ လူလိမ်စီပါသွားလိုက် ဖြစ်မှာစိုးလို့ …။
တကယ် အကူအညီလိုတဲ့ သူတွေကလည်း တွေ့ကရာလူ အကူအညီမတောင်းဘူး …။
ယုံကြည်ရတဲ့သူပဲ တောင်းမှာမို့ ဝန်ထမ်းကတ်ပြဖို့ လောက်ကို ဝန်မလေးကြပါဘူး …။
ကျွန်တော်တို့ အဖွဲ့ထံ အကူအညီလာတောင်း သူတွေကိုလည်း လိုင်းပေါ်ကိုသာ လုံခြုံရေးအရ အခြေအနေအရ မတင်တာ
အချက်အလက်ကို အပြည့်အစုံတောင်းပါတယ် …။
လိုအပ်ရင် အသေးစိတ် မေးမြန်းတယ် …။
ပုံမလာရင်တော့ Stop ဘဲ လုံးဝ မလှူပါဘူး …။
ထိုင်းရောက်မြန်မာတွေ နဲ့ ပြည်ပရောက်မြန်မာတွေ တိုင်းတပါးမှာ ချွေးနဲ့သွေးနဲ့ရင်းပြီး ရှာထားရတဲ့ ချွေးနဲစာလေးတွေကို
ကျတော်က တာဝန်ခံပြီး ပြန်လှူရတာပါ။ လေပစ်စလက်ခတ်တော့ မလှူနိုင်ပါဘူး …။
မသမာသူတွေရဲ့ လက်ထဲကို အပါမခံနိုင်ဘူး …။
ပြည်တွင်းအတွက် လှူမယ်ဆိုရင် သေချာစီစစ်ပါ။ ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်ထံကို လှူပါ၊ ထောက်ပံ့ကြပါ လို့ တိုက်တွန်းရင်း
သတိပေးလိုက်ရပါတယ် …။
ချွေးနဲစာငွေလေးတွေ လှူပေးနေတဲ့အလှူရှင်များ လူရွေးမမှားစေရန်….
စေတနာဖြင့်…..
ရဲမင်း(လွတ်မြောက်နယ်မြေ)
နွေဦးတော်လှန်ရေးဘက်ပေါင်းစုံ ထောက်ပံ့ကူညီရေး ယာယီကော်မတီတာဝန်ခံ
4-5-2021