ရက္အနည္းငယ္ေလာက္အသားမစားပဲေရွာင္လိုက္တဲ့အခါ ရလာမယ့္အက်ိဳးေက်းဇူးမ်ား…

ရက္အနည္းငယ္ေလာက္အသားမစားပဲေရွာင္လိုက္တဲ့အခါ ရလာမယ့္အက်ိဳးေက်းဇူးမ်ား…

အသားစားတာက ခႏၶာကိုယ္အတြက္လိုအပ္တဲ့ အသားဓာတ္နဲ႔ဗီတာမင္ေတြရႏိုင္တဲ့အျပင္ အရသာလည္းေကာင္းတာေၾကာင့္ အသားမႀကိဳက္တဲ့သူ နည္းပါတယ္။ အသားစားတာက ခႏၶာကိုယ္အတြက္ ေကာင္းတဲ့အခ်က္လည္းရွိသလို၊ ဆိုးတဲ့အခ်က္လည္းရွိၿပီး သူမ်ားအသက္ ေသၿပီးမွရတဲ့ အစားအစာမို႔ တစ္ခ်ိဳ႕ေတြကလည္း သားသတ္လြတ္စားၾကပါတယ္ …။

သင့္အေနနဲ႔ ရက္အနည္းငယ္ေလာက္ အသားမစားဘဲ ဟင္းသီးဟင္း႐ြက္ကိုပဲ မွ်တေအာင္ စားတဲ့အခါ ဒီေကာင္းက်ိဳးေတြကို ရရိွမွာပဲ ျဖစ္ပါတယ္ေနာ္ …။

(၁) ဝိတ္က်သြားမယ္”

အသားစားျခင္းက ခႏၶာကိုယ္ကိုဖြံ႕ၿဖိဳးေစတာေၾကာင့္ ကေလးေတြကို မ်ားမ်ားေကြၽးသင့္ၿပီး အ႐ြယ္ေရာက္ၿပီးတဲ့ လူႀကီးေတြကေတာ့ အသားကိုအနည္းငယ္ပဲ စားသံုးသင့္ပါတယ္ …။

ပုံမွန္အသားမ်ားမ်ားစားတတ္တဲ့သူက အသားမစားပဲ ေရွာင္လိုက္တဲ့အခါ ကိုယ္အေလးခ်ိန္ ေလ်ာ့က်သြားပါလိမ့္မယ္ …။

ဒါေၾကာင့္ ဝိတ္က်ခ်င္သူေတြက အသားမစားဘဲ ဟင္းသီးဟင္း႐ြက္ပဲ စားသင့္တယ္လို႔ အႀကံျပဳလိုက္ရပါတယ္ …။

(၂) အူလမ္းေၾကာင္းကို သန႔္စင္ေစတယ္”

စားလိုက္တဲ့အသားေတြကို ေခ်ဖ်က္ဖို႔အတြက္ အစာအိမ္ကအက္ဆစ္ဓာတ္တစ္မ်ိဳးကိုထုတ္လုပ္ၿပီး အဲ့ဒီအက္ဆစ္ဓာတ္က အူလမ္းေၾကာင္းမွာရွိတဲ့ ခႏၶာကိုယ္အက်ိဳးျပဳ ဘက္တီးရီးယားေတြကို ေသေစႏိုင္ပါတယ္ …။

အသားမစားဘဲ ဟင္းသီးဟင္း႐ြက္ပဲစားတဲ့အခါမွာေတာ့ အဲ့ဒီအက်ိဳးျပဳဘက္တီးရီးယားေတြကို ေကာင္းေကာင္းရွင္သန္ေစတာေၾကာင့္ အစာအိမ္နဲ႔အူလမ္းေၾကာင္း တစ္ေလွ်ာက္ကို သန႔္စင္ေစပါတယ္ …။

(၃) အသားအေရ ၾကည္လင္လာမယ္”

အစာအိမ္နဲ႔အူလမ္းေၾကာင္းထဲက အက်ိဳးျပဳဘက္တီးရီးယားေတြက ခႏၶာကိုယ္ထဲမွာရွိတဲ့ အဆိပ္အေတာက္ေတြကိုေခ်ဖ်က္ေပးတာေၾကာင့္

ဝက္ၿခံနဲ႔အဆီျပန္တာေတြကိုသက္သာေစၿပီး အသားအေရကို ၾကည္လင္ လွပလာေစပါတယ္ …။

(၄) နဂိုကထက္ပိုၿပီး လန္းဆန္းေပါ့ပါးလာမယ္”

အသားမစားဘဲ ဟင္းသီးဟင္း႐ြက္ေတြပဲစားတဲ့အခါ ခႏၶာကိုယ္ကအဆိပ္အေတာက္ကင္းစင္ေနတာေၾကာင့္ အလကားေနရင္း ေမာပန္းႏြမ္းနယ္ေနတာေတြမျဖစ္ေတာ့ဘဲ ေနရတာလန္းဆန္းၿပီး ၾကည္လင္ေပါ့ပါး ေနပါတယ္ …။

အသားေလွ်ာ့စားေလ၊ ေနရတာ ေပါ့ပါးေလပဲ ျဖစ္ပါတယ္ …။

(၅) အဆီပိုေတြ ေလ်ာ့နည္းလာမယ္”

အသားမ်ားမ်ားစားတဲ့သူေတြက ေသြးတြင္းကိုလက္စထေရာမ်ားေနၿပီး အဝလြန္ျခင္း၊ ဆီခ်ိဳေရာဂါနဲ႔ ႏွလုံးေရာဂါေတြ ပိုျဖစ္ႏိုင္ပါတယ္။

အသားမစားဘဲေနလိုက္တဲ့အခါမွာေတာ့ အဆီပိုေတြ ေလ်ာ့နည္းလာၿပီး ဆီးခ်ိဳနဲ႔ႏွလုံးေရာဂါလည္းျဖစ္ႏိုင္ေခ် နည္းသြားပါတယ္ေနာ္ …။ ။

Written by PP

Unicode Version ဖြင့်ဖတ်ရန်

ရက်အနည်းငယ်လောက်အသားမစားပဲရှောင်လိုက်တဲ့အခါ ရလာမယ့်အကျိုးကျေးဇူးများ…

အသားစားတာက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အသားဓာတ်နဲ့ဗီတာမင်တွေရနိုင်တဲ့အပြင် အရသာလည်းကောင်းတာကြောင့် အသားမကြိုက်တဲ့သူ နည်းပါတယ်။ အသားစားတာက ခန္ဓာကိုယ်အတွက် ကောင်းတဲ့အချက်လည်းရှိသလို၊ ဆိုးတဲ့အချက်လည်းရှိပြီး သူများအသက် သေပြီးမှရတဲ့ အစားအစာမို့ တစ်ချို့တွေကလည်း သားသတ်လွတ်စားကြပါတယ် …။

သင့်အနေနဲ့ ရက်အနည်းငယ်လောက် အသားမစားဘဲ ဟင်းသီးဟင်းရွက်ကိုပဲ မျှတအောင် စားတဲ့အခါ ဒီကောင်းကျိုးတွေကို ရရှိမှာပဲ ဖြစ်ပါတယ်နော် …။

(၁) ဝိတ်ကျသွားမယ်”

အသားစားခြင်းက ခန္ဓာကိုယ်ကိုဖွံ့ဖြိုးစေတာကြောင့် ကလေးတွေကို များများကျွေးသင့်ပြီး အရွယ်ရောက်ပြီးတဲ့ လူကြီးတွေကတော့ အသားကိုအနည်းငယ်ပဲ စားသုံးသင့်ပါတယ် …။

ပုံမှန်အသားများများစားတတ်တဲ့သူက အသားမစားပဲ ရှောင်လိုက်တဲ့အခါ ကိုယ်အလေးချိန် လျော့ကျသွားပါလိမ့်မယ် …။

ဒါကြောင့် ဝိတ်ကျချင်သူတွေက အသားမစားဘဲ ဟင်းသီးဟင်းရွက်ပဲ စားသင့်တယ်လို့ အကြံပြုလိုက်ရပါတယ် …။

(၂) အူလမ်းကြောင်းကို သန့်စင်စေတယ်”

စားလိုက်တဲ့အသားတွေကို ချေဖျက်ဖို့အတွက် အစာအိမ်ကအက်ဆစ်ဓာတ်တစ်မျိုးကိုထုတ်လုပ်ပြီး အဲ့ဒီအက်ဆစ်ဓာတ်က အူလမ်းကြောင်းမှာရှိတဲ့ ခန္ဓာကိုယ်အကျိုးပြု ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ် …။

အသားမစားဘဲ ဟင်းသီးဟင်းရွက်ပဲစားတဲ့အခါမှာတော့ အဲ့ဒီအကျိုးပြုဘက်တီးရီးယားတွေကို ကောင်းကောင်းရှင်သန်စေတာကြောင့် အစာအိမ်နဲ့အူလမ်းကြောင်း တစ်လျှောက်ကို သန့်စင်စေပါတယ် …။

(၃) အသားအရေ ကြည်လင်လာမယ်”

အစာအိမ်နဲ့အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေက ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကိုချေဖျက်ပေးတာကြောင့်

ဝက်ခြံနဲ့အဆီပြန်တာတွေကိုသက်သာစေပြီး အသားအရေကို ကြည်လင် လှပလာစေပါတယ် …။

(၄) နဂိုကထက်ပိုပြီး လန်းဆန်းပေါ့ပါးလာမယ်”

အသားမစားဘဲ ဟင်းသီးဟင်းရွက်တွေပဲစားတဲ့အခါ ခန္ဓာကိုယ်ကအဆိပ်အတောက်ကင်းစင်နေတာကြောင့် အလကားနေရင်း မောပန်းနွမ်းနယ်နေတာတွေမဖြစ်တော့ဘဲ နေရတာလန်းဆန်းပြီး ကြည်လင်ပေါ့ပါး နေပါတယ် …။

အသားလျှော့စားလေ၊ နေရတာ ပေါ့ပါးလေပဲ ဖြစ်ပါတယ် …။

(၅) အဆီပိုတွေ လျော့နည်းလာမယ်”

အသားများများစားတဲ့သူတွေက သွေးတွင်းကိုလက်စထရောများနေပြီး အဝလွန်ခြင်း၊ ဆီချိုရောဂါနဲ့ နှလုံးရောဂါတွေ ပိုဖြစ်နိုင်ပါတယ်။

အသားမစားဘဲနေလိုက်တဲ့အခါမှာတော့ အဆီပိုတွေ လျော့နည်းလာပြီး ဆီးချိုနဲ့နှလုံးရောဂါလည်းဖြစ်နိုင်ချေ နည်းသွားပါတယ်နော် …။ ။

Written by PP